
19/09/2025
“(၁၉၁)ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကို ၂ ရက်ကျင်းပမည်”
NVS 008 - September 18, 2025.
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နှစ်စဥ်ကျင်းတဲ့ (၁၉၁)ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးကျွတ် ဆွမ်း ဆန်တော်လောင်းလှူပွဲကို စက်တင်ဘာလ ၁၉ ရက်နှင့် စက်တင်ဘာလ ၂၀ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ဥပထမ္ဘကအဖွဲ့က နှိုးဆော်ထားပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၄၁၃ ကျောင်းမှ ရဟန်း၊ ရှင်သာမဏေ ၈,၃၁၄ ကျော်နှင့် သီလရှင် ၁,၅၁၅ ကျော်ခန့်တို့အား ဆွမ်းဆန်တော်များ လောင်းလှူ ပူဇော်သွားမှာဖြစ်ပါတယ်။
ပထမနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၅ နာရီတွင် ဇေယျာသီရိရပ်ကွက်ရှိ လောကမာရဇိန် ငွေဘုံသာ ဆုတောင်းပြည့်စေတီမှ ဇေယျာ(၂)လမ်းအတိုင်း မြောက်မှအနောက်ဘက် မင်းလမ်းမတစ်လျှောက်၊ သာယာကုန်းလမ်းမှကွေ့၍ ဗဟိုလမ်း၊ ပြည်နယ်အစိုးရရုံးရှေ့အထိ အလှည့်ကျ မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့မှ မြတ်စွာဘုရား၊ ရုပ်ပွားတော်(၁)ဆူနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆုနှင်းသဘင်အတွက် အလှူခံဖလား(၁၁)လုံးနှင့် ရဟန်း၊ သာမဏေများ နှင့်သီလရှင်များက ကြွရောက်အလှူခံယူတော်မူကြမှာ ဖြစ်ပါတယ်။
Read more…
Website Link - https://starfmradio.live/news/14368/show