01/26/2023
ယနေ့နံနက် ကျူံဒိုးတိုက်ပွဲ စစ်သားသေဆုံးမှုများကာ တပ်ဆုတ်ပြေးဟု ဆို
26 Jan 2023 By MPA 001
ယနေ့နံနက်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့နယ်၊ကျူံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများကာ တပ်ဆုတ်ပြေးသွားကြောင်းသိရသည်။
ယနေ့ မနက် ၇နာရီမှ စတင်ကာ Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊DKBA၊ပူးပေါင်း BGFတပ်ဖွဲ့နှင့် KNDOနှင့် PDFပူးပေါင်းထားသည့် ဂဠုန်စစ်ကြောင်းတို့က ကျုံဒိုးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းမှရဲဘော်တစ်ဦးက ပြောသည်။
"ဒီနေ့ ၇ နာရီလောက်မှာ စတိုက်တာ။ စစ်ခွေးတွေသေတာများတယ်။ မြေပြင်ရှင်းလင်းပြီးရင် ကျွန်တော်တို့ ထုတ်ပြန်ပါ့မယ်။ အခုတော့ သူတို့မရှိတော့ဘူး။ ပွဲပြီးသွားပါပြီ"ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့တိုက်ပွဲတွင် Lion Battalion Commando - ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိကြောင်း ကျုံဒိုးတိုက်ပွဲအတွင်း ရောက်ရှိနေသည့် ၎င်းက အတည်ပြုသည်။
"မနေ့က တိုက်ပွဲတော်တော်ကြမ်းတယ်။ စကစဘက်က လက်နက်ကြီးနဲ့ထုတဲ့အပြင်M35 i ရဟတ်ယာဉ်တစ်စီးနဲ့ ဂျက် ၆ ခါပျံပြီး စစ်ကူပေးတိုက်တာ။ ကျုံဒိုးမြို့အနီးတဝိုက်ကရွာတွေရဲ့ အိမ်ပေါ်လက်နက်ကြီးကျလို့ တိုက်ပွဲရှောင်နေရတဲ့သူတွေလည်းများတယ်"ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် ၆ ရက်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ၊ ကော့ဘိန်း အစရှိသည့် ကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးနေရပြီး လက်နက်ကြီးကျသဖြင့် ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း MPA က စုံစမ်းသိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3jbJkYT
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Photo - ပေးပို့
#ကရင်ပြည်နယ် #ကျုံဒိုး #စစ်ကောင်စီ #တိုက်ပွဲ
{English Version}
The Military retreated after the soldiers were killed in the Kyondoe battle this morning
26 Jan 2023 By MPA 001
It is reported that during the Kyondoe battle in Kawkareik Township which took place this morning, the SAC Military suffered heavy casualties and retreated.
Since 7:00 a.m. today, the Lion Battalion Commando - Strategic Command, DKBA, the joint BGF forces, and the Grone column, which is joined by the KNDO and PDF, attacked the SAC Military soldiers stationed in Kyondoe, a comrade from the Lion Battalion Commando - Strategic Command said.
The fighting started at 7 o'clock today. Many of the SAC soldiers were killed. We will make an announcement after the ground is cleared. Now they are gone. The game is over," he said.
The MPA could not confirm the death of the SAC Military soldiers.
He confirmed that in today's battle, a comrade from the Lion Battalion Commando - Strategic Column was killed and at least three comrades were injured.
"Yesterday's battle was very fierce. In addition, the SAC Military attacked by an M35 i helicopter boomed the heavy weapons and a jet flew 6 times to provide reinforcements. There are many displaced people from the fighting because of heavy weapons falling on the houses of the villages around Kyondoe city," he said.
The fighting that started on 20 January has been going on for 6 days and has been going on until today.
The MPA has investigated that the local residents of Kanni, Migalone, and Kyawbane villages nearby Kyondoe town in Kawkareik Township in Kayin State have been fleeing and their homes have been destroyed and burned down by heavy weapons.