Poe Poe

Poe Poe Healthy kids, Happy kids, Happiest Mommy ❤️

Move on နိုင်ခဲ့ပြီ ဆိုတဲ့စကားက ပြောရ လွယ်ပေမဲ့ ရင်ဘတ်ထဲက ဟောဒီလောက်ကြီးခံစားရဖူးသူတွေသာ နားလည်တဲ့ စကားလုံးပဲ
10/01/2025

Move on နိုင်ခဲ့ပြီ ဆိုတဲ့စကားက ပြောရ လွယ်ပေမဲ့ ရင်ဘတ်ထဲက ဟောဒီလောက်ကြီးခံစားရဖူးသူတွေသာ နားလည်တဲ့ စကားလုံးပဲ

အိမ်ထောင်ဦးစီး ပီသတဲ့ ဖြူစင်သန့်ရှင်းစွာ စီးပွါးရှာကြတဲ့ အဖေတွေရှိကြသလို အိမ်ထောင့်တာဝန်ကို နောက်ကွယ်မှာ‌နေ အဖက်ဖက်က ပံ့...
10/01/2025

အိမ်ထောင်ဦးစီး ပီသတဲ့ ဖြူစင်သန့်ရှင်းစွာ စီးပွါးရှာကြတဲ့ အဖေတွေရှိကြသလို အိမ်ထောင့်တာဝန်ကို နောက်ကွယ်မှာ‌နေ အဖက်ဖက်က ပံ့ပိုးပေးတဲ့ အမေတွေလဲရှိကြတယ်

ဒီကြားထဲ အဖေမပီသတာတွေရှိကြသလို အမေမပီသတာတွေလဲရှိကြတယ်

ချစ်လို့ယူထားတဲ့ မိန်းမကလဲ တချိန်က သူ့အဖေအမေရဲ့မင်းသမီးတွေပဲ
ယူပြီးခါမှ စိတ်ဒုက္ခပေး ကိုယ်ထိလက်ရောက်ပြုမူတာတွေက အတော့်ကို လူမပီသဘူးခေါ်ရမယ်

ဒီလိုပဲ မိန်းမဆိုတာကလဲ သူ့ဘဝကြီးတခုလုံး မိသားစုအတွက် ပေးဆပ်ထားကြတာ
သူဆိုတာမေ့ ကိုယ့်ရင်သွေးဖို့ နေပူပူ မိုးရွာရွာ သူတို့သာနေမကောင်းဖြစ်ရင်ဖြစ်မယ် သူတို့မိသားစု နေမကောင်းဖြစ်မှာ တအားစိတ်ပူပန်တတ်ကြတာ အစာအာဟာရ မစုံလင်မှာ တအားစိတ်ပူပန်တတ်ကြတာ

ဒါအားလုံးရဲ့စံညွှန်းကိန်းဟာ အချစ်ပဲ ဘာအချစ်လဲဆိုတော့ တသက်လုံးသစ္စာမမဲ့တဲ့ သူမတူတဲ့အချစ်ပဲ

လူပဲ ငြီးငွေ့လွယ်တာပေါ့ အသစ်မြင် အဟောင်းမေ့ ကလူ၏သို့မြူ၏သို့ ဆိုတာတွေကို နှစ်ခြိုက်ကြတဲ့ သတ္တဝါပဲလေ
ကတိသစ္စာတည်ပြီး ချစ်ခဲ့ ကြိုက်ခဲ့ လူသိရှင်ကြား ညားခဲ့ကြပြီးရင် တချိန်ချိန်မှာ ငါမင်းကို မချစ်နိုင်တော့ဘူး ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား လမ်းမခွဲရဲ မပြောရဲဘဲ နောက်ကွယ်မှာ အချစ်စမ်းတာတွေဟာ ပြသနာအားလုံးရဲ့ အပြစ်
အကယ်လို့ တချိန်ချိန်မှာ အကြောင်းကြောင်းကြောင့် ညှိနှိုင်းမရလို့ နှစ်ဖက်သဘောတူ လမ်းခွဲပြတ်စဲရတာမျိုးလဲ ရှိကြတာပါပဲ ပြတ်သားတာမျိုးပေါ့

တဖက်သား ပေးဆပ်ရတဲ့ တဘဝစာ ပြန်လျော်နိုင်ပြီလား
တဖက်သား ရင်နဲ့အမျှ ပျိုးထောင်ထားတဲ့ မိသားစုဘဝကို ဝင်စာနာဖူးလား
တဖက်သား အသက်နဲ့အမျှ လွယ်ခဲ့ဖူးတဲ့ ရင်သွေးကို နေ့မအိပ်ညမနား သူ့လိုပြုစုဖူးပြီလား

အချစ်ဆိုတာ ရယူလိုခြင်းတခုထဲမဟုတ်ဘဲ မျှော်လင့်ချက် ကင်းမဲ့စွာ ပေးဆပ်ရတာမျိုးပဲ

လူသားတိုင်း အချစ်တွေနဲ့ တို့ကမ္ဘာကြီးကို မွမ်းမံပေးကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ

ရင်မှာခံစား သူမမြင်နိုင်ပေ 🥹
28/11/2024

ရင်မှာခံစား သူမမြင်နိုင်ပေ 🥹

ဘဝကို ဒေါင်ကျကျ ပြားကျကျ နေထိုင်ပုံပုံ crd
22/11/2024

ဘဝကို ဒေါင်ကျကျ ပြားကျကျ နေထိုင်ပုံ

ပုံ crd

08/05/2024

ပိုးပိုးတို့ရဲ့အကြော်လုပ်ငန်းလေးကို အကြောင်းကြောင်းကြောင့် ရပ်နားထားပါတယ်။

ဝယ်ယူအားပေးခဲ့ဖူးသူ ကူညီဖေးမခဲ့ဖူးသူ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ကြောင်းပြောရင်း နှုတ်ဆက်ခဲ့ပါရစေ။

💕  သူ့အရသာက ဘယ်လိုပြောရမလဲ💕 အာလူးသားရဲ့ပင်ကိုသဘာဝအချိုနဲ့ လေးလေးပင်ပင်မဟုတ်တော့ စိတ်ရှိလက်ရှိထိုင်စားနေလဲ အတော်အဆင်ပြေတာ...
24/01/2024

💕 သူ့အရသာက ဘယ်လိုပြောရမလဲ

💕 အာလူးသားရဲ့ပင်ကိုသဘာဝအချိုနဲ့ လေးလေးပင်ပင်မဟုတ်တော့ စိတ်ရှိလက်ရှိထိုင်စားနေလဲ အတော်အဆင်ပြေတာ

💕 မပြေတာက ဟောခနဲ ကုန်သွားမှန်းမသိ ကုန်ကုန်သွားတာပဲ

💕 ဒီလို အချိုကြော်လေးတွေဆို ကလေးတွေတအားကြိုက်ပဲ

"အလုပ်သွားရင် ဟင်းချက်ဖို့မမှီတာများတယ် ဒီပိုးပိုးအာလူးးကြော်ဗူးကို အလုပ်မှာဆောင်ကိုဆောင်ထားရတယ်အဆာပြေဝါးနေရင်းတောင် ကုန...
16/01/2024

"အလုပ်သွားရင် ဟင်းချက်ဖို့မမှီတာများတယ်
ဒီပိုးပိုးအာလူးးကြော်ဗူးကို အလုပ်မှာဆောင်ကိုဆောင်ထားရတယ်
အဆာပြေဝါးနေရင်းတောင် ကုန်ကုန်သွားလို့ တခါတခါမှာရင် တပတ်စာမှာထားရတယ် ‌
snack တွေဆို မကြိုက်လို့ ဒါနဲ့မှ" ဆိုတဲ့ ကာစတန်မာလေးဖို့ တပတ်စာ♥️

သဲတို့ တခါမှာပြီး ထပ်မှာချင်ရင် အထုပ်လေးနဲ့မှာလဲရတယ်နော်
မကုန်ရင် ဇစ်လေးပြန်ပိတ် မဟုတ်လို့ရှိရင်တောင်မှ အရင်ဗူးရှိရင် ပြောင်းထည့်ထားလို့ရသေးတယ်နော် ♥️

13/01/2024

မင်္ဂလာပါရှင်။
ယခုလက်ရှိ အဆမတန်တက်လာတဲ့ကုန်စျေးနှုံးများကြား ပိုးပိုးတို့ တတ်နိုင်သမျှ ကွာလတီ လုံးဝမလျှော့ဘဲ တောက်လျှောက်တောင့်ခံခဲ့ပါတယ်။
အခုတော့ မဖြစ်မနေ စျေးတက်မှရတော့မဲ့အနေအထားကြောင့် ရှေ့ယခင်အပတ်မှစပြီး အာလူးကြော်ဗူးများကို တဗူး ၅၀၀ စီစျေးတက်ထားပါတယ်ရှင်။
ကွာလတီဘက်ကိုလဲ တပြားသားမှမလျော့ထားဘဲ အာလူးမျိုးအကောင်းနဲ့ ဆီအသန့်ဆုံးကိုသာ အကောင်းဆုံးသောစေတနာဖြင့် အသုံးပြုထားပါတယ်ဆိုတဲ့အကြောင်းလဲ ထပ်လောင်းပြောချင်ပါတယ်ရှင်။

ယခင်ကရော ယခုထက်ထိရော အားပေးလာကြတဲ့မိတ်ဟောင်းမိတ်သစ်များကိုလဲ ကျေးဇူးအထူးတင်လျက်ပါရှင်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+9595183396

Alerts

Be the first to know and let us send you an email when Poe Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share