08/01/2026
“ကော့သူးလေ သမ္မတနိုင်ငံ” လွတ်လပ်ရေး ကြီးမားစွာကြေညာ – စောနယ်ဒါးဘိုမြ သမ္မတအဖြစ် တရားဝင်ထိုင်"
------------------
"၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် – မြဝတီနယ်မြေ အနီးရှိ “ဥကရစ်ခီး” စခန်းတွင် ကော့သူးလေလွတ်လပ်ရေးနေ့ အခမ်းအနား ခမ်းနားစွာကျင်းပခဲ့ပြီး။
" အဲ့ဒီနောက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သား ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက “ကော့သူးလေ သမ္မတနိုင်ငံ (Republic of Kawthoolei)” ကို တရားဝင် လွတ်လပ်ရေး ကြေညာလိုက်ပြီလို့ သိရပါတယ်။
"အဲ့ကျင်းပတဲ့ အခမ်းအနားတွင် စောနယ်ဒါးဘိုမြကို ပထမဆုံး သမ္မတအဖြစ် တရားဝင်ကြေညာခဲ့ပြီး G.O.K (Government of Kawthoolei) အစိုးရကိုလည်း ဝန်ကြီးချုပ်၊ ဒုတိယသမ္မတ နှစ်ဦးနှင့် ဝန်ကြီးအဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းလိုက်ပါတယ်။
" သမ္မတအဖွဲ့ဝင်အချို့--
သမ္မတ — စောနယ်ဒါးဘိုမြ
ဒုတိယသမ္မတ (၁) — စောဆာဂေးဖိုး
ဒုတိယသမ္မတ (၂) — စောဒေးဗစ်သေကပေါ
ဝန်ကြီးချုပ် — စောဖိုးသူးလေ
ကာကွယ်ရေးဝန်ကြီး — စောဒေးဗစ်လောဒူး
သမ္မတ စောနယ်ဒါးဘိုမြက
👉 အခြေခံဥပဒေသစ်ရေးဆွဲလိမ့်မယ်
👉 ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်
👉 ကရင်အမျိုးသားမှတ်ပုံတင် ထုတ်ပေးမယ်
👉 ၄ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပမယ်
လို့ ပြောကြားခဲ့ပါတယ်။
"ထို့အပြင် ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားမဟာမိတ်ဌာနခွဲများနှင့်လည်း ဆက်လက်လက်တွဲလုပ်ဆောင်သွားမည်ဟုဆိုခဲ့ပါသည်။
_____________