Orange English Classes YLE Grammar TOEIC

Orange English Classes YLE Grammar TOEIC Jolly Phonics Level 1,2,3
Starters, Movers, Flyers, KET, PET
Grammar & Speaking
TOEIC Booster Classes

စာမေးပွဲတွေဖြေတဲ့အခါ အစပိုင်းလတွေမှာ အဖြေမတတ်လို့ မမှားသင့်တာတွေမှားမယ် တိကျမှုတွေလိုမယ် ပြန်မစစ်ဆေးတတ်ဘူး ဆုံးဖြတ်ချက်တ...
13/07/2025

စာမေးပွဲတွေဖြေတဲ့အခါ အစပိုင်းလတွေမှာ အဖြေမတတ်လို့ မမှားသင့်တာတွေမှားမယ် တိကျမှုတွေလိုမယ် ပြန်မစစ်ဆေးတတ်ဘူး ဆုံးဖြတ်ချက်တွေအလွဲလွဲအချော်ချော်ဖြစ်မယ်

ဖြေရင်းကနေ အမှားတွေကိုနောက်မမှားအောင်သင်ယူတတ်လာမယ်
ပြန်စစ်တတ်လာမယ်
ဆုံးဖြတ်ချက်ချတတ်လာမယ်
လုပ်ရဲရင် ခံရဲတဲ့သတ္တိလည်း ပိုရှိလာမယ်

ဒီလိုအကြောင်းလေးတွေကြောင့် ဇွဲမလျော့ပဲ ပိုပိုတိုးလို့တစ်ဆင့်ပြီးနောက်တစ်ဆင့် ကြိုးစားကြည့်စေချင်ပါတယ်

တချို့ potential ရှိတဲ့ကလေးလေးတွေ လိုက်နိုင်မယ်ဆိုတာသိလို့ သင့်လျော်တဲ့အတန်းလေးထဲထည့်ပေးထားပါတယ်

အစကတော့ လိမ်ဖယ်ဖယ်ပဲ
အဲ့ကလေးတွေက လိမ်ဖယ်ဖယ်နဲ့ကိုပဲ ခေါင်းလည်းမာတယ် မှားလည်းဇွဲမလျော့ဘူး
နှစ်ကုန်ပိုင်းမှာ လိုက်နိုင်လာကြတာတွေ့ရပြီး
နောက် level တက်ရင် တော်တဲ့အထဲ တဖြည်းဖြည်းပါလာကြတာတွေ့ရပါတယ်

ဇွဲဆုဆိုလည်းဟုတ်တယ်
ပင်ကိုယ်ဉာဏ်ရည်လည်းရှိတာမို့ အစပိုင်းမှာမလိုက်နိုင်ရင် ဖြည်းဖြည်းချင်းနိုင်သလောက်လိုက်လုပ်ပါနော် 🧡

တီချယ့်ဘက်ကလည်း စာမေးပွဲတစ်ခါစစ်ပြီးတိုင်း လိုနေတဲ့အပိုင်းတွေကို extra worksheets တွေနဲ့ ထပ်လေ့ကျင့်ပေးတာမို့
တီချယ်ကတော့ တော်ရုံစိတ်မပူပါဘူး
အတန်းထဲတော့ နည်းနည်းဆူတယ်

စာသေချာလိုက်မလုပ်ရင် 🤭

09/07/2025

သင်္ကြန်လည်းပိတ် သီတင်းကျွတ်လည်း ၃ရက်ပိတ်ဦးမှာ တန်ဆောင်မုန်းလည်းပိတ်ဦးမှာ ဆ်ိုတော့ ဒီနေ့ဖွင့်လိုက်တာ မလာကြဘူးတော် 🥲🥲

ဒီကတော့ လစာကိုတန်ဖိုးထားလို့ ရက်အကုန်ခေါ်ချင်တာ ကလေးတွေက အရမ်းလှူသောနော်

နောက်ဆို ပိတ်ပေးရမှာလားနော်

Telegram ထဲ စာဝင်စစ်တဲ့အကျင့်လေးလည်း လုပ်ပေးကြပါနော် 🧡💛🧡😘

26/06/2025

ဒီစာလေးက ဖေဖေ မေမေတို့အတွက်သီးသန့်ပါ ကလေးတွေကိုပြန်မပြောပြနဲ့နော် 😅🥹🥹

တစ်ခါတလေကျရင်လေ ဟန်လုပ်ပြီးမိဘကိုပြန်တိုင်ပြရတာရှိတယ် ဖေဖေ မေမေတို့ရယ်

အတန်းထဲမှာလည်း ပြောတာပေါ့.. ဒါပေမယ့် ကလေးတွေက မိဘကိုမှ တကယ်ကြောက်ကြတော့ အိမ်စာမလုပ်တာ စာသေချာလိုက်နားမထောင်တာဆို တိုင်ပြမှ သေချာလိုက်လုပ်တာမျိုးရှိတယ်ကွယ်

အဲ့ကြောင့်လည်း အပြုသဘောနဲ့ တိုင်ပြရတာမျိုးရှိတယ်

စစ်ကူခေါ်ရတဲ့ သဘောပေါ့လေ

အဲ့ကြောင့်လေ နှစ်ကိုယ်ကြားစကားပြောရရင် တီချယ်ကတိုင်ရင် ဖေဖေ မေမေတို့ကအရမ်းကြီးစိတ်မပူပါနဲ့နော်

စစ်ကူခေါ်တာပါလို့

ကလေးဆိုတာမျိုးကလည်း အရမ်းကိုစေ့စပ်သေချာလွန်းတယ်ဆိုတာ ရှိတော့ရှိတယ် ရှားပါတယ်

မိဘကပါ ဝိုင်းဆုံးမပေးတော့ ကလေးက စာကိုသေချာပိုလိုက်လုပ်အောင်ပါနော်

Please take it easy. 🥰🥰

ကျွန်မစိတ်ထဲမှာတော့ ကလေးကို top-tier ဖြစ်မှရမယ်လို့ မသတ်မှတ်ထားပါဘူးရှင် 🙂
With love 🧡🧡🧡

ပင်ပန်းနေလို့ ငိုက်တတ်တဲ့ကလေးလေးများ မပါပါ ❤️

11/06/2025

ကလေးတွေကို ကျောင်းနေစဉ်အရွယ်မှာ အင်္ဂလိပ်စာလေး မဖြစ်မနေထားကြပါကွယ်
ကိုယ့်ဆီမှ မဟုတ်ဘူး ဘယ်နေရာဖြစ်ဖြစ် ထိရောက်တဲ့နေရာလေးမှာ ထားကြပါနော်
တစ်နှစ်မှ မလွတ်ပါစေနဲ့လို့

ကျောင်းစာကျူရှင်နဲ့ တိုက်နေလို့ဆိုပြီး အင်္ဂလိပ်စာကို နားပစ်ရင် ကိုယ့်မှာရင်နာလို့မဆုံးဘူး

မိဘရဲ့ဆုံးဖြတ်ချက်ပါဘဲ
ကျန်တာ ကလေးက ခံရမှာ

သင်္ချာ အင်္ဂလိပ်စာကို သေချာထားပါနော်
ကျက်စာနဲ့တော့ အင်္ဂလိပ်စာကို မလဲပစ်ပါနဲ့ကွယ်
အရမ်းလဲ ပြောလို့မကောင်း

အိမ်စာပေးပါတယ်ရှင့်✅အငယ်တန်းလေးတွေ တစ်လုံး ၃ ခေါက်ရေးရတာမျိုးဆို အိမ်စာပေးပါတယ်ရှင့်ကိုယ့်အားကိုယ်ကိုးတတ်အောင်ပါ✅အကြီးတန...
04/06/2025

အိမ်စာပေးပါတယ်ရှင့်

✅အငယ်တန်းလေးတွေ တစ်လုံး ၃ ခေါက်ရေးရတာမျိုးဆို အိမ်စာပေးပါတယ်ရှင့်
ကိုယ့်အားကိုယ်ကိုးတတ်အောင်ပါ

✅အကြီးတန်းတွေ သင်ပြီးသားစာကို Grammar ထပ်လေ့ကျင့်ရတာမျိုး ဆို အိမ်စာပေးပါတယ်ရှင့်
✅မှားလည်း ရပါတယ် အတန်းထဲ ပြန်ဆွေးနွေးရပါတယ်
ဆရာမကိုအားမကိုးပဲ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုတိုးအောင်ပါရှင့်

‼️အကြီးတန်း Movers 2 and above တွေ Reading Practice တွေထပ်တိုးဖို့ရှိပါတယ်
အိမ်မှာဖတ်လာပြီး အတန်းထဲပြန်ဆွေးနွေးရမှာပါ

ပေးတဲ့ Homework list ကို telegram group ထဲ နေ့စဉ်တင်ပေးတာမို့ ဖေဖေ မေမေတို့ ကိုယ့်ကလေး စာလိုက်လုပ် မလုပ် ဝင်စစ်ပေးပါနော်
အိမ်စာမလုပ်တဲ့သူတွေလည်း telegram group ထဲမှာ name list ရေးပေးထားပါတယ်ရှင့် 😁🫢

ပုံမှန်လေးသာ လိုက်လုပ်ဖို့လိုပါတယ် 🤩🤩🤩
30/05/2025

ပုံမှန်လေးသာ လိုက်လုပ်ဖို့လိုပါတယ်
🤩🤩🤩

Hello Rangers လေးတို့ရေHighlight လုပ်ထားတဲ့ အတန်း ၃ ခု အချိန်လေးပြောင်းထားကြောင်း လာတင်ပေးတာပါရှင့်တီချယ့်ဘက်ကလည်း အားလု...
29/05/2025

Hello Rangers လေးတို့ရေ
Highlight လုပ်ထားတဲ့ အတန်း ၃ ခု အချိန်လေးပြောင်းထားကြောင်း လာတင်ပေးတာပါရှင့်

တီချယ့်ဘက်ကလည်း အားလုံးကို အဆင်ပြေစေချင်သလို တီချယ့်ဘက်က လုပ်ရတဲ့လုပ်အားကိုလည်း နည်းနည်းစာနာပေးကြပါနော်
🥰🥰🥰🥰

တစ်နေ့ကို ၈ နာရီဆက်တိုက် နားချိန်မရှိလှုပ်ရှားနေနိုင်တဲ့ ကျန်းမာရေးမျိုးမရှိလို့ပါ

ငိုမှာနော် 🥹🥹

29/05/2025

တီချယ်သင်တာပဲ လိုချင်ကြတာဆိုလို့ အချိန်အပြောင်းအရွှေ့လေးများရှိရင် သည်းခံပေးပါနော်

ကျောင်းတွေဖွင့်တော့ ကျောင်းဆင်းချိန်တွေကြောင့် တချို့အတန်းတွေညှိရမှာမို့ပါ

တီချယ်ကိုယ်တိုင်လည်း ပင်ပန်းရပါတယ် တချို့အတန်းဆက်တိုက်ရှိတဲ့ နေ့တွေဆို 🥰🥰🥰

၂ ယောက်တစ်တွဲ ၃ယောက်တစ်တွဲ ၄ယောက်တစ်တွဲ ခေါ်ပြီး consonant blending အသံလေးတွေ စစ်ပေးနေတာပါစာသင်တဲ့အခါ အနီးကပ်စကားပြောရတာ...
22/05/2025

၂ ယောက်တစ်တွဲ ၃ယောက်တစ်တွဲ ၄ယောက်တစ်တွဲ ခေါ်ပြီး consonant blending အသံလေးတွေ စစ်ပေးနေတာပါ

စာသင်တဲ့အခါ အနီးကပ်စကားပြောရတာတွေရှိတော့ ခုလိုကာလမှာ mask တပ်ထားတာ အကောင်းဆုံးပါပဲ

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် နောက်မဆုတ်တမ်းရှေ့ဆက်လျှောက်ဖို့ စိတ်ဆန္ဒပြင်းပြတယ်ဆို ဖြစ်နေတဲ့အခြေအနေနဲ့ကိုက်ညီတဲ့ adaptation တွေတော့ မပျက်မကွက်လိုက်လုပ်နိုင်ဖို့လိုမယ်

သမီးလေး Yati Myint Mo … မတ်လမှာ ဖြေဆိုခဲ့တဲ့ Movers စာမေးပွဲမှာ Full Sheilds လေးရလာလို့ ဂုဏ်ယူပါတယ်နော်ပြင်ဆင်ချိန် ၂ လအ...
14/05/2025

သမီးလေး Yati Myint Mo … မတ်လမှာ ဖြေဆိုခဲ့တဲ့ Movers စာမေးပွဲမှာ Full Sheilds လေးရလာလို့ ဂုဏ်ယူပါတယ်နော်

ပြင်ဆင်ချိန် ၂ လအတွင်းမှာ အများကြီးကြိုးစားပေးလို့ ကျေးဇူးပါသမီးလေးရေ

Wishing you even greater success in the future.

Full sheilds ရရင် ဆုချမယ်ပြောထားလို့ အခုပေးထားတဲ့ကတိအတိုင်း ဆုချရပါတော့မယ် 😅😅 🥳🤩


#မြေနီကုန်း

Address

Yangon

Opening Hours

Monday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00

Telephone

+959790640046

Website

Alerts

Be the first to know and let us send you an email when Orange English Classes YLE Grammar TOEIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Orange English Classes YLE Grammar TOEIC:

Share