
30/06/2025
ဘန်ကောက်ရောက်ရင် ဒီနေရာလေးကို သွားဖြစ်အောင်သွားနော်🎨✨
ဘန်ကောက်ရောက်လို့ အနုပညာနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့သူတွေအတွက် နေရာကောင်းလေးတစ်ခု ညွှန်းပေးပါရစေ
အဲ့ဒါကတော့ ဝင်ကြေးအခမဲ့နဲ့ Art & Culture တွေကို လေ့လာခွင့်ရမယ့် Bangkok Art and Culture Centre (BACC) ပဲ ဖြစ်ပါတယ် 🏛️
MBK Center နဲ့ Siam Discovery နားလေးမှာရှိတဲ့ BACC က ဘန်ကောက်ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိတာကြောင့် သွားရလာရလည်း လွယ်ကူပါတယ်။📌 BTS Skytrain နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတာမို့လို့ ပိုပြီးအဆင်ပြေတာပေါ့နော်
ဒီနေရာလေးက ခေတ်ပြိုင်အနုပညာပြခန်းတွေ၊ ဓာတ်ပုံပြပွဲတွေ၊ ဒီဇိုင်းပစ္စည်းတွေနဲ့ စာအုပ်ဆိုင်လေးတွေအပြင် အနုပညာနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း မကြာခဏဆိုသလို ကျင်းပပေးတတ်ပါတယ်။ 🖼️📚
BACC ကို ရောက်ဖူးတယ်ဆိုရင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ထောင့်လေးတွေ အများကြီးရှိပါတယ်။ အဆောက်အအုံရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကအစ အရမ်းလှတာမို့လို့ ဓာတ်ပုံရိုက်ဝါသနာရှင်တွေအတွက်တော့ ကွက်တိပါပဲ 📸
ဘန်ကောက်ကိုရောက်ရင် BACC ကို သွားဖြစ်အောင်သွားဖို့ မမေ့နဲ့နော်😊
Tour Packages တွေနဲ့ပတ်သက်တဲ့ Update Info တွေကို Telegram Channel မှာတင်ပေးသွားမှာမလို့ Join ပေးကြပါဦးနော် 💕
Telegram Channel Link
📎https://t.me/seek_youwillfind
Contact Us :
+66 6-5750-5796
[email protected]