Thein Gone စံပြ-သိမ်ကုန်းတိုက်နယ် ရမည်းသင်း

  • Home
  • Myanmar
  • Yamethin
  • Thein Gone စံပြ-သိမ်ကုန်းတိုက်နယ် ရမည်းသင်း

Thein Gone စံပြ-သိမ်ကုန်းတိုက်နယ် ရမည်းသင်း စံပြသိမ်ကုန်း

မိုးကြီးရေလျှံသတိပြုကြပါ နောက် ၆နာရီအတွင်းရမည်းသင်း သိမ်ကုန်း ရွှေဒါး ရွာတန်း ပျော်ဘွယ် ယင်းတော် ညောင်းရမ်း ဘုရားငါးဆူ လ...
10/09/2024

မိုးကြီးရေလျှံသတိပြုကြပါ နောက် ၆နာရီအတွင်း
ရမည်းသင်း သိမ်ကုန်း ရွှေဒါး ရွာတန်း ပျော်ဘွယ် ယင်းတော် ညောင်းရမ်း ဘုရားငါးဆူ လှိုင်တက် ထူးတွင်းရွာ သာစည် ကွမ်းခြံရိုး ညောင်ကုန်း တောမ မိတ္ထီလာ မုံတိုင် ရှမ်းမငယ် ဆည်တို ညောင်မြင့်ရွာ ပန်းအိုင် မလှိုင် ရေချို သဖန်း မိတ္ထီလာ ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
မိုးကြီးရေလျှံသတိပြုကြပါ
ISSUED TIME
11/09/2024 3:50am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

စံပြသိမ်ကုန်းတွင်(တတိယအကြိမ်မြောက်)ပြာသိုလပြည့် {အမေများနေ့} အထူးဓမ္မသဘင်နှင့်သက်ကြီးပူဇော်ပွဲ ကျင်းပမည်။===============...
17/12/2023

စံပြသိမ်ကုန်းတွင်(တတိယအကြိမ်မြောက်)
ပြာသိုလပြည့် {အမေများနေ့} အထူးဓမ္မသဘင်နှင့်သက်ကြီးပူဇော်ပွဲ ကျင်းပမည်။
===================================
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊
စံပြသိမ်ကုန်း၊မဟာဘုံကထိန်ကျောင်းဝန်းအတွင်း
#တုနှိုင်းမဲ့ကမ်းလက် လူငယ် ပရဟိတ ဖောင်းဒေးရှင်း မှကြီးမှူး၍ အလှူရှင်အလှူအမများ စုပေါင်းကျင်းပပြုလုပ်အပ်သော (တတိယအကြိမ်မြောက်) ပြာသိုလ်လပြည့်
အမေများနေ့ မိဘကျေးဇူးဆပ် အထူးဓမ္မသဘင် နှင့်သက်ကြီးပူဇော်ပွဲကြီးအား ၁၃‌၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့တွင် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်) ဘဒ္ဒန္တ စန္ဒောဘာသ၊
"ပြာသိုလပြည့်” အမေများနေ့တွင်(မဟာဗောဓိမြရိပ်ဆရာတော်) ဘဒ္ဒန္တ ခေမာစာရာဘိဝံသ အရှင်သူမြတ်တို့မှ
(အမေများနေ့) မိဘကျေးဇူးဆပ်တရားဓမ္မများ ဟောကြားမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အနေဖြင့် ၁၃၈၅ခုနှစ်၊ပြာသိုလ်လဆန်း၁၄၊၁၅ ရက်များတွင် စံပြသိမ်ကုန်း၊မဟာဘုံကထိန်ကျောင်းဝန်းအတွင်းသို့ တရားတော်နာကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(တတိယအကြိမ်မြောက်) ကျင်းပပြုလုပ်အပ်သော “ပြာသိုလပြည့်”အမေများနေ့ မိဘကျေးဇူးဆပ်ပွဲကြီး၌ စံပြသိမ်ကုန်း ရပ်ကွက်အသီးသီးတွင်းရှိ အသက်ဂုဏ်ဝါအားဖြင့်ကြီးမားကြကုန်သော ကျေးဇူးရှင် အဖိုး၊ အဖွားတို့အား “ပြာသိုလပြည့်” အမေများနေ့ နံနက်ပိုင်း၌ သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ် မှာဖြစ်သည့်အတွက် အထူးဓမ္မသဘင်ပွဲကြီး နှင့် သက်ကြီးပူဇော်ပွဲကြီးမှာ ပါဝင်ကာဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ထာဝရမတည်ပဒေသာပင် ၃၀၀၀ဝိ/- ကျပ်

ဓမ္မပူဇာပဒေသာပင် ၅၀၀၀ဝိ/- ကျပ်

ဘုရားမဲတစ်ဆူ ၂၀၀၀ဝိ/- ကျပ်

သက်ကြီးပူဇော်ပွဲ ဆေးဝါး၊
ဓာက်စာတစ်စုံ ၄၀၀၀ဝိ/- ကျပ်

အသံချဲ့စက် (တစ်ည). ၇၀၀၀ဝိ/- ကျပ်

ရေ၊မီး (တစ်ည). ၃၀၀၀ဝိ/- ကျပ်

အာဟာရဒါန (တစ်ည) ၅၀၀၀ဝိ/- ကျပ်

ဆက်သွယ်လှူဒါန်းနိုင်ရန် တာဝန်ခံအဖွဲ့
================================
တုနှိုင်းမဲ့ကမ်းလက် လူငယ် ပရဟိတ ဖောင်ဒေးရှင်း

တရားပွဲ ကားအကြို / အပို့ရှိသည်။

ဖုန်း - ၀၉-၇၉၇၃၄၁၅၉၆၊၀၉-၇၆၆၃၃၂ဝ၁၉၊၀၉-၆၉၂၃၀၈၀ဝ၂၊၀၉-၇၇၇၆၈၆၉၁၁

စံပြသိမ်ကုန်းတွင်(ဒုတိယအကြိမ်မြောက်)ပြာသိုလပြည့် {အမေများနေ့} အထူးဓမ္မသဘင် ကျင်းပမည်။===================================...
13/12/2022

စံပြသိမ်ကုန်းတွင်(ဒုတိယအကြိမ်မြောက်)ပြာသိုလပြည့် {အမေများနေ့} အထူးဓမ္မသဘင် ကျင်းပမည်။
===================================
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊
စံပြသိမ်ကုန်း၊မဟာဘုံကထိန်ကျောင်းဝန်းအတွင်း
#တုနှိုင်းမဲ့ကမ်းလက် လူငယ် ပရဟိတ ဖောင်းဒေးရှင်း မှကြီးမှူး၍ အလှူရှင်အလှူအမများ စုပေါင်းကျင်းပပြုလုပ်အပ်သော (ဒုတိယအကြိမ်မြောက်)
ပြာသိုလ်လပြည့် အမေများနေ့ မိဘကျေးဇူးဆပ်
အထူးဓမ္မသဘင်တရားပွဲကြီးအား ၁၃‌၈၄ ခုနှစ်၊
ပြာသိုလ်လဆန်း (၁၄) ရက်နေ့တွင် မဟာစည် (ရွှေသင်း)ဆရာတော် ဘဒ္ဒန္တ ဟိတဓဇ ၊
ပြာသိုလ်လပြည့် အမေ့များနေ့တွင်
(ဓမ္မဂဝေသီ)ဆရာတော် ဘဒ္ဒန္တ ဇဋိလ အရှင်သူမြတ်တို့မှ
(အမေများနေ့) မိဘကျေးဇူးဆပ်တရားဓမ္မများ ဟောကြားမည်ဖြစ်ပါသဖြင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အနေဖြင့် ၁၃၈၄ခုနှစ်၊ပြာသိုလ်လဆန်း၁၄၊၁၅ ရက်များတွင် စံပြသိမ်ကုန်း၊မဟာဘုံကထိန်ကျောင်းဝန်းအတွင်းသို့ တရားတော်နာကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အထူးဓမ္မသဘင်ပွဲကြီးတွင် အလှူရှင်အလှူအမများ အနေဖြင့်လည်း မိမိတို့တတ်စွမ်းသ‌လောက် ကုသိုလ်တော်များပါဝင်ကာဖြင့် ဆက်သွယ်လှူဒါန်းနိူင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ထာဝရမတည်ပဒေသာပင်
(၃၀၀၀ဝိ/-) ကျပ်

တရားပွဲဓမ္မပူဇာ (တစ်ည ) (၅၀၀၀ဝိ/-)ကျပ်
-------------------------------------------
အသံချဲ့စက် (တစ်ည )
(၅၀၀၀ဝိ/-)ကျပ်
---------------------------------------------
ရေ၊မီး(တစ်ည) (၃၀၀၀ဝိ/-)ကျပ်
-----------------------------------
အာဟာရဒါန(တစ်ည) (၅၀၀၀ဝိ/-)ကျပ်
--------------------------------------

ဆက်သွယ်လှူဒါန်းနိုင်ရန် တာဝန်ခံအဖွဲ့
================================
တုနှိုင်းမဲ့ကမ်းလက် လူငယ် ပရဟိတ ဖောင်ဒေးရှင်း
ဖုန်း - 09 797341596 ၊ 09 766332019 ၊
09 680 488642 ၊ 09 673377655 ၊ 09 692308002

 #စံပြသိမ်ကုန်းမှအမျိုးသမီးငယ်များတွက်သတင်းကောင်း ်းပညာအသုံးချမှုသင်တန်းလျှောက်လွှာခေါ်ယူနေပါပြီ #သင်တန်းကြေးအခမဲ့လျှောက...
03/04/2022

#စံပြသိမ်ကုန်းမှအမျိုးသမီးငယ်များတွက်သတင်းကောင်း
်းပညာအသုံးချမှုသင်တန်းလျှောက်လွှာခေါ်ယူနေပါပြီ
#သင်တန်းကြေးအခမဲ့
လျှောက်လွှာပိတ်ရက်
Notice : Application deadline will be 30th April 2022

Tech Age Girls (TAG) Myanmar ဆိုတာ ဘာလဲ

မြန်မာနိုင်ငံ၏ ICT အသုံးချမှုနယ်ပယ်တွင် အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ၎င်းနည်းပညာများကို အသုံးပြု၍ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေးအခွင့်အလမ်းများ တိုးတက်မြင့်မားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

MBAPF မှ နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Tech Age Girls (TAG) Myanmar အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်ပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် (၅) နှစ်ဆက်တိုက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ပါသည်။

“ရပ်ရွာအခြေပြုစာကြည့်တိုက်များ” ကို ဦးတည်လုပ်ဆောင်သည့်အတွက် ရပ်ရွာအတွင်းရှိ အမျိုးသမီးငယ်လေးများ၏ ICT စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက မိမိတို့ရပ်ရွာအတွက် အမျိုးသမီးခေါင်းဆောင်ငယ်များကို မွေးထုတ်ပေးနေသည့် အစီအစဉ်ကောင်းတစ်ခုပင် ဖြစ်ပါသည်။

ရည်ရွယ်ချက်
နည်းပညာပိုင်းတွင် အမျိုးသမီးငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် နည်းပညာကိုအသုံးပြု၍ မိမိတို့ကိုယ်ပိုင်ဘ၀၊ မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုများအတွက် မှန်ကန်စွာအသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

TAG အစီစဉ်သည် ရပ်ရွာအခြေပြု စာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များနှင့် ကျောင်း စာကြည့်တိုက်များကို အခြေပြု၍ ပြုလုပ်ထားသော အစီအစဉ်တစ်ရပ်ဖြစ်သည့်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။

စာကြည့်တိုက်ပေါင်း (၃၆) ခု ပါဝင်ကြမည်ဖြစ်ပြီး ၎င်းစာကြည့်တိုက်များမှ အသက် (၁၆-၂၀) ရှိ အမျိုးသမီးငယ် (၂၀၀)ကို နည်းပညာအခြေခံများ၊ ခေါင်းဆောင်မှုပညာများ၊ ငွေကြေးစီမံခန့်ခွဲမှုအကြောင်းအရာများ၊ ပရောဂျက် ရေးဆွဲနည်းနှင့် စီမံခန့်ခွဲမှုအကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပါသည်။

၎င်းအမျိုးသမီးငယ် (၂၀၀) ထဲမှ အကောင်းဆုံးပရောဂျက် ရေးဆွဲတင်ပြနိုင်သူ (၄၀) ဦးကို Ooredoo Myanmar မှ Laptop တစ်လုံးစီဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းအမျိုးသမီးငယ် (၄၀) ဦးတို့ သည် ရန်ကုန်တွင်ကျင်းပပြုလုပ်မည့် Leadership Forum အစီအစဉ်တစ်ခုကိုလည်း တက်ရောက်နိုင်မည် ဖြစ်ပါသည်။

“အမျိုးသမီးများဘဝ လှပဖို့ နည်းပညာဖြင့် စွမ်းဆောင်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးငယ်များ နည်းပညာသာမက ကိုယ်ရည်ကိုယ်သွေးဆိုင်ရာပညာရပ်များပါ သင်ကြားပို့ချပေးမယ့် အခမဲ့ သင်တန်း အစီအစဉ် ကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။

ဆတ်သွယ်စုံစမ်းရန်

မုဒိတာ အခမဲ့ စာကြည့်တိုက်
ချယ်ရီလမ်း၊လက္ပံတောရပ်ကွက်၊စံပြသိမ်ကုန်း
ရမည်းသင်းမြို့နယ်
09 766 332 019 / 09 770 144 269
[email protected]

Credit///

Address

Thain Kone
Yamethin
05222

Website

Alerts

Be the first to know and let us send you an email when Thein Gone စံပြ-သိမ်ကုန်းတိုက်နယ် ရမည်းသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thein Gone စံပြ-သိမ်ကုန်းတိုက်နယ် ရမည်းသင်း:

Share