Burmese Natural Vlog

Burmese Natural Vlog သဘာအလှတွေကို ချစ်သောသူတို့အတွက်

25/08/2026

တစ်ချို့အနားလေးတွေက သေးသေးလေးနဲ့
ဘာမှသာမဟုတ်တာ နေရတော့အတော်ခက်တယ်မလား။
Crd-Vioce

 #တောင်ပြုံးခေါ်ပွဲတော်ကြီး(၁)ဒီရက်တွေ တောင်ပြုံးပွဲတော်ရက်မို စာသင်သားဘဝက ကြုံခဲ့ရတဲ့ တောင်ပြုံးနဲ့ရတနဂူနတ်ပွဲများကို သ...
25/08/2026

#တောင်ပြုံးခေါ်ပွဲတော်ကြီး(၁)

ဒီရက်တွေ တောင်ပြုံးပွဲတော်ရက်မို စာသင်သားဘဝက ကြုံခဲ့ရတဲ့ တောင်ပြုံးနဲ့ရတနဂူနတ်ပွဲများကို သတိရမိပါတယ်။

တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ ၊သြော် နောက်ကနေ ယောက်ဖရေ ခေါ်နေပြီ...
ဗျို့ သီးငြီးခံ ထုံးစံပါအတည်၊အိမ်ကို ပြန်ပြန်.. ပြန်ပါ ကလေးတွေ နိုးကုန်ပြီ...

ကျုပ်တို့နိုင်ငံမှာ အထင်ကရ ပွဲတော်များအနက် တောင်ပြုံး၊ရတနဂူနတ်ပွဲများကတော့ အလွန်ထင်ရှားလှပါတယ်။အခြားရိုးရာ နတ်ကနားပွဲများထက် လည်း အစစအရာရာသာလွန်
တဲ့ အံ့မခန်းပွဲတော်ကြီးပါ။နတ်ယုံကြည်ကိုးစားသူ၊နတ်နဲ့ပဋ္ဌာန်းဆက်ရှိသူ တတိုင်းပြည်လုံးက နှစ်စဉ် ရောက်,ရောက်အောင်လာကြရပါတယ်။

မတ္တရာမြို့နယ်၊တောင်ပြုံးရွာမှာ ကိုယ်တော်ကြီးကိုယ်
တော်လေး(မင်းကြီးမင်းလေး)တို့ကို ပူဇော်ကျဉ်းပတာမို့ တောင်ပြုံးလို့ ခေါ်ပြီး၊အမရပူရမြို့၊ရတဂူဘုရားအနီး တောင်ကြီးရပ်ကွက်က မင်းကြီးမင်းလေးတို့ရဲနန်းထိန်း ပုပ္ပါးမယ်တော်နတ်နန်းနဲ့ ဘုတ်အိုးရွာ အောက်နန်းမှာ ကျဉ်းပတဲ့ပွဲကိုတော့ ရတနဂူလို့ ခေါ်ဆိုကြပါတယ်။

တောင်ပြုံးနဲ့ရတနဂူနတ်ပွဲများကို ဝါခေါင်လမှာကျဉ်းပကြပါတယ်။လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော် ကျုပ်တို့စာသင်သားဘ၀က ပွဲတော်ရက်တွေဆို မိုးမလင်းခင်ထဲက မန္တလေးမြို့ လမ်းမတွေပေါ်မှာ..

"တောင်ပြုံးကို၊တောင်ပြုံကို" လို့ အော်ဟစ်ကြလျှက် နေကုန် ကားများက လှည့်ပတ်ပြီး လူခေါ်လေ့ရှိကြပါတယ်။တောင်ပြုံးအထူးရထားလည်း ဆွဲပေးပါတယ်။လူကတော့ တွဲထဲမှာရော အမိုးပေါ်မှာပါ တောင်ပြုံးပွဲတော်ချိန်ဆို ငါးပိသိပ်ငါးချင်သိပ်ပေါ့။

တောင်ပြုံးခေါ်ပွဲတော်ကြီး နီးပြီဆိုမှဖြင့် မန္တလေးမြို့ဟာ အနယ်နယ်အရပ်ရပ်က လူများနဲ့စည်ကားလေ့ရှိပါတယ်။နတ်နဲ့နွယ်တဲ့မန္တလေးသူမန္တလေးသားများကတော့ ပွဲတော်မတိုင်ခင် ကြိုတင်ပြီး ဗောင်းတော်ဆက်, ပါဝါဆက်၊ ဆက်ပန်း၊ဆောင်ပန်း ဆက်ထားနှင့်ကြပါတယ်။အခြားမြို့ရွာများမှ လူများက နွယ်ရာ ကနားစီးနတ်ကတော်နဲ့အတူ ရထားတွဲလိုက်၊မော်တော်ကားများနဲ့အစုလိုက် တအုပ်တမကြီး လာလေ့ရှိကြတယ်။

မြန်မာလူမျိုးက ပွဲလမ်းသဘင်ခုံမင်တဲ့လူမျိုးဆိုတော့ ဝါ
ခေါင်လရောက်ပြီးဆိုမှဖြင့် ဗောင်းတော် ဆက်ရန်၊ ပဝါဆက်ရန်၊ချိုးရေသုံးရန် ရည်မှန်းပြီး လှုပ်လှုပ်ရွရွနဲ့ စုဆောင်းကြပေါ့၊နတ်ဒိုးသံကလည်း စိတ်ကို တက်ကြွစေတာမို့ တောင်ပြုံး မစမီကပင် အပျော်ပိုးတွေက ဦးစွာရောက်နှင့်နေသလိုမျိုးရယ်ပါ။

မင်းကြီးမင်းလေးတို့ရဲ့နတ်နန်း ၀န်းကျင်မှာ ကနားစီးနတ်
ကတော်များက ယာယီနတ်နန်းဆောင်လေးများဆောက်
လုပ်ထားပြီး နတ်ရုပ်များကို ပန်းမျိုးစုံ၊အရက်မျိုးစုံ,
ကြက်ကြော်,ငါးကြော်,အုန်းငှက်ပျောအစားအသောက်
မျိုးစုံနဲ့ပြင်ဆင်ပူဇော်ပသထားပြီး အဲဒီနတ်နန်းလေးမှာပဲ နတ်မေး,နတ်ဟော ပြုလုပ်ကြပါတယ်။

ကနားစီနတ်ဆရာက ဌာန်မာန်အပြည့်နဲ့ နတ်၀င်ပူးတာ၊နတ်ဟောတာမျိုးကို ဆောင်ရွက်ပါတယ်။ပူဇော်ပသငွေများကိုတော့ ကနားစီးနတ်ကတော်က ဌာန်မာန် မုအပြည့်နဲ့
နတ်၀င်နေတာဆိုတော့ သိမ်းဖို့ အဆင်မပြေနိုင်လို့ ကနာစီးရဲ့ တပည့်လူယုံက သိမ်းပေးပါတယ်။

မသိမ်းလို့ မရ၊လေလွင့်လို့ မဖြစ်၊သူတို့အခေါ် အနယ်နယ်အရပ်ရပ်က အတူပါလာတဲ့ နတ်သားသမီး တပည့်များကို
တောင်ပြုံးရွာထဲမှာ အိမ်များငှါးထားပေးပြီးချက်ပြုတ်ကျွေးမွေးနေရတာ၊နောက်လိုက် တပည့်တပန်းတွေက
လည်း အများသားမဟုတ်လား။

ကနားစီးနတ်ကတော်တိုင်း အတူနေ တပည့်တပန်းများစွာရှိပါတယ်။ချက်ပြုတ်သူ၊ သနက်ခါးသွေပေးသူ၊ အ၀တ်နဲ့လက်၀တ်ရတနာဆင်မြန်းပေးသူ၊ကန့်တော့ငွေ လက်ခံသူနဲ့တချို့နာမည်ကြီး ကနားစီးဆိုရင် ကိုယ်ပိုင်ဆိုင်းဝိုင်းနဲ့ အတော်ကို သိုင်းသိုင်း၀န်း၀န်း ပြည့်ပြည့်စုံစုံ ရှိတတ်ကြပါတယ်။

#တောင်ပြုံခေါ်ပွဲတော်ကြီး (၂)

အဆင့်မြင့် ကနားစီးနတ်ကတော်ဖြစ်ဖို့ရာ နန်းတက်ပွဲ လုပ်ကြရပါသတဲ့။ကနားစီးနတ်ကတော်ရဲ့အရှိန်အဝါ ဓနအင်အား၊တပည့်အင်အားတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် မင်းခန်းမင်းနားနဲ့ ရှင်လောင်းလှည့်သလိုမျိုး မင်းကြီးမင်းလေးနတ်နန်းမှာ သွားပြီး ကနာပေး၊နတ်က,ကြရပါတယ်။

အဲဒီနန်းတက်ပွဲမှာ ကြီးကျယ်ခန်းနားမှုဟာ ကနားစီးနတ်
ကတော်ရဲ့ အဆင့်အတန်းနဲ့အရှိန်အဝါကို ထုတ်ဖေါ်ပြသလိုမျိုးလို့ ပြောပြပါတယ်။

အသိုင်းအဝိုင်းတောင့်တင်းတဲ့ ကနာစီးနတ်ဆရာ ကရင်ဆို ဆိုင်းဆရာများကလည်း မမောနိုင်၊မပမ်းနိုင် တီပေးကြတယ်။ညီတော်ကြီး၊သားတော်ကြီး ဖေကြီးပျော်တယ်ကွာဆိုတဲ့စကားနဲ့အတူ ဆိုင်းဝိုင်းထဲ စွန့်ကြဲပေးတဲ့ငွေတွေက ဖွေးကနဲဖွေးကနဲ နည်းတာမှ မဟုတ်တာ၊အဲဒီခေတ်ကတော့ ရာတန်ကြီးတွေပေါ့၊အတူပါ နတ်သားသမီး တပည့်တပန်းတွေကလည်း အဲဒီနန်းတက်ပွဲမှာ ကိုယ့်ဆရာကနားစီးကို အသကုန်ပူဇော်ကြပါတယ်။ပုထုဇဉ်သဘာ၀ ဂုဏ်တု ဂုဏ်ပြိုင်၊ ကနားစီးကို မျက်နှာလုပ်ကြတာလည်း ပါမှာပေါ့။

နန်းတက်ပွဲချိန်ဆို မင်းကြီးမင်းလေးတို့ရဲ့ နတ်နန်းမှာ ကျိတ်
ကျိတ်တိုးကြပ်ညပ်နေပါတယ်။နန်းထဲရောက်သူမှန်သမျှ လက်တွေမြှောက်ပြီး ကခုန်လေ့ရှိကြပါတယ်။နတ်ဒိုးသံက အဲလောက်ကို ဖမ်းစားတာ။

မင်းကြီးမင်းလေးတို့ကို ဆက်တဲ့ဆက်ပန်းများ၊ပြန်စွန့်တဲ့ဆောင်ပန်းများကို တိုးကြိတ်ပြီး ဆက်သကြ၊ပြန်ယူကြနဲ့ လက်ခံသူတို့မှာ လက်မလယ် လုယူကြရတာ။တောင်ပြုံးပွဲမှာ လူအတိုးရဆုံးနေရာတွေကတော့ ဆုတောင်းပြည့်ဘုရား ဆောင်းတန်း အုတ်နှစ်ချပ်လပ်နေတဲ့ နေရာနဲ့ကိုယ်တော်ကြီးကိုယ်တော်လေးတို့ နတ်နန်းတို့ပဲ ဖြစ်ပါတယ်။

ပွဲတက်အတွက် ဘိုးစဉ်ဘောင်ဆက် ဗောင်းတော်ချုပ်၊
သိုက်ချုပ်နတ်ထိမ်း၊နန်းထိမ်း၊အမတ်ကြီးစတဲ့နတ်အမွေခံတို့ကို အခကြေးငွေပေးကြရပါတယ်။ပွဲတက်ချင်တိုင်းတက်လို့ မရပါ။တောင်ပြုံးနဲ့ဆက်သမျှ ငွေကြေးကို သူတို့ကို ရပါသတဲ့။

ချိုးရေတော်သုံးရန်၊ယုံထိုးရန် ကိစ္စတွေမှာလည်း မင်းကြီးမင်းလေး ပုံတော်တို့ကို အမွေခံနတ်အနွယ်၀င်တွေကပဲ အနီးကပ်ဆောင်ရွက်ကြရပါတယ်။

#တောင်ပြုံးခေါ်ပွဲတော်ကြီး(၃)

ဝါခေါင်လဆန်း(၈)ရက်မှဝါခေါင်လပြည့်နေ့ထိ တောင်ပြုံးပွဲ ကျဉ်းပပြီး၊ဝါခေါင်လပြည့်ကျော်(၈)ရက်မှ ဝါခေါင်လကွယ်ထိ ရတနဂူပွဲ ကျဉ်းပတာမို့ ရတနဂူ မကူးခင် တစ်ပတ်မှာ မန္တလေးလေးမြို့၊မဟာမြတ်မုနိဘုရားကြီး ၀န်းကျင်ရှိ ကိုယ်နဲ့စပ်ရာ ဘုန်းတော်ကြီးကျောင်းများမှာ နတ်အဖွဲ့တွေ တည်းခိုနေကြရပါတယ်။

နတ်နန်းမှာ ခန်းနားတင့်တယ်စွာ အပူဇော်ခံခဲ့ရတဲ့နတ်ပုံတော်များလည်း ဘုန်းတော်ကြီးကျောင်းဆိုတော့ ခေါင်းရင်းဖက် မစံကြရဘူး၊တောင်းတွေထဲမှာတချို့နဲ၊ခြေရင်း၊လှေခါးရင်းနဲ့အဆင်ပြေတဲ့နေရာတွေမှာပဲ သီးခံစံနေကြရရှာပါတယ်။တစ်ခါတလေ ညညများထရင် ပြိုးပြိုးပြက်ပြက် အရောင်တွေနဲ့မို့ လန့်မိခဲ့ပါရဲ့။

အသောကာရာမတိုက်၊ မိမိတို့ ညောင်စာရေးကျောင်းတွင် ပြည်မြို့က ကနားစီးနတ်ကတော် ခေတ္တရာရာထွန်းအဖွဲ့အမြဲတည်းခိုပါတယ်။

ဆရာတို့ နတ်ကတော်တွေက အားလုံးနွဲ့နွဲ့နှောင်းနှောင်းနဲ့ အမျိုးသမီးတွေလို နေ၊အမျိုးသမီးတွေလို ပြောနဲ့ဘာလို့ ကျာကျားယားယား မနေကြတာလဲလို့ မေးတော့...

မိန်းမရှာလို နေတော့ ယောကျ်ားနတ်း၊မိန်းမနတ် ၀င်ပူးတော့ အဆင်ပြေသတဲ့၊နတ် လမိုင်းကပ်တယ်လို့ပြောပြပါတယ်။ (တမင်ပြောခဲ့တာလားတော့ မသိ။)

ဆရာတို့ ၊ တကယ်ရော နတ်ပူးရဲ့ရဲ့လားဆိုတော့ဟန်လောက်ပဲ လက်နှစ်ဖက်ပူးပြီး လှုပ်လိုက်တာပါ၊သမ္ဘာနဲ့
ဟောတာပါ လို့ ရိုးသားစွာ ပြောပြပါတယ်။

ဆရားတို့၊မီးနတ်ပူးတော့ မီးတွေ ပါးစပ်ထဲငုံတာ၊ခန္ဓာ
ကိုယ်မှာ တို့တာတွေက မပူဘူးလား မေးတော့မီးနတ်ပူး
တော့မယ်ဆိုရင် နံသာဖြူကို ကိုယ်အနှံ့ သွေးပြီး လိမ်းထားတယ်၊သောက်တယ်၊အုန်းရေ သောက် ထားတယ်လို့ ပြောပါတယ်။

ဆရာတို့က ဘာဖြစ်မယ်၊ ဘယ်လောက်တန် ကနားပေးရမယ်ဆိုတော့၊မဖြစ်ရင် လိမ်ရောက်ဘူးလားအောင်မြင်မှ တပည့်တော်တို့က ကနားပေးခိုင်းတာပါ တဲ့ ။

ကျုပ်ကလည်း ငယ်သေးတော့ သိပ် မမေးတတ်လို့သာ၊မေးမြန်းတတ်ရင် စီကာပတ်ကုံး လူနတ်လောကရဲ့အ
ကြောင်းတွေကို ပြောပြလောက်တယ်။သူ့မှာအချစ်တော်
ခပ်နွဲ့နွဲ့ခပ်ချောချော ကောင်းလေးလည်းရှိတယ်ဗျ။သူက
တော့သူ​ဋ္ဌေးသားကျနေတာပဲ ကနားစီးက အကုန်အကျခံ ဆင်ပေးထားတာ၊ကြာတော့လည်း သဘာ၀အရ ဘတ်ပြေးတာများပါတယ်။ကနားစီးခမျာတော့ မျက်ရည်နဲ့မျက်
ခွက်ပေါ့။လွမ်းဆွေးတသနဲ့ဖြေမဆည်းနိုင်။အသဲနုကြသူတွေကို။သူတို့ဘ၀တွေကို ထဲထဲ၀င်၀င် ကြည့်သင့်တယ်။

တစ်နေကုန်ခုန်ပေါက် ကခုန်,ဆို,ပြောနေရသူတွေမို့ ခန္ဓာသဘာ၀အရ အရွယ်ရလာတာနဲ့အမျှ ညညဆို ညောင်းကိုက်နေတတ်တာ။အချစ်တော်လေးရဲ့အနင်းအနှိပ်ကို ခုံမင်ရှာကြတယ်။သံယောဇဉ်က အဲလိုရယ်ပါ။

ပွဲမကူးခင် အားနေကြတော့ ကနားစီးတွေ စုပြီး ဘာလုပ်နေကြမယ်ထင်လဲ? ပြောတော့ဘူးနော်။

#တောင်ပြိုံးခေါ်ပွဲတော်ကြီး (၄)

နတ်လူတွေဖြစ်ကြတာမို့ အကောင်းနဲ့အဆိုးကတော့ ဒွန်တွဲနေမှာပဲ။ဒါကို သိတော်မူလို့ ဘုရားရှင်က နတ်ကတော်များသေလွန်ရင် ကြောက်စရာကောင်းတဲ့ အနံ့,သွင်ပြင်ပုံသဏ္ဍာန်န်နဲ့ ပြိတ္တာဖြစ်တတ်တယ်၊လူတွေကို လှည့်ပတ်ပြီးပန်းနံ့
သာ,ငွေးကြေးနဲ့ပူဇော်ပသတာတွေကို ယူကြလို့ တဲ့။ဆုံးမတော်မူပါတယ်။(နိဒါန၀ဂ်သံယုတ်၊၄၅၀)

ရိုးရာယုံကြည်မှုနဲ့နွယ်နေတော့ မရိုးသားကြတဲ့ကနားစီးတွေလည်း ရှိတတ်တာ သဘာ၀ပါ။ကနားစီးတွေကတော့ အင်တာနက်ခေတ် အေအိုင်တိုင် အသစ်သစ်တွေနဲ့စီးဆင်းလျှက်ပါ။လျော့သွားတယ်လို့ကို မရှိ။

လုံးလမထူ ဉာဏ်မကူရင်တော့ နတ် မ,မပါ။လူးကလည်း လုံ့လထူ၊ဉာဏ်လည်းကူပါမှ လူလည်းလုံ့လ၊နတ်လည်း မ,တာ သဘာ၀အမှန်ပါ။

နတ်စောင့်ရှောက်ခြင်းနဲ့နွယ်တဲ့ဒေသနာတွေကိုမြတ်စွာဘု
ရား များစွာဟောကြားတော်မူပါတယ်။မြန်မာနိုင်ငံက (၃၇)မင်းတို့လိုတော့ မဟုတ်ပါ။နတ်ရာဇ၀င်တွေအရဆို လူဘ၀တုန်းက နေချင်သလိုနေ၊တေချင်သလို တေ၊သောက်စားပြီး သေသွားသူတွေမို့ ယနေ့ပညာခေတ်မှာတော့ ဉာဏ်နဲ့လေးလေးနက်နက် စဉ်းစားသင့်တယ်။တချို့ ယုံ
ကြည်ကိုးစားခြင်းဟာ အယူအစွဲကြီးတာမျိုး ဖြစ်ပါတယ်။

လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုနဲ့ဆိုပေမယ့် တစ်နှစ်ကို လူငါးသိန်းလောက် တောင်ပြုံးပွဲ လာကြသတဲ့။နည်းတဲ့ငွေကြေးမဟုတ်။အခုလို အချိန်အခါ မျိုးမှာ ပိုးပြီး ချင့်ချိန်ကြရပါမယ်။မည်သည့်ကိစ္စမျိုးမဆို အစွန်းလွတ်ကြပါမှ အပြစ်ကင်းပြီး လိုလားတဲ့ ကောင်းကျိုးရကြတာပါ။

ဒေ၀တာဗလိ-နတ်ပူဇော်ခြင်းဆိုတာ ဆီးမီးနဲ့ပူဇော်တာ၊မုန့်ပဲသွားရည်စာ အနည်းအကျဉ်းနဲ့ ပ.သ.တာ၊ကုသိုလ်ပြု အမျှအတမ်းပေဝေတာလောက်နဲ့ နတ်များက ကျေနပ်နှစ်သက်ပြီး သားသမီးကို မိဘကစောင့်ရှောက်သလိုမျိုးပြန်စောင့်
ရှောက်တတ်တာကိုပဲ ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။ဒါကို သိစေချင်တာပါ။

ဆရာတော်ဦပညာသီဟာဘိဝံသ

ပန်းတွေဟာ ပျော်ရွှင်ခြင်းမို့နေ့ရက်တိုင်းမှာ ပန်းတွေ ပွင့်စေချင်တယ် . . .။ 🌸  နေ
25/08/2026

ပန်းတွေဟာ ပျော်ရွှင်ခြင်းမို့
နေ့ရက်တိုင်းမှာ
ပန်းတွေ ပွင့်စေချင်တယ် . . .။ 🌸
နေ

25/08/2026

မိုးလေးဖွဲတုန်း သတိရ💔

23/08/2026

လွမ်း ရက် ဆက် ဦး___________________ပြန် လာ မယ် ဆိုအိပ် မက် လို  ဟို တောင် ထိပ် ဆီမိုး ရိပ် တွေ ညိုသ တိ တ ရ မျက် ရည် စို...
23/08/2026

လွမ်း ရက် ဆက် ဦး
___________________

ပြန် လာ မယ် ဆို

အိပ် မက် လို ဟို တောင် ထိပ် ဆီ
မိုး ရိပ် တွေ ညို

သ တိ တ ရ မျက် ရည် စို
တိမ် တွေ ပြို ငို တဲ့ အ ဆုံး

တ ကယ် မေ့ ပြီ လား
ဘယ် နေ့ ဘယ် နေ ရာ ဆီ တဲ့
ဝေ ဒ နာ ရှည် မ ဆုံ တဲ့ လမ်း မှာ
လွမ်း ရက် ဆက် ဦး ။ ။

သန့်ဇော်

မန်ယူအစစ်ပြန်လာပြီ။
22/08/2026

မန်ယူအစစ်ပြန်လာပြီ။

burmeseGallery
21/08/2026

burmeseGallery

21/08/2026

Natural 💙

21/08/2026

ရွှေစေတီ ထံတော်ပါးမှာကွယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Burmese Natural Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Natural Vlog:

Shortcuts

Share