PNO Business

PNO Business ဘဝအမောပြေစေဖို့
အားလုံးကို ဖိတ်ခေါ်ပါတယ်

UCL ဆိုတာ မိဘအ​မွေလိုပဲထိုက်မှ ရတာ 😁😁
30/05/2026

UCL ဆိုတာ မိဘအ​မွေလိုပဲ
ထိုက်မှ ရတာ 😁😁

ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကို တွေ့လို့ ဖတ်မိလိုက်တယ်။ မသေသပ် လက...
28/05/2026

ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကို တွေ့လို့ ဖတ်မိလိုက်တယ်။ မသေသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။
"ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀ ကျပျောက်သွားလို့ပါ။ တစ်ယောက်ယောက်များတွေ့ခဲ့ရင် ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍ လာပေးစေလိုပါတယ်။ ကျွန်မက မျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကို ပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။ ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်" ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခု ရေးထားတယ်။
ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။ အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။ အဖွားက မျက်စိမမြင်ရပါဘူး။ အနားကိုကျွန်တော်ရောက်သွားမှ အဖွားက "ဘယ်သူလဲ" လို့ မေးတယ်။
"ကျွန်တော် အဖွားကျပျောက်သွားတဲ့ ငွေ ၅၀၀၀ ကောက်ရထားလို့ လာပြန်ပေးတာပါ" လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကို ကြားတာနဲ့ အဖွားက မျက်ရည်ကျပါတယ်။
"မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀ လာပေးတာ အယောက် ၄၀ ကျော်သွားပြီ။ ဓာတ်တိုင်မှာ စာကပ်ထားတာတွေ့လို့တဲ့.. အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။ စာလည်း မရေးတတ်ပါဘူး။ အဲလိုရေးပေးမယ့် သားသမီးတွေလည်း အနားမှာ မရှိပါဘူးကွယ်" တဲ့..
အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။ အဖွားက ပါးစပ်က တတွတ်တွတ်နဲ့ ဆုတေအများကြီး ပေးတယ်။
ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင် ခုလို မှာလိုက်သေးတယ်။
"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။ အဖွားမရေးတဲ့စာကြောင့် လူတွေကို ဒုက္ခမရောက်စေချင်ဘူး"
ကျွန်တော် အဖွားဆီက ပြန်လာတော့ တစ်လမ်းလုံး စဉ်းစားလာမိတယ်။ ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ.. အရင်လူတွေကိုလည်း အဖွား ဒီလိုပဲပြောခဲ့မှာ သေချာတယ်။ ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။ အဖွားကိုဒါပြုံဖို့ စဉ်းစားပြီး လုပ်သွားတဲ့သူရဲ့ လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။
တစ်ဆက်တည်းမှာပဲ တခြားသူတွေကို ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလား ဆိုတာကိုလည်း အသိတစ်ခုရလိုက်တယ်။ စဉ်းစားတတ်ဖို့ပဲ လိုတာပါ။
ဒီလိုနဲ့ ကိုယ်အတွေးနဲ့ကိုယ်လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။
သူက ကျွန်တော့်ကို အခုလိုမေးတယ်။
"နောင်ကြီး ဒီလိပ်စာကို သိလားဗျ။ ဒီလိပ်စာရှင်ရဲ့ ငွေ ၅၀၀၀ ကို ကျွန်တော်ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ။"

Address

Yangon

Telephone

+959450491945

Website

Alerts

Be the first to know and let us send you an email when PNO Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PNO Business:

Shortcuts

Share