To My Dear

To My Dear Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from To My Dear, Social Media Agency, Yangon.

💘 ခံစားချက်တို့မွေးဖွား To My Dear 💘

💌 လက်တွဲဖော် ရှာချင်တာ
💌 ရင်ဖွင့်စာ တင်ချင်တာ
💌 Anniversary / Birthday အတွက် အမှတ်တရစာ တင်ချင်တာ
💌 လူပျောက်ရှာ Post / Crush Post / တင်ချင်တာလေးများအတွက် ဘာပဲလိုလို 🍀To My Dear🍀 ရှိနေပါပြီ

✍️ 💌🕊️ 💞👫 🍀

 #မဂ်လာပါ_မိန်းကလေး_သူငယ်ချင်းလိုချင်လိုပါကျွန်တော် အသက်က 28 , ရန်ကုန်ကပါ ,တယောက်ထဲ နေရတာ မွန်းကြပ်တော့ရည်းစားမထားဖစ်တာ ...
18/10/2025

#မဂ်လာပါ_မိန်းကလေး_သူငယ်ချင်းလိုချင်လိုပါ

ကျွန်တော် အသက်က 28 , ရန်ကုန်ကပါ ,
တယောက်ထဲ နေရတာ မွန်းကြပ်တော့
ရည်းစားမထားဖစ်တာ 7နှစ်လောက်ရှိပါပြီး
ကိုယ်ပိုင်အလုပ်ရှိပါတယ် တလ ဝင်ငွေပှံမှန်ရှိပါတယ်

ကိုယ်က ဘာသာခြားပါ လူကို လူလို့ဘဲ သဘောထားတယ်
ပွင့်ပွင့်လင်းလင်း စကားပြောလို့ရပါတယ်
အဆင်ပြေရင် ရှေ့ဆက်ပါမယ်

အဓိကတော့ ခရီးထွက်လို့ရတယ်သူ‌ဆို ပိုအဆင်ပြေပါတယ်

စကားပြောကြည့်လို့အဆင်ပြေရင် ခရီးတွေသွားမယ်
ညဘက်ဆို Bar ထိုင်ရတာ ကြိုက်ပါတယ် Club မကြိုက်ပါ

အသက် 30 ဝန်းကျင် ကောင်မလေးတယောက်လောက်
အသားဖြူတာလေးတော့ သဘောကျပါတယ်နော်

ကျန်တာတော့ စကားပြောရင်းနဲ့ ဆက်ပြောပါမယ်
👉🏻 Telegram Acc 👈🏻

(TMD1260)








#ရင်ဖွင့်ရာ
#ဖူးစာ

လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ခင်ခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သူငယ်ချင်းကို ရှာချင်လို့ပါ နာမည်က တင်နိုင်ထွန်း (or) တင်နိုင...
18/10/2025

လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ခင်ခဲ့ပြီး အဆက်အသွယ်ပြတ်သွားခဲ့တဲ့ သူငယ်ချင်းကို ရှာချင်လို့ပါ
နာမည်က တင်နိုင်ထွန်း (or) တင်နိုင်ဝင်း တစ်ခုခုပဲ
အခုဆို အသက်၄၀ လောက်ရှိပြီ ထင်ပါတယ်
သူက လွန်ခဲ့တဲ့ ၁၅နှစ်လောက်က 9 မိုင် စွယ်တော်ဘုရားနားမှာ နေတာပါ
သူ့မိဘတွေက ဟင်းသီးဟင်းရွက်ရောင်းတယ်ဆိုလားပြောဖူးတယ်
လှည်းတန်းအကျော်နားက Sweety home မှာ သူအတော်ကြာ အလုပ်လုပ်ခဲ့ပါသေးတယ်
အဲ့ထိ နောက်ဆုံးဆုံခဲ့တာပါ

သူပဲဖြစ်ဖြစ် သူ့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…

(TMD1259)








#ရင်ဖွင့်ရာ
#ဖူးစာ

အဖေ ခေါ်ခွင့်မရခဲ့သူကို ရှာချင်လို့ပါဘာပြသနာမှမလုပ်ပါဘူး အခု ဘယ်လိုအခြေနေ ရှိနေလဲ ဘာလုပ်နေလဲ သက်ရှိထင်ရှား ရှိနေသေးလား သ...
18/10/2025

အဖေ ခေါ်ခွင့်မရခဲ့သူကို ရှာချင်လို့ပါ
ဘာပြသနာမှမလုပ်ပါဘူး
အခု ဘယ်လိုအခြေနေ ရှိနေလဲ ဘာလုပ်နေလဲ
သက်ရှိထင်ရှား ရှိနေသေးလား သိချင်လို့ပါ

အမေတို့က ကျွန်တော်တို့အမွှာညီကို အသက် 5နှစ်အရွယ်တည်းက ကွဲသွားတာပါ

ကျွန်တော် က သားအကြီး
ထက်နန္ဒပါ
သူက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အောင်သပြေ စဉ့်ဟယ်အိမ်က‌ ထွက်သွားတာပါ

ကျွန်တော်တို့အမေနာမည်က
ဒေါ်ခင်ခင်ထွေးပါ

နာမည်က
ဦးမင်းမင်းလတ်ပါ
အဖိုးကဦးတင်ဦး
အဖွားကဒေါ်ခင်ဝင်းကြည် ပါ
ကျွန်တော်မှတ်မိသလောက် အဖိုးက ဆေးတပ်ကထင်တယ်

မကွေးတိုင်း မလွန်မှာ စစ်တပ်တစ်ခုရှိတယ် အဲ့မှာလအနည်းငယ်လိုက်နေဖူးတယ်
2000ခုနှစ်လောက်ကဖစ်မယ်ထင်တယ်
သိရှိသူများ ပြောပြပေးပါ
သူကိုယ်တိုင်တွေ့ရင်လဲအဆက်သွယ်ရချင်လို့ပါ

(TMD1258)








#ရင်ဖွင့်ရာ
#ဖူးစာ

အိမ်နီးချင်းနေခဲ့တဲ့ မောင်လေးတွေကို ရှာချင်တာပါ ဓါတ်ပုံတွေတော့ မရှိပါဘူးမြိတ်မြို့ ပလောက်စုရပ် ဟိန္ဒူဘုရားကျောင်း မျက်နှ...
17/10/2025

အိမ်နီးချင်းနေခဲ့တဲ့ မောင်လေးတွေကို ရှာချင်တာပါ
ဓါတ်ပုံတွေတော့ မရှိပါဘူး

မြိတ်မြို့ ပလောက်စုရပ် ဟိန္ဒူဘုရားကျောင်း မျက်နှာချင်းဆိုင်ရပ်ကွက်မှာ‌ နေပါတယ်။
အောင်မျိုးဦး ညဏ်မြင့်မောင်တို့ ညီအကိုကို ရှာချင်တာပါ။ ခုဆို သူတို့အသက် ၄၅ နှစ်ဝန်းကျင်လောက် ရှိမယ်ထင်ပါတယ်။

သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…

(TMD1257)








#ရင်ဖွင့်ရာ
#ဖူးစာ

မင်္ဂလာပါ🙏လက်တွဲဖော်ရှာတာပါခင်ဗျာ (နှစ်ကြိမ်မြောက်ပါ)😊ကျွန်တော်ကတော့နယ်မှာနေပြီး ကိုယ်ပိုင်အလုပ်ရှိသူပါ အသက်ကတော့ 42 Sin...
17/10/2025

မင်္ဂလာပါ🙏
လက်တွဲဖော်ရှာတာပါခင်ဗျာ (နှစ်ကြိမ်မြောက်ပါ)😊
ကျွန်တော်ကတော့နယ်မှာနေပြီး ကိုယ်ပိုင်အလုပ်ရှိသူပါ အသက်ကတော့ 42 Single ပါ
အရပ်ကတော့ 5ပေ10 lb 170 ပါ
အရက် ဘီယာ ဆေးလိပ်ကွမ်းရှောင်ကျဥ်သူပါ
ဗုဒ္ဓဘာသာ ဗမာလူမျိုးပါ
ရုပ်ရည်ကတော့ သင့်တဲ့ထဲပါ ပါတယ်ခင်ဗျာ

လိုချင်တဲ့အိမ်ထောင်ဘက်ကတော့ အေးဆေးတည်ကြည်ပြီး ရုပ်ရည်သင့်ရင်ရပါပြီ
အသက်ကိုတော့ မကန့်သတ်ပါ
စကားပြောချင်ရင် ကော့မန့်မှာ 🥰 ပေးခဲ့လဲရသလို
K နဲ့စတဲ့အကောင့်နဲ့လာအပ်ပါမယ်
မင်မင်ဆီမှာအကောင့်တောင်းလဲရပါတယ်

(TMD1256)








#ရင်ဖွင့်ရာ
#ဖူးစာ

အသက်က 29 နှစ်၊ အရပ်က 5'2'' နဲ့ ခန္ဓာကိုယ်ပြည့် ပြီး  ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့အထဲ ပါပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါတယ်...
17/10/2025

အသက်က 29 နှစ်၊ အရပ်က 5'2'' နဲ့ ခန္ဓာကိုယ်ပြည့် ပြီး ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့အထဲ ပါပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါတယ်။ အေးဆေးနေတတ်သလို၊ တစ်ခါတစ်လေ modernize လည်း နေတတ်ပါတယ်။ အရမ်း social ကျတဲ့အထဲလည်း မပါပါဘူး။ ထက်တဲ့မိန်းမထဲပါသလို တစ်ခါတစ်လေ ကလေးလည်း ဆန်တတ်ပါတယ်။

တစ်ဖက်က ကိုယ့်ထက်ငယ်လည်း ၂ နှစ်၃နှစ်နဲ့ ကြီးမယ်ဆိုလည်း အသက်၃၀ ကျော်ထဲကဆို အဆင်ပြေပြီး အလုပ်အကိုင် အတည်တကျရှိတဲ့သူ ဖြစ်ရင်ရပါတယ်။
ကိုယ်ကလည်း ဂရုစိုက်တတ်သူမလို့ ကိုယ့်အပေါ် အရာရာအလေးနက်ထားပြီး ဂရုစိုက်တတ်တဲ့သူ ဖြစ်ရပါမယ်။ အတွေးအခေါ် မသေးသိမ်တဲ့သူဖြစ်ပြီး ရင့်ကျက်တတ်သူ၊ အရာရာကို စဥ်းစားချင့်ချိန်နိုင်တဲ့သူ၊ နားလည် ခွင့်လွှတ်ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။ တစ်ခါတစ်လေ နည်းနည်းဆိုးတတ်တာမို့ ကိုယ့်အပေါ် သည်းခံပြီး နားလည်ခွင့်လွှတ်နိုင်သူ ဖြစ်ရပါမယ်။ သန့်သန့်ရှင်းရှင်းနေထိုင်တတ်သူဖြစ်ပြီး သပ်ရပ်စွာဝတ်စားဆင်ယင်ပြီး smart ကျသူမျိုး လိုချင်ပါတယ်။

ခုကတော့ စကားပြောဖော်အနေနဲ့ပဲ အစပြုချင်ပါတယ်နော်။

စိတ်ဝင်စားလို့ စကားပြောကြည့်ချင်တယ်ဆိုရင် မင်မင့်ဆီကနေတဆင့် အကောင့်တောင်းယူပေးပါ။

(TMD1255)








#ရင်ဖွင့်ရာ
#ဖူးစာ

16/10/2025 မှာ Mandalay to Yangon UB-812 ညနေ 5နာရီ flightမှာ တွေ့ခဲ့တဲ့ အကို့ကို ရှာချင်လို့ပါခဗျ။ခင်ချင်လို့ပါ။သူက တရုတ...
17/10/2025

16/10/2025 မှာ Mandalay to Yangon UB-812 ညနေ 5နာရီ flightမှာ တွေ့ခဲ့တဲ့ အကို့ကို ရှာချင်လို့ပါခဗျ။ခင်ချင်လို့ပါ။သူက တရုတ်စပ် လေးပါ။ကိုယ်တိုင်လဲ တရုတ်စကားအလယ်အလတ်ပြောတတ်တဲ့ သူမို့လို့ တရုတ်လိုလဲရေးပါမယ်။သူ့ကို တရုတ်လို ပိုပြီး ဖတ်စေချင်ပါတယ်ခဗျ......
ပြီးတော့ သူက မြန်မာစကားလဲ ပြောတတ်ပါတယ်။ Mandalay international airport မှာကတည်းက တွေ့ခဲ့တာပါ။လေယာဉ်ပေါ်မှာတဲ့ သူက အနောက်ဘက်နားမှာပါ ကျွန်တော်က အရှေ့ဘက်နားမှာပါ။သူ့အမနဲ့ပါ........သူ့အမက T shirt အဖြူရောင်နဲ့ပါ သူကလည်း T shirtအပြာနုလေးပါ။ဘောင်းဘီက cargo အမဲရောင်လေးပါ။ဖိနပ်လည်း sneaker အမဲပါ။ကျွန်တော်က sneaker စီးလေ့စီးထ မရှိတဲ့သူမို့လို့ ဘာအမျိုးအစားလဲဆိုတာတော့မသိပါဘူး။နောက်ပြီး လက်မှာ လက်ပတ်အနီရောင်လေးရယ် ကျောပိုးအိတ် အစိမ်းနုရောင်လေးလဲ လွယ်ထားပါတယ်။လေယာဉ်ပေါ်တတ်လာတဲ့ချိန် အာလူးကြော်ထုတ်လေး ကိုင်ပြီး စားရင်းနဲ့တတ်လာတာပါ။ပြီးတော့ လေယာဉ်ဆင်းတဲ့အချိန်လဲ သူကသူ့အမနဲ့ ဓာတ်ပုံရိုက်သေးပါတယ်။ကျွန်တော်က သူ့အနောက်မှာပါ။လေယာဉ်ကနေ ကားပေါ်ကိုတတ်ပြီးစီးတဲ့ တစ်လျှောက်မှာလဲ ကျွန်တော်က သူ့အနောက်မှာပါ။ပြီးတော့ luggage claimတဲ့ နေရာမှာလဲ သူ့နားမှာပါပဲ။
တရုတ်သူငယ်ချင်း.......အသိရချင်တာရယ် အဆင်ပြေရင် သူ့မှာ girlfriend မရှိရင် သူငယ်ချင်းထက် အဆင့်ပိုချင်ပါတယ်။
အဆင်ပြေရင် သူ့အကောင့်လေးလဲ ရချင်ပါတယ်။

အောက်မှာ သူ့ပုံလေးလဲ ထည့်ထားပါတယ်။ပုံကတော့ ဝါးဝါးလေးပဲ

Edit : ပို့စ်တင်တဲ့သူက ယောကျာ်းလေးပါ…

你弽
我是10月16号从下午5点曼德勒到仰光 UB-812 航班上偶遇你的那位男子。
我们是在曼德勒国际机场就见过的,后来在飞机上我坐在东边,你和你的姐姐坐在西边。
你姐姐穿着白色T恤,你穿着淡蓝色T恤,黑色工装裤,黑色运动鞋。
你手上戴着红色手环,背着浅绿色的背包。
上飞机的时候你手里拿着一包薯条,一边吃一边走。
下飞机时,你和你姐姐还一起拍了照片。
在取行李的地方,我也刚好在你旁边。

我记得你是个很友善的中国男子,我也会一点中文。
如果你看到这条信息,希望能联系我。
我真的很想再见到你,也想更了解你。
如果你没有女朋友的话,我希望我们能成为不止是朋友的关系。
我不知道你是否还记得我,但我真的希望你能看到这条信息。
如果你看到这条信息,可以加我微信吗?我真的很想再和你聊聊。
你可以跟管理员要我的微信号。😊
可能你不知道,你给我留下了很特别的印象。❤️

(TMD1254)








#ရင်ဖွင့်ရာ
#ဖူးစာ

[Work From Home - အိမ်မှနေ၍ အလုပ်လုပ်ရန်]​ Clothing Online Shop တစ်ခုအတွက် မိမိအိမ်မှနေ၍ တာဝန်ယူလုပ်ကိုင်ပေးနိုင်မည့် ဝန...
16/10/2025

[Work From Home - အိမ်မှနေ၍ အလုပ်လုပ်ရန်]
​ Clothing Online Shop တစ်ခုအတွက် မိမိအိမ်မှနေ၍ တာဝန်ယူလုပ်ကိုင်ပေးနိုင်မည့် ဝန်ထမ်းများကို အမြန်ဆုံးခေါ်ယူနေပါသည်။

​လိုအပ်သော ရာထူးများ
​မိမိကိုယ်တိုင် ဖက်ရှင်နှင့်ပတ်သက်သော ဗီဒီယိုများ Outfit Review, Try-on Haul, Styling Tips) ကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးဖန်တီးပေးနိုင်သူ။

​Packing Staff (WFH)
​ပစ္စည်းများကို သေသပ်လှပစွာ ထုပ်ပိုးခြင်းနှင့် ပို့ဆောင်ရေးအတွက် စနစ်တကျ ပြင်ဆင်ပေးခြင်းတို့အတွက် တာဝန်ယူပေးနိုင်သူ။
​ကိုယ်ပိုင်အရည်အချင်းနှင့် လိုအပ်ချက်များ​အိမ်မှနေ၍ အချိန်ပြည့် (Full-time) အလုပ်လုပ်ကိုင်နိုင်သူ။
​မိမိကိုယ်တိုင် အလုပ်လုပ်နိုင်ပြီး တာဝန်ယူစိတ် အပြည့်အဝရှိသူ။
​မန္တလေးမြို့ (MDY) မှ လျှောက်ထားသူများကို ဦးစားပေးမည်။ 💞

​လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ အချက်အလက်များကို စုစည်း၍
Viber - 09679768734 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

​ကိုယ်ရေးအကျဉ်းအပြည့်အစုံ (CV)
​သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (ရှိလျှင်)
​ကိုယ်တိုင်ရိုက်ကူးဖူးသော ဗီဒီယိုနမူနာများ (Content Creator ရာထူးအတွက် မဖြစ်မနေ လိုအပ်ပါသည်။)

​သင့်ရဲ့ ဖန်တီးနိုင်စွမ်းနှင့် ကြိုးစားအားထုတ်မှုကို တန်ဖိုးထားသော အဖွဲ့အစည်းနဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

(TMD1253)








#ရင်ဖွင့်ရာ
#ဖူးစာ

အရမ်းခင်ခဲ့ရတဲ့ သူငယ်ချင်းလေးတွေကို ပြန်ရှာချင်လို့ပါ…အောက်ကပုံတွေမှာ အသဲပုံ🩵 ပြထားတဲ့ သူငယ်ချင်း ၃ယောက်ကို အဓိက ရှာချင်...
16/10/2025

အရမ်းခင်ခဲ့ရတဲ့ သူငယ်ချင်းလေးတွေကို ပြန်ရှာချင်လို့ပါ…

အောက်ကပုံတွေမှာ အသဲပုံ🩵 ပြထားတဲ့ သူငယ်ချင်း ၃ယောက်ကို အဓိက ရှာချင်တာပါ။ ဘုန်းပြည့်ကျော်၊ ယုယုလှိုင်၊ ယွန်းသက်ပိုင်တို့ပါ။ ခုဆို သူတို့အသက် ၄၀ ဝင်ပါပြီ။ မဲဆောက်မှာ တစ်ရုံထဲ အလုပ်လုပ်ခဲ့ကြသူတွေပါ။ ဇာတိက ပဲခူးတိုင်းထဲကပါ။ ပုံထဲက ကျန်တဲ့တခြားသူတွေနဲ့လည်း အဆက်အသွယ်လုပ်လို့ ရမယ်ဆိုရင်လည်း အဆက်အသွယ် လိုချင်ပါတယ်။

ကွဲသွားတာ နှစ်20လောက် ရှိပါပြီ။ အရင်ထဲက သူတို့တွေကို လိုက်ရှာနေခဲ့တာ ကြာပါပြီ။ အရမ်းခင်ခဲ့ကြတဲ့သူတွေပါ။ ငယ်သူငယ်ချင်းထက်ကို ပိုပါတယ်။ အခုလိုက်ရှာနေတဲ့ ကျွန်မရဲ့နာမည်ကတော့ အိမွန်ပါ။

ကြီးလာတော့ အထီးကျန်လာတဲ့အချိန်မှာ ငယ်ငယ်က အရမ်းခင်ခဲ့ရတဲ့ သူငယ်ချင်းလေးတွေနဲ့ ပြန်တွေ့ချင်မိလို့ပါ။ အဓိကကတော့ သူတို့ထဲက ဘယ်သူပဲ ဆက်သွယ်လာလာ ရပါတယ်။ ဒီ Post လေးကိုလည်း ကူ share ပေးကြပါဦးရှင်။ သူတို့နဲ့ အရမ်းပြန်တွေ့ချင်မိနေလို့ပါ။

သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…

(TMD1252)








#ရင်ဖွင့်ရာ
#ဖူးစာ

ကိုယ်နဲ့ရွယ်တူ ဒါမဟုတ် ကိုယ့်ထက်ကြီးတဲ့ လက်တွဲဖော်ပဲလိုချင်လို့ပါ မမ enjoyer မို့လို့ပါ အသက်က ၃၆ နှစ်ပါ အလုပ်အကိုင်ကတော့...
15/10/2025

ကိုယ်နဲ့ရွယ်တူ ဒါမဟုတ် ကိုယ့်ထက်ကြီးတဲ့ လက်တွဲဖော်ပဲလိုချင်လို့ပါ မမ enjoyer မို့လို့ပါ အသက်က ၃၆ နှစ်ပါ အလုပ်အကိုင်ကတော့ မိသားစုစီးပွားရေးကို ကိုယ်တိုင်ဦးဆောင်ပြီးလုပ်နေတဲ့သူတစ်ယောက်ပါ နေရပ်ကတော့ ရန်ကုန်ပါ ရန်ကုန်သူထဲကပဲလိုချင်ပါတယ်

လိုချင်တဲ့ မိန်းကလေးပုံစံကတော့ အသက် ၄၀ လောက်ထဲကပါ အသက်အရမ်းကြီးပြီး ပုံပျက်ပန်းပျက်တွေဆိုရင် မကြိုက်လို့ပါ
အသက် ၄၀ လောက်ထဲက ဝတ်တတ်စားတတ် ရင်ရပါပြီ ပြည့်ပြည့်ဝဝလေးတွေသဘောကျပါတယ် ပွဲတွေတက် အပြင်တွေသွားဖြစ်ရင် လူအများကြားမျက်နှာမငယ်ချင်လို့ပါ ကိုယ်တိုင်ကလည်း Educated ဖြစ်ပြီးသားမို့ ကိုယ်နဲ့ level တန်းတူလောက်ထဲကအမျိုးသမီးပဲလိုချင်ပါတယ် စိတ်တူကိုယ်တူ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ရင်ပိုအဆင်‌ပြေပါတယ် ဒီအရွယ်ကြီးနဲ့ အရမ်း innocent ဆန်ပြနေတဲ့လူတွေဆိုရင်တော့ရှောင်ပါတယ် အလုပ်အကြောင်းနဲ့ပက်သက်ပြီး ဘေးကနေ အကြံဥာဏ်ပေးနိုင်ရင်အဆင်ပြေပါတယ် စကားပြောလို့အဆင်ပြေရင် အပြင်မှာတွေ့ကြည့်ပါ့မယ် ဒါပါပဲဗျ

blame မယ့်လူတွေဆိုလည်း ကြည့်ဘလိမ်းဗျ
ကျနော်က ကိုယ်လိုချင်တာ ဖြစ်ချင်တာကိုပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့လူစားမျိုးမို့လို့ပါ
blame လည်းဂရုမစိုက်တတ်ပါဘူး ဒါပါပဲဗျ

စိတ်ဝင်စားလို့ စကားပြောကြည့်ချင်ရင် မင်မင့်ဆီမှာ telegram account တောင်းယူလို့ရပါတယ်

(TMD1251)








#ရင်ဖွင့်ရာ
#ဖူးစာ

ကျမဘဝမှာပထမဆုံးရည်းစားစထားခြင်းမို့ လက်တွဲဖော်လိုချင်ပါတယ် အလုပ်တွေထဲပဲစိတ်နှစ်ထားလာလိုက်တာ ၂၇နှစ်တောင်ရှိသွားပီမို့ဘဝအတ...
15/10/2025

ကျမဘဝမှာပထမဆုံးရည်းစားစထားခြင်းမို့ လက်တွဲဖော်လိုချင်ပါတယ် အလုပ်တွေထဲပဲစိတ်နှစ်ထားလာလိုက်တာ ၂၇နှစ်တောင်ရှိသွားပီမို့ဘဝအတွက်အဖော်လိုချင်လာလို့ပါ။

အသက်၂၇နှစ်
အလုပ်အကိုင် (လောကီနယ်ပယ် လောကီရေးရာ)
social မှာလူအနည်းငယ်သိတဲ့အထဲ နာမည်ရှိတဲ့အထဲပါပါတယ်။
ကိုယ်လည်းအလုပ်ရှိအကိုင်ရှိပီးသားမို့တဖက်သူကိုလည်းမချမ်းသာချင်နေ အလုပ်အကိုင်၁ခုရှိနေတာ
ကြိုးစားချင်စိတ်ရှိတာကိုသဘောကျပါတယ်။
အသား ရုပ်ရည် အဆင့်အတန်းမလိုအပ်ပါ
အရပ်ရှည်ရင်ရပါပြီ ။ အရေးကြီးဆုံးကသစ္စာ
ရှိရပါမယ် ကိုယ်၁ယောက်ကိုပဲမြင်တဲ့သူမျိုး
ကိုသာလိုအပ်ပါတယ်။ ကိုယ်လည်းအဲ့လိုလူမျိုး
ပဲဖြစ်တာမို့ပါ။
ဘဝမှာအပျော်အပျက်ထားဖို့အချိန်မရှိပါ။အချိန်ကို
တန်ဖိုးထားလေးစားသူမို့ ကိုယ့်ကိုလမ်းကြုံ
Play မယ်ဆိုရင်တော့အခုထဲကကျော်သွားပါ ။

ကိုယ်ပုံစံကအလှကြိုက်ပါတယ် ခေါင်းအစခြေအစုံး
ခြေသဲလက်သဲကအစအလှပြင်ပါတယ်။
ဆံပင်ခါးနီးပါးရှိပါတယ်။
ထမင်းဟင်း ချက်တတ်ပါတယ်
ဒီလောက်ပဲမိတ်ဆက်ပါရစေ ကိုယ့်ချစ်သူဖြစ်လာ
မယ့်သူကိုပဲ ကိုယ့်အကြောင်းအသေးစိတ်ပြောပြပေးပါမယ်။single စစ်စစ်ဖြစ်ပြီး စကားပြောဖို့
ဆန္ဒရှိရင် love react ပေးသွားလို့ရပါတယ်
လာ add လိုက်ပါမယ်

(TMD1250)








#ရင်ဖွင့်ရာ
#ဖူးစာ

နှစ် ၂၀ ကျော်လောက် ဝေးကွာသွားသော သား၂ယောက်အား ပြန်လည်ရှာဖွေခြင်း…ရှာချင်တဲ့ သားအကြီးရဲ့နာမည်က ဝင်းနောင်ဦး၊ သားအငယ်ရဲ့နာမ...
15/10/2025

နှစ် ၂၀ ကျော်လောက် ဝေးကွာသွားသော သား၂ယောက်အား ပြန်လည်ရှာဖွေခြင်း…
ရှာချင်တဲ့ သားအကြီးရဲ့နာမည်က ဝင်းနောင်ဦး၊
သားအငယ်ရဲ့နာမည်က ကျော်ဇေယျဦးပါ…

ကျွန်မရဲ့အမည်က ဒေါ်အုံးရီ (ခ) အေးအေးစိုးပါ။
လက်ရှိနေထိုင်ရာအရပ်က ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်မှာပါ။
အမျိုးသားဖြစ်တဲ့ တပ်ကြပ်ကြီး (ဦးသောင်းဦး) က တော့ ကွယ်လွန်သွားပါပြီ။
1990 ခုနှစ်တုန်းကတော့ ဘိတ်အနောက် ကျွန်းစုမြို့နယ် (၃)ရပ်ကွက်ရဲစခန်းတွင် နေထိုင်ခဲ့သူပါ။

ကျွန်မရဲ့ အမေနဲ့အမကြီးတို့ နေထိုင်တဲ့ မိုးမိတ်မြို့ကို ရောက်လာခဲ့တာကတော့ 2004 ခုနှစ်မှာပါ။
သားအကြီးက အဲ့တုန်းက အသက် ၂၄ နှစ် ရှိပါပြီ (ကော့သောင်းဖက်ကို ထွက်ခွါသွားပြီး အဆက်အသွယ် မရတော့တာပါ)။
သားအငယ်က အဲ့တုန်းက ၂၂ နှစ်အရွယ်နဲ့ ပထမ်ကမ်းရေလယ် ဦးကျားမောင် (ငါးပုစွန်ကုမ္ပဏီလုပ်ငန်း) တွင် လုပ်ကိုင်နေခဲ့တာပါ။

ကျွန်မအသက် အခု (၆၈)နှစ် ရှိပါပြီ။
ခုချိန်မှာ ကျန်းမာရေးလည်း အရင်လို သိပ်မကောင်းတော့တာမို့လို့ ကျွန်မ အသက်ရှင်နေစဉ်လေးမှာ အနှစ်၂၀ ကျော် ဝေးကွာသွားတဲ့ သား၂ယောက်ကို ပြန်ပြီး တွေ့ချင်မိပါသေးတယ်။ သား၂ယောက်က အခုဆို အသက် ၄၅ နဲ့ ၄၃ ဝန်းကျင်လောက် ရှိပါပြီ။ အောက်ကပုံကတော့ ကျွန်မရဲ့ပုံပါ။

သူတို့ပဲဖြစ်ဖြစ် သူတို့ကိုသိတဲ့သူများ ရှိရင်ပဲဖြစ်ဖြစ် ဒီပို့စ်ကိုတွေ့ရင် ဒီ Page လေးကနေတဆင့် ဆက်သွယ်ပေးပါဦးနော်…

ဒီ Post လေးကို ကူ share ပေးပြီး ကျွန်မရဲ့ သား၂ယောက်အား ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါဦးလို့လည်း အကုန်လုံးကို အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် 🙏🏻🙏🏻

(TMD1249)








#ရင်ဖွင့်ရာ
#ဖူးစာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when To My Dear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share