Zurich Esports Myanmar

Zurich Esports Myanmar ZURICH E-Sports Management Services in Myanmar !! Founded in 2018.

"Zurich E-Sports Management Services (Myanmar)"

We founded in 2018, Zurich E-Sports Management is Pioneer and #1 Leading for E-Sports Online & Offline Management in Myanmar as Full-Service Management and Consulting Group providing exclusive representation for E-Sports Tournaments, Brands and Companies for E-Sports industry in Myanmar with our practice blends decades of strategic expertise in the

gaming space. With backgrounds in the professional E-Sports industries, our "ZURICH E-Sports Team" is comprised deal-making experience to create new revenue streams for our clients and to meet the demands of brands and companies that want to reach young, digitally-minded consumers through integration into E-Sports competitions, teams, and media. Zurich E-Sports Management (One-Stop) Services :

"Our Services"

· Set the Event & Overall Design
· Story Line
· Creating the Key Visual
· Technology Plan
· Venue Selection
· Content Design
· Environmental Design
· Show Rundown & Event schedule
· Online Tournament
· Casting & Streaming

"Our Managements"

· Construction Management
· Production Management
· Direction / Producing
· Process Management
· Audio, Video, Lighting, Scenic
· Talent Management
· Production Management
· Process Management
· Show Directing & Producing
· Audio Engineering
· Camera Operators
· Facilities Management

For more in detail please contact us +9599700 93211 or [email protected] or [email protected]

အခုပဲ Team Secret နဲ့ Tundra Esports တို့ရဲ့ TI 13 WEU Regional Qualifier UB Semifinal ပြိုင်ပွဲပြီးဆုံးလို့သွားပါပြီ။ ပ...
21/06/2024

အခုပဲ Team Secret နဲ့ Tundra Esports တို့ရဲ့ TI 13 WEU Regional Qualifier UB Semifinal ပြိုင်ပွဲပြီးဆုံးလို့သွားပါပြီ။ ပွဲအဖြေကတော့ အားလုံးထင်ထာသလို Tundra ကနေ ၂ ပွဲအပျက် အနိင်ရရှိလို့သွားခဲ့ပါတယ်။

Secret အနေနဲ့ အရင်လိုတောင့်တင်းတဲ့ လူစာရင်းနဲ့မဟုတ်နေတာ ကြောင့်လည်းအခုလို ရလဒ်တွေဆိုးရွားနေရပါတယ်။ ဒါပေမဲ့လည်း Puppy ရဲ့ Secret ကိုတော့ TI မှာမြင်ချင်မိပါတယ်။ Secret အနေနဲ့ Lower မှာ Quest နဲ့ Nigma တို့ပွဲကနေနိုင်တဲ့ အသင်းနဲ့တွေ့ရမှာပါ။

MSC 2024 ပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့အတွက် Wild Card ဆိုတဲ့ Slot တစ်နေရာကျန်လို့နေပါသေးတယ်။ Wild Card ကနေ MSC 2024 ပြိ...
21/06/2024

MSC 2024 ပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့အတွက် Wild Card ဆိုတဲ့ Slot တစ်နေရာကျန်လို့နေပါသေးတယ်။ Wild Card ကနေ MSC 2024 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် အသင်း ၈ သင်း ဆက်လက်ယှဉ်ပြိုင်ရအုံးမှာပါ။

ဒီအသင်း ၈ သင်း ဟာ ၄ သင်းပါဝင်တဲ့ Group တစ်ခုစီ ခွဲပြီး Group ၂ ခုခွဲကာယှဉ်ပြိုင်ရမှာပါ။ Group တစ်ခုစီက ထိပ်ဆုံးအသင်းတွေပဲ နောက်တစ်ဆင့်တတ်ရောက်မှာြဖစ်ပါတယ်။ ဒါပြီးရင်တော့ ထိပ်ဆုံး ၂ သင်း Best of 5 ကစားပြီး အနိုင်ရရှိ တဲ့အသင်းက MSC 2024 ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

Wild Card အကြောင်းပြောနေတာနဲ့ တစ်ကယ်တမ်းပြောချင်တာတောင်မေ့သွားတော့မလို့။ ဒီ Wild Card ပြိုင်ပွဲမှာ မြန်မာနိုင်ငံသားတွေပါဝင်တဲ့ Zino Zenith ဆိုတဲ့အသင်းပါဝင်နေပါတယ်။ Zino Zenith ဆိုတာ Vietnam နဲ့ Myanmar စပ်တူပိုင်ဆိုင်တဲ့အသင်းတစ်သင်းဖြစ်ပြီး မဲခေါင်ဒေသကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့အသင်းဖြစ်ပါတယ်။

Zino Zenith မှာမြန်မာကစားသမားတစ်ယောက်ဖြစ်တဲ့ Zippx ပါဝင်နေပါတယ်။ Zippx ဘယ်လောက်ကောင်းတယ်ဆိုတာ တော့ချီးမွှန်းခန်းဖွင့်မနေတော့ပါဘူး။ အခု Zino Zenith အနေနဲ့ Wild Card Group Stage မှာတော့ Entity 7, KeepBest Gaming, S2G Esports တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ သိပ်အခက်အခဲ မရှိပေမဲ့ Group B ကနေတတ်လာနိုင်တဲ့ HomeBois ကိုတော့နည်းနည်းလေးစိုးရိမ်ရပါတယ်။ Zino Zenith အနေနဲ့ Wild Card ဝင်ခွင့်ကတော့ ဒီလကုန်မှာအဖြေတစ်ခုထွက်လို့လာမှာပါ။

ဒီတော့ Zino Zenith သာ MSC 2024 ကိုဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်ဆိုရင်တော့ မြန်မာအသင်းနှစ်သင်း ပါဝင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်လို့လာမှာပါ။

မြန်မာနိုင်ငံမှာ အားပေးတဲ့  Fan Base အတောင့်ဆုံးအသင်း ၂ သင်းလို့ပြောလို့ရတဲ့ Nigma နဲ့ OG တို့ဟာ TI 13 ရဲ့ Closed Qualif...
20/06/2024

မြန်မာနိုင်ငံမှာ အားပေးတဲ့ Fan Base အတောင့်ဆုံးအသင်း ၂ သင်းလို့ပြောလို့ရတဲ့ Nigma နဲ့ OG တို့ဟာ TI 13 ရဲ့ Closed Qualifier ဖွင့်ပွဲကြီးမှာစတင်တွေ့ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ တစ်ချိန်တုန်းကတော့ TI Final ဆိုတဲ့ နေရာမှာတွေ့ခဲ့ကြတာဖြစ်ပြီး စိတ်လှုပ်ရှားမှုအပေးဆုံး TI Final တွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း လက်စွမ်းတွေကျဆင်းလာခဲ့ပြီး Closed Qualifier ဆိုတဲ့နေရာကနေ TI ကို ဝင်ပြိုင်နေရတာတော့ အဆင်ပြေမနေပါဘူး။

ဒီနှစ်သင်းမှာ OG ထက် Nigma ရဲ့လက်စွမ်းအတော်လေးဆိုးရွားစွာကျဆင်းနေပါတယ်။ Nigma အနေနဲ့ Roster တွေအကြိမ်းကြိမ်းပြောင်းလည်းခဲ့ပေမဲ့လည်း နောက်ဆုံး အနားယူနေတဲ့ ရွှေဘခေါ် Miracle ကို ပြန်ခေါ် MID မှာအလွန်ကြမ်းခဲ့တဲ့ Sumail တို့ပြန်လည်ပါဝင်ခဲ့တာတောင် Nigma တို့တိုင်ပတ်နေတုန်းပါပဲ။ ပြိုင်ပွဲကြီးတွေနဲ့ဝေးရာကိုအမြဲထွက်ပြေးနေတဲ့ Nigma အနေနဲ့ OG ကိုအကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လည်း Nigma ကတော့ ရိုးရာမပျက် ရှုံးခဲ့ပါတယ်။ Nigma ရဲ့ Captain Kuro ခေါ် ပြောင်ကြီး ကိုလုံးဝနားမလည်နိုင်ပါဘူး။ ဒီပွဲမှာ Game 1 ရှုံးတယ်၊ Game 2 ကျပြန်နိုင်သွားတယ်၊ အဲ့မှာ ပြောင်ကြီးက မာန်တတ်သွားတာလား ရှုံးမှာကြောက်သွားတာလားတော့ မပြောတတ်ပေမဲ့ Game 2 က Core တွေဖြစ်တဲ့ Morph နဲ့ Puck ကိုပဲပြန်ထုတ်လာပါတယ်။ ဒီလိုပြန်ထုတ်လာလို့ကတော့ OG မှမဟုတ်ပါဘူး အခြားအသင်းတွေဆိုလည်း ကြိတ်လွှတ်လိုက်မှာပါ။ နောက်ပြီး Witch Doctor တို့ Warlock တို့ကို အလွန်ကြိုက်နေသော ပြောင်ကြီးအတွက် ကပြဿနာတစ်ခုလိုကိုဖြစ်နေပါတယ်။

OG အနေနဲ့ကတော့နိုင်သင့်တဲ့ပွဲကို နိုင်အောင်ဆော့ပြသွားတယ်။ Game 3 က Ari ရဲ့ Pudge ကြီးကတော့ လန်ထွက်နေတာပါပဲ။ Dendi ကြီးကိုတောင်ပြန်ပြီးအမှတ်ရသွားစေလောက်တဲ့ အထိကို Ari ရဲ့ချိတ်တွေကလန်ထွက်နေပါတယ်။ OG အနေနဲ့ UB Semifinal ကိုရောက်ရှိသွားပြီး သူတို့နောက်ပိုင်းတွေ့ရင်အမြဲရှုံးနေကြဖြစ်တဲ့ ငါးလူသား (FishMan) တို့ရဲ့ Entity နဲ့ တွေ့မှာဖြစ်ပါတယ်။ ဒီပွဲနိုင်ခဲ့ရင်တော့ OGတို့ရဲ့ TI13 ဝင်ခွင့်က ၆၀ ရာခိုင်နှုန်းအောင်မြင်သွားပြီလို့ပြောရမှာပါ။

ဘာပဲပြောပြော OG နဲ့ Nigma တို့ရဲ့တွေ့ဆုံမှုဟာ TI 9 Final လောက်ရင်ခုန်မှုတွေမပေးတော့ပေမဲ့ အလွမ်းလေးတော့ပြေစေပါတယ်။

MSC 2024 ပြိုင်ပွဲအတွက် Group Stage မဲခွဲမှုများပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ Group A မှာတော့ EVOS Glory, Fire Flux, NIP Flas...
19/06/2024

MSC 2024 ပြိုင်ပွဲအတွက် Group Stage မဲခွဲမှုများပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ Group A မှာတော့ EVOS Glory, Fire Flux, NIP Flash, RRQ Akira တို့ကြရောက်နေပါတယ်။ Group A ကအသင်းတွေကတော့ မျှတယ်လို့ပြောလို့ရပါတယ်။ Group ရဲ့ထိပ်ဆုံးနှစ်သင်းသာတတ်ရောက်မှာဆိုတော့ ကျွန်တော့ အနေနဲ့ EVOS Glory နဲ့ Fire Flux တို့တတ်ရောက်သွားမယ်လို့ခန့်မှန်းမိပါတယ်။

Group B မှာတော့ Fnatic ONIC, See You Soon, Selangor Red Giants, Team Falcons တို့ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီ Group ရဲ့ ထိပ်ဆုံးနေရာကိုတော့ Fnatic ONIC ကိုသေချာပေါက်ပေးထားရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်တတ်ရောက်ဖို့အတွက် ကျန်တစ်နေရာကိုသာ ကျန်တဲ့သုံးသင်းလုကြရမှာဖြစ်ပါတယ်။ See You Soon, Selangor Red Giants, Team Falcons တို့ ၃ သင်းလုံးကလည်း လက်စွမ်သိပ်မကွာတာကြောင့် ဘယ်သူတတ် သွားမလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Group C မှာတော့ Liquid Echo, Team Sprit, Twisted Minds နဲ့ Wild Card ကနေတတ်ရောက်လာမယ့် အသင်းတစ်သင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Liquid Echo နဲ့ Team Sprit တို့နောက်တစ်ဆင့် တတ်သွားမယ် လို့ ခန့်မှန်းရပါတယ်။

Group D မှာတော့ ကိုယ်တွေရဲ့ Falcon Esports နဲ့အတူ Cloud 9, Falcons AP.Bren , Xianyou Gaming တို့ကြရောက်နေပါတယ်။ Falcons AP.Bren လည်း အခုချိန်ထိမြန်မာအသင်းတွေနဲ့ရေစက်မကုန်သေးပဲ Group တစ်ခုထဲကြရောက်လို့နေပြန်ပါပြီ။ ဒါ့အပြင် MobaZane တို့ရဲ့ Cloud 9 ကလည်းဒီ Group မှာကြရောက် နေတယ်ဆိုတော့ Falcon ဖြေရမယ့်စာမေးပွဲကတော့ လွယ်ကူနေမှာမဟုတ်ပါဘူး ။ သင်တို့ကော Falcon Group Stage ကိုကျော်ဖြတ်နိုင်ပါ့မလားဆိုတာ ဝင်ရောက်ဆွေးနွေးခဲ့ပေးအုံးနော်။

MSC 2024 ပြိုင်ပွဲကြီးလာဖို့ ရက်သိပ်မလိုတော့ပါဘူး။ ဒီနှစ် MSC ကတော့အခါတိုင်းလို မဟုတ်ပဲ Esports World Cup 2024 ပြိုင်ပွဲ...
14/06/2024

MSC 2024 ပြိုင်ပွဲကြီးလာဖို့ ရက်သိပ်မလိုတော့ပါဘူး။ ဒီနှစ် MSC ကတော့အခါတိုင်းလို မဟုတ်ပဲ Esports World Cup 2024 ပြိုင်ပွဲကြီးမှာ ကျင်ပပြုလုပ်မယ့် MSC ပြိုင်ပွဲကြီးဖြစ်ပါတယ်။
ဒါကြောင့်လည်းအသင်းတွေအားလုံးကရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့ ပြိုင်ပွဲတစ်ခုဆိုလည်းမမှားပါဘူး။ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကလည်း MLBB အသင်းတိုင်းရဲ့အိမ်မက်တစ်ခုလို့ပြောရမှာပါ။ ကျွန်တော်တို့ မြန်မာကိုယ်စားပြု အသင်းအဖြစ် Falcon အသင်းကဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

MSC 2024 ပြိုင်ပွဲကြီးမှာ Indonesia မှ Fnatic ONIC, Evos Glory ၊ Philippine မှ Liquid Echo, Falcons AP.Bren ၊ Malaysia မှ Selangor Red Giants ၊ Cambodia မှ See You Soon ၊ Brazil မှ RRQ Akira ၊ Team Sprit ၊ Turkey မှ Fire Flux ၊ NA Region မှ Cloud 9 ၊ China မှ Xianyou Gaming အသင်းတွေကတော့ MSC 2024 ပြိုင်ပွဲကြီးကိုပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

MENA Region မှ ၂ သင်း၊ Singapore မှတစ်သင်းနဲ့ Wild Card မှတတ်ရောက်လာတဲ့ အသင်းတို့သာ ကျန်ရှိပါတော့တယ်။ လက်ရှိအသင်းတွေရဲ့လက်စွမ်းအရတော့ နာမည်ကြီးအသင်းတွေပဲ Champion ဖြစ်မယ်လို့ခန့်မှန်းနေကြတယ်ဆိုပေမဲ့ ကိုယ်တွေရဲ့ Falcon Esports ကိုလည်းလျှော့မတွက်စေချင်ပါဘူး။ ဘယ်အသင်းဘယ်လောက်ကောင်းကောင်း Falcon ကိုပဲအားပေးရမှာပါ။ သင်တို့ကော ဘယ်အသင်းကိုအားပေးမှာလည်းဝင်းရောက်ဆွေးနွေးပေးခဲ့ကြပါအုံး။

MPL Indonesia Season 13 ပြိုင်ပွဲကြီးဟာဆိုရင်တော့ ပြီးဆုံးလိုသွားခဲ့ပါပြီ။ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ အားလုံးထင်ထားကြ...
10/06/2024

MPL Indonesia Season 13 ပြိုင်ပွဲကြီးဟာဆိုရင်တော့ ပြီးဆုံးလိုသွားခဲ့ပါပြီ။ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ အားလုံးထင်ထားကြတဲ့အတိုင်း Fnatic ONIC ကအနိုင်ရရှိခဲ့ပါတယ်။ ဒီနေရာမှာ Champion အသင်းကို အထွေအထူးလုပ်ပြီး ပြောနေဖို့မလိုပေမယ့် Champion အသင်းကိုအကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့ EVOS Glory ကတော့ မဖြစ်မနေချီးကျူးသင့်ပါတယ်။

EVOS Glory အနေနဲ့ M1 ပြီးထဲကဘာမှမလုပ်ပြနိုင်ခဲ့တာအတော်လေးကြာနေပြီလို့ပြောရမှာပါ။ EVOS ဆိုရင်လူတိုင်းကလွယ်ပါတယ်ကွာ အေးဆေးပါ၊ EVOS ဆိုတာ Player တွေရဲ့ သင်္ချိူင်း ကြီးပါ ဆိုပြီးဝေဖန်သံတွေနဲ့ ဒီရာသီမှာအတော်လေးတိုက်ခိုက်ခံခဲ့ရတဲ့အသင်းတစ်သင်းပါ။

ဒါပေမဲ့ EVOS Founder တွေရဲ့အပြာင်းအလည်းတွေကြောင့် ဘာမှမဟုတ်တဲ့ EVOS Glory ကနေ MSC 2024 ပြိုင်ပွဲကြီးကို သွားရောက်ကစားရမယ့် EVOS Glory ဖြစ်ခဲ့ပါပြီ။ Grand Final ရောက်ခဲ့တာနဲ့တင် EVOS Glory အတွက်အောင်မြင်နေပါပြီ၊ S13 Champion ဖြစ်ခဲ့ရင်တော့ အပိုဆုပေါ့။ ဒါပေမဲ့ လည်း ဖြူးဝါတွေကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ပဲ 4-2 နဲ့အရှံးပေးခဲ့ရပါတယ်။

EVOS Glory အနေနဲ့ MSC 2024 ပြိုင်ပွဲကြီးမှာဘာတွေလုပ်ပြနိုင်မလည်းဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါတော့မယ်။

နှစ်ပေါက်အောင်စောင့်ခဲ့ရတဲ့ Black Myth : Wukong ဆိုတဲ့ကောင်ကြီးကတော့ လာမယ့် ၈ လပိုင်း ၂၀ ရက်နေ့မှာကျွန်နော်တို့တွေလက်ထဲက...
08/06/2024

နှစ်ပေါက်အောင်စောင့်ခဲ့ရတဲ့ Black Myth : Wukong ဆိုတဲ့ကောင်ကြီးကတော့ လာမယ့် ၈ လပိုင်း ၂၀ ရက်နေ့မှာကျွန်နော်တို့တွေလက်ထဲကိုရောက်ရှိလာပါတော့မယ်။ Game မထွက်ခင်နောက်ဆုံး ထွက်ရှိလာတဲ့ ထွေလာအရဆိုရင်တော့ Black Myth : Wukong ရဲ့ Theme Song ဟာ Journey to The West ဇာတ်လမ်းတွဲထဲက Original Wukong Theme Song ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ Black Myth : Wukong ထွက်လာရင်တော့ တစ်ကမ္ဘာလုံးက Streamer တွေဝိုင်း Stream ကြအုံးမှာပါ။ ကိုယ်တွေကတော့ YouTube Gaming ပဲလုပ်ရအုံးမှာပါ။ YouTube Gaming ဆိုတာတော့ Walkthrough ထိုင်ကြည့်ရတာကိုပြောတာပါ။

MPL Indo S13 ဟာဆိုရင် ပြိုင်ပွဲပြီးဆုံးဖို့ မလိုတော့တဲ့ အချိန်ကာလကိုရောက်ရှိလို့လာပါပြီ။ Season 12 တုန်ကလို Fnatic ONIC ...
07/06/2024

MPL Indo S13 ဟာဆိုရင် ပြိုင်ပွဲပြီးဆုံးဖို့ မလိုတော့တဲ့ အချိန်ကာလကိုရောက်ရှိလို့လာပါပြီ။ Season 12 တုန်ကလို Fnatic ONIC ကပဲ Champion ဖြစ်ပြီးတော့ MSC ပြိုင်ပွဲကြီးကိုတတ်ရောက်သွားမလား ဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Fanatic ONIC နဲ့ ယနေ့ယဉ်ပြိုင်မဲ့ EVOS Glory ရဲ့အနေအထားကို တစ်ချက်ပြန်ကြည့်မယ်ဆိုရင်တော့ Regular Season တုန်းကတော့ တိုင်တွေပတ်နေတဲ့ အသင်းတစ်သင်အပြင် ဘာမှထူးခြားနေတာတော့မဟုတ်ပါဘူး။ ဘယ်လိုနေနေ Fanatic ONIC အနိုင်ရရှိမဲ့ပွဲဆိုတာလူတိုင်း သိနေတဲ့ အဖြေတစ်ခုလိုပါပဲ။

ဒါပေမဲ့ ပြုပြင်ပြောင်းလည်းမှုတွေပြုလုပ်ပြီး Playoff စတင်ချိန်မှာတော့ EVOS Glory မှဟုတ်ပါလေစ လို့တောင်မေးယူရတဲ့အထိကို လက်စွမ်းတွေဆက်တိုက်ပြသနေပြီး Upper Bracket မှာ Fanatic ONIC ကိုရင်ဆိုင်နိုင်တဲ့ အနေအထားထိဖြစ်လို့လာနေပါတယ်။

EVOS Glory အနေနဲ့ UB Semi Final မှာ ဒီနှစ် MPL Indo Season 13 Regular Season ရဲ့အုပ်စုပထမ ရထားတဲ့ BTR ကိုအနိုင်ယူပြလိုက်တာကတော့ လုံးဝ Surprise ပါပဲ။ ဒါကြောင့် Fanatic ONIC တို့ EVOS Glory ကိုလျှော့တွက်လိုက်ရင်တော့ Lower Bracket ကိုဆင်းသွားရနိုင်ပါတယ်။

LB Semifinal မှာတော့ Geek နဲ့ BTR တို့ယနေ့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲကလည်း လက်ရည်မကွာတာာကြောင့် အတော်လေးကြည့်ကောင်းမယ့် ပွဲကောင်းတစ်ပွဲဖြစ်လို့လာမှာပါ။

MPL Indo Season 13 ကတော့လက်ရှိအချိန်မှာ ရင်ခုန်မှုအပြည့်ပေးဖို့အတွက် အကောင်းဆုံးအချိန်ကိုရောက်လို့နေပါပြီ။ သင်တို့ကော ဘယ်အသင်း Champion ဖြစ်သွားမလည်းဆိုတာ ခန့်မှန်းပေးခဲ့ကြပါအုံးနော်။

2023  နှစ်ကုန်ပိုင်းလောက်က စတင်အကောင်ထည်ဖော်ခဲ့တဲ့ Esports World Cup 2024 ဆိုတဲ့ပြိုင်ပွဲကြီး ဟာဆိုရင် ယခုလ ၂၈ ရက်နေ့မှာ...
05/06/2024

2023 နှစ်ကုန်ပိုင်းလောက်က စတင်အကောင်ထည်ဖော်ခဲ့တဲ့ Esports World Cup 2024 ဆိုတဲ့ပြိုင်ပွဲကြီး ဟာဆိုရင် ယခုလ ၂၈ ရက်နေ့မှာစတင်တော့မှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်ပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပြိုင်ပွဲကိုလည်း ၈ လပိုင်း ၂၅ ရက်နေ့ထိ ၃ လတိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ Total Prize Pool ကလည်း သန်း ၆၀ ဆိုတော့ အတော်လေးကိုဆုကြေးမြင့်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဆုကြေးက သန်း ၆၀တောင်ဆိုတော့ Esports World Cup 2024 မှာဘယ်လို Game တွေပါဝင်သွားမလည်း ဆိုတာအတော်လေးစိတ်ဝင်စားမိလို့လိုက်လေ့လာကြည့်မိပါတယိ။ Esports World Cup 2024 ပြိုင်ပွဲကြီးမှာတော့ MLBB, Dota 2, CS2, StarCraft II, HOK, Free Fire, PUBG, PUBG Mobile, Rainbow Six Siege, Overwatch 2, Fortnite, Rocket League, EA Sports FC, Street Fighter Six, Tekken 8, LOL, Teamfight Tactics, RENNSPORT နဲ့ Apex Legends ဆိုပြီး Game ပေါင်း ၂၀ ကျော်ပါဝင်သွားမှာဖြစ်ပါတယ်။

Game ပေါင်း ၂၀ ဆိုတော့လည်း ပြိုင်ပွဲကာလ ၃ လဆိုတာကတော့ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့တစ်ခုရှိတာက လက်ရှိ နိုင်ငံတစ်ကာ Esports Scene မှာ Active သိပ်မဖြစ်တော့တဲ့ Overwatch 2, Apex, Rainbow Six Siege တို့လို့ First Person Shooter Game တွေအတွက် Esports World Cup ပြိုင်ပွဲကြီးကနေပြန်လည် ထွန်းတောက်လာဖို့မျှော်လင့်ရပါတယ်။

ကိုတွေနိုင်ငံကအသင်းတွေအနေနဲ့လည်း Esports World Cup 2024 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိလို့ထားပါတယ်။ ထုံစံအတိုင်း မြန်မာနိုင်ငံရဲ့ လူအကြိုက်အများစုံး Game တစ်ခုဖြစ်တဲ့ MLBB အသင်းတစ်သင်းဖြစ်တဲ့ Falcon နဲ့ Zino Zinith တို့ပဲဖြစ်ပါတယ်။ ZINO ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မဟုတ်ပဲ မဲခေါင်ဒေသကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

နောက်လာမယ့်နှစ်တွေမှာတော့ HOK, DOTA2, CS2 တို့လိုပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကအသင်း တွေဝင်ရောက်ယှဉ်ပြိုင်နိုင်ရင် ပိုပြီးတော့ အခွင့်အလမ်း တွေရလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်။


မနေ့က Dota 2 ရဲ့  Patch အသစ်ဖြစ်တဲ့ v7.36 ထွက်ရှိလို့လာပါတယ်။ v7.36 ဟာ Dota 2 ကစားတဲ့သူတွေအတွက်တော့ အတော်လေးကိုအလုပ်ရှုတ...
24/05/2024

မနေ့က Dota 2 ရဲ့ Patch အသစ်ဖြစ်တဲ့ v7.36 ထွက်ရှိလို့လာပါတယ်။ v7.36 ဟာ Dota 2 ကစားတဲ့သူတွေအတွက်တော့ အတော်လေးကိုအလုပ်ရှုတ်စေတဲ့ Patch တစ်ခုပါပဲ။ အရင်တုန်းက Talent Tree တွေစပါတုန်းကလိုပဲ အသည်းနဲ့အသန် စာတွေလိုက်ဖတ်ရ၊ YouTube ကနေ Patch အကြောင်းရှင်းပြတာတွေ လိုက်ကြည့်ရ နဲ့အလုပ်တွေကိုရှုတ်လို့ပါပဲ။ Patch တစ်ခုလုံးကတော့ ရှင်းပြလို့မဖြစ်နိုင်တာကြောင့် ကိုယ်တိုင်ပဲလေ့လာကြပါလို့အကြံပြုချင်ပါတယ်။

အခုတစ်ခေါက် Patch ကအရင်ထွက်ခဲ့တဲ့ Patch တွေထက်ကို ပိုမှတ်ရပါတယ်။ ဒီ Patch မှာ Hero Facet နဲ့ Innate Ability ဆိုပြီးအဓိကနှစ်ပိုင်းရှိလို့နေပါတယ်။

ပွဲမစခင် မိမိကစားလို့တဲ့ ပုံစံနဲ့ Hero Facet စတင်ရွေးရမှာပါ။ Hero Facet ဆိုတာက Hero တစ်ကောင်ကို Playstyle အမျိုးမျိူးပြောင်းလည်းစေနိုင်ပါတယ်။ ဘယ်လိုမျိုးပြောင်းစေလည်း ဆိုရင် ဥပမာ DK Hero Facet မှာဆိုရင် ၃ မျိုးရွေးလို့ရတယ်။ DK အနေနဲ့ မီးနဂါးနဲ့ စမလား၊ အဆိပ်နဂါးနဲ့စမလား၊ ရေခဲနဂါးနဲ့စမလားဆိုပြီး ရွေးလို့ရသွားပါတယ်။ Hero Facet က Hero တိုင်းမှာပါဝင်လာတာကြောင့် မိမိကစားနေကြ Hero တွေလောက်လေ့လာရင်ကို လက်တလော ကစားလို့ရပါပြီ။
နောက်တစ်ပိုင်းကတော့ Innate Ability ပါ။

Innate Ability ဆိုတာကတော့ ပွဲမစခင်ထဲကရနေတဲ့ Ability လို့ပဲပြောရမှာပါ။ ခပ်လွယ်လွယ် ပြောရရင်တော့ LVL 1 မှာတင်အပိုရတဲ့ Spell လို့ပဲပြောရမှာပါ။ Innate Ability မှာလည်း ၂မျိုးရှိနေပါတယ်။ LVL တင်စရာမလိုတဲ့ Innate Ability နဲ့ LVL လိုက်တင်ရတဲ့ Innate Ability ဆိုပြီးအလွယ်မှတ်လို့ရပါတယ်။

ဒီ Patch ထွက်ပြီးတာနဲ့ Dream League Season 23 ပွဲတွေရှိနေတော့ Pro Team တွေဘယ်လိုကစားလည်း ဆိုတာလိုက်ကြည့်မိတယ်။ ပွဲတွေအကုန်လုံးက Early မှာတင် အတော်လေး Battle ဆိုင်လာကြပါတယ်။ နောက်ပြီး Early လိုက် Roam တဲ့အသင်းတိုင်းလိုလို နိုင်တာများပါတယ်။ XG Vs Falcon တို့ပွဲမှာဆိုရင် Falcon တို့ပွဲစထဲကတောက်လျှောက်ကို Roam ပြီးတော့ကစားခဲ့တာတွေ့ရပါတယ်။ Mid Game လောက်လည်းရောက်ကော ပွဲအဖြေကထွက်နေပါပြီ။ Dream League Season 23 ကတော့ Patch အသစ်ကိုစမ်းဖို့အတွက်အကောင်းဆုံးပြိုင်ပွဲတစ်ခုပါပဲ။

ဒါနဲ့စကားမစပ် The Ringmaster ဆိုတဲ့ Hero ကဒီတစ်သက် ထွက်လာအုံးမှာလား။

Esports World Cup ကြီးလာဖို့နီးကပ်လာတဲ့ အချိန်မှာတော့ S-Tire အဆင့်ရှိတဲ့ Organization တွေဟာ MLBB ကစားပွဲထဲကိုစတင်ပါဝင်လာ...
23/05/2024

Esports World Cup ကြီးလာဖို့နီးကပ်လာတဲ့ အချိန်မှာတော့ S-Tire အဆင့်ရှိတဲ့ Organization တွေဟာ MLBB ကစားပွဲထဲကိုစတင်ပါဝင်လာကြပါတယ်။ အသင်းအသစ်မွေးလိုနိုင်တဲ့ Org တွေကတော့ အသင်းသစ်စတင်ဖွဲ့စည်းကြပြီး အချိန်မမှီတဲ့အသင်းတွေက တော့ရှိပြီးသားအသင်းတွေကို ဝယ်ယူလာကြပါတယ်။

Team Liquid ဆိုရင် Aura Esports ကိုစတင်ဝယ်ယူပြီး Liquid Aura ဆိုပြီး MLBB ပြိုင်ပွဲတွေကိုစတင်ယှဉ်ပြိုင်နေပါပြီ။ ဒါအပြင် Fanatic ကလည်း Onic နဲ့ပူးပေါင်းပြီး Fanatic Onic အဖြစ်နာမည်ပြောင်းကာ MLBB လောကထဲကိုစတင်ပါဝင်လာခဲ့ပါပြီ။ ဒီလိုပါဝင်လာတာဟာ MLBB လောကအတွက်တော့တစ်ကယ်ကောင်းတဲ့အချက်တစ်ခုပါပဲ။

ဒီလိုအသင်းကြီးတွေ MLBB ကိုစိတ်ဝင်စားလာရချင်းကတော့ Esports World Cup ကြောင့်လို့ပြောရမှာပါ။ Esports World Cup ကရမယ့်ဆုကြေးတွေ ထောက်ပံကြေးတွေက Esports Org တွေအတွက် အတော်လေး မက်လောက်စရာဖြစ်နေပါတယ်။ ဘာပဲပြောပြော MLBB လောကတိုးတတ်လာမှာကိုတော့ ကြိုမြင်မိနေပါတယ်။ မြန်မာအသင်းတွေလည်းတစ်ကယ်လက်စွမ်းပြနိုင်ပြီး ဖြစ်နိုင်ခြေများတဲ့အသင်းတွေ ကိုလည်း Saudi အိမ်ရှေ့မင်းသားတွေ ထောက်ပံ့လာနိုင်ပါတယ်။

မနေ့ကတော့ Dota ပရိတ်သတ်တွေအတွက် အလွန်ပြည့်စုံတဲ့ နေ့တစ်နေ့လို့ဆိုရမှာပါ။ ဘာလို့လည်းဆိုရင် PGL Wallachia Season 1 ရဲ့ Gra...
20/05/2024

မနေ့ကတော့ Dota ပရိတ်သတ်တွေအတွက် အလွန်ပြည့်စုံတဲ့ နေ့တစ်နေ့လို့ဆိုရမှာပါ။ ဘာလို့လည်းဆိုရင် PGL Wallachia Season 1 ရဲ့ Grand Final ပွဲကြီးရှိနေလို့ပါ။ Grand Final တိုင်းကတော့ပြည့်စုံတဲ့ Grand Final ဖြစ်လို့မနေပါဘူး။ ဒါပေမဲ့ PGL Wallachia Season 1 ပြိုင်ပွဲကြီးကတော့ ရသအပြည့်ပေးနိုင်တဲ့ Grand Final တစ်ခုဖြစ်ခဲ့ပါတယ်။ PGL Wallachia Season 1 ပြိုင်ပွဲကြီးရဲ့ Grand Final မှာ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ Xtreme Gaming နဲ့ TI နှစ်ကြိမ်အနိုင်ရရှိထားတဲ့ Team Sprit တို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Xtreme Gaming ဟာ Ame ကိုခေါ်ယူပြီးတဲ့နောက်မှာ ဆက်တိုက်ဆိုသလို လက်စွမ်းတွေပြလာခဲ့တဲ့ အသင်းတစ်သင်းပါ။ သူနဲ့ယှဉ်ပြိုင်ရတဲ့ Team Sprit ကလည်းခေတဲ့အသင်းတစ်သင်းမဟုတ်ပါဘူး၊ TI ဆိုတာကြီးကို ၂ ကြိမ်အနိုင်ရဘူးတဲ့ အသင်းတွေထဲကတစ်သင်းပါ။ ဒါအပြင်အကောင်းဆုံ Position 1 ကစားသမား Yatoro ရှိလို့နေပါသေးတယ်။

တစ်ဖက်ကလည်း AME၊ နောက်တစ်ဖက်ကလည်း Yatoro ဆိုတော့ ဒီနှစ်ယောက်ချတာ ဘယ်သူနိုင်မလည်းလို့စောင့်ကြည့်ချင်နေကြတဲ့ Dota ပရိတ်သတ်တွေအတွက်ကတော့ လုံးဝကို ရွှေဖြစ်ခဲ့တဲ့ PGL Wallachia Season 1 Grand Final ပြိုင်ပွဲကြီးပါ။

ဒီ ၂ သင်းရဲ့ ယှဉ်ပြိုင်မှုကတော့ Best of 5 ပွဲစဉ်ကို ၅ ပွဲလုံးအပြည့်ကစားပြီးတော့ Team Sprit ကအနိုင်ရှိခဲ့ပါတယ်။ တရုတ်အသင်း တွေဟာ လက်ရှိ မှာတော့ Champion ဆိုတာကြီးနဲ့ လွဲနေတာ Arsenal လိုပါပဲ။

ပွဲအတွင်းကြောင်းတွေကိုတော့ပြောမပြနေတော့ပါဘူး။ ညကမကြည့်လိုက်ရတဲ့ သူတွေကတော့ Highlight တော့သွားပြန်ကြည့်သင့်ပါတယ်။ Highlight တင်ကို ၁ နာရီလောက်ကြာပါတယ်။
ဒီနှစ် TI မှာတော့ AME ပါဝင်လာတဲ့ Xtreme Gaming ကိုတော့ လျှော့မတွက်ကြဖို့လိုအပ်ပါတယ်။ သူတို့အနေနဲ့ တစ်ဖြည်းဖြည်းပိုကောင်းလာတာကို သင်တို့လည်းသတိထားမိမှာပါ။ ဒါပေမဲ့လည်း တရုတ်အသင်းဖြစ်နေလို့ Champion ဆိုတာကြီးနဲ့လွဲနေအုံးမှာလားဆိုတာတော့မပြောတတ်ပါဘူး။

Address

Yangon
<<NOT-APPLICABLE>>

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Zurich Esports Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zurich Esports Myanmar:

Share

Zurich eSport Management Services (Myanmar)

Founded in 2018, Zurich eSport management is pioneer for eSport online & offline Management in Myanmar as full-service management and consulting group providing exclusive representation for eSports tournament, brands and companies eSports industry in Myanmar with our practice blends decades of strategic expertise in the gaming space.

With backgrounds in the professional eSports industries, our team is comprised deal-making experience to create new revenue streams for our clients and to meet the demands of brands and companies that want to reach young, digitally-minded consumers through integration into eSports competitions, teams, and media.

Zurich eSport Management (On-Stop)Services :

Our Services