Cine Wei

Cine Wei Your Movie Corner🎬

22/12/2024

အမှောင်ထုရဲ့မင်းသား

19/12/2024

ကမ္ဘာ့အထီးကျန်ဆုံးမြို့

Content Idea ပျောက်ဆုံးနေသူတစ်ဦး
19/12/2024

Content Idea ပျောက်ဆုံးနေသူတစ်ဦး

05/12/2024

Highland Cow ဒါမှမဟုတ် အီမိုနွား

Breaking Newsတောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရ...
03/12/2024

Breaking News

တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး၊ နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲ တိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

သမ္မတ Yoon Suk Yeol က တိုင်းပြည်ကိုရုပ်မြင်သံကြားကနေမိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားလိုလားတဲ့ အင်အား စုတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြဌာန်းထားတဲ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေစပြီး လူထုထောက်ခံမှုကျဆင်းလာတဲ့ သမ္မတ Yoon Suk Yeol ဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ သူ ၂၀၂၂ ခုနှစ်အာဏာရလာကတည်းက သူ့ရဲ့အစီစဉ်တွေ တင်သွင်းမှုအောင်မြင်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာပါ။
သမ္မတ Yoon Suk Yeol ဦးဆောင်တဲ့ ရှေးရိုးစွဲ People Power Party က လွှတ်တော်မှာတင်သွင်းတဲ့ နောက်နှစ် အစိုးရအသုံးစရိတ်တင်သွင်းတောင်းခံမှုဟာ အတိုက်အခံ လွတ်လပ်တဲ့အယူအဆရှိတဲ့ ဒီမိုကရက်ပါတီကို မကျော်လွန်နိုင်ဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဇနီးသည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှုပတ်သက်ပြီး စွပ်စွဲခံရတဲ့ကိစ္စကိုလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ဖို့ကိုလည်း သူကပယ်ချထားပါတယ်။
သမ္မတ Yoon Suk Yeol က အခုလိုရေးပေါ်အခြေအနေကြေညာပြီးနောက် အတိုက်အခံ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှ ယ်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူထားပါတယ်။

Credit to VOA Burmese

New Content On the Way 🐮
02/12/2024

New Content On the Way 🐮

01/12/2024

အာရှတိုက်မှာအဆင်းရဲဆုံး မြို့ကြီး၅ မြို့ 🤯

❤️
15/11/2024

❤️

Baywatch(2017)မစ်ချ်ကတော့ Emerald Bayလို့ခေါ်တဲ့ ကမ်းခြေမှာ Lifeguard တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။သူ့ရဲ့အလုပ်အပေါ်ကျွမ်းကျ...
08/11/2024

Baywatch(2017)

မစ်ချ်ကတော့ Emerald Bayလို့ခေါ်တဲ့ ကမ်းခြေမှာ Lifeguard တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။သူ့ရဲ့အလုပ်အပေါ်ကျွမ်းကျင်မှုကြောင့်ပဲ ကမ်းခြေကိုလာလည်သူတွေအကြားpopularဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့ကမ်းခြေမှာကလေးတစ်ယောက်မူးယစ်ဆေးဝါးတစ်ထုပ်ကိုကိုင်ရင်းသေချာကြည့်နေတာကိုတွေ့သွားပါတယ်။မစ်ချ်လည်း ကလေးကိုမေးကြည့်တော့ ရေထဲကနေမျောပါလာတာလို့ပြောပါတယ်။အဲ့ဒါနဲ့ပဲ မစ်ချ်က သူ့ကမ်းခြေမှာတရားမဝင်ဆေးရောင်းဆေးဝယ်လုပ်နေတာကို သတိထားမိသွားပါတော့တယ်။ဒီလိုနဲ့ပဲ မစ်ချ်တစ်ယောက် အဲ့ဆေးတွေဘယ်ကလာတာလဲ။ဘယ်သူကဆေးတွေဖြန့်တာလဲ။သူတို့ ကမ်းခြေက Hotel ကြီးကရော ဘာတွေထူးဆန်းနေလဲဆိုတာကို Comedy/Action ပုံစံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသားကြီး Dwayne Johnson,Zac Efron မျက်လုံးပြာလေးတွေနဲ့ Alexandra Daddario တို့ကဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်
တစ်ချို့ဟာသတွေကR rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူးခင်ဗျာ။


Address

Kawlia

Alerts

Be the first to know and let us send you an email when Cine Wei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share