18/04/2022
ကျဆုံးသွားသူ ဖြူစင်သော ကြယ်တစ်ပွင့်
(တံစူးရွာသူ မဇင်ဇင်အောင်)😔
“စစ်ရှောင်နေရင်း လက်နက်ကြီးကျည်ထိသွားချိန်မှာ အခြားထိခိုက်သူတွေ နှင့် မိမိကိုယ်ကိုယ် ဓာတ်ပုံမှတ်တမ်းယူခဲ့ပြီး ကွယ်လွန်ခါနီးမှာ. . မြေတစ်ဆုပ်နဲ့ ကျိန်စာဆိုခဲ့တဲ့ (၁၀)တန်းကျောင်းသူလေး”
လွန်စွာ၀မ်နည်းကြေကွဲရပါတယ် ညီမငယ်😔
______________________________
လူသား အမှန်တရားနဲ့ လွှတ်မြှောက်မှုကို
ရှာဖွေရင်း ကြွေလွှင့်သွားတဲ့ အပြစ်မဲ့ ကြယ်ကလေးတွေ ကျနော်တို့နိုင်ငံမှာ ဘယ်လောက်များနေပြီလဲ။ ကြွေသွားတဲ့ ကြယ်ပွင့်လေးတွေထဲသူထဲ ပေါက်မြို့နယ်တောင်ပိုင်း တံစူးရွာလေးက မဇင်ဇင်အောင်လည်း ပါဝင်ခဲ့သည်။
အသက် ၁၆နှစ်အရွယ် ၁၀တန်းကျောင်သူမဇင်ဇင်အောင်ဟာ မောင်နှစ်မသုံးယောက်ထဲက အငယ်ဆုံးဖြစ်သည်။
စစ်ကောင်စီ တပ်သားများ ပေါက်မြို့နယ်တောင်ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေသော သတင်းများကြားရ၍ တံစူးရွာက ကြိုတင်ရှောင်ပုန်းနေသူတွေထဲ မဇင်ဇင်အောင်လည်း ပါဝင်ခဲ့သည်။
ကျေးရွာအနောက်မြောက်ဘက် တောင်တန်းတစ်နေရာ တောတဲတိုက်ထဲ ရှောင်ပုန်းနေစဉ် စစ်တပ်က ရမ်းသမ်းပစ်လောက်သော လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် တံစူးရွာက ရှောင်ပုန်းနေသော စစ်ဘေးရှောင် ၉ဦးကျဆုံးမှုတွင် မဇင်ဇင်အောင် ကံဆိုးစွာ ပါဝင်သွားခြင်းဖြစ်သည်။
သေဆုံးသူ၉ဦးအနက် ၇ဦးက ပွဲချင်းပြီးကျဆုံးပြီး မဇင်ဇင်အောင်က ပေါင်နှစ်ဘက်ထိခိုက်ဒဏ်ရာနဲ့ ၁နာရီအကြာမှာ ကျဆုံးခဲ့ပြီး ကျန်တစ်ဦးက ဆေးကုဖို့ ကြိုးစားရင်း ခရီးလမ်းမှာ ကျဆုံးခဲ့သည်ဟုဆိုသည်။
မဇင်ဇင်အောင်က စိတ်ဓာတ်ပြင်းသည်။ သူဒဏ်ရာရနေချိန် သူ့ဖုန်းနဲ့ သူ့ကိုယ်သူ ဓာပုံရိုက်ခဲ့သည်။ အခြားကျဆုံးသူတွေကိုလည်း သူ့ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့သည်။
"သူက ဒဏ်ရာတန်းလန်းနဲ့ မျက်ရည်မကျပဲ စစ်တပ်ကို နားကြီးစိတ်ဖြင့် အံကြိတ်ခံခဲ့တာဗျ။သူမဟန်တော့တာသိတော့ မြေကြီးတစ်ဆုပ် ဆုပ်ယူပြီး စစ်တပ်ကို ကျိန်စာဆိုခဲ့သေးတယ်"သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပြသည်။
"စစ်တပ်က ဒီလို စစ်ရာဇဝတ်တွေ ကျူးလဠန်နေတာကို အမြန်ဆုံး အရေးယူနိုင်ဖို့ ကြိုစားပေးပါလို့ NUG ကိုပြောချင်တယ်၊ သူကျဆုံးသွားလို့အိပ်လို့လည်းမရဘူး စားလို့လည်းမဝင်ဘူး။လက်နက်သာရှိရင် သူသေကိုယ်သေ ယှဉ်တိုက်ပစ်ချင်တယ် ၊ ဘယ်တော့မှ ကမ္ဘာမကြေဘူး"နီးစပ်သူမိသားစုဝင်တစ်ဦးက ငိုပြီးပြောပြသည်။
ယုတ်မာရက်စက်သော စစ်တပ်ကို ဒီအတိုင်းကြည့်နေကြတောမှာလားဟု အားမလိုအားမရ ပြောပြရှာသည်။
ယခုအထိပင် စစ်တပ်က သက္ကယ်ကျင်းရွာနှင့်ကျောက်အိုးရွာတွင် တပ်စွဲလျက်ရှိပြီး ပေါက်မြို့နယ်တောင်ပိုင်းကျေးရွာအများအပြားကို မီးရှို့မှုများ ကျူးလွန်ထားသည်။ ဒေသခံပြည်သူများ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မဇင်ဇင်အောင် ကျဆုံးမှုအတွက် လွန်စွာ ဝမ်းနည်း စိတ်မကောင်းဖြစ်ရပြီး လူယုတ်မာ စစ်တပ် အမြန်ကျဆုံးပါစေလို့ မျက်ရည်များနှင့် ဆုတောင်းမိတော့သည်။
(ပုံများကို အလျုခံခြင်းပို့စ်များတွင် အသုံးပြုခြင်း ခွင့်မပြုပါ)
Credit