Music life style

Music life style I will feel and rest...!

22/03/2025

နောက်ထပ်
မင်းနဲ့..







#မင်းနဲ့

22/03/2025
22/03/2025
17/03/2025

#ချယ်ချစ်တဲ့ချင်းဇလပ်

16/03/2025
အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။1. ထုံကျဉ်တာဖော်လိုလုပ်ရန်ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေး လိ...
18/12/2023

အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ဖော်လိုလုပ်ရန်

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေး လို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထား တဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn's ရောဂါ သို့မဟုတ် တ်ခား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခု မြ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ္က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ္ဆို သွေးအားနည်းနေတာဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက္ဖ်ား တွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ ဖြစ်တာ

စိတ္ဓာတ္က်တာ၊ အာရုံ ရှုပ်ထွေးတာ ၊မေ့တတ္လာတာ၊ အာရုံစူးစိုက်မ ရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်း နုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါ တယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန် ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲ မြာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ် အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သြားဖုံး သို့မဟုတ် လွ်ာမွာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါ တယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ် နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

- အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန်ဓါကိုယျ ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆန္လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေ နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါ တယ်။

ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

:

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega-3 fatty acids ကြွယ်ဝ စွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင် ပါတယ်။

ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြော စနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာ အောင်လုပ်ဆောင်ပေးပါတယ်။

ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့

အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်

စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါဗျ။

ပြန့်လှည့်ကြည့်စရာမလိုအောင် မင်းကိုချစ်ခဲ့ပြီးပြီမို့မလွမ်းဘူးလားလို့ မေးရင် ကိုယ် မညာချင်ပါဘူး ။ သေချာပေါက်ကို လွမ်းပါတ...
13/12/2023

ပြန့်လှည့်ကြည့်စရာမလိုအောင် မင်းကိုချစ်ခဲ့ပြီးပြီမို့

မလွမ်းဘူးလားလို့ မေးရင် ကိုယ် မညာချင်ပါဘူး ။ သေချာပေါက်ကို လွမ်းပါတယ် ဒါပေမယ့် အဲ့ဒီအလွမ်းရဲ့နောက်မှာ ငါတို့ဝေးသွားလေ ခြင်းဆိုတဲ့ နောင်တတွေ မရှိသလို အချိန်ကို နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒတွေလည်း ရှိမနေခဲ့ဘူး ။ ဘာကြောင့်လဲလို့ မေးရင် ကိုယ်က မင်း ကို ပြည့်လှည့်ကြည့်စရာမလိုတော့အောင် လုံလောက်တာထက် ပိုချစ် ပေးခဲ့တယ်လေ ။

သိပ်ချစ်ပြရင် တန်ဖိုးတွေကျသွားတတ်တယ် တဲ့ ။ အလျှော့ပေးပါများ ရင် အနိုင်ယူသွားကြတာများတယ်တဲ့ ။ အလိုက်သိလွန်းပါများရင် ညာ သွားကြတယ်တဲ့ ။ အစက ကိုယ်မလက်မခံခဲ့ဘူးသိလား ။ အခုတော့ အဲ့ဒီအရာတွေအားလုံးကို ကိုယ်တွေ့ကြုံတော့ ယုံရတော့မှာပါပဲ ။ ချစ် ခြင်းမေတ္တာက တစ်ခါတစ်လေကျတော့ ပြန်လာရမယ့် လမ်းတွေကို မေ့သွားတတ်တယ် ထင်တယ် ။ တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အချိန်အကြာကြီးစောင့်ခဲ့တာတောင် ကိုယ့်ဆီ တန်းတန်းမတ်မတ် ပြန် ရောက်မလာခဲ့ဘူး ။

ခွင့်မလွှတ်နိုင်တဲ့ အမှားတွေကို ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ ခွင့်လွှတ်ရ မယ်ဆိုတဲ့ တာဝန်တွေ ရှိနေလို့မဟုတ်ဘူး ကိုယ် မင်းကို သိပ်ချစ်လို့ဆို တာမှန်း မင်းမသိခဲ့တာလား ဒါမှမဟုတ် မသိချင်ယောင်ပဲ ဆောင်နေခဲ့ တာလား မသဲကွဲဘူး ။ အရာရာက အဆင်ပြေသွားမှာပါဆိုတဲ့ စကားနဲ့ ကိုယ့်ကိုယ်ကိုယ် ညာရင်း နေ့တွေညတွေ ဖြတ်သန်းခဲ့ရတာ သိပ်ပင်ပန်း တာပဲ မျှော်လင့်ထားရတာကလည်း မောတယ် ။ ကိုယ် မောသွားတဲ့ အထိ မျှော်နေခဲ့ပါသေးတယ် မင်းပြန်မလာတော့တာ သေချာတဲ့အထိ စောင့်ခဲ့ပါသေးတယ် ။

လူသားတစ်ယောက်က မလိုတဲ့နေရာမှာ ဘယ်လောက်အကြာကြီး ရပ် စောင့်နေနိုင်မှာမို့လို့လဲ ။ တိရ စ္ဆာန်လေးတွေတောင်မှ သူတို့ကို ချစ် တတ်တဲ့ သူနဲ့ သူ့တို့ကို မကြင်နာတဲ့ လူ ကို ခွဲခြားသိမြင်တတ်ကြတာပဲ လေ ။ မင်းမချစ်တာကို လက်ခံလိုက်တဲ့အချိန်မှာ ကိုယ်တို့က မဆုံနိုင် တော့အောင် ဝေးတယ် ။ ဒါပေမယ့် ဝေးရခြင်းတွေမှာ ကိုယ့်ဖက်က နောင်တတွေ ရှိမနေခဲ့ဘူးသိလား ။ ပြန်တမ်းတခြင်းတွေ ရှိမနေခဲ့ဘူး ။ တစ်ခါတစ်ရံ လွမ်းမိတာကလွဲရင် ပြန်လိုချင်စိတ်တွေ ကျန်မနေတော့ ဘူး ။ ကိုယ်က မင်းကို အရိုးသားဆုံး ချစ်ခဲ့မိသလို ပြန်လှည့်ကြည့်စရာ မလိုတော့အောင် ကိုယ် ချစ်ပေးခဲ့တာကြောင့်ဖြစ်မှာပါ ။

#ကျေးကို

Address

Yangon

Telephone

+959458037404

Website

Alerts

Be the first to know and let us send you an email when Music life style posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share