
21/01/2024
အာမခံထားရင်းငွေစုလို့ရတယ်ဆိုတဲ့အခါ၊ အချိန်ကာလတစ်ခုထိ ငွေစုထားရတဲ့အတွက် Inflation ငွေကြေးဖောင်းပွမှုကို တွေးမိကြတတ်ပါတယ်။လူတိုင်းအတွက်ငွေဟာ တန်ဖိုးရှိတာမို့ မိမိငွေ တန်ဖိုးကျသွားမှာတော့ စိတ်ပူသင့်တဲ့အကြောင်းအရာဖြစ်ပါတယ်။အာမခံထားရင်းငွေစုတဲ့အခါမှာ ငွေကြေးဖောင်းပွမှုကြောင့်အချိန်ကာလတစ်ခုအကြာ မိမိစုထားငွေပြန်ထုတ်ယူတဲ့အခါ တန်ဖိုးကျနေမှာစိတ်ပူမိကြတတ်ပါတယ်။တကယ်တော့သေခြာလေးပြန်စဉ်းစားကြည့်ရင် အာမခံထားရင်း ငွေစုတဲ့အခါ ငွေက တလုံးတည်းအများကြီးပေးလိုက်ရတဲ့ အမျိုးအစားမျိုးကို မရွေးချယ်ဘဲ မိမိပုံမှန်စုဆောင်းနိုင်တဲ့ ပမာဏ တစ်ခုကို လစဉ်၊ ၃လ တစ်ခါ၊၆လ တစ်ခါ စသဖြင့် မိမိအဆင်ပြေသလို စုဆောင်းနိုင်တာကြောင့် (တလုံးတည်းငွေပမာဏ အများကြီးပေးလိုက်ရတာမျိုးမဟုတ်တဲ့အတွက်) ငွေကြေးဖောင်းပွမှုအတွက်လဲ ကြီးကြီးမားမား ထိခိုက်မှုမဖြစ်နိုင်ဘူးဆိုတာလေးကို သိထားသင့်တဲ့အချက်တစ်ခုအနေနဲ့ တင်ပြအပ်ပါတယ်။