HarryPhyo Adventures

HarryPhyo Adventures Life is a journey. Come see how beautiful the world is with me. 🚲✨🌏

Permanently closed.
09/04/2026

🇱🇦 လာအိုနိုင်ငံ Pakse မြို့မှာ စကြုံရတဲ့ အခက်ခဲတွေ …

စက်ဘီးနဲ့ သုံးနိုင်ငံပတ်ဖို့ ဘယ်လိုပြင်ဆင်ခဲ့လဲ (Part-2)



#သုံးနိုင်ငံစက်ဘီးစီးခရီး

07/04/2026

What a wonderful day!


📍 လာအိုမှာ အခမဲ့ တည်းခိုစရာမရှိတော့ရင်ဖြစ်ဖြစ် စျေးသက်သာတဲ့ တည်းခိုစရာနေရာ လိုက်ရှာရင်ပဲဖြစ်ဖြစ် ပုံထဲကလို Bunk beds တွေ...
06/04/2026

📍 လာအိုမှာ အခမဲ့ တည်းခိုစရာမရှိတော့ရင်ဖြစ်ဖြစ် စျေးသက်သာတဲ့ တည်းခိုစရာနေရာ လိုက်ရှာရင်ပဲဖြစ်ဖြစ် ပုံထဲကလို Bunk beds တွေ နဲ့ အိပ်လို့ရတဲ့ Hostel တွေ အများကြီး ရှိပါတယ်၊

◾️ခု တည်းခဲ့တဲ့ နေရာက Pakse မြို့က Sanga Hostel ပါ၊ အများနဲ့ အိပ်ရတာဖြစ်ပေမဲ့ သုံးထားတဲ့ Bed sheets တွေ၊ Blanket တွေက သန့်ပါတယ်၊

◾️Service လည်းကောင်းပြီး နွေးထွေးပျုငှါတဲ့အပြင်ကိုမှ လာအိုငွေ 170,000 kip (မြန်မာငွေ 35,000 ks ) ပေးရတယ်ဆိုတော့ တန်ပါတယ်။

◾️ဒီထက်စျေးသက်သာတဲ့ မြန်မာငွေ 20,000 / 30,000 တန် Hostel တွေရှိပေမဲ့ Sanga Hostel မှာတည်းခဲ့တဲ့တစ်ညတာကိုတော့ တကယ်ပဲ စိတ်ကျေနပ်မှုရခဲ့ပါတယ်။

◾️ထူးခြားတာကတော့ လာအိုမှာ ကျားမမခွဲဘဲ ဒီလို Bunk beds တွေနဲ့ တစ်ခန်းထဲ အိပ်ခဲ့ရတာပါပဲ။
Foreigners ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ ကိုယ့်ကုတင်နဲ့ကိုယ် တည်းခိုအိပ်စက်ခဲ့ကြရပါတယ်။
လာအို Pakse မြို့ကို ရောက်ဖူးပြီး Sanga Hostel မှာတည်းခဲ့ဖူးတဲ့သူရှိရင် မန့်ခဲ့ပါအုံးနော် 🤗🥰🥰


#သုံးနိုင်ငံစက်ဘီးစီးထွက်မယ်

05/04/2026

သုံးနိုင်ငံ စက်ဘီးစီး ထွက်ဖို့ ဘယ်လိုပြင်ဆင်ခဲ့လဲ 🚴🏻‍♂️🌏
(Part - 1)

#သုံးနိုင်ငံစက်ဘီးစီးထွက်မယ်

သွားချင်ရာတွေ သွားနေရတာကလည်း ဘဝရဲ့ပန်းတိုင်တစ်ခုပဲမဟုတ်လား 🚴‍♂️🌏   #သုံးနိုင်ငံစက်ဘီးစီးခရီး
04/04/2026

သွားချင်ရာတွေ သွားနေရတာကလည်း ဘဝရဲ့ပန်းတိုင်တစ်ခုပဲမဟုတ်လား 🚴‍♂️🌏



#သုံးနိုင်ငံစက်ဘီးစီးခရီး

Guess where I am now 🚴🌍
02/04/2026

Guess where I am now 🚴🌍

01/04/2026

India Gate မှာ မမျှော်လင့်ထားတဲ့ ကျောင်းသားတွေနဲ့



30/03/2026

See the world 🌎 with me🚴‍♂️


25/03/2026

Meeting with Indian students in New Delhi 🇮🇳

အခက်ခဲတွေကြားက (၃)နိုင်ငံ စက်ဘီးစီးထွက်မယ်🚴‍♂️🏔🌎 ▪️ ခရီးတစ်ခုထွက်ပြီဆိုတာနဲ့ ဘယ်နေရာဒေသတွေကိုထွက်မှာလဲ ဘယ်မှာ တည်းခိုမှာ...
24/03/2026

အခက်ခဲတွေကြားက (၃)နိုင်ငံ စက်ဘီးစီးထွက်မယ်
🚴‍♂️🏔🌎

▪️ ခရီးတစ်ခုထွက်ပြီဆိုတာနဲ့
ဘယ်နေရာဒေသတွေကိုထွက်မှာလဲ
ဘယ်မှာ တည်းခိုမှာလဲ
စားသောက်ဖို့ ဘယ်လိုစီစဉ်မလဲ
ခရီးတစ်ခုလုံးရဲ့ အသုံးစရိတ်က ဘယ်လောက်ထားမလဲ
ဘာအခက်ခဲတွေ ရှိလာနိုင်မလဲ
ဆိုတဲ့ မေးခွန်းပေါင်းများစွာက စောင့်ကြိုနေမှာသေချာပါတယ်

▪️ ပိုက်ဆံအပုံလိုက်သုံးပြီး အားလုံးအဆင်သင့်ဖြစ်နေတဲ့ ခရီးမျိုးက သက်သောင့်သက်သာရှိပေမဲ့ ကျွန်တော့အတွက်တော့ ကိုယ်တိုင်ရုန်းကန်ပြီးသွားရတဲ့ ခရီးကမှ ရင်ခုန်ဖို့ကောင်းသလို အမှတ်တရလည်း ပိုများမယ်ထင်ပါတယ်

▪️ ဒီထက်ပိုရင်ခုန်စရာကောင်းတာကတော့ ခုလို တစ်ကမ္ဘာလုံး စစ်မီးတောက်လောင်လာနေတဲ့အချိန်မှာ မိသားစုညီအကိုမောင်နှမတွေ သူငယ်ချင်းတွေက ဒီခရီးစဉ်အတွက် လမ်းမှာကြုံတွေ့လာရမဲ့အန္တရာယ် အခက်ခဲ အတားဆီးတွေကို စိတ်ပူပန်နေတဲ့ ကြားက ကျွန်တော့်ရဲ့ခရီးစဉ်ကို ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်
ဒီခရီးစဉ်ကတော့ သုံးနိုင်ငံ တစ်ကိုယ်တော် စွန့်စားစက်ဘီးစီးခရီးပဲဖြစ်ပါတယ်
အဖော် လုံးဝမပါဘူး
တစ်နိုင်ငံပြီး တစ်နိုင်ငံဖြတ်မယ်
တည်းမဲ့နေရာ အတည်တကျ ကြိုမသိဘူး
အဆင်ပြေတဲ့နေရာ ဝင်အိပ်မယ်
တွေ့တဲ့အစာ ဝင်စားမယ်
Budget အဖြစ်ဆုံး ရွေးချယ်မယ်
အခက်ခဲမှန်သမျှ ရင်ဆိုင်မယ်
ဒါတွေက အမြဲအမှတ်ရနေမဲ့ အကောင်းဆုံး အတွေ့အကြုံတွေပဲ

▪️ တစ်ကိုယ်တော် စွန့်စားစက်ဘီးစီးခရီးထွက်မဲ့ (၃) နိုင်ငံက ဘယ်နိုင်ငံတွေ ဖြစ်မလဲ 🌎
ဘယ်လောက်အန္တရာယ်များလဲ
ဘယ်လိုအခက်ခဲအတားဆီးတွေရှိလာမလဲဆိုတာ ချစ်တဲ့ တစ်ယောက်ချင်းစီတိုင်းက “Harry Phyo Adventures” - YouTube , Facebook, TikTok တို့မှာ အားပေးနေကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ အားပေးနေကြတဲ့အတွက်လည်း ကျေးဇူးအထူးပဲ တင်ပါတယ်ခင်ဗျာ 🙏🙏🙏🤗🥰🥰


#သုံးနိုင်ငံစက်ဘီးစီးခရီး


19/03/2026

နယူးဒေလီမှာ MRT စီးဖြစ်အောင်စီးမယ်
🇮🇳 အိန္ဒိယသို့ခရီးနှင်ခြင်း




Address

GantKaw 3rd St,(19)ward,Than Din,ShwePyiThar Township, Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when HarryPhyo Adventures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share