11/12/2025
"ခြေစွမ်းကောင်းရဲ့သားနဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာလေ့ကျင့်ပေးဖို့လိုနေသေးတဲ့
မြန်မာကျားမ လေးများ"
နည်းပြရဲ့ ကစားကွက်ကြောင့် ဗီယက်နမ်ကို အရေးနိမ့်ခဲ့တာလား.... !
တောင်ပံကစားအားကောင်းတဲ့ဗီယက်နမ်အမျိုးသမီးအသင်းအနေနဲ့ မဖြစ်မနေ
မြန်မာအမျိုးသမီးအသင်းကိုအနိုင်ရမှ အုပ်စုအဆင့်ကနေကျော်လွှားနိုင်မှာကြောင့် 3 4 3 ကစားကွက်နဲ့ပွဲထွက်လာခဲ့ပါတယ်
မြန်မာအမျိုးသမီးအနေနဲ့ 4 3 3 ကစားကွက်နဲ့ပွဲထွက်လာပါတယ်
May Thet Mon Myint နဲ့ Lin Lae Oo တို LB,RB ကစားသမားတွေက စိတ်လှုပ်ရှားတာကြောင့်လား
ဗီယက်နမ်ကိုရှိန်နေလို့လားမသိပေမယ့် ဒီနေ့ပွဲမှာ
အမှားတွေတော်တော်လေးများခဲ့ပါတယ်
အဲ့ဒီတော့ ဗီယက်နမ်အမျိုးသမီးအသင်းရဲ့ ဘယ်တောင်ပံညာတောင်ပံတိုက်စစ်တွေကို မြန်မာအမျိုးသမီးအနေနဲ့ မတောင့်ခံနိုင်ခဲ့ပါဘူး
အထူးသဖြင့် မြန်မာအမျိုးသမီးအသင်းရဲ့ ဂိုးသမား
မျိုးမြမြငြိမ်းအနေနဲ့ အတော်လေး စိုးရိမ်စိတ်များပြီး pressure ပိနေသလို ခံစားရပါတယ်
ပေးလိုက်ရတဲ့ 2ဂိုးလုံးကလည်း ဗီယက်နမ်အသင်းအနေနဲ့ အရမ်းကြီးကောင်းနေလို့ မဟုတ်ပဲ
ကျွန်တော်တို့မြန်မာအမျိုးသမီး အသင်းရဲ့ အမှားတွေကြောင့်သာဖြစ်ပါတယ်
မြန်မာနည်းပြအနေနဲ့ ဗီယက်နမ်အသင်းတိုက်စစ်ကိုဟန့်တားနိုင်ဖို့ ဆိုရင် ဗီယက်နမ်အသင်းရဲ့ တောင်ပံကစားသမားတွေကို ကောင်းကောင်းကြီး
ထိန်းချုပ်နိုင်တဲ့ ကစားကွက်မျိုးနဲ့ ပွဲထွက်လာခဲ့သင့်ပါတယ်
ဗီယက်နမ်အမျိုးသမီးအသင်းအနေနဲ့
မြန်မာအမျိုးသမီးအသင်းကအနိုင်ယူခဲ့တဲ့ ဖိလပိုင်အမျိုးသမီးအသင်းကို
ဘာကြောင့် ဂိုးသွင်းမယူနိုင်ရတာလဲ
နည်းပြရဲ့ကစားကွက်နဲ့အများကြီးသက်ဆိုင်ပါတယ်
(ဗီယက်နမ်အသင်းက ဖိလပိုင်အမျိုးသမီးအသင်းထက်ပိုပြီး ကောင်းပါတယ်)
ပြီးခဲ့တဲ့ အာရှဖလားခြေစစ်ပွဲ မှာလည်း
ဘင်္ဂလားဒေ့ရှ် အမျိုးသမီး အသင်းကိုရှုံးနိမ့်ပြီး
အာရှဖလားဝင်ခွင့်ရော ကမ္ဘာ့ဖလား အိမ်မက်ပါ ပျောက်ဆုံးခဲ့ရတာ အဲ့ဒီအားနည်းချက်တွေကြောင့်ပါပဲ
အသင်းရဲ့ line upရော အရံ playersတွေပါတောင့်တင်းတဲ့ မြန်မာအမျိုးသမီးအသင်းအနေနဲ့
အမှားတွေကို ဘယ်အချိန်ထိ သင်ခန်းစာယူနေအုံးမှာလဲ...
ဘယ်အချိန်ထိပြင်ဆင်နေရအုံးမှာလဲ...
အရေးကြီးတဲ့ ပွဲစဉ်တွေရောက်တိုင်း စိတ်လှုပ်ရှားပြီးရှုံးနိမ့်နေတတ်တဲ့ မြန်မာအမျိုးသမီးအသင်း
စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးဖို့လိုအပ်နေသလို
နည်းပြအနေနဲ့ မိမိတို့အသင်းရဲ့ အားနည်းချက်အားသာချက်တွေကိုလည်း သိကျွမ်းနားလည်ဖို့ ဒီနေ့ဒီအချိန်ထိ လိုအပ်နေပါသေးတယ်
mentally အားနည်းနေတဲ့မြန်မာအသင်းအနေနဲ့
နောက်ထပ်ဒီနေ့လိုပွဲစဉ်တွေ ကြုံလာတိုင်း
အမှားတွေ ထပ်လုပ်မိနေအုံးမှာပါ
အများကြီးမဝေဖန်ချင်ပါဘူး
ချစ်လို့ အများကြီးမျှော်လင့်ထားလို့ ထောက်ပြတာပါ
ကျနော်တစ်ယောက်တည်းရဲ့အမြင်ပါ
ဆက်ကြိုးစားပါ အမြဲအားပေးနေပါတယ်
Edit: နော်ထက်ထက်ဝေ နဲ့ ဖြူဖြူဝင်း
ဒီနေ့ပွဲ တာဝန်ကျေပါတယ်