Zeru Novels By Mee

  • Home
  • Zeru Novels By Mee

Zeru Novels By Mee Telegram Channel Link

https://t.me/+I8-FXiiFqpllYTM1
(1)

ကော်ဖီဆိုင်လေးတစ်ဆိုင်ကို အလည်သွားရအောင်ဗျာရှုပ်ထွေးလှတဲ့နေ့စဉ် ဝန်ထမ်းဘဝကနေရုန်းထွက်ပြီး စိတ်ကူးထဲရှိရာ ကော်ဖီဆိုင်လေးတ...
19/06/2026

ကော်ဖီဆိုင်လေးတစ်ဆိုင်ကို အလည်သွားရအောင်ဗျာ
ရှုပ်ထွေးလှတဲ့နေ့စဉ် ဝန်ထမ်းဘဝကနေရုန်းထွက်ပြီး စိတ်ကူးထဲရှိရာ ကော်ဖီဆိုင်လေးတစ်ဆိုင်ကို စတင်ခဲ့တဲ့နောင်ခေတ်

ကော်ဖီဆိုင်လေးစဖွင်တဲ့နေ့မှာပဲ ပထမဦးဆုံးcustomer လေးစမေးတဲ့အရာက Menu မှာ အချစ်ပါသလားအကိုတဲ့

Designeတွေကို စိတ်ဝင်စားပြီး လေ့လာနေတဲ့ သူမရဲ့ အိမ်မက်က local brand တွေကိုထုတ်ချင်တာပါလို့ပြောတဲ့ မေ တစ်ယောက် ကော်ဖီဆိုင်လေးထဲကspecial menu ဖြစ်တဲ့ အချစ်ကို မြည်းစမ်းခွင့်ရမှာလား

ကော်ဖီဆိုင်တစ်ဆိုင်ထက် ရောက်လာတဲ့ လူတိုင်းရဲ့ခံစားချက်လေးတွေ တစ်ယောက်ချင်းစီရဲ့မတူညီတဲ့အခက်အခဲတွေကိုဒီဆိုင်လေးထဲကနေ အဖြေရှာပေးနိုင်မှာလား

အချစ်ဆိုတာ ပါးစပ်ဖျားကချစ်တယ်ပြောပြီး ဂုဏ်ငွေပကာသဏတွေနဲ့ ဖော်ပြရတာမဟုတ်ဘဲ လုပ်ရက်တွေ ကနေဖော်ပြရတာတဲ့ (ကျွန်တော်နားလည်ထားတဲ့အပိုင်းပါ )

ကိုယ့်ကို စိတ်လုံခြုံမှုပေးနိုင်တာ၊နွေးထွေးစေနိုင်တာ ၊သူနဲ့မှ ကိုယ့်ပုံစံအမှန်တွေချပြနိုင်တာ ၊ကိုယ့်ပြိုလဲမှုတွေ ထုတ်ပြနိုင်တဲ့လူတစ်ယောက် ကိုချစ်မိသွားတာဟာအပြစ်လား။အချစ်ကို တကူးတကကြီးနှစ်ဦးကြားထုတ်ဖော်ပြစရာမလိုဘဲ နှလုံးသားချင်းကနေ နားလည်နိုင်စေတဲ့ဒီစာအုပ်လေးကို link ချပေးလိုက်ပါရစေ။

မိုးရာသီနဲ့ကိုက်ညီနဲ့ ခံစားချက်ကိုကော်ဖီဆိုင်လေးနဲ့ပုံဖော်ထားတဲ့
ဒီနေ့အတွက် Menu မှာ အချစ်ပါသလားရှင်
ဆိုတာလေးကိုဖတ်ရင်း
ကော်ဖီကို ဆိုင်မှာသောက်လည်းပိုင်ရှင်ချောချောလေးနဲ့မရနိုင်ကြောင်းစေတနာနဲ့ သတိပေးလိုက်ပါရစေ။အချစ်များစွာနဲ့ မေမေ့ချစ်သားတော်မောင်😆🫢🤔

FB Link
https://www.facebook.com/share/1GeTTKB65U/?mibextid=wwXIfr

WP Link

https://www.wattpad.com/story/412230776?utm_source=android&utm_medium=link&utm_content=share_reading&wp_page=library&wp_uname=


Fell harder အချစ်မှာ ပြင်းပြင်းထန်ထန်လေးပစ်လဲကြရအောင် ဗျာ 😁ဝန်ကြီးချုပ်သမီးလေးနဲ့ မိဘမဲ့ ဘုန်းကြီးကျောင်းသားလေးပါမိနိးကလ...
17/06/2026

Fell harder

အချစ်မှာ ပြင်းပြင်းထန်ထန်လေးပစ်လဲကြရအောင် ဗျာ 😁

ဝန်ကြီးချုပ်သမီးလေးနဲ့ မိဘမဲ့ ဘုန်းကြီးကျောင်းသားလေးပါ
မိနိးကလေးပေမယ့် တစ်ဖက်သက် လိုက်ပိုးပြီး ချစ်ခဲ့ရတဲ့ ဧကရီရှင်းသန့် (မီရာ) ကျောင်းကို
အသစ်ရောက်လာတဲ့ကျောင်းသားလေးက်ု
တစ်ဖက်သတ်စိတ်ဝင်စားခဲ့ရာကနေ ဘယ်လိုတွေ
လိုက်မလဲ
ကျောင်းရဲ့အလှပဂေးလေးက ချစ်နေပါတယ်လို့ ဖွင့်ပြောတာတောင် ငြင်းခဲ့တဲ့မင်းမြတ်မဟာ
တကယ်ကော မချစ်ခဲ့တာလား

တုံးခုပြီးလှမ်းမရတဲ့ပန်းလေးတစ်ပွင့်ကိုသူနဲ့မတန်ဘူးထင်ပြီး ခပ်လှမ်းလှမ်းမှာ ပဲနေဖို့ ဆုံးဖြတ်ခဲ့ပေမယ့်တကယ်ရောနေနိုင်မှာလား

သူဌေး သမီးနဲ့ ဆင်းရဲသားညားတယ်ဆိုတာ ဗမာကားထဲမှာ ဆိုတဲ့အတိုင်း မလွယ်ကူတဲ့ဘဝနှစ်ခုတကယ်ရောပေါင်းဆုံစေမှာလား
မင်းမြတ်Boxing ဘဝထဲကိုဝင်ရောက်ခဲ့တာကကောဘယ်သူ့ကြောင့်လဲ

ကဲ
She fell first, he felt harder လေးပါ ,
သူများအတွက်နီပြီး သူ့ရဲဇားလေးဆိုစိမ်းမယ့် အကိုကြီး Leo

Ongoing လေးဖြစ်ပေမယ့် တပိုင်းနဲ့တစ်ပိုင်း မတူတဲ့ ခံစားချက်ကို ရအောင်ဆွဲခေါ်တဲ့သာသာ့လက်ရာကို တူတူဖတ်ကြရအောင်ဗျာ

သူများရဲဇားလေးက လက်ဝှေ့ထိုးပြီးမွေးနေ့
လက်ဆောင်ပေးပေမယ့် အမကြီးတို့ကတော့ကျွေးလည်းမကျွေးနိုင် လက်ဆောင်ပေးမယ့်လူလည်းမရှိ အင်း သနားလို့ ကျော့်ရဲဇားလေးရင်ခွင်ထဲဝင်ပြီးပြောပြလိုက်ပါတယ် အစ်ကိုရယ် သူများတွေ သိပ်သနားစရာကောင်းတာပဲဆိုပြီး😂🫢🤭

WP Link

https://www.wattpad.com/story/411544492?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=


ဒါကသာသာ ပွင့်ညှာရဲ့ စာအုပ် ပထမတွဲဒုတိယတွဲ  PDF ပြောင်းထားတာလေးပါ🥰Thanks you so much Author🙆💕MediaFire link ဒေါင်းရန် lin...
16/06/2026

ဒါကသာသာ ပွင့်ညှာရဲ့ စာအုပ် ပထမတွဲဒုတိယတွဲ PDF ပြောင်းထားတာလေးပါ🥰

Thanks you so much Author🙆💕

MediaFire link ဒေါင်းရန် link

https://www.mediafire.com/file/31jnsq600op4fr4/မြတ်နိုးရပါသောငယ်_ပွင့်ညှာ+(ပထမတွဲ).pdf/file

MediaFire link ဒေါင်းရန် link

https://www.mediafire.com/file/xymh6ku2fg2kq2d/မြတ်နိုးရပါသောငယ်_ပွင့်ညှာ+(ဒုတိယတွဲ).pdf/file

ဒေါင်းပြီးသား tgမှာ ယူပါနော်😍😍😍

🚫စာရေးသူ ခွင့်ပြုချက်မရှိဘဲ ဇာတ်လမ်းများ၊ Content များကို youtube မှာကူးယူခြင်း၊ ပြန်လည်တင်ခြင်း မပြုရပါ။🚫

Zeru Version Pdf လုပ်ထားသမျှတစ်စုတစ်စည်းတည်းကိုဒီChannel ထဲမှာသိမ်းထားပေးပါတယ်🥰

https://t.me/+yXYc91A3ciAyMzc1

အမလေးဗျာ pdf တွေမအားသေးလို့မလုပ်နိုင်သေးတာကို drama တစ်သိန်းနဲ့drama ခင်းတဲ့ ကျွန်တော့ admin အချစ်တော်လေးကိုလည်းနည်းနည်းပါးပါးဖြောင်းဖျ ကြပါဦးဗျ မအားလို့ file လေးတွေမလုပ်နိုင်တာကို သူကပါRV တွေမပေးဘဲ စိတ်ကောက်ပတ်ပြေးကောက်ကွေးလုပ်နေတာ😏😏



ခင်လေးစိမ်းတယ်Fic name လေးပါဗျာ အရာရာပြည့်စုံပြီးလိုတိုင်းတ တတိုင်းရနေတဲ့ဘဝနဲ့နေလာရတဲ့ သီပေါမေတ္တာ မိန်းကလေးတွေ ဝိုင်းဝိ...
15/06/2026

ခင်လေးစိမ်းတယ်

Fic name လေးပါဗျာ
အရာရာပြည့်စုံပြီးလိုတိုင်းတ တတိုင်းရနေတဲ့ဘဝနဲ့နေလာရတဲ့ သီပေါမေတ္တာ
မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက နာမည် ကြီးတာတစ်ခုကလည်း သူ့ထိရင်
ယောကျာ်းမိန်းမ တစ်ယောက်ကိုမှ မညှာတာဘူးဆိုတာပါပဲ

ဒါပေမယ့်အမှတ်မထင် တိုက်မိခဲ့တဲ့ ကောင်မလေးကျ ဘာကြောင့်အကျပ်ကိုင်ပြီး သူ့ဆီ
အလုပ်လုပ်ဖို့ခေါ်ခဲ့တာလဲ
ဆယ်တန်းကို ၆ဘာသာနဲ့ အောင်ပြီး ကတော် ဖြစ်ဖို့ဇာတာပါလာတယ်ဆိုတဲ့ ဒိုင်းခင်ခင်
တစ်ယောက် မိဘတွေ တံငါသည်လုပ်ရင်းဆေးကျောင်းတတ်ဖို့ရန်ကုန် လွှတ်လိုက်တဲ့အခါ ပညာရှာရင်းပြဿနာပါရှာပြီး ဒေါသအိုးကိုတိုက်မိကာဘယ်လိုတွေဆက်ဖြစ်ကြမလဲ

အချစ်တွေဟာ အပြစ်ဖြစ်ခဲ့သလား
မချစ်တော့ရင် အပြစ်ပဲ မြင်လာတဲ့အခါ ကိုယ်ပေးခဲ့တဲ့အချစ်တွေက အလကားဖြစ်သွားခဲ့ရတဲ့ သိန်းတန်

ကဲကဲ အလံနီလေးက ဘယ်သူဖြစ်မလဲ
သစ်တောစိမ်းကကောဘယ်သူဖြစ်မလဲ
တောင်သမာန်လယ်စားမောင်ဖေငယ်
လက်သစ်လေးကိုသနားရင်းဖတ်ရအောင် link လေးချပေးလိုက်ပါတယ်ဗျ

ကိုယ်ကချစ်ပေမယ့်သူပြန်မချစ်ခံရတဲ့ သိန်းတန်လို တရားတဘောင်ဝင်ရမယ့်အမများအား ပုတီးတကုံးနဲ့တရားစာအုပ် ဆောင်ထားနိုင်ဖို့ ဒီကနေပဲ သတိပေးလိုက်ရပါတယ်ဗျ😁🤗🤣

Wattpad Link

https://www.wattpad.com/story/408265581?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=


ကျွန်တော်တို့ ဒီ page ကနေ နောက်ပိုင်းမှာ RV လေးတွေနည်းလာမယ်တစ်ခါတစ်ခါမှ ပေါ်လာတော့မယ် admin တွေ တဖြည်းဖြည်းနဲ့ပျောက်လာမယ...
13/06/2026

ကျွန်တော်တို့ ဒီ page ကနေ နောက်ပိုင်းမှာ RV လေးတွေနည်းလာမယ်တစ်ခါတစ်ခါမှ ပေါ်လာတော့မယ် admin တွေ တဖြည်းဖြည်းနဲ့ပျောက်လာမယ် နောက်ပိုင်း လုံးဝ update တွေ ပျောက်သွားတဲ့အခါ သိလိုက်တဲ့ လူမှလည်းသိပါလိမ့်မယ် သို့ပေမယ့်ကျွန်တော် တို့ကောင်းတဲ့အမှတ်တရတွေလည်းချန်ခဲ့သလို ပြန်လှန်မကြည့်ခဲ့ချင်တဲ့ အတိတ်တွေလည်းကျန်ခဲ့လိမ့်မယ် ရှိနေနိုင်သရွေ့တော့ဆက်ရှိနေပေမယ့် မရှိတော့တဲ့တစ်နေ့ အကုန်ထားခဲ့မှာပါဗျ

အတိတ်တွေ ထားခဲ့ပြီး အနာဂါတ်ကိုလျှောက်တဲ့အခါမှားယွင်းတဲ့ မှတ်တိုင်အမှားတွေမှာလည်း အနာတရနဲ့ရပ်ခဲ့ရတဲ့အချိန်တွေလည်းရှိတော့အနာဂါတ်ကိုရောက်ဖို့နည်းနည်းတော့ကြာတာပေါ့

ကျွန်တော် တို့လည်းထွက်သွားရင်ပြန်လာဖို့သေချာသလို ထွက်သွားတဲ့အမတို့တစ်စုံတစ်ယောက်လည်းပြန်မလာတော့ဘူးဆိုတာကလည်းအမှန်တရားပါပဲ😂😉😜😝


တချို့သောသူတွေများ လူကို ဓားပြ တုတ်ပြ ခြိမ်းခြောက်ပြီး Pdf file တောင်းတာ သူများကနှာခေါင်းမှာဝက်ခြံပေါက်တာအသက်ရှုရင်တောင်...
09/06/2026

တချို့သောသူတွေများ လူကို ဓားပြ တုတ်ပြ ခြိမ်းခြောက်ပြီး Pdf file တောင်းတာ သူများကနှာခေါင်းမှာဝက်ခြံပေါက်တာအသက်ရှုရင်တောင်နာနေတာကိုး ပြောလို့ကိုမရတာ ဘဝက အငဲလိုဘဲ အချစ်ဟာ ခါးလွန်းတယ်ဟေ့ လို့သာအော်ချင်တော့တယ်🤣😒😫

ဒါကသာသာ Zin Zanyar ရဲ့ Stay With Me ဆိုတဲ့ Wattpadစာအုပ်ကို PDF ပြောင်းထားတာလေးပါ🥰

Coming soon FB link

Thanks you so much Author🙆💕

MediaFire link ဒေါင်းရန် link

https://www.mediafire.com/file/dewzukikqzqsq46/Stay+With+Me_Zin+Zanyar+(WP-PDF).pdf/file

ဒေါင်းပြီးသား tgမှာ ယူပါနော်😍😍😍

🚫စာရေးသူ ခွင့်ပြုချက်မရှိဘဲ ဇာတ်လမ်းများ၊ Content များကို youtube မှာကူးယူခြင်း၊ ပြန်လည်တင်ခြင်း မပြုရပါ။🚫

Zeru Version Pdf လုပ်ထားသမျှတစ်စုတစ်စည်းတည်းကိုဒီChannel ထဲမှာသိမ်းထားပေးပါတယ်🥰

https://t.me/+yXYc91A3ciAyMzc1



Coming soon Pdf 🤩
07/06/2026

Coming soon Pdf 🤩


ကဲကဲသဲသဲ တွေ့တွေ့ချင်းချစ်ကြတဲ့ အတွဲလေးနဲ့မိတ်ဆက်ပေးမယ်ဗျ 😁😁တွေ့တာနဲ့ လက်သီးနဲ့မိတ်ဆက်ပြီး  နွဲ့နွဲ့နှောင်းနှောင်းယောကျာ...
06/06/2026

ကဲကဲသဲသဲ တွေ့တွေ့ချင်းချစ်ကြတဲ့ အတွဲလေးနဲ့မိတ်ဆက်ပေးမယ်ဗျ 😁😁

တွေ့တာနဲ့ လက်သီးနဲ့မိတ်ဆက်ပြီး နွဲ့နွဲ့နှောင်းနှောင်းယောကျာ်းကောင်းနဲ့ ဒေါင်ဒေါင်ဒင်ဒင် ဥက္ကဌတွေ့ကြတာပေါ့

ရွာငယ်လေးရဲ့ဥက္ကဌသားအငယ်ဆုံးလေးဖြစ်တဲ့ အထွေးနဲ့ ရွာ ၆ရွာ ကိုအပိုင်စားအုပ်ချုပ်ဖို့ရောက်လာတဲ့ ဟန်ခေး

စစချင်းမှာပဲ တစ်ယောက်ကထိုးပြီး တစ်ယောက်က ထိပ်တုံးပြန်ခတ်တဲ့ သူတို့နှစ်ယောက် က ဘတစ်ပြန်ကျားတစ်ပြန်သတ်ပုတ်ရင်း ဟန်ခေးတစ်ယောက် အိုးခွက်တွေကြားထဲ မိန်းမတစ်ယောက်ကောက်ရတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ

အုပ်ကြီးဆိုတွေ့တာနဲ့ကြိတ်ဖို့စဉ်းစားထားတဲ့အထွေးရဲ့ ထိုးနှက်ချက်မှာ ငရုတ်သီးမှုန့်ထုတ်တဲ့စက္ကူနဲ့ ဖျင်သုတ်မိတဲ့အုပ်ကြီးတစ်ယောက် ရေခဲစိမ်လိုက်ရတဲ့အခါ

စခွီထရမယ် ရိုးရာတွေအကြောင်းဖတ်ရမယ် ခွေးစားတွေလည်းစားရမယ်

စောက်မြင်ကတ်တယ်ဆိုပြီးကဘေဘီခေါ်ပြီးအုပ်တဲ့ အုပ်ကြီးနဲ့ စောက်မြင်ကတ်စရာကြီးဆိုပြီး ကိုကိုခေါ်ချွဲတဲ့ အထွေးကဲ နှစ်ပါးသွားလေးဖတ်ရအောင်ဗျာ

နာမည်လေးက

Stay With me တဲ့ ❤️

နှစ်ပါးသွားကဖို့လည်းမရှိအုပ်စရာဆိုလို့ကြက်ခြင်းနဲ့ ထမင်းအုပ်ဆောင်းပဲသိတဲ့အမများသူများအတွဲ ချစ်ကြည်နူးတဲ့တစ်တစ်တူးပဲ ဖတ်လိုက်တော့နော် 🥰🤩🙂

Wattpad Link

https://www.wattpad.com/story/409225237?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=



ချစ်ရမှာကြောက်တဲ့လူနဲ့ အချစ်တွေပေးချင်နေတဲ့သူကြား ဘယ်အရာကအချစ်ဆိုတာကိုပေါ်လွင်စေခဲ့တာလဲအချစ်ဆိုတာကို အယုံအကြည်မရှိ ဖခင်ဖ...
05/06/2026

ချစ်ရမှာကြောက်တဲ့လူနဲ့ အချစ်တွေပေးချင်နေတဲ့သူကြား ဘယ်အရာကအချစ်ဆိုတာကိုပေါ်လွင်စေခဲ့တာလဲ

အချစ်ဆိုတာကို အယုံအကြည်မရှိ ဖခင်ဖြစ်သူရဲ့ဖောက်ပြန်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ရည်းစားကပါ ဖောက်ပြန်တဲ့အခါအချစ်ဆိုတာ ကို မယုံကြည်တော့တဲ့ ဆေးကျောင်းသူမလေး ခေတ်

နှင်းသက်

ညီဖြစ်သူရဲ့အရှုပ်တွေနဲ့ အဖေဖြစ်သူတာဝန်တွေကို ထမ်းပိုးရင်း အချစ်ဆိုတာကိုမေ့လျော့နေခဲ့တဲ့ မြတ်မင်းထွဋ်

မတော်တဆ တွေ့ဆုံမှုကနေ စိတ်ထဲရောက်နေခဲ့တဲ့သူနဲ့ pl***oy အထင်နဲ့ မုန်းနေမိတဲ့သူမ ဘယ်သူက အချစ်တွေပေးပြီး ဘယ်သူကရှောင်ပြေးချင်တာလဲ တကယ်ကော အချစ်ဆိုတာကိုသိကြမှာလား

ချစ်ခဲ့ပြီးတော့ကော တစ်ဘဝလုံးဆွဲနေခဲ့တဲ့ trauma တွေက အသစ်တဖန်ပြန်ဖြစ်လာတဲ့အခါ

ကဲ ဆက်ဖတ်ကြည့်ရအောင် spoiler မလုပ်တော့ဘူးနော်

နာမည်လေးက

A thing called love တဲ့

ချစ်ခြင်းမေတ္တာရဲ့အလွန်မှာ ဘာရှိမလဲရှာဖွေကြည့်ရအောင်ဗျာ

ရှာတာတောင်မတွေ့ဘဲ ခုချိန်ထိပြေးလို့လိုက်တာလားလိုက်လ်ု့ပြေးတာလားဆိုတဲ့အမကြီးတွေကျတော့ ချစ်ခြင်းမေတ္တာဆိုတာ စာအုပ်ထဲကနေပဲခံစားရမှာ ပါ ချစ်ခြင်းများစွာဖြင့်(မေမေ့အချစ်တော်လေး)😆🤪

Wattpad Link

https://www.wattpad.com/story/339235368



ဒီလို လူမျိုးမှ မရရင် ယောကျာ်းမယူတော့ပါဘူးဆိုပြီးထိ mood on သွားရအောင် ဒါလေးဖတ်🤭🤭မတော်တဆ တွေ့မိခဲ့တဲ့ ခဏလေးကနေ အချစ်က စတ...
03/06/2026

ဒီလို လူမျိုးမှ မရရင် ယောကျာ်းမယူတော့ပါဘူးဆိုပြီးထိ mood on သွားရအောင် ဒါလေးဖတ်🤭🤭

မတော်တဆ တွေ့မိခဲ့တဲ့ ခဏလေးကနေ အချစ်က စတင်လာတတ်လာသလား ဆိုတဲ့
ဇေယျာထက်မြက်
အလုပ်ကိုသေချာစနစ်တကျလုပ်တတ်တဲ့သူ တိကျပြတ်သား အောင်မြင်မှုတွေပဲရနေခဲ့တဲ့သူက ခဏလေးတွေ့ဆုံမှု ကနေစတဲ့အချစ်ကိုတဖြေးဖြေးချင်းဘယ်လိုနှဲ့ယူမလဲ

ဖခင်ဖြစ်သူနောက်အိမ်ထောင်ကြောင့် မီရာလန်ဆိုတဲ့မြို့လေးမှာ ဝါသနာပါရာအလုပ်ကိုလုပ်နေရင်း ဖခင်ဖြစ်သူ ပြန်ခေါ်တဲ့အခါ ချစ်သူရဲ့ဖောက်ပြန်ခြင်းက ကြိုဆိုနေခဲ့တဲ့မြတ်နိုးသျှင်

အချစ်ဆိုတဲ့အရာကိုသိပ်မယုံကြည်တဲ့အချိန်ကြမှ မတော်တဆ အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့အခါ ဟန်ဆောင်လက်ထပ်ချင်တဲ့သူမနဲ့ သူမကို အပိုင်သိမ်းချင်တဲ့ သစ်တောစိမ်းလေးကြား အချစ်လေးတွေ ဘယ်လိူပေါက်ဖွားမလဲကြည့်ရအောင်ဗျာ

နာမည်လေးက
Perfect Marriage ❤️
ကဲကဲ ခွေးစာတွေ တနင်တပိုးပဲ စားရမယ့် fic လေးဖြစ်တာကြောင့်ကိုယ့်အမတွေကို စိတ်ပူတာ က ဒါမျိုးက မရတော့မှာ
သေချာနေတာဖြစ်တဲ့အတွက် ငှက်ပျောတောလေး
အမတို့အတွက်ကြိုစိုက်ထားပါကြောင်း 🤭🤭(မေမေ့အချစ်တော်လေးမှ မေတ္တာဖြင့် sponsor ပေးပါသည်။)😹😂

Wattpad Link

https://www.wattpad.com/story/405141227?utm_source=ios&utm_medium=link&utm_content=story_info&wp_page=story_details&wp_uname=


Address


0000

Telephone

+959789112090

Website

Alerts

Be the first to know and let us send you an email when Zeru Novels By Mee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zeru Novels By Mee:

  • Want your business to be the top-listed Media Company?

Share