Sann Minn Paing

  • Home
  • Sann Minn Paing

Sann Minn Paing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sann Minn Paing, .

15/08/2025

မီးခြစ်

14/08/2025
🫡
10/08/2025

🫡

03/08/2025

( ပလုံ )

ရေထဲကို ခဲ
ကျသွားတာလည်း
ဖြစ်နိုင်တယ်
ရေထဲက ငါး
ခုန်တက်လာတာလည်း
ဖြစ်နိုင်တယ်
တ‌စ်နေ့မှာ
ငါ့ အတ္ထုပ္ပတ္တိကို
ငါ ဖွင့်ကြည့်လိုက်တယ်
ဘယ်လို ဖြစ်သွားသလဲ မသိဘူး

" ပလုံ " ........

တာရာမင်းဝေ

အာဏာရှင် စစ်ဘီလူးတွေရဲ့ ရက်စက်မှုကြောင့် ကြိုးစင်တက်ခဲ့ရတဲ့ အာဇာနည် ၄ ဦး ရဲ့ အဖြစ်အပျက်တွေက ဘာတွေဖြစ်ခဲ့မလဲ? အပိုင်း(၁)သ...
24/07/2025

အာဏာရှင် စစ်ဘီလူးတွေရဲ့ ရက်စက်မှုကြောင့် ကြိုးစင်တက်ခဲ့ရတဲ့ အာဇာနည် ၄ ဦး ရဲ့ အဖြစ်အပျက်တွေက ဘာတွေဖြစ်ခဲ့မလဲ? အပိုင်း(၁)

သံတိုင်ကြားက ရဲဘော်တစ်ဦးရဲ့ အတွေ့အကြုံ ပြောပြချက်တွေကို Rangoon Radio မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

- အပြည့်အစုံနားဆင်ရန် -
https://www.youtube.com/watch?v=u11BmAy4AVU

#ဇူလိုင်၂၃
#ဦးဂျင်မီ
#ကိုဖြိုးဇေယျာသော်
#ကိုအောင်သူရဇော်
#ကိုလှမျိုးအောင်
#ရန်ကုန်ရေဒီယို

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ရက် ဝန်းကျင်ကဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေး....

23/07/2025

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နေ့

"တရားတဲ့သူသာ နိုင်ကြေးဟေ့"
"လူမျက်နှာပျောက်တဲ့ လူသားတွေ"
"အားလုံး စုစည်းနေရင် ဘာမှမဖြစ်"

နွေဦးတော်လှန်ရေးမှာ မင်းအောင်လှိုင်စစ်တပ်ရဲ့ မတရား ကြိုးစင်တင်ခံရတဲ့ ဤပုဂ္ဂိုလ်လေးဦးရဲ့နေ့ ဇူလိုင်လ ၂၃ရက်၊ ၂၀၂၂ ခုနှစ်ကို လုံးဝ မမေ့ကြနဲ့ဟေ့။

မတရားမှုကို ကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တို့ အတွက် လူထုကပေးတဲ့ ပြစ်ဒဏ်သည်လည်း မကြာမီတွင် ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင် စစ်တပ် ရှုံးနေပြီ ✊

မတရားသဖြင့် အသက်ပေးသွားကြတဲ့ သူရဲကောင်း အာဇာနည်တို့အတွက် ဆက်လက်တိုက်ပွဲဝင်ကြမယ်ဟေ့ 🔥

#တရားတဲ့သူသာနိုင်ကြေးဟေ့
#အားလုံးစုစည်းနေရင်ဘာမှမဖြစ်
#စစ်တပ်ရှုံးနေပြီ
#ဦးဂျင်မီ
#ကိုဖြိုးဇေယျာသော်
#ကိုလှမျိုးအောင်
#ကိုအောင်သူရဇော်

#ရန်ကုန်ရေဒီယို

22/07/2025

ကြယ်စင်တွေကို တိမ်တိုက်တချို့ ခဏဖုံးကွယ်ပါစေ
အာဏာစက်နဲ့ ရေးစေတိုင်း သမိုင်းမဖြစ်နိုင်ပေ

လောကဓံလှေ ဘယ်လိုမှောက်မှောက်
နောက်မဆုတ်သော ခရီးသွားရဲဘော်တွေ .

လောကဓံလှေ ဘယ်လိုမှောက်မှောက်
နောက်မဆုတ်သော ခရီးသွားရဲဘော်တွေ ..

လောကဓံလှေ ဘယ်လိုမှောက်မှောက်
နောက်မဆုတ်သော ခရီးသွားရဲဘော်တွေ ...

အားလုံးကောင်းပါတယ် ခင်ဗျ

#ကိုခွန်စိုင်း

21/07/2025
💔
20/07/2025

💔

❐ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာများဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်တွင်း၌ ကျဆုံး။

‌ဇူလိုင် ၂၀၊ ၂၀၂၅။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်သည် စစ်ကြောရေးအတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ဒဏ်ရာများကြောင့် လေးနှစ်နီးပါးအကြာ၌ အကျဉ်းထောင်တွင်း ကျဆုံးသွားခဲ့ပြီဖြစ်သည်။

မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းဆီးခံရပြီး မတရား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံထားရပြီး စစ်ကြောရေးအတွင်းလည်း ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည်။

၂၀၂၂၊ ဧပြီလ (၂၄) ရက်နေ့တွင် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့လည်းကောင်း၊ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ လည်းကောင်း ရွှေ့ပြောင်းခံခဲ့ရသည်။

ဒိုက်ဦးထောင်မှ အင်းစိန်‌ထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် စစ်ကြောရေးတွင်း နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် ဦးနှောင်အကျိတ်တည်ဒဏ်ရာဖြင့် (၂၂) နာရီကြာခန့် သတိလစ်သွားခဲ့သေးသည်။

ထို့နောက် မဝတ်ရည်အောင်ကို အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသခဲ့သော်လည်း ဒဏ်ရာအခံကြောင့် မကြာခဏ တက်ခြင်း၊ သတိလစ်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်ကာ အရေးပေါ်အခြေအနေအထိ ဖြစ်ပေါ်ခံစားခဲ့ရသည်။

ထို့နောက် ယ‌နေ့ ဇူလိုင်လ (၂၀) ရက်တွင် အဆိုပါ‌ဒဏ်ရာများဖြင့်ပင် အင်းစိန်ထောင်တွင်း၌ ကျဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုထားပြီး မဝတ်ရည်အောင်သည် ကျဆုံးချိန်တွင် အသက် (၂၅) နှစ်သာ ရှိသေးသည်။

- မင်းဘုန်း (စာတည်း - မောင်ဘိုး)

#စစ်ကြောရေးအတွင်းနှိပ်စက်ဒဏ်ရာများ #မဝတ်ရည်အောင် #ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ #အလုပ်အမှုဆောင် #မဝတ်ရည်အောင် #ထောင်တွင်းကျဆုံး
#ဆီသို့

-----

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

💥💥
15/07/2025

💥💥

2021 နောက်ပိုင်း ထွက်ခဲ့ဖူးတဲ့ ကျနော့်သီချင်းတွေကို
Spotify, YT music,iTunes စတဲ့ Streaming Service တွေမှာ နားထောင်လို့ရပါပြီ 🫡🫡

Address


Alerts

Be the first to know and let us send you an email when Sann Minn Paing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share