20/06/2026
AA က လမ်း အူ ကြောင်း ရွေးပြီးခါမှ ရှေ့ ပြေးတပ် နဲ့ အကဲစမ်းလေ့ရှိ တဲ့ စစ် တွေ ၊ ကျောက် ဖြူ မြို့သိမ်း စစ် ရေးအ ခြေ အ နေ
--------------------------------
သတင်း တွေ မှာ ဖော် ပြ ချက် အရ AA က
လမ်း အူ ကြောင်း ရွေးပြီးခါမှ ရှေ့ ပြေးတပ် နဲ့ အကဲစမ်းလေ့ရှိ တဲ့ စစ် တွေ ၊ ကျောက် ဖြူ မြို့သိမ်း စစ် ရေးအ ခြေ အ နေ တစတစ ခရီးပေါက် လာ နေ ပြီ၊ နီးကပ် လာ နေ ပြီ လို့ မှတ် ချက် ပြု သုံးသပ် ထားကြ ပါတယ်။ AA က တ ခြား မြို့ များ ကို သိမ်း ပိုက် တုန်း က လည်း ဒီလိုပဲ တ ဖြေး ဖြေး ချင်း ချဉ်း ကပ် ပြီး စကစ အ ကြမ်း ဖက် စစ် တပ် ရဲ့ စစ် ရေး အကိုင်း အခက် များ ကို ဦးချိုး ကာ ထိုး ဖောက် ဝင် ရောက် သိမ်း ပိုက် လေ့ ရှိခဲ့တာ ကို သုံးသပ် မိတယ်။ လက် ရှိ ကျောက် ဖြူ မှာ စကစ အ ကြမ်း ဖက် စစ် တပ် ရဲ့ တောင် မော် ဦး ဗျူဟာသစ် ထိုး စစ် သစ် တပ် လန် ထွက် ပြေး သေ ဘေး ဆိုက် ပြီး နောက် ပိုင်း ဒုတိယမ္မိ အဝ တောင် စခန်း ဘက် မှ ဦးတည် ပြီး ထိုးစစ် ဆင် လာ တာ က လည်း တပ် ဦး ကျိုး ကာ ဖရိုဖရိုး ဖြင့် လမ်း မရ စမ်း မရ ပြေး နေ ကြ ပြီ လို့ သိရတယ်။ အဘ ပို့ ကုန် ပို့ မ လောက် တဲ့ ကျောက် ဖြူ မှာ လည်း စကစ အ ကြမ်း ဖက် စစ် တပ် ဟာ အ နေ အထိုင် မ ဖြောင့် တော့ ဘဲ သေလမ်း ကို ရွေးမ လား။ အလံ ဖြူ ထောင် လမ်း ကို ရွေး မလား အ ခြေ အ နေ တွေ ဆိုက် ရောက် လာ နေ တာ ကြာ ပါ ပြီ။ အလားတူပင် စစ် တွေ မှာ လည်း စကစ အ ကြမ်း ဖက် စစ် တပ် အ ခြေ အ နေ က ဆိုးသထက် ဆိုးဝါးလာ ချေ ပြီ။ AA က လည်း ၄င်း နှစ် မြို့ ကို ဖြေး ဖြေး ချင်း တိုက် ရင်း စကစ အ ကြမ်း ဖက် စစ် တပ် ကို ကောင်း ကောင်း ကြီး သင်္ခန်း စာ ပေး ဆုံးမ ထား တဲ့ သ ဘောကို တွေ့ မြင် ရတယ်။ စကစ အ ကြမ်း ဖက် စစ် တပ် ကို မနားတမ်း ဘက် ပေါင်း စုံ က ဝိုင်း ဝန်း ပိတ် ဆို့ တိုက် ခိုက် လျက် အလုပ် ပေး ထား တဲ့ ဆွဲ ဖြုတ် နည်း စစ် ရေး ဗျူဟာ အခင်း အကျင်း ပါ။
ရခိုင် ပြည် တွင်း မှာ AA က တိုက် ခိုက် စရာ ဆိုလို့ အဲဒီ နှစ် မြို့ ပဲ ရှိတော့ တာ ဖြစ် လို့ စိတ် ကြိုက် ဝိုင်း ပတ် တီး ထား လို့ ရတဲ့ သ ဘောပါ။ အ ပြင်း နည်း နဲ့ သမ ပြ လိုက် ၊ အ ပျော့ နည်း နဲ့ သမ ပြ လိုက် နဲ့ စကစ အ ကြမ်း ဖက် စစ် တပ် က ကျောင်း မှန်း ကန် မှန်း သိသွား အောင် ဆုံးမ ရင်း ဖြုတ်၊ ဖြုတ် ရင်း ဆုံးမ ထားတဲ့ စစ် ရေး ချဉ် ကပ် ထား နိုင် မှု များ ကို တွေ့ မြင် ရတယ်။ စစ် တွေ နဲ့ ကျောက် ဖြူ စစ် ရေး အ ခြေ အ နေ သတင်းများ ကို အောက် ပါ အတိုင်း တွေ့ မြင် ရတယ်။
"တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့ထွက်ကာကင်းစစ်ကြောင်း ငါးခုထက်မ နည်းကို AA က ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်း တန်ပြန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်ရှိမှာ အ၀
တောင်ကျေးရွာအနီးဝန်းကျင်ရှိ ကာကင်းစခန်းအချို့သာ ကျန်တော့တာပါ။
အဲဒီအ၀တောင်ကျေးရွာအနီးအထိုင်ချစခန်းတွေကိုလည်း AA ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး အထိ အခိုက်တွေ အများအပြားရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“မြို့တွင်းသတင်းအရ ဒဏ်ရာရတွေလည်း အများကြီး တင်ကြတယ်ပြောတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ် စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ အင်အားအများအပြားနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ချည်းကပ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အာဏာသိမ်းစစ်တပ်ဟာ
စနဲမြို့အနီးထိ ရောက်ခဲ့ပြီး AA က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ရွာနားထိ နောက်ပြန်လန်ပြီးပြန်ဆုတ်ပြေးခဲ့ကြတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
“သူတို့ ပထမတခေါက်ထိုးစစ်ဆင်တုန်းက ကိုယ့်ဘက်ကအောင်မြင်မှုအများကြီးရတယ်။အဲတုန်းကတော့ တပ်ဦး ကျိုးတယ်ပြောလို့ရတယ်။ အလုံးအရင်းနဲ့ ပြန်ဆုတ်ရတယ်။အခုတခေါက်လည်း ကိုယ့်ဘက်က အောင်မြင်မှုတွေ ရနေတာပဲ၊ ပထမအကြိမ်ကလောက်ထိ မဟုတ်ပေမယ့် သူတို့ ရှေ့တိုးလို့မရဘူး။ ပြန်ဆုတ်ရတာပဲ ရှိတယ်” လို့ AA နဲ့နီး
စပ်တဲ့ ကျောက်ဖြူဒေသခံ နောက်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းကလည်း တောင်မော်ဦးရေတပ်စခန်းအနီး၀န်းကျင်တိုက်ပွဲအ
တွင်း စစ်တပ်ဘက်က အရာရှိတွေအပါအဝင် အလောင်းငါးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ ကိုAA ကသိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လည်း စစ်တပ်ဘက်က အထိအခိုက်၊ အကျအဆုံးတွေ နေ့စဉ်ရှိနေခဲ့တယ်လို့ ပြောကြပါတယ်။စစ်တပ်က အထိနာနေတာကြောင့် တောင်မော်ဦးရေတပ်စခန်းမှ တပ်မိသားစုတွေနဲ့ အရာရှိပိုင်းတွေကိုစက်လှေတွေနဲ့ ရွှေ့ပြောင်း
ပြီး မြို့ပေါ်တပ်ရင်းတွေနဲ့ စစ်တွေမြို့ကနေ အင်အားထပ်ဖြည့်နေတာတွေလည်း ရှိခဲ့ပါတယ်"။
"လက်ရှိ အာရက္ခတပ်တော် - AA ရဲ့ထိုးစစ် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ တံတားအနီးကို ရောက်ရှိလာတာဟာ စစ်တွေမြို့သိမ်းတိုက်ပွဲ စတင်ဖို့အတွက် အစသာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
"စစ်တွေမှာတော့ AA က နာရီကန်တံတားကို ထိန်းချုပ်ဖို့ စပြီးကြိုးစားကြည့်တဲ့ အနေအထားမျိုးပါပဲ။ တကယ်လို့ နာရီကန်ကိုသာ အခြေကုပ်ယူနိုင်ရင်တော့ AA ရဲ့ စစ်တွေတိုက်စစ်က သုံးပုံ၊ တစ်ပုံလောက် ပြီးသွားပြီးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာတော့ နာရီကန်အထိ သူတို့စိမ့်ဝင်ထိုး ဖောက်နိုင်တဲ့ အနေအထားမျိုး အခင်းအကျင်း တစ်ရပ်မျိုးပဲ တွေ့ရသေးတယ်။ နာရီကန်တံတားကို ထိန်းချုပ်တာတွေ၊ ခြေကုပ်ယူနိုင်တဲ့ အနေအထားမျိုးတော့ မတွေ့ရသေးဘူးဗျ။ ဒါပေမဲ့ AA က ဘယ်တော့မဆို လမ်းအူကြောင်း ရွေးပြီးခါမှ ရှေ့ပြေးတပ်တွေနဲ့ အကဲစမ်းလေ့ရှိပါတယ်။ ဒါဟာမြို့သိမ်းတိုက်ပွဲ နိဒါန်းရဲ့ အစကိုမြင်နေရပြီးလို့တော့ ပြောရမှာဖြစ်ပါတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်"။
အထက် ပါ ရခိုင် စစ် ရေး အ ခြေ အ နေ များ နဲ့အတူ မအလ ရဲ့ တရုတ် နဲ့ အိန္ဒိယ ခရီးစဉ် အ ပြီး တွင် ၄င်း နှစ် နိုင် ငံ ရဲ့ အကျိုးစီးပွားတည် ရှိရာ ရခိုင် ပြည် တွင်း မှာ စစ် ရေး ရှုံး နိမ့် လာ မှု ကိုပါ သတင်းစကား ပါး ရင်း နဲ့ နှုတ် ကတိ အကူအညီများ တောင်း ခဲ့တာကို လည်း တွေ့ မြင် ရတယ်။ မအလ ရဲ့ ၄င်း သတင်း စကား များ ကို အ ခြေ ခံ ပြီး AA က လည်း ကျောက် ဖြူ နဲ့ စစ် တွေ ကို ဒီ အ ကြိမ် မှာ အ ပြတ် ဖြတ် လာ မလား ဆိုတာ စိတ် ဝင် စားစရာ ပါ။ မအလ သွားရောက် တဲ့ နှစ် နိုင် ငံလုံးက လည်း ရခိုင် မြေ ပြင် ပကတိ အ ခြေ အ နေ များ ကို သိရှိထား ကြ သူ ပီပီ နိုင် မြင်း ကို လောင်း ကြေးထပ် ရန် အဆင် သင့် ဖြစ် နေ တဲ့ သ ဘောကို တွေ့ မြင် ရတယ်။ စက္ကူ ကျား ပေါ် က သ ဘောတူညီမှု ထက် လက် တွေ့ မြေ ပြင် မှာ အလုပ် ဖြစ် တာကို ပဲ ဦးစား ပေးတတ် တဲ့ ၄င်း နှစ် နိုင် ငံ ဟာ AA ရဲ့ နိုင် မြင်း ခြေ လှမ်း သစ် မှာ လောင်း ကြေး ထည့် ရန် တာဆူ နေ ပြီ လို့ ရှု မြင် မိတယ်။ AA က သာ လက် ကျန် မြို့ များ ကို အ ပြီး တိုင် အဆုံးသတ် ဖို့ လိုအပ် တော့ မယ် လို့ သုံးသပ် မိပါတယ်။
လွမ်း လွင့် လေ
၂၀.၆.၂၀၂၆