𝕄𝕒𝕣𝕜𝕖𝕥𝕚𝕟𝕘 ℂ𝕠𝕟𝕤𝕦𝕝𝕥𝕒𝕟𝕥 𝕄𝕪𝕒𝕥 𝕋𝕙𝕦

  • Home
  • Myanmar
  • Yangon
  • 𝕄𝕒𝕣𝕜𝕖𝕥𝕚𝕟𝕘 ℂ𝕠𝕟𝕤𝕦𝕝𝕥𝕒𝕟𝕥 𝕄𝕪𝕒𝕥 𝕋𝕙𝕦

𝕄𝕒𝕣𝕜𝕖𝕥𝕚𝕟𝕘 ℂ𝕠𝕟𝕤𝕦𝕝𝕥𝕒𝕟𝕥 𝕄𝕪𝕒𝕥 𝕋𝕙𝕦 Digital Marketing and Marketing Consultant
and
Social Media Advertiser

ကျွန်တော်တို့က "ကုလားထိုင်" တွေပါ။ဟုတ်ကဲ့ ရှေ့မှီ၊ နောက်မှီ (မီ) ပေါ့။Products (Goods) ရှိရင် ဆရာပဲ ဆိုတဲ့ခေတ်ကိုလဲ မီခဲ...
10/01/2024

ကျွန်တော်တို့က "ကုလားထိုင်" တွေပါ။
ဟုတ်ကဲ့ ရှေ့မှီ၊ နောက်မှီ (မီ) ပေါ့။

Products (Goods) ရှိရင် ဆရာပဲ ဆိုတဲ့ခေတ်ကိုလဲ မီခဲ့သလို။ Production တင်မဟုတ်ဘူး Quality Control ပါ လိုတယ်ဆိုတဲ့ခေတ်ကိုလဲ ကြုံခဲ့ပါတယ်။

ဒီ System 2 ခု အချိန်းအပြောင်းမှာတင် ပျောက်သွားတဲ့ Brand တွေ ရှိတာကိုလဲ မားကတ်တင်း သမားတွေ သတိထားမိသလို သိလဲသိကြပါတယ်။

အဲဒီနောက်ပိုင်း "CSR နဲ့ PR တွေ ကပါ Mark မှာအရေးကြီးတယ်ဟေ့" ဆိုတဲ့ ခေတ်ကို ရောက်လာရော...

အဲ့တုံးက တော်တော်များများ သတိထားမိတာက Others Countries တွေမှာ Multi Level Marketing စနေကြပြီး မြန်မာကိုလဲ ဝင်ဖို့လုပ်နေပြီ....

နောက်တော့ ခေတ်က ရှေ့ကို ရွေ့နေတာ ငါတို့ Digital ပေါ်တက်ကြမယ်ဆိုပြီး တက်လာကြရော ☺️☺️ အဲ့ခေတ် Marketing 4.0 ဆိုတာ စရေးနေလောက်ပြီ 😁😁(ဒါက စတာနော်)။

ကိုယ်တွေစီမှာလဲ Facebook က Digital အတွက် လူသုံးများနေပြီ။ စပြီးတော့လဲ ခေတ်စားနေပြီ။ ခဏအတွင်းမှာပဲ MLM တွေ ရောက်လာတာပဲ။

ပြောချင်တဲ့အပိုင်း ရောက်ပြီဗျ။ (ဟဲဟဲ MLM ကို ဖောင်း ထုဖို့ မဟုတ်ဘူး။ ပျက်နေတဲ့ ဈေးကွက် စီးပွားရေးကို ပြောမလို့)

ဒီဘက်ခေတ်မှာ Marketing ကနေ Digital Marketing ဆိုပြီး ပြောင်းလာတယ်။ အခုချိန်ထိ Digital Marketing မှာ ဘာတွေပါလဲ မသိတဲ့သူတွေရှိသလို၊ သိသိကြီးနဲ့ မျက်စိမှိတ်ပြီး (ရယ်လိုက်ဟားလိုက် - ရေလိုက်ငါးလိုက်) နေကြတဲ့သူတွေလဲ ရှိတယ်ဗျို့။

အဲ့မှာ တစ်ဆက်တည်း Marketing Agency ဆိုပြီး Development country ကနေ MM ကို Standard ရှိရှိ ဝင်လာတဲ့ Brand တွေ ပေါ်လာတယ်။ အဲ့ဒီတုံးက တော်တော်ကို မိုက်မိုက်ကန်းကန်း Marketing တွေကို 360° မြင်ရတာဗျို့။ (ကျွန်တော် မှတ်မိသလောက်ဆိုရင်ပေါ့)

နောက်တော့ဗျာ....
အဲဒီ မားကတ် ကြီးက "ငါတို့လဲ လုပ်နိုင်ပါတယ်" ဆိုတဲ့အတွေးတွေနဲ့ စပြီး ဖောင်းပွလာသလို Career Growth တွေလဲ ဖြစ်လာတယ်။
Content Writer ကနေ Copy Writer အထိ ခွဲထွက်လာသလို Marketing ကနေ Media Buying Specialist လို Position တွေကိုလဲ အများကြီးမြင်လာရတယ်။ (အဲ့အတွက်တော့ Happy ဖြစ်မိ ✌️✌️)

ဘာ‌တွေ ဖြစ်လာသလဲဆိုတော့ အသေးစားလုပ်ငန်း၊ Online လုပ်ငန်း တွေ ပေါများလာတယ်။
အဲ့ဒီနောက်မှာ Digital Marketing Agency ဆိုပြီး ဖောင်းပွလာလိုက်တာများ (မြင်မကောင်း ကြည့်မကောင်း) ဗျာ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာက ဘယ်လိုပေါ်လာမလဲ လိုက်ကြည့်နေရတယ်ဗျို့။

Digital Marketing Agency ဆိုတာတွေကို အကုန်လုံး Survey မကောက်ဖြစ်ပါဘူး။
သက်ဆိုင်ရာ Sale Person တစ်ယောက်ယောက်ကို မေးကြည့်လိုက်ရင် "ကျွန်တော်က SEO၊ SEM campaign လုပ်ချင်တာ၊ အဲ့တာ ဘယ်လို Service ရှိလဲဆိုတော့၊ ပြန်မေးပေးမယ်" ဆိုပြီး Reply တောင် မပြန်လာကြသလို ဖုန်းတောင် ပြန်မဆက်ပါဘူး 🥲🥲။

နောက်တော့ ကျွန်တော် ဒီစာကို ရေးဖို့ပြင်လိုက်တယ်။ "ငါဖောင်းထုရင် ငါတော့ ဝိုင်း အကိုက်ခံရမှာပဲ" ဆိုတာတော့ တွေးလိုက်တယ်။ (ဒါပေမဲ့ ဖောင်းထုတာပါပဲ ✌️✌️)

Marketing Agency အမည်ခံပြီး Marketing Plan + Marketing Strategy ကောင်းကောင်း မထုတ်နိုင်တဲ့ ဆရာ့ဆရာကြီးတွေ။ Facebook မှာ Post ဘယ်လောက်တက်ရင်ပြီးရောဆိုတဲ့ SMEs + အချိုအချောင် နှိုက်ချင်တဲ့ corporate တွေ များသား (😁😁)။

ဘာ Plan မှ မရှိတဲ့သူနဲ့ ဘာမှ မသိတဲ့သူ နဲ့ကွက်တိပဲ ဆိုပြီး ကြိတ်မှိတ်နေတာ 😅😅(အခုနောက်ပိုင်းက ရယ်စရာတွေဖြစ်နေလို့)

တောင်းတဲ့သူကလဲ ခွက်ဈေး၊ လိုချင်တဲ့ သူကလဲ ဘာမှမသိဘူး အရေအတွက်များရင် ပြီးရော ဆိုတဲ့သူနဲ့တော့ "ဟ ဒီ မားကတ်ကြီးက မိုက်လှချည်လား" ပေါ့။

ပြောချင်တာ ကတော့
"မင်းတို့လုပ်တာကနောက်မှ တကယ့် Standard အပြည့်၊ လိုချင်တာ အစုံအပြည့်ရတဲ့ Agency တွေကို ဘာမှ မသိတဲ့ Customer တွေက ဒါလုပ်ရင် Sales ဘယ်လောက်ရမှာလဲ၊ သူများတွေ ဒီလောက်လုပ်ပေးနေတာ ဆိုပြီး သွားမေးကြတာ၊ သွားပြောကြတာ များလာရင် ဟိုကောင်တွေစိတ်ညစ်ပြီး ပြန်သွားကြမှာဗျ" (အဲ့ကျရင် သင်ယူဆရာ ဂျင်းသင်တန်းတွေပဲ ကျန်ခဲ့လိမ့်မယ်။ အားလုံးက စမ်းသပ်ဆဲ ကာလပါ ဆိုတာတွေ ဖြစ်လာကြလိမ့်မယ်။)

မေးချင်တာကတော့

"ဆရာကြီးတို့က အရောင်းရအောင် Boost တတ်တာ၊ Content ရေးတတ်တာနဲ့ Agency ထောင်ကြတာ မရှက်ကြဘူးလားခဗျ။"

"ခွက်ဈေးနဲ့ Customer ကို ဆွဲဆောင်တာ မရှက်ကြဘူးလားခဗျ။"

"Marketing strategy မပါတဲ့ Content plan ပေးရတာ တွေ မရှက်ကြဘူးလားခဗျ။"

"Market analysis ၊ content pillar မပါပဲ ဒီ‌ေလာက်ဆို ကျနော်တို့ ဖြစ်တယ် ဆိုပြီး ဂျင်းထည့်ကြတာ မရှက်ကြဘူးလားခဗျ"

ခဗျတို့ အားလုံးကျေးဇူးနော်။
(အနာထိလို့ စပ်ရင် မတတ်နိုင်ပါ)

မင်းရော ဘယ်လောက်တတ်လို့လဲ လာမေးပါ။
ကျွန်တေ်ဖောင်းထုတတ်ပါတယ် ဟဲဟဲ 😁😁:3

Myat Thu

27/12/2023

ပထမတစ်ကြိမ်ဖြစ်တော့ မတော်တဆမို့ဖြစ်တာ
ဒုတိယတစ်ကြိမ်ဖြစ်ရင်တော့ သေချာတယ် အဲဒါ ကိုယ့်ကြောင့်ဖြစ်တာ။

ဒါလေးလက်ကိုင်ထားပါ။ Page တွေ ပါကြတာတွေ ကင်းဝေးကြပါစေ

19/12/2023

လတ်တလောမှာတော့ FB comment တွေ ထိုင် spam နေတဲ့ အဖွဲ့တစ်ခုရှိတယ်။

ဆရာသမားတွေက ကြော်ငြာမလုပ်ဘူး။ သူများကြော်ငြာအောက်မှာဆို Acc တစ်ခုပြီး တစ်ခုနဲ့ auto ကို လာမန့်တာ။

ကိုယ့်အကြောင်းကို သိကြနော်။
ငါ့ acc ထိ လာမန့်ကြလို့ကတော့ Page ရော၊ website ရောပါ report ထုပေးမယ်။ website ကို Google ဘက်ကနေ ဘန်းခံရမယ်မှတ်။

16/12/2023

Results တွေ ကောင်းတယ်နော်။
CB မှာလာတောင်းကြည့်ကြ 😁😁😁

10/12/2023

October နဲ့ November မှာ CPR တွေ တက်ပေမဲ့ December မှာ FB ရဲ့ CPR တွေ ပြန်ကျလာပါပြီ။

ကုန်ကျစားရိတ် ပြန်ပြီးသက်သာလာတယ်ပြောရမယ်။
ဒီအချိန်မှာ ဘာတွေရောင်းသင့်လဲ? ဘာတွေ လုပ်သင့်လဲ? စတာတွေ ချိန်ဆပြီး အဆင်ပြေပြေ ပြန်run နိုင်ကြပါစေ။

Old customer တွေလဲ media buying သီးသန့်လိုချင်ရင် CB လာပါ။

10/12/2023

Audience ကို‌ on-ground မေးမြန်းချက်တွေအရ Facebook မှာ ကြော်ငြာလုပ်တာ ထိရောက်လားဆိုတဲ့ results တွေ ရပါပြီ။

လူ ၃ မျိုး တွေ့ပါတယ်။
1. ကြိုက်တဲ့ ပစ္စည်း မှာ Promotion ရှိရင်/ ကိုယ်သိထားတဲ့ဈေးထက်သက်သာနေရင် ဝယ်ချင်တဲ့သူရယ်။
2. ပစ္စည်းနဲ့ Company ကို တွဲပြီးမှတ်မိတဲ့သူရယ်။
3. အမှတ်တမဲ့ မသိလိုက် မသိဖာသာ နေတဲ့သူ။(ကိုယ်ကြိုက်တဲ့ပစ္စည်းဆိုရင်တော့ ဘယ်ဆိုင်တွေမှာ ရလဲ ရှာဖွေပြီး ဆိုင်အထိသွယးဝယ်တဲ့သူ)

ဒီလောက်ဆို ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အတွေးတစ်ခု ဝင်လာမယ်ထင်ပါတယ်။

Results တွေအဆင်ပြေလားဆိုတော့တစ်ခုချင်းစီ ssရိုက်ပြလိုက်တယ်။အဆင်ပြေချင်ရင် ကော်ရီးစီပြန်လာလို့ရဘီ။အခုကပြန် service ပေးနေဘ...
10/12/2023

Results တွေအဆင်ပြေလားဆိုတော့
တစ်ခုချင်းစီ ssရိုက်ပြလိုက်တယ်။

အဆင်ပြေချင်ရင် ကော်ရီးစီပြန်လာလို့ရဘီ။

အခုကပြန် service ပေးနေဘီလေ 🤗🤗🤗

1$-4200MMK

29/11/2023

Marketing + Digital Marketing မှာ ဘယ်တော့မှ မမှားမယ့်အရာက *Content is King* ဆိုတာပါ။

Strategy တွေ ချတယ်,
How is the way to get improvement????
Strategy ချဖို့ Marketing mindset တွေ, Theory တွေ လေ့လာကြပြီး Data analysis တွေ လုပ်ကြရတယ်။
Market ရဲ့ Share ဘယ်လောက်ကို ငါတို့ ရယူနိုင်လဲဆိုတာကို Goals အနေနဲ့ ထည့်စဉ်းစားကြရတယ်။
Marketing Plan တစ်ခု ရပြီဆိုရင် monthly, quarterly, yearly ဆိုပြီး အသေးစိတ် ပြန်ခွဲကြရတယ်။ ပြီးရင် customer ဆီကို ဘယ်လို Engagement + well know ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အကြောင်းအရာဆွေးနွေးရပြီ....

ဒီနေရာမှာ Content က အရေးကြီးတဲ့အပိုင်းပါ။

Content ဆိုရာမှာ Visual content လဲပါတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ကိုယ့် Brand ကို ဘယ်လိုမှတ်မိစေချင်လဲ?? ဘယ်အရာတွေနဲ့ တွဲမှတ်စေချင်လဲ?? စတာတွေကို ထိထိရောက်ရောက် idea ထုတ်နိုင်ဖို့လိုပါတယ်။
တစ်ချို့ content တွေက စကာစမှာ အရမ်းအောင်မြင်ပေမဲ့ နောက်တော့ Brand reputation ကို မသိမသာ ကျဆင်းအောင် လုပ်သွားနိုင်တာတွေရှိပါတယ်။

အောင်မြင်ပြီး ပေါက်ရောက်နေတဲ့ camping တိုင်းက customer ကို message ခဏခဏပေးနေလို့ပါ။ ဘယ်လို message ပေးလဲဆိုရင် media Buying လို့ခေါ်တဲ့ ငွေသုံးပြီး brand message တွေပေးပို့ရပါတယ်။ ဒါမှလဲ reputation ကို ထိန်းနိုင်တာပါ။

Digital Marketing မှာ ဒါတွေအပြင် SEO ကို ဘယ်လို drive လုပ်မယ်။ SEM ဘယ်လိုလုပ်မယ်ဆိုတာတွေလိုပါတယ်။ ဒါတွေ အားလုံးဟာ analysis+ content ကို အခြေခံပြီး ဖြစ်လာတာတွေပါ။

Content is King ဆိုတာ ဘယ်တော့မှလဲ မှားမှာ မဟုတ်သလို ဘယ်သူမှ လက်လွတ်စပါယ် မလုပ်ရဲတဲ့ကိစ္စပါ။ Brand တွေ ကိုင်တဲ့ Manager တွေဆို ပိုလို့တောင် သိရပါတယ်။

စာတွေ ပြန်နွေးရပါမယ်။
Media buying strategist ကိုလဲ နည်းနည်းပြန်ရေးပါအုံးမယ်။

19/11/2023

Hello everyone 🤗🤗🤗
I'm coming back to work.

Address

Kyun Taw Street
Yangon
11111

Telephone

+959408298058

Website

Alerts

Be the first to know and let us send you an email when 𝕄𝕒𝕣𝕜𝕖𝕥𝕚𝕟𝕘 ℂ𝕠𝕟𝕤𝕦𝕝𝕥𝕒𝕟𝕥 𝕄𝕪𝕒𝕥 𝕋𝕙𝕦 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝕄𝕒𝕣𝕜𝕖𝕥𝕚𝕟𝕘 ℂ𝕠𝕟𝕤𝕦𝕝𝕥𝕒𝕟𝕥 𝕄𝕪𝕒𝕥 𝕋𝕙𝕦:

Share

About and Solution

မင်္ဂလာပါ။

Welcome from Digital and Marketing Consultant Myat Thu page.

How can you get Solution?

I have not Online everytime but you can talk me in Viber 09408298058. And I give you my solution when I see your message.