Novel Star

Novel Star News Media Page for Public

Youtube For Novel Star Media
-------------------------------------------------------
https://www.youtube.com/channel/UCvZmUQlI13NU-GQn1i4PZAA

Novel Star's Media သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင် ရပ်တည်လျက်ရှိသည့် မီဒီယာတစ်ခုဖြစ်သည်။

“ဒူးမားလွှတ်တော်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်...
17/09/2026

“ဒူးမားလွှတ်တော်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ရုရှားနိုင်ငံသို့ ထွက်ခွာ”

NVS 008- September 17, 2026.
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း က ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ်တက်ရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံမော်စကိုမြို့သို့ ထွက်ခွာခဲ့ပါတယ်။
အခုခရီးစဉ်က ရုရှားနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဦးမောင်မောင်အုန်း က ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှတာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။
Website Link - https://starfmradio.live/news/19734/show

“၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်ကွင်းနှင့် ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာကွင်းမ...
17/09/2026

“၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်ကွင်းနှင့် ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာကွင်းမှာ ကျင်းပမည်”

NVS 008- September 17, 2026.
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ Munich Football Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာအသင်းရဲ့ Nou Camp ကွင်းမှာ ကျင်းပမှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
လက်ရှိ ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ အက်သလက်တီကိုအသင်းရဲ့ Estadio Metropolitano ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Munich Football Arena ကွင်းက ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခဲ့တာကြောင့် ၃ နှစ်အကြာမှာပဲ တစ်ကျော့ပြန်ကျင်းပခွင့်ရရှိတာဖြစ်ပြီး Nou Camp ကွင်းကတော့ ၁၉၉၈-၉၉ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ရိုမေးနီးယားနိုင်ငံက National Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဆားဘီးယားနိုင်ငံက National Stadium Serbia ကွင်း၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ Juventus Stadium ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံက Puskás Aréna ကွင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
Website Link - https://starfmradio.live/news/19740/show

“နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်စေလွှတ်”NVS 008- September 17, ...
17/09/2026

“နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်စေလွှတ်”

NVS 008- September 17, 2026.
မြန်မာနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ အမှုဖွင့် အရေးယူခံထားရတဲ့ အမေရိကန်နိုင်ငံသား Adam Michael Castillo ကို စက်တင်ဘာလ ၁၆ ရက်မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးနှင့် သံတမန်ဆက်ဆံရေးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိတဲ့ အားလျော်စွာ အမေရိကန် နိုင်ငံသား Adam Michael Castillo ကို ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Adam Michael Castillo က The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း)၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက် ကျူးလွန် ခဲ့သည်ဆိုသည့် စွပ်စွဲချက်နဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှာ ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလိုအမှုဖွင့်အရေးယူထားပေမယ့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ Adam Michael Castilloကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စက်တင်ဘာလ ၁၆ ရက်နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Website Link - https://starfmradio.live/news/19733/show

“လိဂ်ဖလားစတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ”NVS 008- September 17, 2026.၂၀၂၆-၂၇ ရာသီလ...
17/09/2026

“လိဂ်ဖလားစတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ”

NVS 008- September 17, 2026.
၂၀၂၆-၂၇ ရာသီလိဂ်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်အတွက် မဲခွဲပွဲကို ပြုလုပ်ခဲ့ရာမှာ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ထိပ်တွေ့ဆုံနေခဲ့ပါတယ်။
လီဗာပူးလ်အသင်းက တတိယအဆင့်မှာလည်း ပရီးမီးယားလိဂ်ထိပ်သီး စပါးအသင်းနဲ့ ဆုံတွေ့ခဲ့ရပြီး အခု စတုတ္ထအဆင့်မှာ ပွဲကျပ် ထပ်ကစားရမယ့် အခြေအနေဖြစ်နေပါတယ်။ အာဆင်နယ်အသင်းကတော့ League Two ကလပ် ဖလိဝုဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လိဂ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက နောဝစ်ချ်အသင်းကို အနိုင်ရရှိကာ စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့ပါက မန်ယူအသင်းကို အနိုင်ရရှိခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လိဂ်ဖလားစတုတ္ထအဆင့်ပွဲစဉ်တွေကို အောက်တိုဘာလ နောက်ဆုံးပတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
Website Link - https://starfmradio.live/news/19739/show

“ဥရောပက ရုရှားကိုတိုက်ခိုက်လာပါက စစ်ပွဲတိုတောင်းမည်ဟု လက်ရော့ ပြော”            ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများကို...
17/09/2026

“ဥရောပက ရုရှားကိုတိုက်ခိုက်လာပါက စစ်ပွဲတိုတောင်းမည်ဟု လက်ရော့ ပြော”

ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများကိုတိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော် ဥရောပဘက်က ရုရှားကို စစ်ရေးအရ တိုက်ခိုက်လာပါက ဖြစ်ပေါ်လာမည့်စစ်ပွဲသည် အချိန်ကြာမြင့်မည်မဟုတ်ဘဲ တိုတောင်းစွာ ပြီးဆုံးနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က စက်တင်ဘာလ ၁၆ ရက်တွင်ပြောသည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဥရောပနှင့် ပဋိပက္ခဖြစ်ပွားလာမည်ကို မလိုလားဘဲ နိုင်ငံများကြား လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာပြဿနာများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းသွားရန်လိုလားကြောင်းလည်း လက်ရော့ က ပြောသည်။
ရုရှားနှင့် ဥရောပနိုင်ငံများကြား လုံခြုံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် လက်ရော့ ၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့်ဥရောပနိုင်ငံများကြား မူဝါဒများ ကွာခြား နေသည့်အပြင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်လာခြင်းတို့ကြောင့် ဥရောပဒေသ၏ လုံခြုံရေးအခြေအနေမှာလည်း အာရုံစိုက်ခံနေရသည့် အနေအထားတွင်ရှိနေကြောင်း လေ့လာသူ များကပြောသည်။
Website Link - https://starfmradio.live/news/19730/show

“ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနှင့်မြန်မာတို့ဆွေးနွေး”NVS 008- September 17,...
17/09/2026

“ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနှင့်မြန်မာတို့ဆွေးနွေး”

NVS 008- September 17, 2026.
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးဇော်ဇော်စိုးမှထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ စက်တင်ဘာလ ၁၆ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာတွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံချိန်မှာ နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကြား ဆက်လက် တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်းကောက်ခံရေးကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒါ့အပြင် ပြည်ပလုပ်သားတရားဝင်လွှဲပြောင်းငွေဆိုင်ရာများ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး တို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
Website Link - https://starfmradio.live/news/19732/show

“ဆီနီဂေါလက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူကြောင်းကြေညာခဲ့တဲ့ ဂိုးသမား မန်ဒီ” NVS 008- September 17, 2026. ဆီနီဂေါလက်ရွေ...
17/09/2026

“ဆီနီဂေါလက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူကြောင်းကြေညာခဲ့တဲ့ ဂိုးသမား မန်ဒီ”

NVS 008- September 17, 2026.

ဆီနီဂေါလက်ရွေးစင်အသင်း ဂိုးသမား မန်ဒီ က လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် မန်ဒီ ဟာ ဆီနီဂေါအသင်းနှင့်အတူ ၂၀၁၉ ခုနှစ်မှစတင်ကာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ မန်ဒီ အနေနဲ့ ၂၀၂၁ အာဖရိကဖလားပြိုင်ပွဲတွင် ဆီနီဂေါ အသင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဂိုးသမား မန်ဒီ ဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲတွင်လည်း အသင်းနှင့်အတူ အောင်မြင်မှုများရယူနိုင်ခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အဓိက ဂိုးသမားအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။ ဆီနီဂေါအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်က ဆီနီဂေါအသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်း နှင့်ပါ အောင်မြင်မှုများရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

Website Link - https://starfmradio.live/news/19722/show

“ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ကော့တွိုက် အား သက်တမ်းတိုး” NVS 008- September 17, 2026. ရီးရဲလ်မက်ဒရစ်အသင်းက အသင်းမှ အဓိ...
17/09/2026

“ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ကော့တွိုက် အား သက်တမ်းတိုး”

NVS 008- September 17, 2026.

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းမှ အဓိကဂိုးသမား ကော့တွိုက် အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ကော့တွိုက် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမည့် ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိတဲ့အတွက် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ကော့တွိုက် က ၂၀၁၈ ခုနှစ်မှာ ချယ်လ်ဆီးမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ရာ လက်ရှိဥရောပထိပ်တန်းလိဂ် ငါးခုတွင် အကောင်းဆုံးဂိုးသမားများထဲ၌ တစ်ဦးအပါအဝင် ရပ်တည်နိုင်ခဲ့ပါတယ်။

Website Link - https://starfmradio.live/news/19721/show

ဒုတိယသမ္မတ(၁) ဦးညိုစော CHINA-ASEAN Business and Investment Summit သို့တက်ရောက် အမှာ စကားပြောကြား NVS 008 - September 17,...
17/09/2026

ဒုတိယသမ္မတ(၁) ဦးညိုစော CHINA-ASEAN Business and Investment Summit သို့တက်ရောက် အမှာ စကားပြောကြား

NVS 008 - September 17, 2026.

တရုတ်နိုင်ငံ နန်နင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ နန်နင်းမြို့တွင် ပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်- အာစီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲအခမ်းအနားကို ဒေသစံတော်ချိန် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဒင်ရွေ့ရှောင်၊ မြန်မာနိုင်ငံ ဒုတိယသမ္မတ(၁) ဦးညိုစော အပါအဝင် အာစီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်က တရုတ်-အာစီယံ မဟာဗျူဟာဆွေးနွေးမှု၏ (၅)နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ကွမ်ရှီးဒေသတွင် စက်တင်ဘာလ ၁၆ ရက်တွင် Pinglu Canal ဖွင့်လှစ်ခဲ့နိုင် ခဲ့သည်။ အဆိုပါ Pinglu Canal သည် တရုတ်သမ္မတ ရှီကျင့်ဖျင် ၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် တိုတောင်းသည့် သွားလာရေးလမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကွမ်ရှီးဒေသ၏လွတ်လပ်သော ကုန်သွယ်မှုလမ်းကြောင်းကို အာစီယံနိုင်ငံများနှင့်ဆက်သွယ်နိုင်မည် ဖြစ်ပြီး Digital စီးပွားရေးနှင့် Green စီးပွားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် AI နည်းပညာတွင်လည်း ပူးပေါင်း‌ဆောင်ရွက်နိုင်မည်ဖြစ်ပြီး AI နည်းပညာနှင့်ပတ်သက်သည့် အစည်းအဝေးများ ကိုလည်း ဆက်လက်ပြုလုပ်သွာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Read more…

Website Link - https://starfmradio.live/news/19729/show

“PDF အမည်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၅,၆၇၂ ဦးဝင်ရောက်” NVS 00...
17/09/2026

“PDF အမည်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၅,၆၇၂ ဦးဝင်ရောက်”

NVS 008 - September 17, 2026.

ဥပဒေ၏အရိပ်အောက်တွင် မိသားစုနှင့်အတူပေါင်းစည်းကာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့် ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် PDF အမည်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအနေနဲ့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာမှုများမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အထိ အမျိုးသား ၅၀၃၆ ဦး၊ အမျိုးသမီး ၆၃၆ ဦး၊ စုစုပေါင်း ၅,၆၇၂ ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၆၉၂ လက်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
၎င်းအဖွဲ့များအား တိုင်းစစ်ဌာနချုပ်အသီးသီးမှ စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြပြီး တာဝန်ရှိသူများက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်၊ ခဲယမ်းများအတွက် ထိုက်တန်သည့် ဆုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။
Read more…

Website Link - https://starfmradio.live/news/19728/show

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Novel Star posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Novel Star:

Shortcuts

Share