Sincere Care

Sincere Care ပျော်ရွှင်လုံခြုံစိတ်ချရသောဘဝများဆီသို့....

အာမခံထားရင်းငွေစုလို့ရတယ်ဆိုတဲ့အခါ၊ အချိန်ကာလတစ်ခုထိ ငွေစုထားရတဲ့အတွက် Inflation ငွေကြေးဖောင်းပွမှုကို တွေးမိကြတတ်ပါတယ်။...
21/01/2024

အာမခံထားရင်းငွေစုလို့ရတယ်ဆိုတဲ့အခါ၊ အချိန်ကာလတစ်ခုထိ ငွေစုထားရတဲ့အတွက် Inflation ငွေကြေးဖောင်းပွမှုကို တွေးမိကြတတ်ပါတယ်။လူတိုင်းအတွက်ငွေဟာ တန်ဖိုးရှိတာမို့ မိမိငွေ တန်ဖိုးကျသွားမှာတော့ စိတ်ပူသင့်တဲ့အကြောင်းအရာဖြစ်ပါတယ်။အာမခံထားရင်းငွေစုတဲ့အခါမှာ ငွေကြေးဖောင်းပွမှုကြောင့်အချိန်ကာလတစ်ခုအကြာ မိမိစုထားငွေပြန်ထုတ်ယူတဲ့အခါ တန်ဖိုးကျနေမှာစိတ်ပူမိကြတတ်ပါတယ်။တကယ်တော့သေခြာလေးပြန်စဉ်းစားကြည့်ရင် အာမခံထားရင်း ငွေစုတဲ့အခါ ‌ငွေက တလုံးတည်းအများကြီးပေးလိုက်ရတဲ့ အမျိုးအစားမျိုးကို မရွေးချယ်ဘဲ မိမိပုံမှန်စုဆောင်းနိုင်တဲ့ ပမာဏ တစ်ခုကို လစဉ်၊ ၃လ တစ်ခါ၊၆လ တစ်ခါ စသဖြင့် မိမိအဆင်ပြေသလို စုဆောင်းနိုင်တာကြောင့် (တလုံးတည်းငွေပမာဏ အများကြီးပေးလိုက်ရတာမျိုးမဟုတ်တဲ့အတွက်) ငွေကြေးဖောင်းပွမှုအတွက်လဲ ကြီးကြီးမားမား ထိခိုက်မှုမဖြစ်နိုင်ဘူးဆိုတာလေးကို သိထားသင့်တဲ့အချက်တစ်ခုအနေနဲ့ တင်ပြအပ်ပါတယ်။


အာမခံ ဆိုတာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ကားတွေအိမ်တွေ အတွက်ပဲလား ?တန်ဖိုးမဖြတ်နိုင်တဲ့ မိမိ အသက်၊ကျန်းမာရေး၊ မိမိ မရှိတော့...
14/01/2024

အာမခံ ဆိုတာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ ကားတွေအိမ်တွေ အတွက်ပဲလား ?
တန်ဖိုးမဖြတ်နိုင်တဲ့ မိမိ အသက်၊ကျန်းမာရေး၊ မိမိ မရှိတော့သည့်တိုင် ချစ်ရသူတွေအတွက် စိတ်ချထားခဲ့နိုင်ဖို့ မေ့လျော့နေတတ်ပါတယ်။
အသက်အာမခံ၊ ကျန်းမာရေးအာမခံ ထားခြင်းဖြင့် မိမိကိုယ်ကို နှင့် မိမိချစ်ရသူတွေအတွက် သတိရလိုက်ကြရအောင်.....


ငွေစုရင်း အာမခံထားလို့ရတဲ့ ရွေးချယ်စရာတွေရှိလာတော့၊ ငွေစုရတာဖြစ်တဲ့အတွက် မိမိပိုက်ဆံကို အာမခံ ကုမ္ပဏီမှာသွင်းထားရတော့ ဒီ...
08/01/2024

ငွေစုရင်း အာမခံထားလို့ရတဲ့ ရွေးချယ်စရာတွေရှိလာတော့၊ ငွေစုရတာဖြစ်တဲ့အတွက် မိမိပိုက်ဆံကို အာမခံ ကုမ္ပဏီမှာသွင်းထားရတော့ ဒီကုမ္ပဏီတွေ ပျက်စီးသွားမလား၊ အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ပြန်ထွက်ခွာသွားရင် ကုမ္ပဏီရပ်တန့်လိုက်ရမလား စိတ်ပူမိကြတယ်၊ ဒါဟာစိတ်ပူသင့်၊မေးမြန်းသင့်တဲ့အချက်တစ်ခုလဲဖြစ်ပါတယ်၊ နည်းနည်းများများ ကိုယ့်ပိုက်ဆံ ဆုံးရှုံးမှာတော့ စိတ်ပူကြတာပါပဲ။ ဒီမေးခွန်းအတွက်အဖြေကတော့ရှိပြီးသားပါ၊ အာမခံကုမ္ပဏီတွေမှာ အာမခံ လုပ်ငန်းစလုပ်စဉ်မှာတင် သက်ဆိုင်ရာ ရုံး၊ငှာနများမှာ Deposit(မတည်ငွေ) တင်ထားရပါတယ်၊ နောက်ဆုံးအခြေနေအမျိုးမျိုးကြောင့် ကုမ္ပဏီဖျက်သိမ်းရသည့်တိုင် ထို Deposit ငွေများထဲမှ စုငွေအပ်နှံထားသူ (Customer) များ၏ စုငွေများကို ပြန်ထုတ်ပေးမှာဖြစ်သည့်အတွက် ကုမ္ပဏီဖျက်သိမ်းရသည့်တိုင် အာမခံစုငွေများ ဆုံးရှုံးခြင်းမရှိနိုင်ပါ။အာမခံထားခြင်းရဲ့ ရည်ရွယ်ချက်ဟာ စိတ်အေးချမ်းမှု (Peaceful mind) ရရှိစေခြင်းဖြစ်တဲ့အတွက် မိမိတို့သွင်းထားတဲ့ စုငွေများဆုံးရှုံးရမှာကိုလဲ စိတ်ပူစရာမလိုရလေအောင် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။နောက်များမှာလဲ အာမခံ နဲ့ပတ်သတ်သော အကြောင်းအရာများကို အစဉ်တဆက် တင်ပေးသွားပါဦးမယ်ခင်မျာ။

31/12/2023

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ကျန်းမာရေးအတွက် ဖြစ်ချင်တဲ့ ဆန္ဒ‌ Health Goals တွေ၊ ငွေရေးကြေးရေးမှာ ဖြစ်ချင်တဲ့ ဆန္ဒ Financial Goals တွေလဲ ဖြစ်မြောက်ပြီး ပူပန်မှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

#2024

အသက်အာမခံလို့ ပြောလိုက်တာနဲ့ လူတွေက သေမှ ရမှာလားဆိုပြီး ကြောက်ကြ၊လန့်ကြတာတွေဖြစ်တတ်ကြတယ်။ အာမခံထားလိုက်မှ တစ်ခုခု ဖြစ်တယ...
19/12/2023

အသက်အာမခံလို့ ပြောလိုက်တာနဲ့ လူတွေက သေမှ ရမှာလားဆိုပြီး ကြောက်ကြ၊လန့်ကြတာတွေဖြစ်တတ်ကြတယ်။ အာမခံထားလိုက်မှ တစ်ခုခု ဖြစ်တယ်ဆိုတာမျိုး ထင်ကြတာတွေပါ ကြုံဆုံဖူးပါတယ်။ တကယ်တော့ အာမခံဆိုတာ ဘာမှမဖြစ်ခင် ထားထားနိုင်မှ ဖြစ်တဲ့အခါ အကာအကွယ်တွေရမယ်၊ ဝန်ထုပ်ဝန်ပိုးတွေပေါ့မယ်၊ စိတ်လုံခြုံမှုတွေရှိစေမှာဖြစ်ပါတယ်။ ယခုဆိုလျှင် အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကို သေမှ ရတာမျိုးတွေမဟုတ်ဘဲ ငွေစုရင်းနဲ့ အာမခံအကာအကွယ်ပါရနိုင်တာမျိုးတွေရှိနေပါပြီ။ အာမခံဆိုတာ လူတိုင်းရှိသင့်တာအရာတစ်ခုဆိုတာ တဖြည်းဖြည်း သဘောပေါက်လာကြပြီဖြစ်ပါတယ်။




Insurance အာမခံအပေါ် အထင်အမြင်လွဲနေတာလေးတချို့ကို ပြောပြချင်ပါတယ်။ အာမခံကို ပိုက်ဆံချမ်းသာမှ ဝယ်ကြတဲ့အရာလို့ထင်ကြတယ်။ အမ...
03/12/2023

Insurance အာမခံအပေါ် အထင်အမြင်လွဲနေတာလေးတချို့ကို ပြောပြချင်ပါတယ်။ အာမခံကို ပိုက်ဆံချမ်းသာမှ ဝယ်ကြတဲ့အရာလို့ထင်ကြတယ်။ အမှန်တော့ အာမခံဟာ သာမန်လူတန်းစားအတွက် ပိုတောင်လိုအပ်ပါသေးတယ်။ မ‌မျှော်လင့်ထားတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ့်အခါ ချမ်းသာကြွယ်ဝသူတွေအနေနဲ့ ဖြေရှင်းစရာ ငွေအင်အားရှိပြီးသားဖြစ်ပါတယ်။ သာမန်လူတန်းစားအတွက် အာမခံဝယ်ထားလျှင် အာမခံကုမ္ပဏီဘက်မှ ငွေအင်အားတစ်ခု ပါဝင်ဖြေရှင်းပေးမှာဖြစ်တဲ့အတွက် ဝန်ထုပ်ဝန်ပိုးများစွာသက်သာစေပါတယ်။
ယခုလိုပြောတဲ့အတွက် "အာမခံက ချမ်းသာသူတွေမလိုဘူး" ဟု ပြောခြင်းမဟုတ်ပါ။ မမျှော်လင့်ထားသောပြဿနာ အခြေအနေများကြုံတွေ့လာရတဲ့အခါ မိမိရဲ့ စုဆောင်းထားငွေထဲက မသုံးရဘဲ အာမခံ ကုမ္ပဏီဘက်မှ‌ ဖြေရှင်းပေးမှာဖြစ်ပါတယ်။ မည်သူမဆို မိမိငွေကုန်မှာမျိုးမကြိုက်ကြဘူးမလားခင်ဗျာ၊
ယခုဆိုလျှင် အာမခံထားရင်း ငွေစုလို့ရတယ့် အာမခံ အမျိုးအစားများပါ ရှိနေပြီဖြစ်တဲ့အတွက် အာမခံဝယ်ထားစဉ်ကာလအတွင်း အဖြစ်ဆိုးများ မကြုံတွေ့ရပါက ကိုယ့်စုထားငွေကို ပြန်လည်ရရှိမယ်၊ အဖြစ်ဆိုးများကြုံတွေ့ခဲ့ရလျှင်လည်း မိမိစုထားငွေထက်ပိုများတဲ့ ‌ငွေအင်အားကို အာမခံ
ကုမ္ပဏီ ဘက်မှ ထုတ်ပေးကာ‌ ဖြေရှင်းပေးမှာဖြစ်ပါတယ်၊ အာမခံထားသူအတွက် အရှုံးမရှိသော အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
နောက်ပို့စ်များမှာလည်း အသေးစိတ်ထပ်မံရေးသားသွားပါဦးမယ်၊ မရှင်းတာသိချင်တာများရှိပါက လွတ်လပ်စွာ Comment ရေး၊ ဆွေးနွေးနိုင်ပါတယ်။


အာမခံ ဆိုတာ အိမ်နီးချင်းနိုင်ငံတွေမှာ တိုးတက်ပြီး၊ အာမခံ ထားခြင်းရဲ့ ကောင်းကျိုးတွေကို သိရှိကြပြီး လူတိုင်း အာမခံ ထားကြပ...
26/11/2023

အာမခံ ဆိုတာ အိမ်နီးချင်းနိုင်ငံတွေမှာ တိုးတက်ပြီး၊ အာမခံ ထားခြင်းရဲ့ ကောင်းကျိုးတွေကို သိရှိကြပြီး လူတိုင်း အာမခံ ထားကြပြီးဖြစ်ပါတယ်။အိမ်မှာနေလည်း အာမခံရှိတယ်၊ အပြင်ထွက်လည်း အာမခံရှိတယ်၊ အချိန်တိုင်း နေရာတိုင်းမှာ ဘယ်လို မမျှော်လင့်ထားတဲ့ အဖြစ်မျိုးကြုံတွေ့ပါစေ အဆင်ပြေစွာဖြေရှင်းနိုင်ဖို့ အာမခံထားရှိကြပါတယ်။ဖွံ့ဖြိုးပြီး နိုင်ငံတွေဆိုတာ အခက်အခဲ အတွေ့အကြုံတွေများစွာ ကျော်ဖြတ်ပြီး တကယ်မရှိမဖြစ်လိုအပ်လို့သာ လူတိုင်း လက်ခံ ဝယ်ယူကြခြင်းဖြစ်ပါတယ်၊ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အာမခံဆိုတာ ထားသင့်၊လုပ်သင့်တဲ့ အရာဆိုတာ ထင်ရှား‌စွာသိနိုင်ပါတယ်။
ဒီနိုင်ငံမှာလည်း တဖြည်းဖြည်း တိုးတက်လာပြီး လူတိုင်း အာမခံထားခြင်းရဲ့ ကောင်းကျိုးတွေက တဖြည်းဖြည်းချင်းသိရှိလာကြမှာဖြစ်ပါတယ်။
အာမခံနဲ့ပတ်သတ်ပြီး သိလိုသည့်အကြောင်းအရာများကို Comment မှာလွတ်လွပ်စွာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။



ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှရင်ဆိုင်ရတာထက် ပိုပြီး ပြသာနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ပါမယ်။ မမျှော်လင့်ထားတဲ့ ပြသာနာ များကြ...
19/11/2023

ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှရင်ဆိုင်ရတာထက် ပိုပြီး ပြသာနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ပါမယ်။ မမျှော်လင့်ထားတဲ့ ပြသာနာ များကြုံတွေ့မလာခင်၊ ကြိုတင်ပြင်ဆင်ထားရင်း အနာဂတ်အတွက် ငွေကြေးစီမံမှုကိုပါ လုပ်ထားနိုင်မယ့် အာမခံ အမျိုးအစားတွေရှိနေပါပြီ။ အိမ်၊ကား၊ပစ္စည်းတွေနဲ့ အတူ၊ အရေးကြီးဆုံး မိမိကျန်းမာရေး၊ မိမိ အသက်အတွက် အာမခံထားခြင်းနှင့်အတူ အနာဂတ်အတွက် ငွေကြေးစီမံ ခန့်ခွဲခြင်းကိုပါ လုပ်ထားနိုင်နေပါပြီ။ဘယ်လိုတွေ ငွေကြေးစီမံခန့်ခွဲရင်း အာမခံ အကာအကွယ်များရနိုင်မလဲဆိုတာ နောက်ပို့စ်တွေမှာ ထပ်မံ ရေးသားပေးသွားပါမယ်။ သိချင်တာများရှိရင်လဲ comment မှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်။



Insurance ဆိုတာဘာလဲInsurance (အာမခံ) ဆိုတာ မမျှော်လင့်ထားတဲ့၊ မကြုံတွေ့ချင်တဲ့ အဖြစ်ဆိုးများနဲ့ ကြုံတွေ့ရတဲ့အခါ Risk(ဆုံ...
12/11/2023

Insurance ဆိုတာဘာလဲ
Insurance (အာမခံ) ဆိုတာ မမျှော်လင့်ထားတဲ့၊ မကြုံတွေ့ချင်တဲ့ အဖြစ်ဆိုးများနဲ့ ကြုံတွေ့ရတဲ့အခါ Risk(ဆုံးရှုံးနိုင်ခြေ) တွေကို အာမခံ ကုမ္ပဏီ ဘက်က မျှယူပေးတယ်၊ စိတ်အေးအေးနဲ့ အခြေနေဆိုးများကို ရင်ဆိုင်နိုင်မယ်၊ အဆိုးဆုံးကြုံတွေ့ ခဲ့ရရင်တောင်၊ အသက်အန္တရာယ်ထိ ဖြစ်ခဲ့ သည့်တိုင်အောင် ကျန်ခဲ့မယ့် မိသားစု အတွက် ဝန်မလေးစေရပဲ အဆင်ပြေပြေ‌ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး အကူညီတွေ အာမခံ ထားခြင်းဖြင့်ရရှိနိုင်ပါမယ်၊
အဲ့တော့ အသက်ဆုံးရှံးမှ ရမှာလားဆိုတဲ့ မေးစရာလေးရှိလာပါမယ်၊ အသက်ဆုံးရှုံးသည့်တိုင်အောင် အာမခံ အကျိုးခံစားတွေရရှိမှာဖြစ်သလို၊ ဘာအဖြစ်ဆိုးမှ မကြုံရပဲ အချိန်တစ်ခု ပြီးတဲ့အခါမှာ ခံစားခွင့်တွေရနိုင်တဲ့ ရွေးချယ်စရာတွေလဲရှိပါတယ်။
နောက်ပို့စ်များမှာလဲ ဆက်လက်ရေးသွားဦးမှာဖြစ်ပါတယ်၊ အာမခံ နဲ့ပတ်သတ်တဲ့ သိချင်တာများရှိရင်လဲ Comment မှာလာရောက်ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။


Everyone deserve to be happy....လူတိုင်းပျော်ရွှင်ဖို့ထိုက်တန်ပါတယ်။စိတ်အေးဆေးလုံခြုံစွာ ပျော်နိုင်ဖို့က ပိုပြီးအရေးကြီး...
05/11/2023

Everyone deserve to be happy....
လူတိုင်းပျော်ရွှင်ဖို့ထိုက်တန်ပါတယ်။

စိတ်အေးဆေးလုံခြုံစွာ ပျော်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။

နေ့စဉ်ဖြတ်သန်းနေရတဲ့ လူ့ဘောင်လောကမှာ အခက်အခဲ၊ ပြဿနာအမျိုးမျိုးနဲ့ မလွဲမသွေ ကြုံတွေ့ကြရမှာ ဓမ္မတာပါပဲ။

နေ့စဉ်လူမှုဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ (Peaceful mind ဖြစ်ဖို့) ဆိုရင်တိကျသေချာတဲ့ အာမခံချက်ရှိဖို့က အရေးပါလှပါတယ်။

အသက်အာမခံ မှာ ရင်းနှီးမြုပ်နှံခြင်းဖြင့် မျှော်လင့်မထားတဲ့ အရေးပေါ်ပြဿနာ တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ စိတ်အေးအေးထားပြီး ရဲဝံ့စွာ ရင်ဆိုင်နိုင်ဖို့ များစွာ အထောက်ကူဖြစ်ပါမယ်။

အာမခံနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေနဲ့ အာမခံ သဘောတရားတွေကိုလည်း နောက်လာမယ့် post တွေမှာ ဆက်လက်မျှဝေပေးသွားပါမယ်။





Address

Yangon

Telephone

+959792834581

Website

Alerts

Be the first to know and let us send you an email when Sincere Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sincere Care:

Share