KYKO

KYKO Creative_Innovative_Success

"The End of An Era..." 🥹❤️🇵🇹ဘောလုံးအားကစားဆိုတာကို စသိတတ်တဲ့အရွယ်ကတည်းက...ကစားသမားအများကြီး ကြည့်ဖူး ၊ ကြိုက်ခဲ့ဖူးပါတယ်...
06/07/2026

"The End of An Era..." 🥹❤️🇵🇹
ဘောလုံးအားကစားဆိုတာကို စသိတတ်တဲ့အရွယ်ကတည်းက...ကစားသမားအများကြီး ကြည့်ဖူး ၊ ကြိုက်ခဲ့ဖူးပါတယ်...
TV ရှေ့မှာ ထိုင်ပြီး လူတစ်ယောက်ကို ကြည့်ရင်း...
"တစ်နေ့ ငါလည်း သူလို ဖြစ်ချင်တယ်..." လို့ အိပ်မက်မက်ခဲ့ဖူးတယ်။
အဲဒီလူက...
Cristiano Ronaldo ပါ။
သူ့ကို လေးစားခဲ့တာ ဖလားတွေအများကြီး ရခဲ့လို့ မဟုတ်ဘူး...
အရှုံးတိုင်းမှာ မျက်ရည်ကျခဲ့ပေမယ့် ပြန်ထနိုင်ခဲ့တဲ့ စိတ်ဓာတ်ကို လေးစားတာ...
ဝေဖန်ခံရတိုင်း ပိုကြိုးစားပြီး အလုပ်နဲ့ ပြန်သက်သေပြခဲ့တဲ့ သတ္တိကို လေးစားတာ...
လောကကြီးက "မဖြစ်နိုင်ဘူး" လို့ ပြောတိုင်း...
"ကြည့်လိုက်ပါဦး..." ဆိုပြီး ရလဒ်နဲ့ ပြန်ဖြေခဲ့တဲ့ လူတစ်ယောက်မို့ လေးစားတာ။
"ကံ၊ ဉာဏ်၊ ဝီရိယ" ဆိုတဲ့ စကားကို လူတော်တော်များများ ပြောကြတယ်...
Ronaldo ကတော့...
ကံတရားကို ထိုင်စောင့်မနေခဲ့ဘူး...
ဉာဏ်ကို အပြည့်အဝ အသုံးချခဲ့တယ်...
ဝီရိယကို နေ့တိုင်း သွေးခဲ့တယ်...
မွေးရာပါ ပါရမီရှိခဲ့သလို၊ အဲဒီ ပါရမီထက် အဆပေါင်းများစွာ ပိုကြီးတဲ့ ကြိုးစားမှု နဲ့ ဒီနေ့ Legend... GOAT... ဖြစ်လာခဲ့တာ။
နိုင်ငံအသီးသီးက ကလပ်အသင်းတွေနဲ့ သိမ်းပိုက်စရာ ဖလားတွေကို သိမ်းပိုက်ခဲ့ပြီးပြီ...
နိုင်ငံအသင်းနဲ့လည်း ဥရောပရဲ့ အမြင့်ဆုံးဆုဖလားတွေကို ကိုင်မြှောက်ခဲ့ပြီးပြီ...
တစ်ဦးချင်းဆုတွေ...
ဂိုးသွင်းစံချိန်တွေ...
သမိုင်းမှတ်တမ်းတွေ...
အားလုံးနီးပါးကို ရယူပြီးခဲ့ပြီ။

ဒါပေမယ့်...
ကမ္ဘာ့ဖလား ဆိုတဲ့ အိပ်မက်တစ်ခုကိုတော့ (၆) ကြိမ်တိုင်တိုင် လိုက်ဖမ်းခဲ့ရတယ်... 😌
ဘောလုံးဆိုတာ လူတစ်ယောက်တည်းနဲ့ အနိုင်ရတဲ့ အားကစားမှ မဟုတ်တာ...
စာရွက်ပေါ်က လူစာရင်း အကောင်းဆုံးဖြစ်တိုင်း ကွင်းထဲမှာ ချန်ပီယံ ဖြစ်မသွားနိုင်ဘူး...
ဒါက ဘောလုံးရဲ့ အလှတရားလည်း ဖြစ်သလို...
နာကျင်စရာ အမှန်တရားလည်း ဖြစ်ပါတယ်။
တစ်ခါတလေ...
ဘဝမှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့သူတိုင်း၊ လိုချင်တဲ့ အရာအားလုံးကို မရနိုင်ဘူး ဆိုတာကို Ronaldo က သက်သေပြခဲ့တယ်။

ဒါပေမယ့်...
World Cup မရခဲ့လို့ Ronaldo ရဲ့ ဘဝက မပြည့်စုံသွားတာ မဟုတ်ဘူး...
Ronaldo ရဲ့ အဆင့်အတန်း...
Ronaldo ရဲ့ အရှိန်အဝါ...
Ronaldo ရဲ့ သမိုင်းကြောင်း...
ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး...
Ronaldo က... Ronaldo ပါပဲ။ ❤️
အသက်အရွယ်ကို အံတုရင်း...
အမြင့်ဆုံးနေရာမှာ ဆက်လက်ရပ်တည်ဖို့ ကြိုးစားရင်း...
သမိုင်းမှတ်တိုင်အသစ်တွေ ထပ်မံရေးထိုးဖို့ မရပ်မနား ကြိုးစားခဲ့တဲ့ Legendary Player တစ်ယောက်ပါ။

ဒါကြောင့်လည်း...
သူ့ကြောင့် အိပ်မက်မက်ရဲလာတဲ့ ကလေးတွေ ရှိတယ်...
သူ့ကြောင့် လက်လျှော့ချင်တဲ့အချိန်မှာ ပြန်ထနိုင်ခဲ့တဲ့ လူငယ်တွေ ရှိတယ်...
သူ့ကြောင့် "ကြိုးစားရင် ဖြစ်နိုင်တယ်" ဆိုတဲ့ ယုံကြည်ချက်ကို ရရှိခဲ့တဲ့ လူသန်းပေါင်းများစွာ ရှိတယ်...
အဲဒါက...
World Cup တစ်လုံးထက်တောင် ပိုပြီး တန်ဖိုးကြီးတဲ့ Legacy ပါ။

ကျွန်တော့်အတွက်တော့...
Portugal ဆိုတာ Ronaldo ရှိလို့ အားပေးခဲ့တဲ့ နိုင်ငံအသင်းပါ။
သူ အနားယူသွားတဲ့နေ့...
Portugal ကို အားပေးတဲ့ ကျွန်တော့်ရဲ့ ဘောလုံးဇာတ်လမ်းလည်း တစ်ခန်းရပ်သွားလိမ့်မယ်။
ဒါပေမယ့်...
Legend တွေက အနားယူသွားနိုင်တယ်...
အမှတ်တရတွေကတော့ ရင်ဘက်ထဲကနှလုံးသားမှာ ဘယ်တော့မှ အနားမယူသွားပါဘူး...
Thank You, Cristiano Ronaldo. ❤️
"You didn't just make history...
You became a part of our childhood, our youth, and our lives." 🇵🇹🥹
Forever My GOAT. 🐐❤️

05/07/2026

⚽ 90 မိနစ်လုံး စိတ်လှုပ်ရှားစရာ! နောက်ဆုံးအချိန်မှာ ဘာဖြစ်သွားလဲ? 👀

Address

Yangon
11041

Website

Alerts

Be the first to know and let us send you an email when KYKO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share