RAVE Inform

RAVE Inform Rave and EDM information page.

"လူသားတစ်ယောက်အတွက် သေခြင်းဟာမိတ်ဆွေပါသေမင်းဟာငါ့အပေါ်ဘာကိစ္စများရှိလို့လာမခေါ်သေးရတာလဲ…..ငါစောင့်နေပါတယ်သူငယ်ချင်း…….."...
19/09/2025

"လူသားတစ်ယောက်အတွက် သေခြင်းဟာမိတ်ဆွေပါ
သေမင်းဟာငါ့အပေါ်ဘာကိစ္စများရှိလို့လာမခေါ်သေးရတာလဲ…..
ငါစောင့်နေပါတယ်သူငယ်ချင်း…….." he posted before he dead. RIP my bro. LL Cado

Spotify CEO ၏ လုပ်ရပ်ကြောင့် "King Gizzard & The Lizard Wizard" အပါအဝင် အနုပညာရှင် တော်တော်များများက Spotify မှ သူတို့၏ ...
19/09/2025

Spotify CEO ၏ လုပ်ရပ်ကြောင့် "King Gizzard & The Lizard Wizard" အပါအဝင် အနုပညာရှင် တော်တော်များများက Spotify မှ သူတို့၏ သီချင်းများဖြုတ်ချခဲ့
Australian psychedelic rock band တစ်ခုဖြစ်တဲ့ "King Gizzard & The Lizard Wizard" က ပြီးခဲ့တဲ့ July လမှာ Spotify ပေါ်မှာ ရှိတဲ့ သူတို့ရဲ့ သီချင်းအကုန်လုံးကို ဖြုတ်ချဖို့ ကြေညာခဲ့ပါတယ်။ ဖြုတ်ချရတဲ့ အကြောင်းကတော့ Spotify ရဲ့ CEO ဖြစ်သူ "Daniel Ek" က စစ်ဖက်ဆိုင်ရာနည်းပညာထုတ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ "Helsing" ကုမ္ပဏီမှာ စစ်ရေးဆိုင်ရာ AI နည်းပညာ (military drones) ထုတ်လုပ်မှုအတွက် အမေရိကန် ဒေါ်လာ သန်း 600 ကျော် (694 သန်း) ခန့်ကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ သတင်းကြောင့် အခုလို သူတို့ရဲ့ သီချင်းတွေကို Spotify ကနေ ဖယ်ရှာဖို့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းရင်းနှီးမြုပ်နှံမှုက "Helsing" ကုမ္ပဏီ၏ တန်ဖိုးကို 12 ဘီလီယံကျော်အထိ မြှင့်တင်ပေးနိုင်ခဲ့ပြီး "Daniel Ek" ကိုယ်တိုင်က ထိုကုမ္ပဏီမှာ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။
"Helsing" ကုမ္ပဏီဟာ စစ်ဖက်ဆိုင်ရာသုံး AI နည်းပညာကို ဖန်တီးနေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိမှာ UK, Germany နှင့် Sweden စစ်တပ်များနှင့် လက်တွဲပူးပေါင်းထားပါတယ်။ Helsing က AI-powered drones, autonomous submarines, နှင့် AI-assisted fighter jets များကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုကြောင့် Artists တော်တော်များများက Spotify ကိုဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး Massive Attack, Deerhoof, Brian Eno, FKA twigs, Xiu Xiu တို့ပါ ပါဝင်လာတာကိုတွေ့ရပါတယ်။ Spotify အနေနဲ့ ၎င်းရင်းနှီးမြှုပ်နှံမှုကို အခြားသော စီးပွားရေးတစ်ခုအနေနဲ့သာ သတ်မှတ်ထားကြောင်းပြောကြခဲ့ပြီး "Helsing" ကုမ္ပဏီအနေနဲ့ကတော့ Ukraine ရဲ့ စစ်ရေးအကူအညီအတွက် ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါတယ်။
သို့ပေမယ့် Artist များက ထိုအချက်တစ်ခုတည်းကြောင့် မဟုတ်ပဲ သူတို့အနေနဲ့ အနုပညာ နှင့် စစ်ရေးကို မရောထွေးစေခြင်းကြောင့် အခုလို boycott ပြုလုပ်တာဖြစ်ကြောင့် ပြောကြားထားတာကိုလည်း တွေ့ရပါတယ်။ ထို့အပြင် Spotify ဟာ 2024 ခုနှစ်တုန်းကလည်း Artist royalty ပေးတာနည်းခြင်းကြောင့် အနုပညာရှင်များရဲ့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ယခု "King Gizzard & The Lizard Wizard" တို့၏ လုပ်ရပ်အပေါ် အနုပညာရှင်တစ်ချို့၏ အားပေးမှုများရှိနေပြီး စံနမူနာထားစရာဖြစ်ကြောင်း ဖော်ပြရေးသားတာတွေ တွေ့နေရပါတယ်။

Lost Lands 2025 Main Stage 🦖🦕
19/09/2025

Lost Lands 2025 Main Stage 🦖🦕

Illenium ရဲ့  နောက်ထပ် album တစ်ခုဖြစ်တဲ့ "Odyssey" album show ကို လာမယ့် 2026 march လမှာ ကျင်းပဖို့ ပြင်ဆင်နေ        Em...
18/09/2025

Illenium ရဲ့ နောက်ထပ် album တစ်ခုဖြစ်တဲ့ "Odyssey" album show ကို လာမယ့် 2026 march လမှာ ကျင်းပဖို့ ပြင်ဆင်နေ

Emotionally Bass Music တွေကိုဖန်းတီးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Illenium ကတော့ လာမယ့် 2026 ခုနှစ် March လ မှာ သူ့ရဲ့ နောက်ထပ် album တစ်ခုဖြစ်တဲ့ "Odyssey" album show ကို Las Vegas မှာ ရှိတဲ့ Las Vegas Sphere Residency မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ Show ticket တွေကို လာမယ် September 23 ခုနှစ်မှာ Presale အနေနဲ့ စတင်ရောင်းရမှာ ဖြစ်ပြီး လာမယ့် March လ 5,6,7,12,13,14 ရက်တွေမှာ ကျင်းပသွားဖို့ရှိပါတယ်။ အရင်က album show တွေထပ် ထူးခြားတဲ့ Las Vegas Sphere Residency ကြီးမှာ visual အသားပေးပြုလုပ်ရင်း သူ့ရဲ့ နောက်ထွက်မယ့် album အသစ်မှာပါမယ့် ID track တွေကို နားထောင်ရမယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။
Album အသစ်မှာ ပါဝင်မယ့် tracklist တွေကိုတော့ ဖော်ပြထားခြင်းမျိုးမရှိသေးပဲ album show မှာသာ ရင်ခုန်စွာနဲ့ ခံစားရမှာ ဖြစ်ပါတယ်။ Rumor တွေအရ "in my arms (ft.HAYLA), Forever (Tom Grennan, alna)" နှစ်ပုဒ်ကတော့ album မှာ ပါဝင်လာမယ် လို့လည်းဆိုထားကြပါတယ်။ ထို့အပြင် လွန်ခဲ့တဲ့ သုံးရက် Instagram မှာ Illenium နဲ့ Zedsdead တို့ရဲ့ Zedlenium set အပီးမှာ သူတို့ရဲ့ မထွက်သေးတဲ့ Unreleased Collab Track ကို ပြန်ပြီးနားထောင်နေကြတယ်ဆိုပြီး တင်ထားတာကြောင့် အခုလာမယ့် album မှာ ပါဝင်လာမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
ထို့အပြင် Seven Lions, Dabin, Said the sky, Zedsdead ပါဝင်လာနိုင်တယ်လို့ ဆိုထားကြပြီး နောက်ထပ် artist တွေထပ်ပါလာမလားဆိုတာကတော့ အခုလာမယ် Album show မှာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Ray Volpe ရဲ့ ပထမဦးဆုံး album ဖြစ်တဲ့ "FOREVER, VOLPETRON"      Bass Music တွေကို အသားပေးဖန်တီးနေတဲ့ Ray Volpe တစ်ယောက် ...
18/09/2025

Ray Volpe ရဲ့ ပထမဦးဆုံး album ဖြစ်တဲ့ "FOREVER, VOLPETRON"

Bass Music တွေကို အသားပေးဖန်တီးနေတဲ့ Ray Volpe တစ်ယောက် သူ့ရဲ့ ပထမဦးဆုံး Debut album ဖြစ်တဲ့ "FOREVER, VOLPETRON" ကို September 12 ရက်နေ့က release လုပ်ခဲ့ပါတယ်။ ဒီ album ဟာ Volpe ရဲ့ Artist career တစ်လျှောက် ပထမဦးဆုံးထွက်ရှိလာတဲ့ album တစ်ခုလည်းဖြစ်ပါတယ်။ album ထဲမှာ Track စုစုပေါင်း 16 ပုဒ် ပါဝင်တာဖြစ်ပြီးတော့ Dubstep / Riddim Dubstep / Melodic Dubstep / Future Bass / Bass House / Rock/Metal Influence + EDM Hybrid / Festival Anthems / Mainstage EDM တို့လို intro Mix တွေပါ ပါဝင်လာတာကိုတွေ့ရပါတယ်။

ဒါ့အပြင် TYNAN, Virtual Riot, Point North, RUNN, Adventure Club, Vastive, Sullivan King တို့နဲ့ collab လုပ်ထားတဲ့ Track တွေကိုလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။ Ray Volpe အနေနဲ့ သူရဲ့ ပထမဦးဆုံး debut album မှာ သူရဲ့ Music Journey အတွင်း အစွမ်းကုန်ကြိုးစားထားတာဖြစ်ပြီး ပရိတ်သတ်တွေကို Music Genre မျိုးစုံ ခံစားစေချင်တယ် လို့လည်း ပြောပါတယ်။ Track name list တွေကတော့

1. FOREVER (Intro Mix)

2. Danger (with TYNAN)

3. Rockwitit

4. What’s Up (with Virtual Riot)

5. Careful What You Wish For (with Point North)

6. Let It In (with RUNN)

7. As Long As I Got You (with Adventure Club)

8. Get Smacked (with Vastive)

9. Rewind (with Sullivan King)

10. Payback

11. Song Request

12. Crash Out

13. The Sound

14. Take Me To The Rave

15. See You Drop

16. Where Do We Go From Here? တို့ ပါဝင်မှာဖြစ်ပါတယ်။

South East Asia (SEA Regions) တွေပြုလုပ်နေတဲ့ festival တွေနဲ့ audience တွေကြား စိန်ခေါ်မှုအခက်အခဲများဖြစ်နေ Event Organi...
17/09/2025

South East Asia (SEA Regions) တွေပြုလုပ်နေတဲ့ festival တွေနဲ့ audience တွေကြား စိန်ခေါ်မှုအခက်အခဲများဖြစ်နေ

Event Organizer တွေရဲ့ မျက်စိကျစရာဖြစ်နေတဲ့ South East Asia (SEA Regions) မှာ မကြာခဏဆိုသလို festival Events တွေကို အသေး၊အကြီးမကအောင် ပြုလုပ်လာကြတာကို အားလုံးသိကြမှာပါ။ များသောအားဖြင့် ကမ္ဘာအကြီးဆုံး EDM festival တွေဖြစ်တဲ့ Tomorrowland နဲ့ Electric Daisy Carnival (EDC) တို့လို Event ပါ Thailand အထိ ရောက်ရှိလာကြပြီး မကြာခင် ကျင်းပင်ကြတော့မှာဖြစ်ပါတယ်။ တစ်ခြားသော local နဲ့ Asia brand Event တွေကလည်း festival တွေကို အပြိုင်လုပ်လာကြပါတယ်။ ဒီအရာဟာ ကျွန်တော်တို့ SEA Regions ရဲ့ Positive impact တစ်ခုလို့ပြောလို့ရပါတယ်။ ဒါပေမယ့် Event Organization, Producer Artist, DJ နဲ့ Audience တွေကြားမှာ guard ဖြစ်စရာလေးတွေရှိလာပါတယ်။ အဲ့တာကတော့ Cost and Price ပါပဲ။
Event တွေများလာနဲ့အမျှ Organizer တွေဟာ ၎င်းတို့ရဲ့ Festival Management တွေကို သူ့ထပ်ငါ အကောင်းဆုံးလုပ်ပြနိုင်အောင် ပြုလုပ်လာကြပြီး Ground Operation, Stage Performance, Artist နဲ့ Venue Area တွေကို ငွေကုန်သုံးလာတတ်ကြပါတယ်။ Venue selection, crowd management, government permits, law enforcement စသဖြင့် logistical hurdles တွေများလာပါတယ်။ Production, lighting, sound system, international DJs အတွက်ကုန်ကျစရိတ်များ တိုးသုံးလာရပါတယ်။
ထိုကုန်ကျစရိတ်တွေကြောင့် Audience တွေအနေနဲ့ ပထမဦးဆုံး ကြုံတွေ့လာရတဲ့အရာက Ticket price ပါပဲ။ ငွေးကြေးဖောင်းပွလာမှု နဲ့ ဝင်ငွေစီးဆင်းမှု အားနည်းလာတာကြောင့် တစ်ချို့သော Audience တွေအနေနဲ့ festival ကို သွားရောက်နိုင်ဖို့ အခက်ကြုံနေရပါတယ်။ Ticket price, Travel & accommodation costs တွေအပြင် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား Immigration Process တွေကြောင့် Festival တွေသွားရောက်ရန် အခက်တွေနေပြီးတော့ Festival တွေမှာ Audience နည်းပါးလာတာကို တွေ့မြင်နေရပါတယ်။ ဒါအပြင် crowd safety အတွက်လည်း စိန်ခေါ်မှုတွေရှိတာကြောင့် တော်ရုံသွားဖိုး စိတ်ဆုံးဖြတ်ရခက်ခဲနေတာကိုလည်း တွေ့မြင်နေရပါတယ်။
Local Artist တွေအနေနဲ့ International artist များ Dj enflurancer များကြောင့် တကယ် Talent သော artist များအတွက် streaming platform မလုံလောက်တာတွေလည်းရှိနေပါတယ်။ International Dj များက main stage မှာ ဖျော်ဖြေရတာ Set time အချိန်ကောင်းတွေယူးထားတာတွေကြောင့် Local Djs တွေနဲ့ Music Producer တွေမှာ side stage တွေမှာသာဖျော်ဖြေနေရပါတယ်။ သို့သော် ယခုအခါ EDC Thailand, Wonderfruit, Equation Festival, Sunda Festival စသည့် festival များ မှာ international & local talent mix, immersive experiences, cross-genre music integration တွေကို မြင်တွေ့ရနိုင်ပြီး တစ်ချို့သော Local Artist တွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိလာတောမှာ ဖြစ်ပါတယ်။ SEA EDM community မှာ festival scale, safety standards, audience engagement ပိုမိုမြင့်တက်လာနေပြီး local & regional talent support လည်း ပိုမိုအရေးကြီးလာတာကိုလည်း သတိထားမိလာပါတယ်။
သို့ပေမယ့် အခုလို တိုးတက်လာတာနဲ့အမျှ Price to performance များလာတာကြောင့် Audience တွေရဲ့ စိတ်ဝင်စားမှုတွေရောနည်းလာပြီး bad feedback တွေ တဖြည်းဖြည်းရလာတာကိုလည်း Social Media Platform တွေမှာ ပိုမိုတွေ့မြင်လာရပါတယ်။ ယခုအခါ SEA Regions မှာ EDM community အနေနဲ့ ပိုမိုတိုးတက်လာခဲ့ပေမယ့် ယခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရစဲ သာဖြစ်ပါတယ်။

Underground Rave နဲ့ Hard Techno Community အတွက် record label တစ်ခုဖြစ်လာတဲ့ "ANTHR FCKNG PARTY" Techno ရဲ့ sub-genre တွ...
16/09/2025

Underground Rave နဲ့ Hard Techno Community အတွက် record label တစ်ခုဖြစ်လာတဲ့ "ANTHR FCKNG PARTY"

Techno ရဲ့ sub-genre တွေဖြစ်တဲ့ Underground Rave, Uncompromising techno, Industrial, Hard Techno တွေကို ဖန်းတီးတဲ့ Kozlow တစ်ယောက် မကြာခင်ကမှ Record label တစ်ခုကို ပီးခဲတဲ့ September 12 ရက်နေ့က တည်ထောင်လိုက်ပါတယ်။ အဲ့တာကတော့ "ANTHR FCKNG PARTY" ဆိုတဲ့ Record label ပါ။ Record label founder ဖြစ်တဲ့ "Kozlow" ရဲ့ အမည်းအရင်းကတော့ "Grant Kozlow Gardner" ဖြစ်ပါတယ်။ Kozlow ဟာ violin ကို classical ကျ တီးတတ်သူဖြစ်ပြီး Techno နဲ့ Underground Rave song တွေကို ဖန်တီးကာ long rave sessions တွေမှာ ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်တာကြောင့် တချို့ fan တွေက “Brooklyn meets Berlin” လို့ ခေါ်ကြပါတယ်။ သူ့ကိုတော့ Secret Events တွေနဲ့ Warehouse တွေကနေ လူသိများလာတာလည်း ဖြစ်ပါတယ်။
Kozlow ဟာ အခြား record label တွေလို mainstream ပေါ်မှာ ကြားနေရတတ်တဲ့ သီချင်းတွေ Festival တွေမှာ ဖျော်ဖြေနေတဲ့ သီချင်းတွေလိုမျိုး သီချင်းတွေကို အဓိကထားတာမဟုတ်ပဲ underground events တွေမှာ အများဆုံးဖွင့်တဲ့ သီချင်းပုံစံမျိုးတွေကို ဖန်တီးနေတာမို့လို့ ဒီ record label ဟာလည်း hype ဖို့အဓိကထားခြင်းမျိုး၊ mainstream ပေါ်တွေမှာလို Pop-friendly ဖြစ်စေတဲ့ song မျိုးတွေမဟုတ်ပဲ crowd ကို energy, resistance, liberation ကိုပဲပေးချင်တဲ့ record label မျိုးလို့လည်း ပရိတ်သက်များက မှတ်ချက်ပေးထားကြပါတယ်။
"ANTHR FCKNG PARTY" ဆိုတဲ့ Record label ကို Brooklyn, New York မှာ အခြေချပြီး သူ့အနေနဲ့ mainstream ပေါ်တက်ဖို့အတွက် ရည်ရွယ်တာမျိုးမဟုတ်ပဲ techno underground Movement တွေကို မတိန်မြုပ် မပျောက်ကွယ်သွားအောင် ကာကွယ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ self-Promotion ထပ် "music speaks for itself" ဆိုပြီး သဘောထားသလို့ သူ့ရဲ့ ထွက်ရှိခဲ့တဲ့ သီချင်းတွေကိုလည်း နာမည်ပေးချင်းမျိုးတွေမလုပ်ပဲ တစ်ချို့ Track တွေမှာဆိုရင် "Untitled" ဆိုပြီးတော့ ထားတတ်ပါတယ်။
သူရဲ့ violin sound တွေကိုတော့ Scott Storch (Grammy-winning hip-hop producer), FunkFlex (Hot 97 radio legend), King Von (Chicago drill rapper)နဲ့ အခြားနာမည်ကြီး သီချင်းတွေရဲ့ Studio recordings တွေမှာလည်း နားစင်နိုင်မှာဖြစ်ပါတယ်။ အခု "record label" မှာလည်း Kozlow အနေနဲ့ နောက်ထပ် Underground Rave community မှာ ရှိတဲ့ Artists တွေကို မွေးထုတ်ပေးနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

16/09/2025

Martin Garrix ရဲ့ Orchestra နဲ့ Progressive House တို့ရဲ့ ခမ်းနားမှုကြီး။

Track - Martin Garrix & Third ≡ Party - Carry You (Orchestral Intro Edit) [feat. Oaks & Declan J. Donovan]

Around the world ကို နည်းပညာ အဆင်မြှင့်တင်နေတဲ့ Tomorrowland    အမြဲတမ်းလိုလို ပရိတ်သက်တွေကို အံ့အားသင့်အောင်အမြဲလုပ်တတ်...
16/09/2025

Around the world ကို နည်းပညာ အဆင်မြှင့်တင်နေတဲ့ Tomorrowland

အမြဲတမ်းလိုလို ပရိတ်သက်တွေကို အံ့အားသင့်အောင်အမြဲလုပ်တတ်တဲ့ Tomorrowland ဟာ အခုတစ်ခါ တစ်ကမ္ဘာလုံးက Tomorrowland နဲ့ EDM ကြိုက်နှစ်သက်သူတွေအတွက် ဖန်တီးမှု
တစ်ခုကို ပြုလုပ်နေပါတယ်။ အဲ့တာကတော့ Tomorrowland Planet ပါပဲ။ Tomorrowland Planet ကို Korea နိုင်ငံမှာရှိတဲ့ Lotte Group ရဲ့ subsidiary တစ်ခုဖြစ်တဲ့ Lotte Innovate Co. တစ်နည်းအားဖြင့် Lotte Data Communication Company / LDCC ကနေ ပြုလုပ်ထားတဲ့ metaverse or virtual universe platform ပေါ်မှာ ဖန်တီးထာတာဖြစ်ပြီး ပရိတ်သက်တွေအနေနဲ့ Tomorrowland ကို မသွားနိုင်ခဲ့ရင်တောင် Digital world ထဲမှာ သွားကဲလို့ရဦးမှာပါ။
Tomorrowland အနေနဲ့ 2020 ခုနှစ် COVID - 19 ရောဂါဖြစ်ပွားခဲ့စဉ်မှာ ပြုလုပ်ခဲ့တဲ့ Tomorrowland - Around The World ကို ထပ်မံအဆင့်မြှင့်တင်တဲ့ အနေနဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ အဲ့ဒီအချိန်အခါက ပြုလုပ်ခဲ့တဲ့ Live Set တွေလိုမျိုး ပြန်လည်ကြည့်ရှုခွင့်ရမှာလည်းဖြစ်ပါတယ်။ ဒီတစ်ခါ Virtual World မှာ live set တွေကြီးကြည့်ရတာမျိုးမဟုတ်ပဲနဲ့ မိမိကိုယ်တိုင်ကပါ Tomorrowland ရဲ့ ကမ္ဘာကြီးထဲမှာ သွားရောက်လည်ပတ်နိုင်မှာလည်းဖြစ်ပါတယ်။ မိမိရဲ့ Game Character ကို မိမိကိုယ်တိုင် customize လုပ်နိုင်ပြီး Game Quest တွေကို ဆော့ကစားရာကနေ Music တွေကို Unlock ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။
Tomorrowland နဲ့ Caliverse ပူးပေါင်းပြီး Tomorrowland Planet ဆိုတဲ့ “sub-planet” ကို Caliverse universe ထဲမှာ ထည့်ထားပြီး ထိုမှတစ်ဆင့် Tomorrowland ကို သွားနိုင်မှာလည်းဖြစ်ပါတယ်။ Collaboration လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ festival spirit, music culture, community involvement တွေကို Real-life festival မလုပ်ဖြစ်ခဲ့ရင် ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အပြင်မှာ အကြောင်းကြောင်း ကြောင့် သွားဖို့ရာ အဆင်မပြေတာပဲ ဖြစ်ဖြစ် ထိုသူတွေကိုပါ Tomorrowland နဲ့ အမြဲထိတွေနိုင်ပြီး နေရာမရွေး ဂီတကို ခံစားခွင့်ရအောင်ပြုလုပ်ပေးခြင်းလည်းဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာ ၎င်းတို့အနေနဲ့ PC client, browser, mobile 3D app, VR app တို့ကို ထပ်မှန် တိုးချဲ့ဖို့စီစဉ်ထားပြီး ကိုယ်တိုင် Real World ထဲ ရောက်နေသလို ခံစားချက်မျိုးကိုပါ ပေးစွမ်းနိုင်အောင်ကြိုးစားနေကြတယ်လို့လည်းသိရပါတယ်။
ယခုအခါ Live Performance ကိုကြည့်ရှုနိုင်ဖို့ Tomorrowland Access Pack 1 ticket ကို 34$ မြန်မာငွေအားဖြင့် (150000ကျပ်ခန့်) ကျသင့်မှာဖြစ်ပြီးတော့ တစ်နှစ် တိတိသက်တမ်းရှိပါလည်းဖြစ်ပါတယ်။ ထိုလက်မှတ်ကို ဝယ်လိုက်တာနဲ့ Tomorrowland ရဲ့ Live Performance ကို တစ်နှစ်အတွင်း ပြန်ကြည့်လို့ရနေမှာပါ။ လက်ရှိမှာတော့ Game World ထဲကို အခမဲ့ သွားလို့ရနိုင်ပြီးတော့ Limited Content ပဲ ရနိုင်ဦးမှာ ဖြစ်ပါတယ်။
Tomorrowland Plant ကို Window PC user တွေနဲ့ Web Browser သမားတွေသာလက်ရှိမှာအသုံးပြုနိုင်မှာဖြစ်ပြီးတော့ PC requirement အနေနဲ့

Minimum Requirements
Windows 10 or later
AMD Ryzen 9 3900X or Intel Core i7-12700K
16GB or more
‍GeForce RTX 2070 (8GB)
*Graphics driver that supports DLSS 3.5 required
DirectX 12 or later
Minimum 40GB of space required

Recommended Specifications
Windows 10 or later
AMD Ryzen 9 5900X or Intel Core i9-10900K
32GB or more
GeForce RTX 3060Ti (8GB)
*Graphics driver that supports DLSS 3.5 required
DirectX 12 or later
Minimum 40GB of space required

လို့ဖော်ပြထားပါတယ်။ Game Requirement မြင့်တာကြောင့် log-in မရတာ rendering အားနည်းတာ မကြာခဏ Lag တာမျိုးလည်း ကြုံတွေရနိုင်ပါတယ်။

မိမိတို့အနေနဲ့ စိတ်ဝင်စားတယ် ဆိုရင် https://caliverse.tomorrowland.com မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

Festival News: Tomorrowland 2025 ကို အလျင်အမြန် ဖွင့်လှစ်နိုင်ရန် ကမ္ဘာ့နာမည်အကြီးဆုံး Rock Band တစ်ခုဖြစ်တဲ့ Metallica ...
18/07/2025

Festival News: Tomorrowland 2025 ကို အလျင်အမြန် ဖွင့်လှစ်နိုင်ရန် ကမ္ဘာ့နာမည်အကြီးဆုံး Rock Band တစ်ခုဖြစ်တဲ့ Metallica Rock Band က Soundbox နဲ့ Sound System ပိုင်းတွေကို ကူညီပေးခဲ့။

Belgium နိုင်ငံ ရဲ့ အကြီးဆုံး EDM ပွဲတော်ဖြစ်တဲ့ Tomorrowland ဟာ ပွဲမစခင် 2 ရက်အလို 2025 ခုနှစ် July 16 ရက်နေ့မှာ မီးလောင်မှုတစ်ခုကြောင့် mainstage တစ်ခုလုံးပျက်စီးသွားခဲ့ပြီး အသံစနစ်တွေပါ ထိခိုက်ပျက်စီးသွားတာကြောင့် ပွဲတောင်ပြုလုပ်မှု ရပ်နားရမယ်ဆိုတဲ့အခြေအနေအထိရောက်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့နာမည်ကြီး Rock Band တစ်ခုဖြစ်တဲ့ Metallica Band က Tomorrowland 2025 ကို ဆက်လက်ဖွင့်လှစ်နိုင်ရင် Soundbox တွေနဲ့ အခြားသော sound system များကို ကူညီပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်။

Metallica ရဲ့ “M72 World Tour” အတွက် အသုံးပြုခဲ့တဲ့ “Meyer Sound Panther sound systems (high-performance line array systems)” တွေကို Tomorrowland 2025 ရဲ့ Rebuild Site Stage မှာ အသုံးပြုခွင့်ပေးခဲ့ပြီး Austria နိုင်ငံမှာ သိမ်းထားတဲ့ ထို Soundboxes တွေကို Belgium, Boom မြို့သို့ အချိန်မှီပို့ဆောင်ခဲ့ပါတယ်။

Stage setup company Stageco နဲ့ local audio partner Philipo တို့ကလည်း ပူးပေါင်းပြီး Metallica ရဲ့ soundboxes တွေကို ချက်ချင်းတပ်ဆင်နိုင်အောင်ကူညီခဲ့ကြပါတယ်။

ထူးခြားတာကတော့… EDM နဲ့ Rock တို့က Music Culture နဲ့ Genre မတူကြပေမယ့် တစ်ဦးနစ်နာနေတဲ့အချိန်မှာ တစ်ဦးက ကူညီနိုင်တာ တကယ်ဖြစ်နိုင်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပြီး Tomorrowland team ကလည်း တကယ်လိုအပ်နေတဲ့အချိန်မှာ Metallica tour sound systems ကို တောင်းခံလိုက်ပြီး လက်ခံရရှိခဲ့တာဟာ “rock supports rave” ဖြစ်လာတဲ့အဖြစ်အပျက်တစ်ခုအဖြစ်ဖော်ပြထားကြပါတယ်။ နောက်ပြီး “Thanks for Metallica Soundboxes, Rock help Rave” ဆိုပြီး ရေးသားဖော်ပြတာတွေ ရှိနေကြပါတယ်။

📸 Festival တစ်ခုရဲ့ အောင်မြင်မှုရဲ့နောက်က မမြင်ရတဲ့ sacrifice တွေထဲကမှ တစ်ခုအနေနဲ့ ဒီကိစ္စလေးက တကယ် inspiration ဖြစ်စရာကြီးပါပဲ။








Source: We Rave You, Reddit r/Metallica, Live crew updates from Belgium production team

Address

Yangon

Website

Alerts

Be the first to know and let us send you an email when RAVE Inform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RAVE Inform:

Share