Win Cho Htun

Win Cho Htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Cho Htun, Khayan ., Yangon.

25/10/2022
နားလည်ပေးပါ
02/09/2021

နားလည်ပေးပါ

14/06/2020

နိုင်ငံရေးလုပ်တယ်ဆိုတာက အမြဲတမ်း လှုပ်ရှားတက်ကြွနေရတာမျိုး မဟုတ်ဘူးဗျ၊ သည်းခံနိုင်ခြင်းစောင့်စားနိုင်ခြင်း
နဲ့ ရင့်ကျက်တည်ငြိမ်ခြင်းတွေလည်း လိုအပ်ပါတယ်။

အချိန်အခါကိုသိခြင်းနဲ့အတူ အချိန်ကိုက်လုပ်ဆောင်နိုင်ခြင်းကိုလည်း တတ်မြောက်ရပါမယ်။

အရေးအကြီးဆုံး နိုင်ငံရေးသိက္ခာက ရိုးသားဖြောင့်မတ်ခြင်းပါပဲ။

တန်ဖိုးအရှိဆုံး နိုင်ငံရေးသီလက သစ္စာရှိခြင်းပါပဲ။

နိုင်ငံပေါ်ကို သစ္စာရှိပါ။
ပြည်သူလူထုအပေါ် သစ္စာရှိပါ။
ပါတီအပေါ် သစ္စာရှိပါ။
ယုံကြည်ချက်အပေါ် သစ္စာရှိပါ။

Min Oo

06/06/2020

ဖတ်ကြည့်ပါ
*********
အမြဲတမ်းလိုလို လက်ထဲမှာငွေရှိဖို့အတွက် လျို့ဝှက်ချက်

နာမည်ကြီး တက်ကျမ်းပညာရှင် Jim Rohn ပြောကြားတဲ့ 70/10/10/10 စည်းကမ်းကို ပထမဆုံးအကြိမ် ကြားတုန်းက လုံး၀ကို ဦးနှောက်တောင် တုန်လှုပ်ခဲ့ရပါသည်။
ငွေစုဖို့ အခက်အခဲဖြစ်နေသောအချိန် ၊ ရင်းနှီးမြုပ်နှံဖို့ငွေရဖို့အတွက် ဘယ်လိုရအောင်လုပ်မလဲဆိုပြီး စဉ်းစားနေသောအချိန်တွင် Jim Rohn ပြောကြားချက်ကို နားထောင်လိုက်ရပါသည်။
70/10/10/10 ကို နားလည်ဖို့ ကြိုးစားရအောင်။
ပိုးပိုး သည် တစ်လကို $3000 ရသော မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။
ပိုးပိုး သည် 70/ 10/ 10/ 10 ကို ကျင့်သုံးချင်သည်။
ပထမဦးစွာ ပိုးပိုး အသုံးစရိတ်
အိမ်လခ ၊ စားစရိတ် ၊ ဖုန်းဖိုး ၊ ကားဓာတ်ဆီဖိုး ၊ ကားအာမခံကြေးဖိုး ၊ ဆေးဖိုး တို့အတွက်
ဝင်ငွေရဲ့ 70% ရာခိုင်နှုန်းသာသုံးပါမည်။
$3000 x 70% = $2100
ဒီတော့ $900 ကျန်ပါသည်။
အသုံးစရိတ်ကို 70% (သို့) ဒီထက်နည်းအောင် သုံးသင့်ပါသည်။
ကျွန်တော်တို့ တစ်ခါတစ်လေ ကျွန်တော်တို့သုံးသင့်တာထက်ကို ပိုသုံးမိပါသည်။
ဘာလို့လဲဆိုတော့ လိုအင်ဆန္ဒတွေကြောင့်ဖြစ်ပါသည်။
လိုအင်ဆန္ဒနောက်ကွယ်မှာ ယခုလက်ရှိဘ၀ကို မကျေမနပ်ဖြစ်နေတာတွေရှိသည်။ ဒီအတွက် ပိုမိုပြီးကောင်းမွန်သောဘ၀ကို အရမ်းလိုချင်တက်မက်မှုတွေ ဖြစ်စေသည်။
လူတစ်ယောက်အတွက် အမြဲတမ်းတမ်းတူတူ နေရမည်သူက ကိုယ့်စိတ်သာဖြစ်သည်။
ကိုယ့်စိတ်က ကိုယ့်လက်ရှိဖြစ်နေတဲ့ဘ၀၊ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်နေရင် ဘာလို့လဲလို့ စိတ်ကိုမေးသင့်သည်။
ဒီစိတ်မကျေနပ်မှုတွေ ၊ လိုချင်မှုတွေကို တစ်နည်းအားဖြင့်တော့ ဖြေသိမ့်ရမှာဖြစ်ပါသည်။
ငွေကိုအသုံးမချဘဲ ရအောင်လုပ်နိုင်လား။
ငွေကိုအနည်းဆုံးအဖြစ် အသုံးချပြီးတော့ ရအောင်လုပ်နိုင်လား။
တကယ်၍ ငွေနဲ့ပဲ ဝယ်မှ ဖြစ်မယ်ဆိုရင်လည်း ငါလိုချင်တာအတွက်ငွေသုံးဖို့အတွက် ဘယ်အရာတွေမှာ ငွေလျော့ရမှာလဲ။
ကိုယ့်ကို ဘယ်အရာက နက်နက်နဲနဲ စိတ်ကျေနပ်စေလဲဆိုတာကို သိဖို့လိုအပ်ပါသည်။
စိတ်ကျေနပ်တဲ့ဘ၀ကို နေနိုင်ရင်အကောင်းဆုံးပါ။

ပိုးပိုးသည် 10% ကို emergency fund ( အရေးကြုံရင်သုံးရမဲ့ပိုက်ဆံ ) အတွက် ကြိုတင်စုဆောင်းထားလိုပါသည်။ ပိုးပိုး ဘ၀မှာ တစ်ချိန်တုန်းက သူမလုပ်နေတဲ့ စက်ရုံက မီးလောင်သွားပါသည်။ စက်ရုံ ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီး ပိုးပိုးတစ်ယောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး စားစရာ သောက်စရာအတွက်တောင် ငွေကနည်းနည်းပဲ ကျန်ပါတော့သည်။ အိမ်လခမပေးနိုင်လို့ သူငယ်ချင်းတစ်ယောက်အခန်းထဲမှာ ကြမ်းပေါ်မှာအိပ်ပြီး ဘ၀ကိုဆက်ပြီး နေထိုင်ခဲ့ရပါသည်။
ဒီအတွေ့အကြုံကြောင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ်သွားတာကို ကြိုတင်ပြင်ဆင်တဲ့အနေနှင့်
အမြဲတမ်း တစ်လဝင်ငွေရဲ့ 10% ကို အရေးပေါ်သုံးငွေ အဖြစ် စုထားပါသည်။
$3000 x 10% = $300
ဒီအတွက် ပိုးပိုးတစ်ယောက် အတိုးများများပေးတဲ့ saving account ( ငွေစုသည့်အကောင့်) ကိုဖွင့်ပြီး တစ်လတစ်ခါ $300 ကို ထည့်လေ့ရှိပါသည်။ ပိုးပိုးတစ်ယောက်ဒီ 10% စည်းကမ်းနဲ့ စုလာတာ ၁၀ လရှိပါပြီ။
သူမ saving account ထဲမှာ $3000 အပြင် အတိုးနှုန်းပါ ရနေပါသည်။
သူမ ဒီလ အလုပ်ပြုတ်ရင် စားစရိတ်နဲ့အိမ်စရိတ်အတွက် $3000 ကျော်က အဆင်သင့်ရှိနေပါသည်။
ပိုးပိုးတစ်ယောက်သည် နောက်ထပ် 10% ကို ရင်းနှီးမြုပ်နှံမှုငွေထဲကိုထည့်ထားပါသည်။
ပိုးပိုးသည် ယုံကြည်ရသော အင်မတန်တော်သည့် ရင်းနှီးမြုပ်နှံမှုပညာရှင် တစ်ယောက်နှင့် (၂)ပတ်တစ်ခါ တွေ့လေ့ရှိပြီး သူမရဲ့ ရင်းနှီးမြုပ်နှံမှုအကြောင်းကို မေးမြန်းလေ့ရှိပါသည်။
Wealth advisor ( ရင်းနှီးမြုပ်နှံမှု ချမ်းသာကြွယ်ဝရေးအတွက် အကြံပေး ) သည် ပိုးပိုး စိတ်ကူးအတိုင်း ၊ သူမရဲ့ စွန့်စားနိုင်တဲ့ နှုန်း နဲ့ သူကိုယ်တိုင်ကနေကော အနာဂတ်မှာ ပိုမိုပြီးပိုက်ဆံရနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုများကို လုပ်လေ့ရှိပါသည်။ အနာဂတ်တွင် ပိုမိုကြီးထွားလာမည့် ပိုမိုအမြတ်များလာမည့် ကုမ္ပဏီများကို ရင်းနှီးမြုပ်နှံခြင်းအားဖြင့် စတော့စျေးများက တက်လာသောကြောင့် ပိုးပိုးရဲ့ ပိုင်ဆိုင်မှုများကလည်း မြင့်တတ်လာပါသည်။
ပိုးပိုးသည် သူမ အမေဆီကနေ အမွေပေးမှုဒေါ်လာ $10,000 နဲ့ စတင်ခဲ့ရာ ၂ နှစ်အကြာတွင် $27,000 ပိုင်ဆိုင်မှုရှိပါသည်။ ပိုးပိုးသည် တစ်လကို ( $3000 x 10% = $300 ) $300 အမြဲတမ်း ရင်းနှီးမြုပ်နှံမှုအကောင့်ထဲကို ထည့်လေ့ရှိပါသည်။
ပိုးပိုးကိုယ်တိုင်က ပညာရှင်မဟုတ်သော်ညား အမြဲတမ်းလိုလို Wall Street Journal, Financial Times တို့ကိုဖတ်လေ့ရှိပြီး Bloomberg ကိုလည်း TV တွင်အားတိုင်း ကြည့်ဖြစ်ပါသည်။
သူမ ရဲ့ ရင်းနှီးမြုပ်နံမှုပညာ နားလည်မှုကို ပိုမိုမြင့်တတ်လာအောင် ပိုမိုသိလာအောင် ပိုမိုနားလည်လာအောင် ကိုယ်တိုင်လည်း စာအုပ်များကိုဝယ်ယူပြီး အားလပ်ချိန်တွင် ဖတ်ရှုပါသည်။
ပိုးပိုးသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သောကြောင့် အမြဲတမ်းလိုလို
“မရှိလို့ မလှူ မလှူလို့မရှိ” ဆိုသည့် ဆိုရိုးအတိုင်း အမြဲတမ်းလိုလို လိုအပ်သည့်သူများကို အကူအညီပေးလေ့ရှိပါသည်။
ဘုန်းကြီးကျောင်းများတွင် အမြဲတမ်းလိုလို ရန်ပုံငွေကြေးကို လှူဒန်းပါသည်။
ခရစ်ယာန်ကျောင်းများကိုလည်း ငွေကြေးလှူဒန်းလေ့ရှိသည်။
$3000 x 10% = $300 အတိုင်း တစ်လရင် $300 ကို အများအကျိုးအတွက် လှူဒန်းရာတွင် အသုံးပြု‌လေ့ရှိပါသည်။

ပိုးပိုးသည် 70/10/10/10 ကို ကျင့်သုံးပါသည်။
ပိုးပိုးသည် သူမဝင်ငွေ
70% ကို အသုံးစရိတ်
10% ကို အရေးကြုံရင်သုံးဖို့အတွက် စားစရိတ်/အိမ်စရိတ် ငွေ
10% ကို အနာဂတ်မှာသုံးဖို့အတွက် ချမ်းသာကြွယ်၀မှုကိုတည်ဆောက်ရာတွင် အသုံးပြုပါသည်။ ယုံကြည်ရသော ငွေကိုပွားနိုင်သည့် အကြံပေးများကို ကော်မရှင်ပေးပြီး ရင်းနှီးမြုပ်နှံမှုကို ကိုင်တွယ်စေပါသည်။
10% ကို သံသရာအတွက်အသုံးပြုပါသည်။

ပိုးပိုးကိုကြည့်လိုက်ရင် ပိုးပိုးပာ ငွေကို ပစ္စုပန်အတွက်သာမက အနာဂတ်အတွက်လည်း သုံးပါသည်။
စုစုပေါင်း 30% ကို အနာဂတ်အတွက်သုံးပါသည်။
( အရေးပေါ်အတွက် စုဆောင်းခြင်း ၊ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံခြင်း နှင့် ပြန်ပြီးကောင်းသောကံများရ ရှိရန်အတွက် လှူဒန်းခြင်း ) တို့ပာ အနာဂတ်အတွက်ဖြစ်ပါသည်။
ငွေဆိုသည် အခုလည်းလိုအပ်မည်။ နောင်တွင်လည်း လိုအပ်နေမည်။
ဒီအတွက် ငွေကိုလက်ထဲတွင်ရတာနှင့် ပစ္စုန်ပန်မှာ စိတ်ထဲတွင် လိုချင်တာတွေသာမက အနာဂတ်တွင် နောက်ထပ် လိုချင်တာတွေကိုပါရဖို့ စဉ်းစားရမည်။
ဒီအတွက် ငွေကို အနာဂတ်တွင်ရှိဖို့အတွက်လည်း စုဆောင်းခြင်း ၊ ချမ်းသာကြွယ်၀မှုကို တည်ဆောက်ရာတွင် အသုံးပြုရမည်။
အပင်ရဲ့ အရိပ်အောက်မှာနေခြင်ရင် ယနေ့တွင် မြေကြီးထဲကို အစေ့စိုက်ပြီး ပုံမှန် ရေလောင်းပြီး ပြုစုပျိုးထောင်ခြင်းကို ဆက်တိုက် လုပ်ဆောင်ရပါမည်။ ဒီလိုလုပ်မှ နောင်တစ်ချိန် အပင်အရိပ်အောက်မှာ အေးအေးဆေးဆေး နဲ့ စိတ်ချမ်းသာစွာ အနားယူနိုင်မှာပါ။

Kyaw Tun(မူပိုင်)

#ကျောက်သင်ပုန်း

ယနေ့ ပညာပါရမီပရဟိတအဖွဲ့သို့ ကိုအောင်ကိုကိုကျော် ရွှေကံ့ကော် မျိုးစေ့နှင့် စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်မှ အလှူတော်ငွေ(၅၀၀...
09/09/2018

ယနေ့ ပညာပါရမီပရဟိတအဖွဲ့သို့ ကိုအောင်ကိုကိုကျော် ရွှေကံ့ကော် မျိုးစေ့နှင့် စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်မှ အလှူတော်ငွေ(၅၀၀၀၀)ကျပ်အား လှူဒါန်းပေးမှု အတွက် ပညာပါရမီပရဟိအဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆရာတော်တွေပါ အမြင်မတော်လို့ ပုလ္လင်ပေါ်ကနေ ဝင်ဆုံးမနေရပြီလက်နက်ကိုင်တွေ အတ္တတွေ လျှော့ကြပါတော...
04/01/2018

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆရာတော်တွေပါ အမြင်မတော်လို့ ပုလ္လင်ပေါ်ကနေ ဝင်ဆုံးမနေရပြီ
လက်နက်ကိုင်တွေ အတ္တတွေ လျှော့ကြပါတော့ ...

မေတ္တာအခြေခံမှ ငြိမ်းချမ်းရေးအောင်မြင်မည်ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြား
======================

ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ရာတွင် တရားသေ မူဝါဒဆုပ်ကိုင်ထားပါက အောင် မြင်မှုရမည်မဟုတ်ဘဲ မေတ္တာကို အခြေခံ၍ အခြေအနေအချိန်အခါ နှင့်လိုက်လျောညီထွေစွာ ပြုပြင် ပြောင်းလဲနိုင်မှသာ အောင်မြင် မည်ဖြစ်ကြောင်း ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။

ရန်ကုန်မြို့ပြည်သူ့ရင်ပြင် ၌ ကျင်းပသော နှစ်သစ်ကူးတရား ပွဲတော်နောက်ဆုံးနေ့ဇန်န၀ါရီ ၃ ရက်တွင် ဆရာတော်အရှင်ဆန္ဒာ ဓိကက မေတ္တာစာချုပ်ဖြင့်သာ ထာဝရငြိမ်းချမ်းရေးရနိုင်သည် တရားတော်ကိုဟောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းမိန့် ကြားသည်။

ယင်းတရားတော်တွင် လူ တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ငြိမ်းချမ်း စွာပေါင်းသင်းဆက်ဆံနိုင်ရန် အ ပြန်အလှန်ထားရှိရမည့် အချက် ၁၅ ချက်ကို ဆရာတော်က ရှင်း လင်းမိန့်ကြားခဲ့သည်။

ထိုသို့ မိန့်ကြားရာတွင် ၂၀၁၇ နှစ်ကုန်ပိုင်းက လွိုင်ကော် မြို့၌ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်း ရေးစကားဝိုင်းမှ ကယားတိုင်းရင်း သားတစ်ဦး၏ မေးခွန်းထုတ်မှုကို ပြန်လည်ကိုးကား၍ ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌ လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း တရား သေမူဝါဒ ဆုပ်ကိုင်မထားသင့် ကြောင်း ဆရာတော်ကတိုက်တွန်း သည်။

‘‘ငြိမ်းချမ်းရေးရချင်တယ် ဆိုရင်တော့ ကယားတိုင်းရင်းသား လေးပြောသလိုပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ပြောင်းလဲချိန်တန်ပြီ။ ဒါမှဒါလို့ လှေနံ ဓားထစ် တရားသေဆုပ် ကိုင်ထားတဲ့မူဝါဒတွေကို ပြောင်း လဲသင့်တဲ့အချိန်မှာ ပြောင်းရမှာ ပါပဲ’’ ဟု ဆရာတော်က မိန့်ကြား သည်။

ဒီချုပ်အစိုးရ၏ရွေးကောက် ပွဲဆောင်ပုဒ်ဖြစ်သည့် ပြောင်းလဲ ချိန်တန်ပြီဆိုသော စကားရပ်အ တိုင်းလက်ရှိအစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး အခြားအဖွဲ့အ စည်းများအနေဖြင့်လည်း ပြောင်း လဲသင့်သည့်အချက်များကိုလိုက် ပါပြောင်းလဲရန်လိုကြောင်း ဆရာ တော်ကမိန့်ကြားသည်။

လူတစ်ဦးနှင့်တစ်ဦး အဖွဲ့ အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ငြိမ်းချမ်းရေးရရှိလိုပါက ရိုးသား ဖြောင့်မတ်ခြင်း၊ မှန်ကန်သည့်ဝေ ဖန်မှုများကို လက်ခံနိုင်ခြင်း၊ သူ တစ်ပါးခံစားချက်ကို နားလည်နိုင် ခြင်း၊ ပြောင်းလဲမှုကိုလက်ခံနိုင် စွမ်းရှိခြင်း၊ မာန်မာနကင်းရှင်း ခြင်း စသည့်အချက်များ လိုအပ် ကြောင်း ဆရာတော်ကမိန့်ကြား သည်။

ထို့အပြင် ဆရာတော်က နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ကို ထောက်ခံ သူများအနေဖြင့် ၎င်း၏လမ်းညွှန် မှာကြားချက်များအတိုင်း လိုက် နာဆောင်ရွက်ရန် လိုကြောင်း လည်း ထည့်သွင်းမိန့်ကြားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးစီးကျင်းပသည့် နှစ်သစ်ကူးတ ရားပွဲတော်ကို ရန်ကုန်မြို့ပြည်သူ့ ရင်ပြင်တွင် ဇန်န၀ါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ဆက်တိုက် ကျင်းပခြင်းဖြစ်သည်။

Source: 7 Day

ZN.H

Be Alert !!!********တစ်​ချို့ page ​တွေနဲ့Group ​တွေကို သတိထားပြီး​စောင့်​ကြည့်​ဖို့နဲ့တုန့်​ပြန်​ဖို့လိုလာပြီလို့ ယူဆမိ...
19/11/2017

Be Alert !!!
********

တစ်​ချို့ page ​တွေနဲ့
Group ​တွေကို သတိထားပြီး
စောင့်​ကြည့်​ဖို့နဲ့တုန့်​ပြန်​ဖို့
လိုလာပြီလို့ ယူဆမိပါတယ်​...

အဲ့ page ​တွေနဲ့ group ​တွေဟာ
အနာဂတ်​မှာ နိုင်​ငံ​ရေးပ​ရောဂ
နွယ်​လာပြီး အသိဥာဏ်​နည်းတဲ့
သာမာန်​ fb user ​တွေအ​ပေါ်...

သတင်းအမှား​တွေ...
သမိုင်းအလွဲ​တွေ...
အချက်​အလက်​အမှား​တွေ...နဲ့
Psywar အကြီးကြီးထည့်​ဖို့
စနစ်​တကျနဲ့ အချိန်​ယူပြင်​ဆင်​ပြီး
Online နိုင်​ငံ​ရေးမှာ အသာစီးရယူဖို့
ကြိုးစားလာနိုင်​တယ်​...

လေ့လာမိသ​လောက်
အဲ့ page ​တွေဟာ အစပိုင်းမှာ...

သတင်းအမှန်​​လေး​တွေတင်​ပြီး
follower ​တွေစစု​ဆောင်းမယ်​...

18+ ခပ်​ဆန်​ဆန်​​လေး​တွေနဲ့
ဟာသ​လေး​တွေတင်
ဗဟုသုတရစရာ​လေး​တွေနဲ့
Like လုပ်​သူ follower​ တွေ
များ​အောင်​လုပ်​မယ်​...

အဲ့ဒီက​နေတစ်​ဆင့်
သူတို့လိုချင်​တဲ့ target ကို
တဖြည်းဖြည်းချင်းဆွဲ​ခေါ်ယူသွားမယ်​...

သွားကြည့်​ပါ ​လေ့လာကြည့်​ပါ..
Memes group ​တွေ
Troll group ​တွေထဲမှာ
ဘယ်​လို psywar ​တွေထည့်​​နေကြတယ်​...

ဒါ​လေး ရှယ်​လိုက်​ပါ
ငွေ​တွေဝင်​မယ်​ဆိုလဲ...ရှယ်​ကြ...
လိုချင်​သ​လောက်​​ငွေ​ရေးလိုက်​ပါ
ဆိုလဲ...​ရေးလိုက်​ကြ...
ရှားပါးအ​ကောင်​​လေးပါ
ရှယ်​ရင်​ ကံ​ကောင်းခြင်း​တွေ
ရောက်​လာမယ်​ဆိုလဲ...ရှယ်​လိုက်​ကြတဲ့
ဥာဏ်​ရည်​နိမ့်​ user ​တွေ အများကြီးပါ...

မြန်​မာပြည်​ fb user
တော်​​တော်​များများကလဲ
ပိန်းဥ​တွေတူးကြ...
ဂျင်း​တွေကြိုက်​နဲ့ဆို​တော့ကာ
အဲ့ဒီဗျူဟာကိုကျင့်​သုံးလာတယ်​လို့
သုံးသပ်​မိတယ်​...
....................................

တစ်​ချို့ ဒီမိုဆိုသူ​တွေက​တော့
ပြောကြလိမ့်​မယ်
ငါတို့ကိုဂျင်းထည့်​မရဘူး​ပေါ့​လေ...

ဟုတ်​ပါတယ်​ မှန်​ပါတယ်​...
သူတို့ကလဲ ခင်​ဗျားတို့နဲ့ တိုက်​ရိုက်
တိုက်​ခိုက်​တဲ့ဗျူဟာက ၂၀၁၂ နဲ့ ၂၀၁၅
အပြီးမှာ ဘယ်​လိုမှ တိုက်​မရဘူးဆိုတာ
ခင်​ဗျားတို့ သက်​​သေပြခဲ့လို့
သူတို့သိသွားပါပြီ...

အခုသူတို့သွား​နေတဲ့လမ်း​ကြောင်းက
အခုမှ စသုံးလာတဲ့ fb user အသစ်​​တွေရယ်
အသက်​၂၀ ဝန်းကျင်​လူငယ်​​လေး​တွေရယ်
စာဖတ်​အားနည်း ဗဟုသုတနည်း
အသိဥာဏ်​ပညာနည်းတဲ့သူ​တွေကို
အဓိက ပစ်​မှတ်​ထားလာကြတာပါ...

ဒီ​နေရာမှာ တစ်​ခုသတိထားရမှာက
မဲ​ပေးပိုင်​ခွင့်​ရှိသူ​တွေဖြစ်​တဲ့

သူ​ဌေးကြီးတစ်​​ယောက်​ရဲ့ မဲတစ်​ပြားနဲ့
ဆင်းရဲသားတစ်​​ယောက်​ရဲ့ မဲတစ်​ပြား...

ဘွဲ့​တွေ၊ဒီပလိုမာ​တွေ အများကြီး
ယူထားတဲ့ ပညာတတ်​ရဲ့ မဲတစ်​ပြားနဲ့
စာမတတ်​တဲ့သူတစ်​​ယောက်​​ရဲ. မဲတစ်​ပြား...

Celebrity တစ်​​ယောက်​ရဲ့ မဲတစ်​ပြားနဲ့
သာမာန်​ fb user တစ်ေ​ယောက်​ရဲ့
မဲတစ်​ပြား...
တန်​ဖိုးချင်းအတူတူဆိုတာကို​တော့
ဘယ်​သူမှ ငြင်းလို့ရမယ်​မထင်​ဘူး...

မြန်​မာပြည်​မှာ
နိုင်​ငံ​ရေး အသိအမြင်​ကြွယ်​ဝသူနဲ့
နိုင်​ငံ​ရေး အသိအမြင်​နိမ့်​ပါးသူ
အ​ရေအတွက်​ချင်း အချိုးချကြည့်​ပါ...

ဘယ်​သူ​တွေကိုစည်းရုံးရတာ
ပိုလွယ်​မယ်​ထင်​ပါသလဲ....?
...............................

ဟိုအရင်​အချိန်​ကာလ​တွေကလို
မိုးအလင်း​ပေါက်​ မန့်​​တွေမှာ
ဒီမို​တွေနဲ့ တိုက်​ခိုက်​၊ ဝါဒ​တွေ
ပြိုင်​တဲ့ ဗျူဟာကို သုံးမဲ့အစား...

အရင်​ကတည်းက ကြိုထည့်​ထားတဲ့
အဘ​တွေရဲ့ သစ္စာ​တော်​ခံ​တွေနဲ့
cell ​တွေကို အသုံးချပြီး
ပြည်​သူ့အစိုးရရဲ့လုပ်​ငန်း​ဆောင်​တာ​တွေ
အ​ပေါ်မှာ ​နှောင့်​​နှေး​အောင်​...
ကြိုးနီစနစ်​ဖြစ်​​ပေါ်လာ​အောင်​...
အမျိုးမျိုးလုပ်​​ဆောင်​လာဖို့ရှိတယ်​...
(ဒါကပထမအချက်​)

နောက်​ပြီး
အခက်​အခဲမျိုးစုံနဲ့ ရုန်းကန်​​နေရတဲ့
အစိုးရရဲ့​ပျော့ကွက်​​တွေကို
ထောက်​ပြပြီး အဲ့အထဲမှာ
သမိုင်းအလိမ်​အညာ​တွေ...
အချက်​အလက်​အမှား​တွေ...
psywar ​တွေ​ရောထည့်​ပြီး
နိုင်​ငံ​ရေးအသိနည်းသူ​တွေအ​ပေါ်မှာ
persuade လုပ်​တာ
ပိုထိ​ရောက်​တဲ့အတွက်
ဒီလိုဗျူဟာ​တွေကို
online ​ရော onground မှာပါ
ထုတ်​သုံးလာဖို့ရှိတယ်​လို့
သုံးသပ်​မိပါတယ်​...

ပြောချင်​တာက
ရန်​ဖြစ်​ရင်းအချိန်​ကုန်​မ​နေကြပဲ
တစ်​ဖက်​က ပစ်​ထည့်​လာမဲ့
Psywar ​တွေကို ချိုးဖဲ့ဖို့
တန်​ပြန်​ သတင်းအမှန်​​တွေနဲ့
ခင်​ဗျားတို့ လက်​သန်း​တွေနဲ့ ထိုးတင်
ထားတဲ့ ပြည်​သူ့အစိုးရနှင့်​အတူ
ပူး​ပေါင်းပါဝင်​ပြီး ဝန်းရံ​ပေးကြပါလို့
အနူးအညွှတ်​​တောင်းဆိုလိုက်​ပါတယ်​...

ဒါပါပဲ

Zaw Latt

 #ကျေးဇူးပြု၍ရှယ်ပေးဘို့ မေတ္တာအကြီးအကျယ် ရပ်ခံပါတယ်။။ ခေါင်းဆောင် နှင့် အတူ ရပ်တည်ကြမည်  မြို့ တော် ခန်းမရှေ့ နံက် ၁၀န...
14/09/2017

#ကျေးဇူးပြု၍ရှယ်ပေးဘို့  မေတ္တာအကြီးအကျယ် ရပ်ခံပါတယ်။။ ခေါင်းဆောင် နှင့် အတူ ရပ်တည်ကြမည်
မြို့ တော် ခန်းမရှေ့ နံက် ၁၀နာရီ (19.9.2017)

အမေစု မိန့်ခွန်းပြောစဉ် မြို့တော်ခန်းမရှေ့  LED
မြင်ကွင်းကျယ်တွင် တိုက်ရိုက်ထုပ်လွှင့်မယ်။။။။
ရန်ကုန်သားတွေ ၁ယောက်မကျန်
အကုန်သွားပြီး
နိုင်ငံတကာ ကို ငါတို့ သည် အမေစုနှင့် အတူ
ရပ်တည်ကြသည် ဆိုတာကို ====
သက်သေပြလိုက်စမ်းပါ

ရန်ကုန်=== ====အခြားမြို့ တွေမှာလည်း ဒီလို
ပြင်ဆင်ပြီး တနိုင်ငံလုံးးးရပ်တည်ပြလိုက်စမ်းပါ

မြန်မာ===စစ်မှန်အမျိုးသားရေးစိတ်ဓတ်ကို ပြရင်းး
ပြည်တွင်းရှိ - မျိုးဖျက်တွေကို ပြလိုက်စမ်းပါ --
စစ်မှန်တဲ့ အမျိုးသားးးးရေးးးး တနိုင်ငံလုံး မြို့တိုင်း
တချိန်တည်း တနေ့ တည်း ကျင်းပကြပါ..
ပြင်ပ ရန်ကို ဒီလို နည်းနဲ့  ကာကွယ် မနိုင်ဘူးလား
မြန်မာ.. ပြင်ပက ကိုယ့်နိုင်ငံကို အထင်သေး
အချောင်နာမည်ယူမည့် နိုင်ငံရေး -
ဘာသာရေးခေါ်င်းဆောင်တွေ-
လုပ်စားမီဒီယာ တွေကို ဒီအချိန်တိုလေးအတွင်းမှာ
မှုန့် မှုန့် ညက်ညက် ခြေပြ လိုက်စမ်းပါ မြန်မာတို့ ရာ။။။။။။.
ဂုဏ်ယူဝမ်းသာ မျက်ရည်မကျ ရင် ကြိုက်သလိုပြော
တနေ့ တည်း တချိန်တည်း တနိုင်ငံလုံး မြန်မာအားလုံးးး
ပါဝင်နိုင်ကြပါစေ။။။

Min Nanda Thu

ZN.H
မင်းကိုခိုင်
Ashin Kalyarna

ရီပို့ကတ်လေးများမှ တစ်ဆင့် (by - မင်းကိုနိုင်)  📃............📝.......📊မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်က...
01/08/2017

ရီပို့ကတ်လေးများမှ တစ်ဆင့် (by - မင်းကိုနိုင်)
📃............📝.......📊
မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်ကို
ကျေးဇူးတင်ရင် အက်ဒီဆင်ရဲ့အမေကိုလည်း ကျေးဇူးတင်။
အဲဒီလို အစပြုပြီး လူကြီးနှင့် ကလေး တစ်စု စကားဝိုင်းဖွဲ့ကြ
ပါတယ်။
တစ်ခါက ကလေး တစ်ယောက် ကျောင်းက ပြန်လာ ဆရာမရဲ့
စာကို သူ့မေမေ လက်ထဲအပ် မေမေက ဖတ်ပြီးတော့ ပြုံးတယ်။
မင်း မဖတ်ရဘူး၊ ဒါ မင်း မေမေ တစ်ယောက် တည်းပဲ ဖတ်
ရမှာဆိုတဲ့ စာမှာ ဘာတွေ ပါပါလိမ့်။ မေမေက ပြန်ပြောပြ
တာပေါ့။ “သားဟာ တော်လွန်းတော့ သင်ပေးနိုင်မယ့် ဆရာမ
ကျောင်းမှာ မရှိဘူးတဲ့၊ မေမေပဲ သင်ပေးလိုက်ပါလို့ မှာလိုက်
တာ” တဲ့။
အဲဒီ ကလေးဟာ တစ်ချိန်မှာတော့ လျှပ်စစ်မီးသီးတွေ တီထွင်တဲ့
သောမတ်စ် အက်ဒီဆင် ဖြစ်လာတာပေါ့။ ပညာရှင်ကြီးပဲလို့
ကလေးတွေက ရေရွတ်ကြပါတယ်။ အေး ဟုတ်တယ် သူ့မေမေ
ဆုံးပြီး အတော်ကြာမှ အဲဒီ ပညာရှင်ကြီးဟာ မေမေ တစ်ယောက်ပဲ
ဖတ်ရမယ့် စာကို ကြည့်တဲ့အခါ “ရှင့်သားဟာ သင်ပေးလို့
မရလောက်အောင် ဥာဏ်မမီဘူး၊ ဒါကြောင့် ကျောင်းက လက်
မခံတော့ပါ”လို့ အဓိပ္ပာယ်ရတဲ့စာဖြစ်နေတာကို တွေ့တယ်တဲ့။
ကလေးတွေက “ဟာ”လို့ ရေရွတ်ကြပြီး အက်ဒီဆင်ရဲ့
မေမေကို စိတ်ကူးထဲ ပုံဖော် ကြည့်ကြပါတယ်။ ပြီးတော့မှ
“ဟုတ်တယ်၊ အက်ဒီဆင် မေမေကိုလည်း ကျေးဇူးတင်တယ်”လို့
တကယ် စိတ်ပါလက်ပါ အသိအမှတ် ပြုကြတာပါပဲ။
--------*--------*------------
တစ်ခါကလည်း မူလတန်းကလေးတစ်ယောက် ကျောင်းက
ပြန်လာ Report Card ခေါ်တဲ့ လစဉ် အစီရင်ခံစာကို အဖေ့
လက်ထဲ အပ်ပါ တယ်။ အဖေ ဖတ်ပြီးတဲ့အခါ သားကို ဆူ
ပါတယ်။ “ဟေ့...ဒီမှာ ဒါတော့ အဖေ လက်မခံနိုင်တော့
ဘူးကွာ၊ ဘယ်နှယ့် စာညံ့တယ် ဆိုရင် တော်သေးတယ်
စည်းကမ်းရိုသေမှု “သင့်”ဆိုတာတော့ မဟုတ်သေးဘူးတဲ့။
ကလေးဟာ တွေးရခက်သွားပါတယ်။ အတော်ကြာ စဉ်းစား
ပြီးမှ သားလည်း ကောင်းကောင်း နေတာပဲ”လို့ ဖြေပါသတဲ့။

“ကောင်းကောင်းနေရင် စည်းကမ်းရိုသေမှု “ကောင်း” ဖြစ်
ရမှာပေါ့။ သား ကျောင်းမှာ ဘာတွေ မှားသလဲ၊ အဆော့
သန်လား၊ စာသင် နေချိန်မှာ ဘာလုပ်နေလဲ” စသဖြင့် အဖေ့
အမေးတွေကို ကလေးက မှတ်မိသလောက် ပြန်စဉ်းစား
ပေမယ့် သူ ကောင်းကောင်း နေခဲ့တာကိုပဲ သိတယ်။
တခြား ဘာမှ ၀န်ခံစရာ လည်း မတွေ့ရှာပါဘူး။ အဖေက
မကျေမချမ်းနဲ့ လက်မှတ်သာ ထိုးပေးလိုက်ရတယ် နောက်လ
Report Card ထဲမှာ ဒီလို ပါလို့ကတော့ အဖေကိုယ်တိုင်
လိုက်လာပြီး ဆရာမ တိုင်တာကို နားထောင်မယ်လို့ သတိ
ပေးပါ သတဲ့။
ကျောင်းကို ပြန်ရောက်တော့ ကလေးဟာ နံဘေးက
သူငယ်ချင်းတွေရဲ့ ကတ်ပြားတွေ တောင်းယူကြည့်တော့
အားလုံးမှာ စည်းကမ်း ရိုသေမှု “သင့်” ဆိုတာတွေပဲ
တွေ့ရပါတယ်။ အတန်းထဲက ကျန်သူ အားလုံးနီးပါးကို
မေးကြည့်တော့လည်း သူ့လိုပဲ တူညီ မှတ်ချက် ပေးထား
ကြောင်း သိရပါတယ်။ ဒီကလေး ကြီးလာမှ စဉ်းစားမိ
တာတော့ ဆရာမဟာ ကလေးအားလုံးကို တစ်ဦးချင်း
မသုံးသပ်နိုင်တဲ့ အဆုံး ယေဘုယျ မှတ်ချက်ပဲ ပေးလိုက်
တယ်လို့ ယူဆလိုက်ပါတော့တယ်။ ကျောင်းသား ၅၀
ကျော်လောက် ရှိတဲ့ အတန်းထဲမှာ အားလုံးဟာ
စည်းကမ်းနဲ့ ပတ်သက်ရင် တစ်ပုံစံတည်းတော့ မဖြစ်နိုင်
ဘူးလို့ တွေးနေမိပါသတဲ့။
--------*--------*---------
ဗြိတိန်နိုင်ငံရှိ ပေါင်းကူးကျောင်းနှင့် အားကစား ကောလိပ်
တစ်ခုမှ ကျောင်းသားတစ်ဦးထံ ကျောင်းအုပ်ကြီး ရေးတဲ့
စာမှာ အခုလို ပါရှိပါတယ်။ ကလေးရေ တို့ကျောင်းက
စမ်းသပ်ချက်အရ မင်းရဲ့ ရလဒ် မကောင်းလှ တာကို
စိတ်မပျက်ပါနဲ့။ ဒီစမ်းသပ်တွေ့ရှိချက်ဟာ မင်းရဲ့ အရည်
အချင်းတွေ အားလုံးကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ မဆိုစလောက်
နည်းနည်းလေးပဲ စမ်းသပ် တွေ့ရှိချက်ပါ။
မင်းမှာ ရှိတဲ့ အနုပညာ ပါရမီတွေ၊ ကိုယ့်အားကိုယ်ကိုးလို
စိတ်တွေ၊ ကြင်နာ သနားတတ်တဲ့ စိတ်တွေကို ထည့်
မတိုင်းတာ နိုင်ခဲ့ပါဘူးလို့ ဆိုလိုရင်းနဲ့ အားပေးတဲ့စာ ဖြစ်
ပါတယ်။ အဲဒီကလေးရဲ့ အရည်အသွေးတွေ ထဲက
အသင်းအဖွဲ့နဲ့ စုပေါင်း လုပ်နိုင်စွမ်းတွေ၊ ကိုယ့်ထင်မြင်
ယူဆချက်ကို ပြန်ပြောနိုင်စွမ်း တွေ၊ အားကစား စွမ်းရည်တွေ၊
ပေါင်းသင်း ဆက်ဆံရေး အရည်အချင်းတွေ၊ ကိုယ့်
တိုးတက်မှုအတွက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတွေ၊ ပင်ကို
အရည်အချင်းကို ဖန်တီး တည်ဆောက် နိုင်စွမ်းတွေ၊ ဂီတ
စွမ်းရည်တွေ စသဖြင့် အရည်အချင်းတွေကိုလည်း
ဒီစမ်းသပ်မှုမှာ မစစ်ဆေးနိုင်ခဲ့ပါဘူး။ တကယ်တော့
ဒီကလေးဟာ မွေးချင်း သုံးယောက်ထဲမှာ ဉာဏ်ရည်ချို့
ကလေးပါ။ သူ့မိခင်ကိုယ်တိုင်က ကျောင်းအုပ်ကြီးရဲ့
အားပေးနှစ်သိမ့်စာကို ကြည်နူးစိတ်နဲ့ ကျေးဇူးတင်စွာ
အများသိအောင် Twitter ခေါ်တဲ့ လူမှု စာမျက်နှာမှာ
ပြန်ဝေမျှ ခဲ့တာပါ။
ကျွန်တော်တို့ဆီမှာ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ
စတင်နေချိန် အတန်းကျောင်း များမှာ ကလေးတွေကို
အမှတ်စဉ် အတိအကျ ထုတ်မပေးပဲ Grade ခေါ် A, B, C.....
စသဖြင့် သတ်မှတ်ပြီးသာ ဖော်ပြမယ်လို့ ဆိုတဲ့အခါ ကလေး
မိဘ အများစုကြားမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း
ထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ အသံစုံကိုလည်း ကြား
ရတာပါပဲ။ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်
သားသမီးဟာ အမြဲတမ်း အဆင့်တစ် ဖြစ်ရမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အားကုန်စိုက် လေ့ကျင့်ပေးလာခဲ့တဲ့ မိဘတွေ
ထံက ဘ၀င်မကျ လေသံ ဝေဖန်ချက်တွေ ကြားရသလို
သဘောတူသူတွေထံကလည်း ဒါဟာ ခွဲခြား ဆက်ဆံခံရမှုကို
ကျဉ်းမြောင်း သွားစေတယ်။

စာမေးပွဲအမှတ် အထူးသဖြင့် စာကျက်နိုင်စွမ်းကို တိုင်းတာတဲ့
အမှတ်ကလေး တစ်မှတ်၊ နှစ်မှတ်အပေါ် မူတည်ပြီး မဆိုစလောက်
လျော့နည်းခဲ့ရင် ကလေးတွေ ခံစားရမယ့် နာကျင်မှုကို
ကုစားနိုင်မယ်လို့ သဘောထားကြသူတွေလည်း ရှိပါတယ်။
စာကျက် ဂဏန်းတွက်နိုင်စွမ်းကသာ ပညာ အရည်အချင်းလို့
သတ်မှတ်ရ ခက်ကြောင်း၊ ကျောင်းသားကလေးတစ်ယောက်ရဲ့
အရည်အချင်းတွေကိုလည်း ထုတ်ဖော် အားပေးနေရမှာ ဖြစ်ကြောင်း
ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီးမို့ အထူး မဖော်ပြတော့ပါဘူး။
--------*--------*---------
ကလေးတစ်ယောက် တော်တယ် ညံ့တယ် ဆိုတာ ဘာနဲ့
တိုင်းတာခဲ့ကြပါသလဲ။ အရင် ပေတံဟောင်းကိုပဲ အမြဲ
ဆက်ကိုင်ထားမလား၊ နောက်ထပ် ပေတံ အသစ်တွေဆီက
ရတဲ့ ခွန်အားတွေနဲ့ ထူးချွန် ကျောင်းသားအသစ်တွေ၊ စိတ်
နှလုံးကောင်းမြတ်တဲ့ ကျောင်းသားသစ်တွေ ရှာဖွေကြည့်
ကြမယ် ဆိုရင်ကော။
သေချာတာကတော့ ပညာရေးကို အခြေခံပြီး ခေတ်ကြီးကို
ဦးဆောင်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးတွေရဲ့
ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို ရှာဖွေ အားပေးလေ့
ရှိတာပါပဲ။ “ဒီမှာ ကြည့်စမ်း၊ မင်းအိတ်ထဲက ထွက်လာတာ
အဖိုးတန် ကျောက်မျက်ရတနာလေး၊ မင်းကိုယ်တိုင်တောင်
မသိဘူး မဟုတ်လား၊ မင်းကတော့ တကယ့်ကို တန်ဖိုး
ကြီးတဲ့ ရတနာပိုင်ရှင်ပဲ” ဆိုတာမျိုး။ ငါတစ်နေရာမှာ ညံ့
နေပေမယ့် ငါစွမ်းနိုင်တဲ့ နေရာလည်း ရှိတာပဲ။ အားနည်းတဲ့
နေရာကို ပိုကြိုးစားပြီး၊ အားသာချက်တွေ ကိုလည်း
ပိုကောင်းစေရမယ်လို့ ကလေးတွေ ခံယူနိုင်အောင်ပါ။
ဘောလုံးကစားတယ်ဆိုရင် အများစုက ခြေတစ်ဖက်က
ပိုသန်ကြသလိုပေါ့။ ဥပမာ-ညာသန်ဟာ ဘယ်ခြေ
အားနည်းတတ် ကြတယ်။ ဒါပေမဲ့ အနည်းဆုံး ဘယ်ခြေ
နဲ့လည်း ကန်နိုင်အောင်တော့ အချိန်ယူ ကျင့်မယ်၊
သန်ပြီးသား ညာခြေနဲ့လည်း ပို့နိုင်ပေးနိုင် ဆွဲပြေးနိုင် ဂိုးသွင်း
နိုင်ရမယ် ဆိုတာမျိုးပေါ့။
တကယ်တော့ စာမေးပွဲအမှတ်စာရင်းနဲ့ ဆရာ၊ ဆရာမ
များရဲ့ မှတ်ချက် ဆိုတာ တူမယောင်နဲ့ ကွာခြားလှ
ပါလား။
အားနည်းချက်၊ အားသာချက် ကိုယ်စီ ရှိကြတဲ့ ကလေးတိုင်း
အပေါ် စာနာစိတ်၊ နှစ်သိမ့်ပေးလိုစိတ်များနဲ့ အားပေး
လိုက်တဲ့သတင်းစကားတွေဟာ ကလေးတွေရဲ့ ဘဝ
အချိုးအကွေ့တွေအတွက် အရေးကြီးလှတဲ့ ထိန်းကျောင်း
ကိုင်တွယ်မှု ပါလားလို့ တွေးမိပါတယ်။
#မင်းကိုနိုင်
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၃ မင်းကိုနိုင် ဆောင်းပါး

03/07/2017

#လူငယ်တွေ_မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့ (၂)
#ဒေါ်အောင်ဆန်းစုကြည်

#ပေးကမ်းကြောင်းမေ့လျက်_စွန့်ကြဲပေးကမ်းမည်
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်ဆိုတာ လူတစ်ဦးတစ်ယောက်ဟာ ပေးလို့ရှိရင် တကယ့်စေတနာနဲ့ပေးရင် ငါပေးတယ်၊ ငါပေးတယ်၊ ငါပေးတယ်လို့ ပြောနေစရာမလိုဘူး။ တစ်ချိန်လုံးလည်း စိတ်ထဲမှာ ဒီလူကို ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ ထားလို့ရှိရင် တကယ်စစ်မှန်တဲ့ စေတနာမဟုတ်ဘူး။ စစ်မှန်တဲ့ စေတနာနဲ့ ပေးကမ်းစွန့်ကြဲတဲ့သူဟာ ငါပေးပါလား၊ ငါပေးပါလား၊ ငါပေးပါလားဆိုတာကို တစ်ချိန်လုံး စိတ်ထဲမှာ မထားဘူး။ ဒီအတိုင်းပဲ အခု တိုင်းပြည်အတွက်၊ လူမျိုးအတွက် လုပ်နေတဲ့သူတွေဟာ ငါဟာ တိုင်းပြည်အတွက်လုပ်ခွင့်ရတာ၊ လူမျိုးအတွက် လုပ်ခွင့်ရတာကို ကျေးဇူးတင်ရမယ်။ ဂုဏ်ယူရမယ်။ လုပ်ခွင့်ရတာကို ကိုယ်က ၀မ်းသာရမယ်။

တချို့က အမြဲပြောတယ်။ လူငယ်အချင်းချင်း ပြိုင်ပြီးတော့ ပြောတာ။ အဲဒါဆိုရင် အန်တီက မကြိုက်ဘူး။ တို့က မတ်လကတည်းက ပါလာတာ။ သူက ဇွန်လမှ ပါလာတာ စသဖြင့်ပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် နှိုင်းပြီးတော့ ပြောကြတယ်။ ဒီလို မပြောသင့်ဘူး။ အားလုံးလုပ်တဲ့သူများဟာ သူ့အချိန်နဲ့၊ သူ့အခါနဲ့၊ သူ့နေရာနဲ့ တကယ်ပဲ စိတ်ပါလက်ပါနဲ့ သတ္တိနဲ့လုပ်တယ်ဆိုရင် အားလုံးမှာ ဂုဏ်ရှိတာပဲ။ ကိုယ်က လုပ်ခဲ့တာကိုပဲ စဉ်းစားနေရင်၊ ကိုယ်လုပ်ခဲ့တာတွေကိုပဲ ထပ်တလဲလဲပြောနေရင် ဒါဟာ စေတနာမမှန်ဘူး။ အဲဒီတော့ ပေးကမ်းစွန့်ကြဲတဲ့အခါကျရင် စွန့်ကြဲကြောင်းကို မေ့ထားပြီးတော့ ပေးကမ်းသလို တိုင်းပြည်အတွက် လုပ်ပေးတဲ့အခါကျရင်လည်း လုပ်ပေးကြောင်းကို မေ့ပြီး လုပ်ပေးကြပါ။ လုပ်ပေးနိုင်တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ကြပါ။ ဂုဏ်ယူကြပါ။ ငါလုပ်ပေးတယ် ဆိုပြီးတော့ မာနမကြီးကြပါနဲ့။

#ခွန်အားနည်းကြောင်းသိလျက်_စိတ်နှိမ်ချမည်
လူတိုင်းလူတိုင်းဟာ စိတ်နှိမ့်ချတဲ့ အရည်အချင်းရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတော့ အထင်ကြီးလို့ရှိရင် နောင်တိုးတက်မှု မရှိနိုင်ဘူး။ တိုးတက်မှုရှိတဲ့လူဆိုတာ ကိုယ့်မှာ ချို့ယွင်းချက်တွေ ရှိတယ်၊ ကိုယ့်မှာ ပြင်စရာတွေ အများကြီးရှိသေးတယ်၊ ကိုယ့်မှာ အားနည်းချက်တွေ အများကြီးရှိသေးတယ်လို့ နားလည်တဲ့သူများဟာ ကိုယ့်မှာ တိုးတက်ဖို့လမ်းတွေ အများကြီးရှိတယ်။ ငါကဖြင့် သိလှပြီ၊ တတ်လှပြီလို့ ထင်လို့ရှိရင် တိုးတက်ရေးလမ်းကြောင်း ပိတ်သွားလိမ့်မယ်။

အဲဒီတော့ လူကြီးတွေတင် မဟုတ်ဘူး။ လူငယ်တွေပင် ငယ်လျက်နဲ့ တိုးတက်ဖို့လမ်းကြောင်း ပိတ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်သူတို့ သိပ်တော်လှပြီ၊ သိလှပြီ၊ တတ်လှပြီလို့ ထင်သွားတယ်။ အဲဒီလို ထင်သွားရင် ပြီးပြီ။ ဒီလူရဲ့ ဘ၀ခရီးဟာ နောင်ထပ်ပြီးတော့ တိုးတက်စရာမရှိတော့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ တိုးတက်ဖို့ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး သုံးသပ်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်နှိမ့်ချရမယ်။

ဘာပဲလုပ်လုပ်၊ ဘယ်လောက်အသက်ရှည်ရှည် ပညာရှာစရာတွေ အများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်စရာတွေ အများကြီးရှိသေးတယ်။ အသက်အရှည်ဆုံး နေသွားတဲ့သူ၊ ပညာအရှိဆုံး လူတောင်မှ ပညာအကုန်လည်း မရှိနိုင်ဘူး၊ အတွေ့အကြုံ အကုန်လည်း မရှိနိုင်ဘူး။ လူတိုင်း အပြစ်အနာအဆာ ကင်းတယ်လို့ မရှိနိုင်ဘူး။ အဲဒီတော့ ကိုယ့်မှာ အပြစ်အနာအဆာတွေကို ပြုပြင်ဖို့ဆိုတာက တစ်သက်လုံး ကြိုးပမ်းသွားရမယ်။ အသက်(၉၀)ကျရင်လည်း ကြိုးပမ်းရမှာပဲ။ အသက် ၂၀၊ ၃၀ ဆိုရင်တော့ မပြောနဲ့တော့။ တချို့က ၃၀ လောက်ဆိုလို့ရှိရင် တတ်ပြီ၊ သိပြီ၊ ငါလည်း ဘွဲ့ရပြီလို့ ထင်ကြတယ်။

အထူးသဖြင့် နိုင်ငံခြားမှာ အန်တီ ခဏခဏမြင်ခဲ့တယ်။ အသက် ၇၀၊ ၈၀ ကျမှ တစ်ခုခု ထပ်ပြီးတော့ သင်တယ်။ ကျောင်းပြန်ပြီးတော့ တက်တယ်။ သူတို့ကိုယ်သူတို့ ပြုပြင်ချင်တဲ့စိတ်ဟာ တစ်သက်လုံး ထားတယ်။ အားလုံးဟာ ဒီလိုပဲ ထားရမယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် စိတ်နှိမ့်ချရမယ်။ ကိုယ်ဟာ သိပ်ပြီးတော့ တော်တယ်၊ သိပ်ပြီးတော့ တတ်တယ်လို့ ဘယ်တော့မှ စိတ်ထဲမှာ မထားပါနဲ့။ ဘယ်လောက်တော်တော် ပိုပြီးတော့ တော်နိုင်သေးတယ်။ ဘယ်လောက်တတ်တတ် ပိုပြီးတော့ တတ်နိုင်သေးတယ်။ ဘယ်လောက်ကောင်းကောင်း ပိုပြီးတော့ ကောင်းနိုင်သေးတယ်။ ကိုယ်ဟာ အသက်ရှင်နေသမျှတော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်စရာ အကြောင်းတွေ အများကြီးရှိပါသေးတယ်။

#ရွှင်လန်းချစ်ခင်မော်ကြည့်လျက်_ထူးပင့်မည်
နောက်ဆုံးဟာကတော့ ရွှင်လန်းချစ်ခင် မော်ကြည့်လျက် ထူးပင့်မည်တဲ့။ ဒါဟာ အထူးသဖြင့် လူငယ်တွေနဲ့ ဆီလျော်ပါတယ်။ ရွှင်ရွှင်လန်းလန်း ချစ်ချစ်ခင်ခင်နဲ့ မော်ကြည့်ရမယ်၊ အထက်ကို ကြည့်ရမယ်၊ အောက်ကိုမကြည့်ရဘူးဆိုတာ အဆင့်မြင့်မြင့် စဉ်းစားရမယ်၊ မြင့်မြတ်တဲ့ စိတ်သဘောထားတွေ မွေးရမယ်၊ ရွှင်ရွှင်လန်းလန်း ရှိရမယ်။ လူငယ်တို့သဘာဝဟာ ရွှင်ရွှင်လန်းလန်း ရှိရမယ်။ လူငယ်ဖြစ်လျက်နဲ့ ရှုံ့ရှုံ့မဲ့မဲ့ သုန်သုန်မှုန်မှုန် ဖြစ်နေလို့ရှိရင် လူကြီးဘ၀ကျ ဘယ်လောက်စိတ်ညစ်စရာကောင်းမလဲ။ ဒါလည်း စဉ်းစားကြဦး။ ကိုယ်ငယ်တုန်းမှာ ရွှင်ရွှင်လန်းလန်းနေကြပါ။ အလုပ်က ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကိုယ့်ဘက်မှာ ဘာရှိသလဲ။ ကိုယ့်ဘက်မှာ ကျန်းမာရေးရှိတယ်။ လူငယ်များဟာ ကျန်းမာတယ်။ ရှေ့မှာ နှစ်တွေ နှစ်ပေါင်းများစွာရှိတယ်။ လုပ်စရာအချိန် အများကြီးရှိတယ်။ အဲဒီတော့ ဘာပဲလုပ်ရလုပ်ရ၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ နောက်ကျလို့ရှိရင် အများကြီးကောင်းနိုင်စရာတွေ ရှိတယ်ဆိုပြီးတော့ ရွှင်ရွှင်လန်းလန်းနဲ့ နေကြပါ။ အဲဒီလို ရွှင်ရွှင်လန်းလန်းနဲ့ နေကြတဲ့သူများဟာ အကယ်၍ ကံမကောင်းလို့ အသက်မရှည်နိုင်သော်လည်း ကိုယ်နေခဲ့ရတဲ့ သက်တမ်းတိုအတွင်းမှာ ရွှင်ရွှင်လန်းလန်းနဲ့ ပြည့်ပြည့်၀၀ နေသွားရမှာ။ အဲဒီတော့ ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်ရမယ်။

တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားရမယ်။ လူငယ်များဟာ သံယောဇဉ်နည်းတယ်။ စွဲလမ်းချက်တွေ နည်းတယ်။ အဲဒီတော့ အဲဒီအချိန်မှာ လူငယ်များရဲ့နှလုံးသားထဲမှာ မေတ္တာတွေဟာ အများကြီး ထားနိုင်တယ်။ ကိုယ်ရဲ့မိတ်ဆွေတွေ၊ ကိုယ်ရဲ့သူငယ်ချင်းတွေ၊ ကိုယ်ရဲ့မိဘဆွေမျိုးသားချင်းတွေကို ချစ်ချစ်ခင်ခင်ထားကြပါ။ ဒီချစ်ခင်တဲ့စိတ်ကို မွေးကြပါ။ ဒါမှ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ အလုပ်မှာလည်း အောင်မြင်နိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာလည်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်
(၁၉၈၉ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြောင်းမြမြို့၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား အင်္ဂလိပ်ကဗျာတစ်ပုဒ်အကြောင်းကို ရှင်းလင်းဟောပြောခဲ့သော အမှာစကားများမှ ကောက်နုတ်ဖော်ပြပါသည်။)
Eternal Light Magazine
June 2017

ဘဏ်တိုး တစ်နှစ်ကို .. ၈.၅%တစ်လကို .. ၀.၇%တစ်လအတွက် အတိုးကငွေ ၁၀၀ ကို .. ပြား ၇၀ငွေ ၁၀၀၀ ကို .. ၇ကျပ်ငွေ ၁၀၀၀၀ ကို .. ၇၀...
10/06/2017

ဘဏ်တိုး
တစ်နှစ်ကို .. ၈.၅%
တစ်လကို .. ၀.၇%

တစ်လအတွက် အတိုးက
ငွေ ၁၀၀ ကို .. ပြား ၇၀
ငွေ ၁၀၀၀ ကို .. ၇ကျပ်
ငွေ ၁၀၀၀၀ ကို .. ၇၀
ငွေ ၁၀၀၀၀၀ ကို .. ၇၀၀
ငွေ ၁၀ သိန်းကို ... ၇၀၀၀
ငွေ ၁၀၀ သိန်းကို ... တစ်လ ၇သောင်း
ငွေ သိန်း၁၀၀၀ ဆို .. တစ်လ ၇သိန်း
ငွေ သိန်း ၁၀၀၀ ကို .. တစ်နှစ်ကို ၈၅သိန်း
ရပါမယ် ..

စာရင်းသေ တစ်နှစ် အပ်ရင်တော့ တစ်နှစ်ကို ၁၀% ရပါမယ်
၁၀သိန်း ကို .. တစ်နှစ် ၁သိန်း
သိန်း၁၀၀ ကို .. တစ်နှစ် ၁၀သိန်း ..
သိန်း ၁၀၀၀ ကို .. တစ်နှစ် သိန်း ၁၀၀ အတိုးရပါမယ် ..
(တစ်နှစ် အတွင်းလုံးဝမထုတ်ရ )
(တစ်နှစ် မပြည့်ဘဲ ပြန်ထုတ်ရင် တစ်ပြားမှ မရတော့ပါ )

စာရင်းသေကို ..
၁လ .. ၃လ .. ၆လ .. ၉လ .. ၁၂လ ..
အမျိုးမျိုး ထားလို့ ရပါတယ် ..
အတိုးနှုန်း နဲနဲ စီ လျော့သွားပါမယ် ..
လ မပြည့်ဘဲ ပြန်ထုတ်ရင်တော့ အတိုး တစ်ပြားမှ မရပါဘူး ..

၁လ - ၃လ - ၆လ - ၉လ - ၁နှစ် အတွင်း လုံးဝမထုတ်တာ သေချာရင်တော့ .. ၁လ - ၃လ - ၆လ - ၉လ - ၁၂လ
စာရင်းသေ ငွေ အပ်တာက အတိုးပိုရပါတယ် ..
လကြာလေလေ .. အတိုးပိုပိုများလေလေပါ ..

ဘဏ် တစ်ခုနဲ့ တစ်ခု ..
အတိုးနှုန်း အနည်းငယ်ကွဲလွဲမှု ရှိပါတယ် ..
မိမိ အပ်မည့် ဘဏ် ဝန်ထမ်းများကို သေချာ မေးကြည့်နိုင်ပါတယ် ..

အတိုးလစဉ် ထုတ်ပေးလား ?
အစိုးရ ဘဏ်က တစ်နှစ်မှ တစ်ခါသာ - တစ်နှစ်စာအတိုးထုတ်ပေးပါတယ် ... အပြင်ဘဏ်တွေကတော့ ၃လ တစ်ခါ ၃လစာ အတိုးထုတ်ပေးပါတယ် .. လစဉ် အတိုးရချင်ရင်တော့ .. မိမိ ငွေကို ၃ ပုံပုံပြီး ၁လစီ ၃လဆက်တိုက်ခွဲထည့်လိုက်ပေါ့ ။
ဒါမှ မဟုတ် အသွင်း အထုတ် မလုပ်ဘူးဆိုရင်တော့ .. စာရင်းသေ တစ်လ ထည့်ထားရင် အတိုးလည်းပိုရ တစ်လပြည့်တိုင်း အတိုးရော အရင်းပါ ပြန်ထုတ်ပေးပါတယ် ..

"Fixed account & Saving account "
တစ်နှစ် အတွင်းလုံးဝ မထုတ်ရတဲ့ .. Fixed account "စာရင်းသေ -တစ်နှစ် " အပ်ရင် အတိုး ၁၀% ရပါတယ် ..
သိန်း ၁၀၀၀ ကို တစ်နှစ် သိန်း ၁၀၀ ရပါတယ် ။
တစ်နှစ် မပြည့်မချင်း လုံးဝ မထုတ်ရပါဘူး ...
တစ်နှစ်ပြည့်ဖို့ ၁ ရက် အလိုမှာ ထုတ်ရင်တောင် အတိုး တစ်ပြားမှ မရတော့ပါဘူး ။
ရိုးရိုး စုငွေ Saving account ဆိုရင်တော့ ၈၅ သိန်းဘဲ ရပါတယ် ..

တစ်လကို ...
Fixed account ၁နှစ်ထားရင် ..
တစ်လ အတွက် ..
ငွေ ၁၀၀ ကျပ် ကို - ၈.၃၃ ပြား
၁သိန်း ကို = ၈၃၃
၁၀ သိန်း ကို = ၈၃၃၃
၁၀၀ သိန်း ကို = ၈၃၃၃၃
၁၀၀၀ သိန်း ကို = ၈.၃၃၃၃၃ သိန်း ရပါမယ် ..

ရိုးရိုး ငွေစု စာအုပ် Saving account ဆိုရင် ..
တစ်နှစ်ကို - 8.25 or 8.5 % ဘဲရတာမို့ ..
တစ်လကို 0.6875% or 0.7083% မို့ ..

တစ်လ အတွက်
၁၀၀ကျပ် = ၆. ၈၇ ပြား or ၇.၀၈ ပြား
၁ သိန်း = ၆၈၇.၅ / ၇၀၈ ကျပ်
၁၀ သိန်း = ၆၈၇၅ / ၇၀၈၃ ကျပ်
၁၀၀ သိန်း = ၆၈၇၅၀ / ၇၀၈၃၃ ကျပ်
၁၀၀၀ သိန်း = ၆.၈၇၅ / ၇.၀၈၃၃၃ သိန်း ရပါမယ်

Dr Nang Myint Thwe

09/06/2017



ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကနေဒါနိုင်ငံတွင် ကျင့်သုံး လျက်ရှိသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံများ အားလေ့လာမျှဝေသွား ရေးနှင့်ပတ်သက်၍ လည်းကောင်းဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြားလူငယ် များအချင်းချင်းထိတွေ့ဆက်ဆံမှုများတိုးမြှင့်သွားရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသား /ကျောင်းသူများ၊ ဆရာ/ဆရာမများအပြန်အလှန်စေလွှတ်ရေး အစီအစဉ်များနှင့် အွန်တေရီယိုပြည်နယ်မှ စေတနာ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့လာရောက်ရေး ကိစ္စများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ဓာတ်ပုံ- သတင်းစဉ်
-------------------
Unicode Version
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အွန်တာရီရိုပြည်နယ် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ
(၈-၆-၂၀၁၇ ရက်နေ့၊ တိုရွန်တိုမြို့)

ကနေဒါနိုင်ငံတွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အော်တာဝါမြို့မှ တိုရွန်တိုမြို့သို့ဒေသစံတော်ချိန် ၁၅းဝ၀နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ထို့နောက်ဒေသစံတော်ချိန် ၁၈း၁၅ နာရီတွင် Queen’s Park ၌အွန်တာရီရိုပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် Hon. Kathleen Wynne နှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိ်ုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကနေဒါနိုင်ငံတွင် ကျင့်သုံး လျက်ရှိသည့် ဖက်ဒရယ်စနစ်ဆိ်ုင်ရာ အတွေ့အကြုံများ အား လေ့လာမျှဝေသွားရေးနှင့်ပတ်သက်၍လည်းကောင်းဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံအကြားလူငယ် များအချင်းချင်း ထိတွေ့ဆက်ဆံ မှုများတိုးမြှင့် သွားရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသား /ကျောင်းသူများ၊ ဆရာ/ဆရာမ များအပြန်အလှန်စေလွှတ်ရေး အစီအစဉ်များနှင့် အွန်တေရီယိုပြည်နယ်မှ စေတနာ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့လာရောက်ရေး ကိစ္စများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

သတင်း- မြန်မာကိုယ်စားလှယ်အဖွဲ့
ဓာတ်ပုံ- သတင်းစဉ်
Myanmar state counsellor office

Address

Khayan .
Yangon

Website

Alerts

Be the first to know and let us send you an email when Win Cho Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share