News Ambassador - TV

  • Home
  • News Ambassador - TV

News Ambassador - TV To provide accurate news and information to Myanmar people

ကသာမြို့နယ် ညောင်ခြေထောက်ရွာကို စစ်အုပ်စု ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေပြီး ၇ ဦး ဒဏ်ရာရကသာ၊ အောက်တိုဘာ ၃၀News Ambassadorစစ်က...
30/10/2025

ကသာမြို့နယ် ညောင်ခြေထောက်ရွာကို စစ်အုပ်စု ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

ကသာ၊ အောက်တိုဘာ ၃၀
News Ambassador

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အောက်တိုဘာ ၂၉ ရက်နေ့ညတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦး သေဆုံးပြီး ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၁၀ နာရီ ၂၅ မိနစ် ၊ ၄၄ မိနစ် နှင့် ၅၀ မိနစ် အချိန်များတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်ဖြင့် (၃) ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲခံရမှုကြောင့် ကျေးရွာနေ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၅)ဦး သေဆုံးခဲ့ပြီး (၇)ဦး ပြင်းထန်ဒဏ်ရာ ရရှိထားကြောင်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ယင်းအပြင် ကျေးရွာနေအိမ် ၁၄ လုံး၊ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ နှင့် ဂရုဏာ ပရဟိတအသင်းတို့၏ မော်တော်ယာဉ်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

TNLA နှင့် စစ်တပ် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးရန်ကုန်၊ အောက်တိုဘာ ၂၉ Newsambassador တရုတ်၏ ကြားဝင်ညှိနှိုင်း...
29/10/2025

TNLA နှင့် စစ်တပ် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၉
Newsambassador

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့်
TNLA က စစ်တပ်နှင့် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ TNLA က သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများပြုလုပ်နိုင်ခဲ့ပြီး သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တို့မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တိုတွင် ပြုလုပ်ခဲ့ဟုသိရသည်။

TNLA ၏ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၀ နာရီ ၀၀ မိနစ် အချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန် အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း TNLAက သတင်းထုတ် ပြန်ထားသည်။

လက်ပံတန်းတွင် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၁၅ ဦး သေဆုံးပြီး ၁၂ဦးဖမ်းမိရန်ကုန် ၊အောက်တိုဘာ ၁၆News...
16/10/2025

လက်ပံတန်းတွင် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၁၅ ဦး သေဆုံးပြီး ၁၂ဦးဖမ်းမိ

ရန်ကုန် ၊အောက်တိုဘာ ၁၆
Newsambassador

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်းရှိ သရက်ချောင်ကျေးရွာ သို့ စစ်ကြောင်းထိုးလာသည့် စစ်
ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

‌အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၅ရက်နေ့က ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည် ။

ထို့ပြင် လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု NUG က ထုတ်ပြန်ထားပါသည် ။

မင်းကွန်းတွင် အင်အား ၂၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ယူနီကွန်းပျောက်ကျားတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက် ၊ ဗိုလ်ကြီး အပါအဝ...
16/10/2025

မင်းကွန်းတွင် အင်အား ၂၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ယူနီကွန်းပျောက်ကျားတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက် ၊ ဗိုလ်ကြီး အပါအဝင် ၅ဦးသေဆုံး

စစ်ကိုင်း ၊ အောက်တိုဘာ ၁၆
Newsambassador

စစ်ကိုင်း - မင်းကွန်းလမ်း ပေါက်တောရွာတွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေသော အင်အား၂၀ခန့်ပါ​သောစစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယူနီကွန်းပျောက်ကျားတပ်ဖွဲ့မှ ကင်းပုန်းဝပ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ဦးသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ယူနီကွန်းပျောက်ကျားအဖွဲ့မှ တာဝန်ခံက ပြောကြားသည် ။

အဆိုပါ စစ်ကြောင်းကို ကင်းပုန်းဝပ်အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ
ခလရ(၁၁၆)မှဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ဉီးမျက်မြင်သေဆုံးပီး၁၅ဉီးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊စစ်ကောင်စီစစ်ကြောင်းထံမှ MA1နှစ်လက်၊ MA3 သုံးလက် ၊MA5တစ်လက် နှင့် ခြောက်လုံးပြူးတလက် အီနာဂါတလုံးအိုင်ကွန်တခု သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲမှာ ယူနီကွန်းပျောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးလည်း မြင့်မြတ်စွာကျဆုံးခဲ့သည်ဟု ယူနီကွန်းပျောက်ကျားအဖွဲ့မှသိရသည်။

မင်းတပ် က ဘော်ဒါဆောင် ဗုံးကြဲခံရပြီး ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း ၁ ဦးသေဆုံး ‎ ‎မင်းတပ်၊ အောက်တိုဘာ ၉News Ambassadorချ...
09/10/2025

မင်းတပ် က ဘော်ဒါဆောင် ဗုံးကြဲခံရပြီး ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း ၁ ဦးသေဆုံး ‎ ‎

မင်းတပ်၊ အောက်တိုဘာ ၉
News Ambassador

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ‎ဘော်ဒါဆောင်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက် ‎ခဲ့သည့်အတွက် ကျောင်းသား ၃ဦးနှင့် မသန်စွမ်း ‎အမျိုးသမီး ၁ ဦးတို့ သေဆုံးကြောင်း CDF - ‎Mindat က သတင်းထုတ်ပြန်လာသည်။

အောက်တိုဘာ ၈ ရက်နေ့ ညနေ ၆နာရီကျော်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ်၂ အတွင်းရှိ ကျေး ရွာ ၂ ရွာကို သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎ ‎ဗုံးသည် ဘော်ဒါဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကျောင်းသား ၃ ဦးနှင့် အ‎ဆောင်နေ မသန်စွမ်း အမျိုးသမီး ၁ဦးတို့ သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကြောင်း CDF - ‎Mindat ဆိုသည်။ ‎

‎ ဗုံးဒဏ်ကြောင့် စာသင်ဆောင်များနှင့် ‎လူနေအိမ် ၆ လုံးတို့လည်း ပျက်စီးကြောင်း ‎ဓါတ်ပုံမှတ်တမ်းများနှင့် တကွ ထုတ်ပြန်သည်။ ‎

‎စစ်အုပ်စုသည် ယခုလ ပထမ သီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၄၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။

Photo- Local

ကနီမြို့တွင်း ကင်းလှည့်နေသည့် စစ်အုပ်စုစစ်‎ကြောင်း တိုက်ခိုက်ခံရ ကနီ၊ အောက်တိုဘာ ၉News Ambassador‎ ‎စစ်ကိုင်းတိုင်း၊ ကနီ...
09/10/2025

ကနီမြို့တွင်း ကင်းလှည့်နေသည့် စစ်အုပ်စုစစ်‎ကြောင်း တိုက်ခိုက်ခံရ

ကနီ၊ အောက်တိုဘာ ၉
News Ambassador

‎ ‎စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် ကင်းလှည့်နေသည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ‎ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိသည်ဟု KLG - PDF မှ တာဝန်ရှိသူက ပြောသည်။ ‎ ‎

အောက်တိုဘာ ၈ ရက်နေ့ နေ့လယ် ၁၂နာရီကျော်အချိန်တွင် ကနီမြို့ ‎စောင့်တပ်မှ ကင်းလှည့်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ရပ်‎ကွက် (၃) ၌ စောင့်ကြို‌တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

‎ ‎KLG - PDF မှ တာဝန်ရှိသူက '' စခတွေ ထွက်လာတဲ့အချိန် အသင့်စောင့်နေပြီး မိုင်း၊ ဂမ်းငယ်တွေနဲ့ မိနစ်နှစ်ဆယ်ကြာ တိုက်ခိုက်ခဲ့တယ်။ အဲ‎ဒီမှာ စခဘက်က တပ်ကူလာပြီး ပြန်ဝိုင်းတဲ့အ‎ချိန် ဂန်းအကုန်မကောက်နိုင်ဘဲ ဂန်း ၂ ချောင်းပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့ရတယ် '' ဟု တိုက်ပွဲ အခြေအနေကို ရှင်းပြသည်။ ‎

‎တိုက်ပွဲအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၇ ဦး သေ‎ဆုံးပြီး MA-1 (၁) သေနတ်တစ်လက်နှင့် MA-11 (၁) လက် ‎သိမ်းဆည်းရမိသည် ဟု KLG - PDF က ထုတ် ‎ပြန်သည်။ ‎ ‎

ပြီးခဲ့သည့် စက်တင်လာလ ၁၁ရက်နေ့ကလည်း ‎ကနီမြို့နယ်၊ ချောင်းမရွာရှိ အင်အား ၁၀၀ ခန့်ပါ ‎စစ်အုပ်စုစစ်ကြောင်းကို NUG လက်အောက်ခံ ‎PDF တပ်ဖွဲ့များက တိုက်တိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ဦးနှင့် အတူ လက်နက်ခဲယမ်းများကို သိမ်း ‎ဆည်းရမိခဲ့သည်။ ‎

‎တစ်ပတ်အတွင်း ပြည်သူ ‎၄၀ ကျော်ကို စစ်အုပ်စု ဗုံးကြဲ သတ်ဖြတ် ‎ စစ်ကိုင်း၊ အောက်တိုဘာ ၈News Ambassador‎ယခု အောက်တိုဘာလ ပထမ...
08/10/2025

‎တစ်ပတ်အတွင်း ပြည်သူ ‎၄၀ ကျော်ကို စစ်အုပ်စု ဗုံးကြဲ သတ်ဖြတ် ‎

စစ်ကိုင်း၊ အောက်တိုဘာ ၈
News Ambassador

‎ယခု အောက်တိုဘာလ ပထမသီတင်းပတ်အတွင်း အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် လူ ၄၀ ခန့်ကို ဗုံးကြဲ သတ်ဖြတ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် အောက်တိုဘာ ၂ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့၊ ပုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း အနီးသို့လည်းကောင်း၊ အောက်တိုဘာ ၄ ရက်နေ့မှာ နမ့်ဆန်မြို့နယ်အတွင်းရှိ ဇယ်တုန်ဟုန်း ကျေးရွာ တို့ကိုလည်းကောင်း ဗုံးကြဲခဲ့ရာ အရပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာရှိ ဆီမီးသပိတ်ပြုလုပ်ရာနေရာကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆယ်နှင့်ချီသော အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်း သပိတ် ‎အင်အားစုအဖွဲ့ဝင် များနှင့် ကလေးငယ်များ‎ပါဝင်ပြီး ယခု သတင်းရေးသားချိန်အထိ သေဆုံးသူ ၂၄ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၄၀ ခန့်ရှိသည်ဟု သိရှိထားရသည်။

ထပ်မံ၍ ‌အောက်တိုဘာ ၇ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို ပေါင် ၂၅၀ ဗုံး ၂လုံးဖြင့် ကြဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်လာသည်။

‎ဆက်လက်ပြီး ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်တွင်လည်း ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင်းကို ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ၂ဦး ထပ်မံ သေဆုံးကြောင်း TNLA က သတင်ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာ ၂၆ တွင် ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်မည်ဟု ကြေညာထားပြီး တဖက်တွင်လည်း ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့တွင်  နမ္မတူနှင့် သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့်  ဗုံးကြဲ ‎ သီပေါ၊ အောက်တိုဘာ ၆News Ambassador...
06/10/2025

သီတင်းကျွတ်လပြည့်နေ့တွင် နမ္မတူနှင့် သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ ‎

သီပေါ၊ အောက်တိုဘာ ၆
News Ambassador

ယနေ့ကျရောက်သော သီတင်းကျွတ်ပွဲတော်နေ့တွင် အာဏာသိမ်းစစ်တပ်က ရှမ်း(မြောက်)ရှိ TNLA ထိန်းချုပ်ထားရာ သီပေါမြို့နှင့် နမ္မတူမြို့တို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎ယနေ့ မနက် ၇ နာရီ မိနစ် ၄၀ ခန့်က အာဏာသိမ်းစစ်တပ်သည် နမ္မတူမြို့နယ် မြို့မဈေးရပ် ၊ ရပ်ကွက် ၂ သို့ ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်လာသည်။

တချိန်တည်းမှာပင် အာဏာသိမ်းစစ်တပ်သည် သီပေါမြို့ မြို့တွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးအတွင်းသို့ ပေါင်း ၂၅၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မိုက်ခရိုဝေ့ပ်အဆောက်အဦနှင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။

‎ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ ကလည်း အာဏာသိမ်းစစ်တပ်သည် ‎နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့သေးသည်။

အောက်တိုဘာ ၄ ရက်နေ့တွင်လည်း သီပေါမြို့၊ မန်ဟဲရွာ၊ အုံမုကျေးရွာ၊ မြို့တွင်းရှိ ဇာတ်စုရပ်ကွက်နှင့် ကျင်သီကျေးရွာတို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား၂ ဦး သေ ၃ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၁၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

‎အရပ်သားများ သေဆုံးစေသည့် ဆဒုံးမြို့ပေါ် ဗုံးကြဲမှု လူမဆန်သည့်လုပ်ရပ် ဟု  ဗိုလ်ချုပ်ဂွန်မော် ပြစ်တင်ဆဒုံး၊ စက်တင်ဘာ ၃၀Ne...
29/09/2025

‎အရပ်သားများ သေဆုံးစေသည့် ဆဒုံးမြို့ပေါ် ဗုံးကြဲမှု လူမဆန်သည့်လုပ်ရပ် ဟု ဗိုလ်ချုပ်ဂွန်မော် ပြစ်တင်

ဆဒုံး၊ စက်တင်ဘာ ၃၀
News Ambassador

စက်တင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ မြို့လယ် လူစည်ကားရာ နေရာတစ်ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဆဒုံး မြို့လယ်ရှိ ဈေးဆိုင်တန်းနေရာများကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ယင်းအချိန်သည် ကျောင်းဆင်းချိန်ဖြစ်နေသည့်အတွက်လည်း ကျောင်းသားကျောင်းသူ အချို့ ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ဒေသခံအချို့က ဆိုသည်။

“ခါတိုင်းလည်း လေယာဉ်က မကြာခဏ အဲ့ဒီလို လာလိုက် ဝဲပြီး ပျံသွားလိုက်နဲ့ လုပ်နေလို့ ဈေးသည်တွေကလည်း အရင်လိုပဲ ထင်ပြီး ရှောင်တိမ်းတာ ပြေးပုန်းတာမျိုး မလုပ်လိုက်တာ။ အဲ့ဒီမှာပဲ ရုတ်တရက်ထိုးဆင်းပြီး ကြဲသွားတာ။ ပထမ ရဲစခန်းကုန်းကို အရင်ပစ်ပြီး နောက် ဈေးတန်းကို ပစ်သွားတာ။ လုံခြုံရေးအရ ဖြစ်ဖြစ်ပြီးချင်း သွားမကြည့်ရဲခဲ့ဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား/သူ ၂ ဦးအပါအဝင် အရပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးကြောင်း ဒေသတွင်း သတင်းမီဒီယာများက ကနဦးသတင်းဖော်ပြခဲ့ကြသော်လည်း အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

ထိခိုက်ဒဏ်ရာရသူ များပြားသည့်အတွက်လည်း သေဆုံးသူအရေအတွက် တိုးလာနိုင်သေးကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကချင် ‎လွတ်မြောက်ရေးကောင်စီ (KIC) ဒုဥက္ကဌ - ၁၊ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော် က '' မင်းတို့တတွေ ... လူမဟုတ်တော့ဘူး '' ဟု လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြစ်တင် ‎ ‎ရေးသားခဲ့သည်။

KIA သည် ဆဒုံးမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ဒေသခံ

“နွေ” သီချင်းပိုင်ရှင် အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်ရှာရန်ကုန် ၊ စက်တင်ဘာ ၂၅“နွေ” သီချင်းဖြင့် လူသိများ ထင်ရှားသည့် အဆို...
25/09/2025

“နွေ” သီချင်းပိုင်ရှင် အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်ရှာ

ရန်ကုန် ၊ စက်တင်ဘာ ၂၅

“နွေ” သီချင်းဖြင့် လူသိများ ထင်ရှားသည့် အဆိုတော် ဗစ်တာခင်ညို သည် ယနေ့ မနက်ပိုင်းက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း မိသားစုဝင်များက အသိပေးလာသည်။

အသက် ၇၉ နှစ်ပြည့်ပြီဖြစ်တဲ့ ဗစ်တာခင်ညို ကွယ်လွန်ကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ညီဖြစ်သူ အဆိုတော် တူးတူးက လူမှုကွန်ရက်စာမျက်နှာကနေတဆင့် “ကျနော်၏အကိုအကြီးဆုံဖြစ်တဲ့ တေးသံရှင် Victor Khin Nyo ကွယ်လွန်သွားပြီဖြစ်ကြောင်း တေးချစ်ပရိသတ်များကို ဝမ်းနည်းစွာအသိပေးအပ်ပါတယ်” ဟု ရေးသား ဖော်ပြခဲ့သည်။

ဓာတ်ပုံ- ဗစ်တာခင်ညို ဖေ့ဘွတ်

ပလုံ လုကောက်နေရတဲ့ ရန်ကုန် ================== “ညက သောက်ပြီးသား အရက်ပုလင်းခွံ အိမ်ရှေ့ပုံထား မနက်ကျရင် မရှိတော့ဘူး” အဲ့ဒါ...
23/09/2025

ပလုံ လုကောက်နေရတဲ့ ရန်ကုန်
==================

“ညက သောက်ပြီးသား အရက်ပုလင်းခွံ အိမ်ရှေ့ပုံထား မနက်ကျရင် မရှိတော့ဘူး”

အဲ့ဒါကတော့ ကိုဇော်လတ် အမည်ရတဲ့ အသက် ၄၀ လောက်အရွယ် အမျိုးသားတစ်ဦးက ပြောပြနေတာပါ။

လက်ရှိ သူနေထိုင်နေတဲ့ ရပ်ကွက်အတွင်းမှာ ပလက်စတစ် ၊ ပုလင်းခွံ တနည်း အားဖြင့် ပြန်ရောင်းစားလို့ရတဲ့ အရာ မှန်သမျှ ကောက်ယူတဲ့သူတွေ၊ ခေတ်စကားအရဆို ပလုံကောက်တဲ့သူတွေ သွက်လတ်လာပုံ လက်သွက်လာပုံတို့ကို ပြောပြနေတာပါ။

ကိုဇော်လတ်ဟာ ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှာ နေထိုင်သူဖြစ်ပြီး ရပ်ကွက်စတင် သတ်မှတ်ချိန်ကတည်းက ငယ်မွေးခြံပေါက် နေထိုင်ခဲ့သူတွေဖြစ်တာကြောင့်လည်း ရပ်ကွက်အတွင်းမှာ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို အလစ်အလပ်မရှိ အကဲခတ် နားလည်နေသူပါ။

“ပလုံကောက်ပြီး ထမင်းရှာစားရတဲ့ သူတွေတောင် တဖြည်းဖြည်းများလာနေပြီ။ အရမ်းခါးနေပြီ ဘဝတွေက….” လို့ ကိုဇော်လတ်က ငြီးတွားပါတယ်။

စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ စစ်တမ်းမှာတော့ အာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာ ကုန်ဈေးနှုန်း ၄ ဆ ခုန်တက်သွားသလို မြန်မာလူဦးရေ ၃ ပုံမှာ ၁ ပုံဟာ ဝမ်းရေးမဖူလုံတော့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

တနေ့ထက်တနေ့ တိုးပြီးတက်လာတဲ့ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ လုပ်ခလစာမတိုးမှု၊ အကြောင်းအရာပေါင်းစုံက ကိုဇော်လတ်တို့လို အခြေခံလူတန်းစားတွေ နေထိုင်ရာ ရပ်ကွက် အဝန်းအဝိုင်းအထဲမှာ အတော်ပင် ရိုက်ခတ်မှု ပြင်းထန်နေပုံပါပဲ။

ရပ်ကွက်အတွင်းလမ်းတွေပေါ် လာရောက်ပြီး ပလုံကောက်သူတွေ တဖြည်းဖြည်း များပြားလာသလို အဲ့ဒီအထဲမှာ ကလေးတွေလည်း တစတစ များလာတာကို ကိုဇော်လတ် သတိထားမိနေပါတယ်။

ပလုံကောက်တဲ့သူတွေ များပြားလာတဲ့အခါ ဒီကိစ္စဟာ ဈေးကွက်တစ်ခုအနေနဲ့ ဖြစ်လာသလို ဈေးကွက်ဖြစ်လာတဲ့ ထုံးစံအတိုင်း ဈေးကွက်ပြိုင်ဆိုင် လုယူမှုတွေကိုလည်း တွေ့လာရတယ်လို့ ကိုဇော်လတ်က အရွှန်းဖောက်ပါတယ်။

“ကိုယ့်ဆရာ ထမင်းငတ်လို့ ပလုံကောက်မယ် စိတ်မကူးနဲ့ ကိုယ့်ထက်အရင် ကြိုရောက်တဲ့သူတွေက တဲထိုးပြီး စောင့်နေပြီ။ လမ်းကြိုလမ်းကြားတွေမှာပဲ လွတ်လွတ်လပ်လပ် ကောက်လို့ရတော့မယ်။ အမှိုက်ကန်တွေမှာက ကန်ထရိုက်ပုံစံနဲ့ လူက ဦးထားပြီးသား။ စည်ပင်နဲ့ပေါင်းပြီး အမှိုက်ပုံမှာ တဲထိုးနေပြီး အပိုင်စားသဘောမျိုးနဲ့ ပလုံကောက်တဲ့လူတွေ ရှိလာပြီဗျာ။ ဒါ ရပ်ကွက်ထဲက အမှိုက်ကန်အဆင့်နော်။ အဲ့ထက်ကြီးတဲ့ အမှိုက်ပုံလိုဟာမျိုးဆို ခင်ဗျား မစဉ်းစားနဲ့တော့” လို့ သူက ဆိုပါတယ်။

ကိုဇော်လတ်တို့ လမ်းထိပ်က အမှိုက်ကန်ဟာ ၁၀ ပေ ပတ်လည်၊ အမြင့် ၆ ပေလောက်သာ ရှိတဲ့ အမှိုက်ကန်ဖြစ်ပေမယ့် လူစည်ကားတဲ့ ရပ်ကွက်ဖြစ်တာကြောင့် ပလုံကောက်သူတွေအတွက်ကတော့ မက်မောစရာပါ။

လွန်ခဲ့တဲ့ ၆ လ လောက်ကအထိ ဒီအမှိုက်ကန်ဟာ ပလုံကောက်သူအားလုံး ဘုံပိုင်အနေနဲ့ ကြုံတဲ့သူက ကြုံသလိုဝင်ကောက် ၊ ရှာဖွေလေ တွေ့ရှိလေ ဖြစ်နိုင်ပေမယ့် အခုတော့ အမှိုက်ကန်ကို ဝင်ချင်သလိုဝင် ကောက်ချင်သလို ကောက်လို့ မရတော့ပါဘူး။

အဲ့ဒီမက်မောစရာ အမှိုက်ကန်ကို အပိုင်စားယူထားတဲ့ ပလုံကောက်သူတစ်စု ရှိနေပါပြီ။

အနံ့အသက်မကောင်းလွန်းလှတဲ့အဲ့ဒီ အမှိုက်ကန်အနီးမှာ အတော်ပင်စုတ်ချာတဲ့ တဲတစ်လုံးထိုးပြီး နေ့ညမရွေး စောင့်နေတဲ့ ပလုံကောက်သူ အစောင့်တစ်ဦးရှိတတ်သလို သူ့တာဝန်ကတော့ သူအပိုင်စားယူထားတဲ့ အမှိုက်ကန်ထဲက ဘယ်လိုပစ္စည်းကိုမဆို တခြား ပလုံကောက်သူတစ်ဦးဦးက လာရောက်မကောက်ယူဖို့ ကာကွယ်ရေးပဲဖြစ်ပါတယ်။

“အမှိုက်ပုံ၊ အမှိုက်ကန်တွေနားမှာ ဖြစ်သလို တဲထိုးပြီးနေကြတာ။ အမှိုက်လာပစ်တယ်ဆိုရင် သူတို့က အရင်ဖွင့်ပြီးကြည့်တယ်။ ကော်တိုကော်စ၊ သံတိုသံစ ၊ စက္ကူစုတ် ၊ ပုလင်း ဘာညာပေါ့စသဖြင့် ရောင်းစားလို့ရတာ တစ်ခုခုတွေ့ရင် သူတို့က အရင်ယူလိုက်တယ်။ ပြီးမှ ကျန်တဲ့အမှိုက်ကို အမှိုက်ကန်ထဲ ပစ်တယ်။ တခြားသူ လာကောက်မှာ စိုးလို့ကို ဦးထားတာ။ ကျနော်တို့ ဆင်ခြေဖုံးရပ်ကွက် အမှိုက်ကန်တွေမှာ အဲ့ဒီလိုတွေ အပြည့်ပဲ။ နေရာအစိယူထားကြတာ။ ကျနော် သွားလာနေတဲ့ လမ်းကြောင်းပေါ်က အမှိုက်ကန်တွေ အကုန် အဲ့ဒီလိုတွေချည်းပဲ ” လို့ ကိုဇော်လတ် က ပြောပါတယ်။

ဒါပေမဲ့ အဲ့ဒီလို လုပ်ပိုင်ခွင့်ကို ပလုံကောက်သူတိုင်းလည်း မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော့ ကိုဇော်လတ် စပ်စပ်စုစုနဲ့ မေးမြန်းထားသလောက် ပလုံကောက်သူတွေရဲ့ ပြောပြချက်အရတော့ စည်ပင်အမှိုက်သိမ်း ကားနောက်လိုက်တဲ့ ဝန်ထမ်းတွေနဲ့ ဆက်စပ်ပတ်သက်သူတွေ၊ ရင်းနှီးကျွမ်းဝင်သူတွေပဲ ဒီလိုအခွင့်အရေး ရကြတာပါ။

ဒါကြောင့် အခုခေတ်အချိန်ကာလမှာ ထမင်းငတ်လို့ ပလုံကောက်မယ်ဆိုရင်တောင် အရင်လို အေးအေးဆေးဆေးကောက်ရုံနဲ့ မလုပ်မဖြစ်နိုင်တော့သလို လုကောက်မှ ထမင်းဝမယ့် အခြေအနေ ဆိုက်နေတယ်လို့ ကိုဇော်လတ်က အရွှန်းဖောက်ပါတယ်။

“ဒါတောင် လုကောက်လို့ မရတဲ့ အမှိုက်ကန်တွေ ရှိလာပြီဗျ” လို့ ပြောရင်း ကိုဇော်လတ်တစ်ယောက် ရယ်မောပြန်ပါတယ်။

ရယ်ပြီးနောက်မှာ ဆက်ပြောတဲ့ ကိုဇော်လတ်ရဲ့ မြို့ပြဘဝ ရင်မောမှုတွေကလည်း ထုနဲ့ထည်နဲ့ပါပဲ။

“ည ၈ နာရီဆို လမ်းပေါ် လူမရှိတော့ဘူး။ ၉ နာရီခွဲလောက် ဧည့်စာရင်းဝင်စစ်တာတွေပါ လုပ်လာတယ်။ အုပ်ကြီးတွေ နောက်လိုက်နောက်ပါတွေနဲ့ ဖိနှိပ်ချက်တွေက မြင်မကောင်းဘူး။ မနက်ဆိုလည်း အိမ်ကနေ စောစောမထွက်ရဲဘူး။ အဲ့ဒီအချိန် ခိုးတဲ့ သူခိုးတွေ များလာတော့ ကိုယ့်ကိုသူခိုးလို့ ရောထင်ပြီး ဝိုင်းအုပ်ကြမှာကို စိုးတာ။ ဒါတောင် သွားရင်းလာရင်း ခြံစည်းရိုး ကျော်တတ်နေတဲ့ မြင်ကွင်းမျိုးတွေပါ မြင်တွေ့လာရတဲ့အထိနော်။ ရဲတင်းနေကြတာ။ ကိုယ်တွေနေတဲ့ လမ်းထဲလည်း အသံကြားလို့ ကြည့်လိုက်ရင် ပလုံကောက်တာပေါ့။ ဒါပေမဲ့ လူလစ်ရင် သုတ်ချက်တွေက မြင်မကောင်းဘူး။ ဆင်ခြေဖုံးတွေမှာက ငတ်လို့ လှုပ်ရွနေကြပြီ ” ………. ။

=========
(ရေးသူ = မောင်ရဲ)
ပုံစာ - ရန်ကုန်ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် တွေ့ရသော အမှိုက်ကန်နှင့် ပလုံကောက်ရန် နေရာဦးထာသည့် တဲငယ်ကို တွေ့ရစဉ်

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စကစ နှင့် SNA အလောင်း ၇ လောင်း ရပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး၊ စစ်ရေး ဆက်လက်တင်းမာနေဗန်...
22/09/2025

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ စကစ နှင့် SNA အလောင်း ၇ လောင်း ရပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး၊ စစ်ရေး ဆက်လက်တင်းမာနေ

ဗန်းမောက်၊ စက်တင်ဘာ ၂၁
News Ambassador

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်နှင့် SNA အလောင်း ၇ လောင်း သိမ်းဆည်းရရှိပြီး တော်လှန်ရေးတပ်ဘက်ကလည်း ရဲဘော် ၆ ဦး ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စီးနင်း ထားနိုင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်နှင့် SNA ပူးပေါင်းအချို့သည် ဗန်းမောက်မြို့ဧရိယာမှ ဆုတ်ခွာသွားပြီးနောက် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ပြန်အထိုင်ချ ခံစစ်ပြင်ထားသလို အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ရှိ မံကုန်းရွာ၊ အနောက်တောရွာဘက်သို့ ဆုတ်ခွာသွားကြောင်း စစ်ဒေသ ၁ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများ ငြိမ်သက်နေသော်လည်း စစ်ရေးအခြေအ‌နေ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှ G-3 (၂) လက်၊ U*i (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ၊ SNA ဗိုလ် (၁) ဦးအပါအဝင် အလောင်း (၇) လောင်း သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၆ ဦးလည်း ကျဆုံးခဲ့ကြောင်း စစ်ဒေသ ၁ က သတင်း ထုတ်ပြန်သည်။

Address


11021

Alerts

Be the first to know and let us send you an email when News Ambassador - TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to News Ambassador - TV:

  • Want your business to be the top-listed Media Company?

Share