Truth Of Tech

  • Home
  • Truth Of Tech

Truth Of Tech NO SECRET FOR YOU!!!

Battery တိုးပြီး Battery Life လျော့သွားတဲ့ Leaked ဖြစ်လာတဲ့ Pixel 10 series ရဲ့battery capacity တွေဟာဆိုရင်Pixel 10: 4,9...
15/08/2025

Battery တိုးပြီး Battery Life လျော့သွားတဲ့


Leaked ဖြစ်လာတဲ့ Pixel 10 series ရဲ့
battery capacity တွေဟာဆိုရင်

Pixel 10: 4,970 mAh
Pixel 10 Pro: 4,870 mAh
Pixel 10 Pro XL: 5,200 mAh

ဒီလောက်တွေ ဖြစ်လာမယ်လို့ တွေ့ထားတယ်။
အဲလို capacity တွေ တိုးလာပေမယ့်
EU က စစ်ဆေးသတ်မှတ်ထားတဲ့
battery အားခံမှုမှာတော့
Pixel 10 Pro ကလွဲရင် ကျန်တဲ့ model နှစ်မျိုးဟာ မနှစ်က model တွေထက် ပိုလျော့သွားတယ်လို့
ဖော်ပြထားတယ်။

ဆိုတော့ TSMC နဲ့ပေါင်းမယ့် Google Tensor G5 က performance တွေ တအားပိုကောင်းလာလို့များလား။

တစ်ခုဝမ်းသာစရာက ပြင်ရလွယ်တဲ့ အဆင့်သတ်မှတ်ချက်မှာ ဒီနှစ် Pro model တွေက
မနှစ်ကထက် တစ်ဆင့်ပိုတိုးတက်လာတယ်ဆိုတဲ့
သတင်းပါ။

ကိုယ့်လူတို့ရော Pixel 10 series ကို
လဲဖို့စိတ်ကူးထားကြလား?

14/08/2025

အမျိုးသားထုကြီးအတွက်
တကယ်လိုအပ်တဲ့ တက်ကနော်လော်ဂျာ 😬

  ကတော့ India မှာ ဒီ specs တွေနဲ့ မိတ်ဆက်သွားပြီ- 1.5K resolution 120Hz AMOLED  Quad-Curved display- 50MP main with OIS ...
14/08/2025

ကတော့ India မှာ
ဒီ specs တွေနဲ့ မိတ်ဆက်သွားပြီ

- 1.5K resolution 120Hz AMOLED Quad-Curved display
- 50MP main with OIS + 50MP Telephoto + 8MP UW (Zeiss Lens)
- 50MP selfie
- Snapdragon 7 Gen 4
- 6500mAh • 90W Fast Charging
- LPDDR4X & UFS2.2
- IP68/69
- 4 years OS update.

ဈေးကတော့ 8/128GB ကို 36,999 Rupee ($423) နဲ့စတယ်။ ဒီမှာရော ဘယ်ဈေးနဲ့ ဘယ် color တွေ ဝင်လာမလဲ စောင့်ကြည့်ရမှာပေါ့။

iPhone ထက်စောပြီး iPhone ဖြစ်လာမယ့် . 😅
13/08/2025

iPhone ထက်စောပြီး iPhone ဖြစ်လာမယ့်
. 😅

Apple နဲ့အပြိုင် Mix Reality headset ဖြစ်လာမယ့်   ကိုဒီလ ၂၁ ရက်နေ့ China မှာ မိတ်ဆက်ပါမယ်။
13/08/2025

Apple နဲ့အပြိုင် Mix Reality headset
ဖြစ်လာမယ့် ကို
ဒီလ ၂၁ ရက်နေ့ China မှာ မိတ်ဆက်ပါမယ်။

Bling Bling ထနေတာ ဘာလေးလဲ?ဒီနှစ်ထဲ foldable ၂ မျိုးလုံးထုတ်တာAndroid မှာ Samsung ပြီးရင် သူပဲရှိတော့မယ်။
13/08/2025

Bling Bling ထနေတာ ဘာလေးလဲ?

ဒီနှစ်ထဲ foldable ၂ မျိုးလုံးထုတ်တာ
Android မှာ Samsung ပြီးရင် သူပဲရှိတော့မယ်။


ကဲ....အဲလောက်အမှတ် ဖြတ်ချလိုက်တော့  ကို   မှာ ဘယ်လိုသွားယှဉ်ဦးမလဲ
13/08/2025

ကဲ....အဲလောက်အမှတ် ဖြတ်ချလိုက်တော့
ကို
မှာ ဘယ်လိုသွားယှဉ်ဦးမလဲ

  က Meizu ရဲ့compact flagship ဖြစ်လာမှာတဲ့ဗျ6.3" ကိုမှ လက်ရှိ smartphone တွေထဲမှာအပါးဆုံး 1.22mm ပဲရှိတဲ့ ဘေးဘောင်တွေသုံ...
12/08/2025

က Meizu ရဲ့
compact flagship ဖြစ်လာမှာတဲ့ဗျ

6.3" ကိုမှ လက်ရှိ smartphone တွေထဲမှာ
အပါးဆုံး 1.22mm ပဲရှိတဲ့ ဘေးဘောင်တွေ
သုံးမယ်လို့ သတင်းထွက်နေတယ်။
Battery ကတော့ 5,500 mAh ပါမယ်။

SoC အတွက် ဘာသုံးမလဲ မကြားသေးပေမယ့်
ဒီလကုန်နောက်လထဲ မိတ်ဆက်မယ်ဆိုရင်
latest flagship SoC တွေ ပါလာဖို့
မျှော်လင့်နိုင်မယ်မထင်ဘူး။

ဘာပဲဖြစ်ဖြစ် camera ကောင်းခဲ့ရင်တော့
သူ့ဈေးသူ့ level မှာ ကိုင်ပျော်မယ်ထင်တာပဲ။
ကိုယ့်လူတို့ရော ဘယ်လိုမြင်လဲ?

  refresh rate ပါတဲ့ 1.5K display ကို   က လာမယ့်သူ့ရဲ့ဖုန်းတစ်မျိုးမျိုးမှာ သုံးဖို့စမ်းနေတယ်လို့ ကြားတယ်။ သေချာတာက flag...
12/08/2025

refresh rate ပါတဲ့ 1.5K display ကို က လာမယ့်သူ့ရဲ့ဖုန်းတစ်မျိုးမျိုးမှာ
သုံးဖို့စမ်းနေတယ်လို့ ကြားတယ်။
သေချာတာက flagship model, OnePlus 15
တော့ မဟုတ်လောက်ဘူး။

OnePlus အနေနဲ့ တစ်ချိန်တုန်းက
90Hz ကိုမှ fullview သုံးပြီး အလှဆုံး display ဂုဏ်ပုဒ်ကို ယူပြဖူးတဲ့ သာဓကရှိခဲ့တော့
အခုလည်း display ပိုင်းမှာ တစ်ခုခုထပ်လုပ်ပြချင်ပုံပဲ။

ဒါပေမယ့် 120Hz ထက်ပိုတဲ့ refresh rate က
ဖုန်းတွေမှာ အသုံးဝင်တယ်လို့ သိပ်မခံစားရသေးသလို
ဂိမ်းအများစုကလည်း support မှာ မဟုတ်တော့
marketing လှည့်ကွက်တစ်ခုပဲ ဖြစ်သွားမလား
စောင့်ကြည့်ရမှာပေါ့။

ကိုယ့်လူတို့ သဘောအကျခဲ့ဆုံး OnePlus ကရော
ဘာ model လဲ?

  ကတော့မနှစ်ကအတိုင်း မပြောင်းလဲတဲ့ဈေးနဲ့ မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်ဒါ့အပြင် ဒီ series ဝယ်တဲ့သူတွေက$239 တန်ဖိုးရှိတဲ့ ...
11/08/2025

ကတော့
မနှစ်ကအတိုင်း မပြောင်းလဲတဲ့ဈေးနဲ့
မိတ်ဆက်မယ်လို့ သတင်းထွက်နေတယ်

ဒါ့အပြင် ဒီ series ဝယ်တဲ့သူတွေက
$239 တန်ဖိုးရှိတဲ့ Google AI Pro နဲ့
2TB cloud storage ဒါတွေကို
၁ နှစ်အခမဲ့ သုံးခွင့်ရမှာလို့လည်း သိရတယ်။

ဆိုတော့ AI မှ AI ဆိုတဲ့ user တွေအတွက်
မျက်စိကျစရာ၊ ဝယ်ချင်စရာ
ဖြစ်ကောင်းဖြစ်လာဦးမှာပါ။

ကိုယ့်လူတို့ကရော Pixel ဝယ်မှာလား၊
iPhone အသစ်စောင့်မယ့် အဖွဲ့လား?

iQOO ကဘက်ကတော့ သူတို့ရဲ့ အမြင့်ဆုံး model,   ကိုစပြီး tease လုပ်နေပြီ။ ဟုတ်ပါတယ်၊14 မဟုတ်၊ 15 ပါ။ (တျုပ်တွေရဲ့ 4 ဂဏန်းကိ...
11/08/2025

iQOO ကဘက်ကတော့
သူတို့ရဲ့ အမြင့်ဆုံး model, ကို
စပြီး tease လုပ်နေပြီ။ ဟုတ်ပါတယ်၊
14 မဟုတ်၊ 15 ပါ။ (တျုပ်တွေရဲ့ 4 ဂဏန်းကို
ရှောင်တဲ့အကျင့် သိကြတယ်ဟုတ်)

အားရစရာသတင်းက အဲဒီ model မှာ
7,000 mAh အထိ battery ပါလာမယ်
ဆိုတဲ့အချက်။ နောက်ပြီး နောင်တော် Vivo တွေနဲ့ မတူတာက Snapdragon SoC ပဲ သုံးမှာ။ Camera ပိုင်းကတော့ 50MP ၃ လုံးနဲ့ 3x zoom ရတဲ့ periscope camera ပါမယ်လို့ ကြားထားတယ်။

မိတ်ဆက်မယ့်အချိန်ကို အတိအကျ မပြောသေးပေမယ့် ဒီနှစ်ကုန်လောက်တော့ မှန်းထားလို့ရမယ်ထင်တာပဲ။ ဆိုတော့ ကိုယ့်လူတို့ရော iQOO ဖုန်းတွေ
သုံးဖူးပြီလား၊ သုံးရတာရော သဘောကျကြလား?

သံလိုက်ပါတဲ့ cover တပ်ရင်MagSafe ဖြစ်ပြီလား?ဘာတွေကွာလဲ၊ ဘာကြောင့်လဲဒီမှာဖတ်ကြည့်လို့ရတယ်။
09/08/2025

သံလိုက်ပါတဲ့ cover တပ်ရင်
MagSafe ဖြစ်ပြီလား?
ဘာတွေကွာလဲ၊ ဘာကြောင့်လဲ
ဒီမှာဖတ်ကြည့်လို့ရတယ်။

"MagSafe နဲ့ Wireless Charging အတူတူပဲလား"

က wireless charging တစ်မျိုးပဲ၊ ဒါပေမယ့် wireless charging တိုင်းကတော့ MagSafe မဟုတ်ဘူး။ အတိအကျပြောရင် Qi2 လို့ခေါ်တဲ့ universal wireless charging standard အစ ကလို့တောင် ပြောရမယ်။

ကြိုးထိုးရတဲ့ wired charging မှာ standard အနေနဲ့ USB PD (Power Delivery) ဆိုပြီး ရှိသလို Qi ဆိုတာကလည်း စံအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တစ်ခုပေါ့။ ဒါပေမယ့် company တွေအနေနဲ့ ပိုကောင်း၊ ပိုမြန်တဲ့ charging speed ကို ရအောင်ဖန်တီးတာကနေ အခုဆို wired ရော wireless မှာပါ တော်တော့်ကိုမြန်တဲ့ ကိုယ်ပိုင် system တွေ brand တွေမှာ ပိုင်ဆိုင်ထားကြပြီ။

ဒါဆို ဘာလို့အဲဒီထဲကမှ MagSafe က Qi2 ဖြစ်လာရတာလဲ?

အဓိက ကတော့ သူ့ရဲ့ idea ကြောင့်။ Wireless charging တွေမှာ အဓိကကြုံရတဲ့အားနည်းချက်က charger နဲ့ phone အလိုင်းမင်း (alignment) လွဲရင် အားမဝင်တတ်တာ။ ပြီးတော့ ပြောင်းလဲနေတဲ့ camera design တွေကြောင့် charger နဲ့ phone ထိနေဖို့ အဆင်မပြေတာတွေ ကြုံရတယ်။

ဒါပေမယ့် Apple ရဲ့ MagSafe ကတော့ ရှင်းတယ်။ iPhone ကျောဘက်အထဲမှာ ထည့်ထားတဲ့သံလိုက်နဲ့ charger တေ့ပေးလိုက်ရင် ဂွပ်ခနဲကွက်တိပဲ။ အားမဝင်မှာ မပူရဘူး။ ပြီးတော့ အားသွင်းရင်း phone သုံးလို့ရတယ်။ ဒါကကြိုးထိုးသုံးနေကျလူတွေအတွက် မဆန်းပေမယ့် wireless charging အနေနဲ့ကျတော့ ကြီးမားတဲ့အရွေ့ဗျ။

အဲဒါကြောင့်လည်း Apple က စတဲ့ ဒီစနစ်ကို standard အဖြစ်နဲ့ သတ်မှတ်လိုက်တာ။ တစ်ခုပဲ၊ လက်ရှိ Qi2 စနစ်ကို ယူသုံးရင် အများဆုံးရမယ့် charging speed က 15W, latest iPhone တွေမှာ ရနေတာက 25W. Apple က တစ်ကွက်လျှိုထားတာပေါ့။ ဒါပေမယ့် Qi1 ရဲ့ 7.5W နဲ့ ယှဥ်ရင်တော့ နှစ်ဆနီးပါး တိုးတက်လာတယ် ပြောရမယ်။ (Cover မှာသံလိုက်ပါတာတပ်သုံးပြီး MagSafe ရဲ့ charging speed အပြည့်မရတာ အဲဒါကြောင့်)

ဒီလောက်ဆို MagSafe ဟာ သံလိုက်ထည့်ရုံသက်သက်မဟုတ်တာ မြင်မယ်လို့ယူဆတယ်။ ဒါပေမယ့် MagSafe နာမည်ချင်းတူသလောက် iPhone နဲ့ MacBook charging စနစ်ချင်း မတူတာကိုတော့ သိလောက်မယ်ထင်တယ်။ သံလိုက်သုံးတာချင်း တူတာကလွဲရင် MacBook ဟာ Type C based wired charging ပေါ်မှာပဲ အခြေခံပြီး အားသွင်းရ၊ ဖြုတ်ရလွယ်အောင် လုပ်ထားတဲ့ Apple ကိုယ်ပိုင်စနစ်တစ်ခုပါပဲ။

ဘာလို့ Type-C ပြောင်းသုံးရက်နဲ့ ဒီလိုကိုယ်ပိုင် charging စနစ်တွေ Apple က ဘာလို့ကြိုးစားနေလဲရော စိတ်မဝင်စားဘူးလား?

အခုပြောမှာက ကိုယ့်ရဲ့ တစ်ကိုယ်စာအမြင်မို့ တကယ်ဖြစ်မယ်လို့ အာမမခံဘူးနော်။ တကယ်တော့ Apple က lightning တုန််းကလို Type-C အစားထိုး ကိုယ်ပိုင်စနစ်တစ်ခုကို ဖန်တီးချင်နေတာ။ ဘာကြောင့်လဲဆို အဲဒီ lightning port ကပဲ Apple အတွက် အများကြီးငွေရှာပေးခဲ့လို့။

Type-C လို universal မဟုတ်တာကြောင့် Apple က အသိအမှတ်ပြုတဲ့ third-party အားသွင်းကြိုးတိုင်းရဲ့ အမြတ်အစွန်းတစ်စိတ်တစ်ပိုင်းကို Apple က ရတယ်လို့ သိထားတယ်။ ပြီးတော့ fan တွေပြောသလို ကိုယ့်အထာနဲ့ကိုယ် ဖြစ်တာပေါ့။ ဒါပေမယ့် EU က Type-C မပြောင်းရင် သူတို့ဆီမှာ iPhone ရောင်းခွင့်မပေးလို့ အတင်းပြောင်းလိုက်ရတာကို Apple က အစာကြေပုံမပေါ်ဘူး။

ဒီအချက်က MagSafe ကို Qi2 ဖြစ်စေတာမှာ အရေးပါခဲ့မယ်လို့ ကိုယ်တော့တွေးမိတယ်။ ပြီးတော့ အစက Type-C မသုံးပဲ အားသွင်းပေါက်အပျောက်နဲ့ iPhone လာမယ်ဆိုတဲ့သတင်း ကြားလိုက်ကြမှာပါ။ ဒီသတင်းက အာသက်သက် မဟုတ်လောက်ဘူး။ ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ လက်ရှိ wireless file transfer စနစ်က သူတို့မျှော်မှန်းသလောက် ခရီးမပေါက်သေးလို့ ငြိမ်နေတာဖြစ်ဖို့များတယ်။

နောက်ပြီး Apple store တွေမှာ iPhone တွေကို ဗူးမဖွင့်ပဲ update ပေးတယ်ဆိုတာကလည်း ကြိုးထိုးပြီးဖြေရှင်းရတဲ့ firmware ပြဿနာအတွက် Apple ရဲ့ စမ်းသပ်မှုဖြစ်ဖို့များတယ်။ နောက်ဆုံး MagSafe ကို အခြေခံပြီး သူတို့သုံးလာနိုင်တဲ့ စနစ်တစ်ခုကလည်း develop ဖြစ်နေပြီ။

အဲဒါကို Laser Link နည်းပညာလို့ခေါ်တယ်။ Xiaomi ပေးထားတဲ့ နာမည်ပေါ့။ Common name ကတော့ Free Space Optics (FSO) ဆိုပြီး ရှာကြည့်။ သူက point နှစ်ခုကြားမှာ laser beam ကို သုံးပြီး data transfer လုပ်တာ။ ဂြိုလ်တုတွေနဲ့ ဆက်သွယ်တာ၊ စစ်ဘက်ဘာညာ၊ ပြီးတော့ ကိုယ့်လူတို့ကြားဖူးနားဝရှိတဲ့ Starlink ဒါတွေမှာ ဒီနည်းပညာကို သုံးနေပြီ။

Xiaomi ကတော့ သူတို့ Xiaomi 15 နဲ့ external modular camera ကို ချိတ်ဆက်ဖို့ Bluetooth အစား သံလိုက်နဲ့ Laser Link ကို သုံးခဲ့တယ်။ ဒီနည်းပညာသာ data ကူးဖို့ reliable ဖြစ်လာခဲ့ရင် Type-C ဆိုတာ charger တုံးမှာ ကြိုးထိုးဖို့သက်သက် ဖြစ်သွားနိုင်တယ်။ လက်ရှိ MagSafe ကြိုးတွေလိုပေါ့။ ဒါပေမယ့် အဲလောက်ထိ Apple က တကယ်ပဲအပင်ပန်းခံလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ (EU စိတ်ကောက်မှာလည်း စိုးရတာကိုး)

ကဲ....ဒါကတော့ MagSafe အကြောင်း ရှင်းပြရင်း ဆက်စပ်တွေးထားသလောက်ကို ဖောက်သည်ချကြည့်တာ။ စာအရှည်ကြီးဖတ်ချင်တဲ့သူတွေလည်း ခုလောက်ဆို တွေးစရာတစ်ခုခု (နောင်တဖြစ်ဖြစ်) ရသွားဖို့ မျှော်လင့်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့သူ တစ်ယောက်စီကိုလည်း ကျေးဇူးပါဗျို့။

Address


Alerts

Be the first to know and let us send you an email when Truth Of Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Truth Of Tech:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share