HtunThar Hla

📢 ‎ငွေသား အရေးပေါ်လိုအပ်နေသူတွေ ဒီကနေ ထုတ်ယူကြပါ။ ငွေသားတကယ်ရပါတယ်။‎‎ထိုင်း ဘတ် 1500‎မလေးရှား ရင်းဂစ် 200‎‎တကယ်ရပါတယ်‎‎✨...
11/07/2025

📢 ‎ငွေသား အရေးပေါ်လိုအပ်နေသူတွေ ဒီကနေ ထုတ်ယူကြပါ။ ငွေသားတကယ်ရပါတယ်။
‎
‎ထိုင်း ဘတ် 1500
‎မလေးရှား ရင်းဂစ် 200
‎
‎တကယ်ရပါတယ်
‎
‎✨ ငွေသားထုတ်ယူဖို့အတွက် အထောက်အထား ဘာမှမလိုအပ်ပါ။ ဘဏ်အကောင့်မရှိလည်း ရပါတယ်။
‎
‎1). App ဒေါင့်လုပ်ပါ
‎
‎2). ပြီးရင် နီးစပ်ရာ စက်မှာ Scan ဖတ်ပါ
‎
‎3). 24 နာရီ စောင့်ပြီးရင် နီးစပ်ရာ Scan ဖတ်တဲ့နေရာသွားပြီး ငွေသားထုတ်ယူပါ
‎
အဆင်ပြေကြပါစေ 🙏🏻

‎လင့်နှိပ်ပြီး App ဒေါင့်လုပ်ရန်
‎https://join.world.org/CFXE5ZQ

You've been invited to World

20/05/2025

QR ရထားသူတွေ ရက်ချိန်းတွေ ပြန်စစ်ပေးကြပါ

ရက်ချိန်းရက်တွေ ရှေ့ကို 2 ပတ်လောက် ကြိုရောက်နေကြပါတယ်
အဆင်ပြေကြပါစေ 🙏🏻

📢 Session Expired! ဖြစ်ရင်အကောင်းဆုံးဖြေရှင်းနည်းက🎯 ဖိုင်အဟောင်းကို မလုပ်တော့ပဲဖိုင်အသစ်ပြန်တင်ခြင်း ဖြစ်ပါတယ်⚠️Review a...
14/05/2025

📢 Session Expired! ဖြစ်ရင်

အကောင်းဆုံးဖြေရှင်းနည်းက

🎯 ဖိုင်အဟောင်းကို မလုပ်တော့ပဲ

ဖိုင်အသစ်ပြန်တင်ခြင်း ဖြစ်ပါတယ်

⚠️
Review and Submit နှိပ်ပြီးရင်
* star * ပြထားတဲ့ အချက်တွေ ဖြည့်ထားတာ ရှိနေရပါမယ်

အဆင်ပြေကြပါစေ 🙏🏽

05/02/2025

📢 Bkk ဗီဇာ ကိုယ်တိုင် apply ချင်သူများအတွက်
Process ကို ကူညီပေးပါ့မယ်

ရန်ကုန် ထိုင်းသံရုံး ဗီဇာဌာန၏ အသုံးပြုခြင်းမရှိတော့သည့် ဖုန်းနံပါတ်များနှင့်ပတ်သတ်၍ လိမ်လည်မှုများရှိသည့်အတွက် ထုတ်ပြန်က...
18/12/2024

ရန်ကုန် ထိုင်းသံရုံး ဗီဇာဌာန၏ အသုံးပြုခြင်းမရှိတော့သည့် ဖုန်းနံပါတ်များနှင့်ပတ်သတ်၍ လိမ်လည်မှုများရှိသည့်အတွက် ထုတ်ပြန်ကြေငြာချက်

Source- Royal Thai Embassy Yangon

သတိပြုနိုင်ကြပါစေ 🙏🏻

ပြည်သူများထံ အသိပေးပန်ကြားချက် (13-08-2024)မြစ်ကြီးနားရုံးခွဲတွင် ၂၂-၇-၂၀၂၄ ရက်မှစ၍ Appointment Date ရယူထားပြီး နိုင်ငံက...
13/08/2024

ပြည်သူများထံ အသိပေးပန်ကြားချက် (13-08-2024)

မြစ်ကြီးနားရုံးခွဲတွင် ၂၂-၇-၂၀၂၄ ရက်မှစ၍ Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအား ၁၃-၈-၂၀၂၄ ရက်မှစ၍ မန္တလေးရုံးတွင် ဆောင်ရွက်နိုင်ပါကြောင်း၊

လားရှိုးရုံးခွဲတွင် ၅-၇-၂၀၂၄ ရက်မှစ၍ Appointment Date ရယူထားပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအား ၁၃-၈-၂၀၂၄ ရက်မှစ၍ ရန်ကုန်ရုံးနှင့်တောင်ကြီးရုံးတွင် ဆောင်ရွက်နိုင်ပါကြောင်း၊

အဆင်ပြေကြပါစေ 🙏🏻

10/07/2024

" လျှောက်ထားရန် / Review & Submit "
နှိပ်မရ ဖြစ်နေသူများအတွက်
ဘရောက်ဇာ ပြောင်းတာဖြစ်ဖြစ် ၊
တဆင့်လုပ်တာဖြစ်ဖြစ် ဆို ရပါတယ် 💪🏻

6.6.2024 မှ စတင်၍သက်တန်းရှိ (PJ-အလုပ်စာအုပ်) အမျိုးအစား စာအုပ်များ ကို(PV-အလည်စာအုပ်) သို့ ပြောင်းလဲလျှောက်ထားခွင့် မပြု...
09/06/2024

6.6.2024 မှ စတင်၍

သက်တန်းရှိ (PJ-အလုပ်စာအုပ်) အမျိုးအစား စာအုပ်များ ကို

(PV-အလည်စာအုပ်) သို့ ပြောင်းလဲလျှောက်ထားခွင့် မပြုတော့ပါ။

အဆင်ပြေကြပါစေ 🙏🏻

ထိုင်းနိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများအဆင်ပြေကြပါစေ 🙏🏻
02/06/2024

ထိုင်းနိုင်ငံ ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများ

အဆင်ပြေကြပါစေ 🙏🏻

UID နံပါတ်အတုများ သတိပြုကြပါပြည်သူများသို့ အသိပေးကြေညာချက်၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြ...
14/05/2024

UID နံပါတ်အတုများ သတိပြုကြပါ

ပြည်သူများသို့ အသိပေးကြေညာချက်

၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုသို့ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာလဝကမြို့နယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် UID နံပါတ် ရရှိရေးအတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ် များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ရပါသည်။

၃။ UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာအသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း ၁၀ လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြပါရန်နှင့် ကြားပွဲစား များဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရ မည်ဖြစ်ပါကြောင်းနှင့် UID နံပါတ် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် e-ID Department မှတစ်ဆင့်ဆက်သွယ်တိုင်ကြား ဆောင်ရွက် နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အဆင်ပြေကြပါစေ 🙏🏻

၁-၅-၂၀၂၄ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး Online ကနေ QR လျှောက်လို့ရပြည်သူများထံ အသိပေးပန်ကြားချက် (26-04-2024)မြန်မာနိုင်ငံကူး...
27/04/2024

၁-၅-၂၀၂၄ ရက်နေ့မှစ၍ တစ်နိုင်ငံလုံး Online ကနေ QR လျှောက်လို့ရ

ပြည်သူများထံ အသိပေးပန်ကြားချက် (26-04-2024)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၄-၂-၂၀၂၃ ရက်မှစ၍လည်းကောင်း၊

နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၆-၂-၂၀၂၄ ရက်မှစ၍လည်းကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပါသည်။

မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂-၅-၂၀၂၄ ရက်နေ့မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပါကြောင်း၊

ကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပါကြောင်း၊

ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် ၁-၅-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန်မှစ၍ ရက်ချိန်းယူနိုင်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ရက်ချိန်းယူရာတွင် မိမိတို့၏ အိမ်ထောင်စုစာရင်းရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ဖြစ်သည့် www.passport.gov.mm တွင် ကြိုတင်လေ့လာနိုင်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အဆင်ပြေကြပါစေ 🙏

၂၂-၄-၂၀၂၄ ရက်နေ့မှစ၍ UID နံပါတ်လိုအပ်ပြည်သူများအားအသိပေးပန်ကြားချက် (19-03-2024)မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အန...
18/04/2024

၂၂-၄-၂၀၂၄ ရက်နေ့မှစ၍ UID နံပါတ်လိုအပ်

ပြည်သူများအားအသိပေးပန်ကြားချက် (19-03-2024)

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appointment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များ ယူဆောင်လာကြပါရန်နှင့်

၎င်းအထောက်အထား လက်မှတ်မပါရှိသော လျှောက်ထားသူများအား စာအုပ်ထုတ်ယူရမည့် (၁၀) ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ကြပါရန်နှင့်

UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

အဆင်ပြေကြပါစေ 🙏

Address

Yangon
12341

Alerts

Be the first to know and let us send you an email when HtunThar Hla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share