Saw Htar Hnin

Saw Htar Hnin နေ့စဥ်သီတင်းထူးသီတင်းဦးများ💯
လူအချင်းချင်းလှည့်ပက်ခြင်းကင်းရှင်းကြပါစေ❤

မိန်းကလေးတစ်ယောက်ကို မဒိန်းကျင့်စော်ကား ခြိမ်းခြောက်အနိုဂ်ကျင့်တဲ့ English ဆရာ ရဲခေါင်လင်း အကြောင်းတစ်ပြည်လုံးသိအောင် sh...
15/07/2025

မိန်းကလေးတစ်ယောက်ကို မဒိန်းကျင့်စော်ကား ခြိမ်းခြောက်အနိုဂ်ကျင့်တဲ့ English ဆရာ ရဲခေါင်လင်း အကြောင်းတစ်ပြည်လုံးသိအောင် shareပေးကြပါ

ခံရသူကာရကံရှင်ရေးတဲ့စာ👇
ကျမအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားခဲ့တဲ့ မြန်မာအင်္ဂလိပ်စာလောကက နာမည်ကြီး လူငယ်ဆရာတယောက်ရဲ့ လွန်ခဲ့တဲ့ 6-5နှစ်ကျော်က တပည့်တွေကို ရည်းစားအဖြစ်တွဲပြီးဖောက်ပြန်တာ၊ လိင်အမြတ်ထုတ်တာ၊ မုဒိန်းမှုနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေအပြင် ရည်းစားချင်း intimate ဖြစ်ခဲ့တာတွေကို leak လုပ်မယ်လို့ ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့မှုတွေကို ပြောပြချင်လာလို့ပါ။ တချို့ victim တွေဆို သူတို့ခံရမှန်းတောင် အခုထိမသိကြသေးပါဘူး။ ခံရသူလည်း တယောက်မကတဲ့ ဇာတ်လမ်းမို့ စာရှည်ပါမယ်ရှင့်။

ဒီအကြောင်းအရာတွေကို ကျမကိုယ်တိုင်ကြုံခဲ့ရတာတွေအပြင် သူဘယ်လောက်ယုတ်မာကြောင်းသိထားတဲ့ တဦးတည်းသောမိန်းကလေးတယောက်အနေနဲ့ သူ့ရဲ့ တပည့်မတွေ၊ ဆရာမငယ်လေးတွေကို သတိထားစေချင်တဲ့စိတ်နဲ့ ပြောပြချင်ပါတယ်။

ဒီ English ဆရာကို 2021 မှာ ELTလောကရဲ့ နာမည်ကြီးလေးစားခံ ဆရာကြီးတဦးက လူငယ် English စာဆရာအဖြစ် မိတ်ဆက်ပေးရာကနေ နာမည်လာရတာ ELTလောကမှာ အခုဆို public figure တဦးဖြစ်နေပါပြီ။ ကျမ သူ့ရဲ့ဇာတ်လမ်းတွေကို public မှာ ဖွင့်ချဖို့လုပ်တော့ "ငါကနာမည်ကြီးELTဆရာဖြစ်နေပြီ။ ငါ့မှာ fan တွေအများကြီးရှိတယ်။ နင့်မှာဘာရှိလို့လဲ။ နင်ပြောတာကိုဘယ်သူမှယုံမှာမဟုတ်ဘူး။ လုပ်ရဲရင်တော့ လုပ်ကြည့် နင့်ရပ်ကွက်မှာ နင့်နာမည်နဲ့ intimate ပုံတွေ လိုက်ကပ်မယ်" လို့ တန်ပြန်ခြိမ်းခြောက်ခဲ့တာကြောင့် ကျမ နောက်တလှမ်းဆုတ်ပြီး ပြောပြဖို့ အားမွေးခဲ့ရတာဖြစ်ပါတယ်။

သူ့ရဲ့တပည့်ရည်းစားများ
-------------------------
ကျမ မတိုင်ခင်က သူ့တပည့်မ ၃ ယောက်ကို တွဲခဲ့ဖူးပါတယ်။ ပထမတယောက်က သူ university second/third year မှာ ဂိုက်သင်ဖူးတဲ့ ဆယ်တန်းအရွယ်ကောင်မလေးပါ။ အဲ့ကောင်မလေးဆို သူနဲ့တွဲပြီး စိတ်ရောဂါဆရာဝန်နဲ့ပါပြလိုက်ရပါတယ်။ ဒုတိယတယောက်ကတော့ သံလမ်းမှတ်တိုင်သင်တန်း က သူ့တပည့်မပါ။ နောက်တယောက်ကတော့ သူ့ best friend ရဲ့ ရည်းစား/လက်ရှိမိန်းမ ပါ။ အဲ့ဒီကောင်မလေးက လှည်းတန်းက အင်္ဂလိပ်စာသင်တန်းမှာ သူ volunteer ဆရာအဖြစ်ဝင်သင်ရင်းဆုံခဲ့တာပါ။ အဲ့ကောင်မလေးကို J လို့ခေါ်ပါမယ်။ သူ့ best friend ကို သူငယ်ချင်းအချင်းချင်းမကျေနပ်တာအကြောင်းပြုပြီး လက်စားချေချင်လို့ဆိုပြီး အဲ့ကောင်လေးရဲ့ရည်းစား(J) နဲ့အိပ်တာမျိုးဖြစ်ပါတယ်။ သူ့အတန်းထဲက တပည့်တယောက်နဲ့ တွဲနေတုန်းကို တပည့်ဟောင်း J နဲ့ဖောက်ပြန်နေတာပါ။

J ကို သူ့ရည်းစားနဲ့ရန်ဖြစ်အောင်လုပ်ပြီး သူ့အိမ်မှာ သင်္ကြန်တွင်း အတူခေါ်အိပ်ပြီး အဝတ်လျှော် ချက်ပြုတ်ခိုင်းတာတွေလုပ်ခဲ့ပါတယ်။ နောက်ပိုင်းလည်း ဟင်းလာပို့ခိုင်းတာတွေ၊ သူ့ သူငယ်ချင်းကိုမကျေနပ်ရင် J ကိုခေါ်တွေ့ပြီး နှစ်ဦးရန်ဖြစ်အောင်လုပ်တာတွေ လုပ်ပါတယ်။ သူ့ သူငယ်ချင်း စိတ်ဆင်းရဲနေတာမြင်ရင် သူအရမ်းပျော်တယ်လို့ဆိုပါတယ်။

ကျမနဲ့ဇာတ်လမ်းအစ
-----
ကျမကို သူအဲ့ဒီဇာတ်လမ်းတွေရှုပ်နေကြတုန်းမှာ လာပတ်သက်တာဖြစ်ပါတယ်။ ကျမအနေနဲ့ အပေါ်က ဇာတ်လမ်းတွေကို စစချင်းမှာ မသိခဲ့ပါဘူး။ ကျမက သူ့ကို salient learning space မှာ အပျော်တမ်း internship ဆင်းရင်း သိကျွမ်းခဲ့တာပါ။

ကျမကို ပိုးတော့ ယတိပြတ်ငြင်းလိုက်ပါတယ်။ attractive မဖြစ်ဘူးထင်လို့နဲ့ ရည်းစားမထားချင်သေးလို့ပါ။ နောက်မှာ သူက ကျမကို crush နေခဲ့တာ တနှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ကျမပုံစံကို ရှိန်လို့ မကပ်ရဲခဲ့လို့ အခုမှ ကြိုးစားရတာဖြစ်ကြောင်းပြောပြီး အကြိမ်ကြိမ်ဖွင့်ပြောခဲ့ပါတယ်။ ဆယ်ခါ ဆယ့်ငါးခါလောက်တောင် ချစ်တယ်ပြောလာတော့ ကျမလည်း သနားလာတာကြောင့်ရော အချစ်ခံရမယ်ထင်လို့ရော တွဲလိုက်မိပါတယ်။ မတွဲခင်မှာ သူ့ကိုသေချာပြောပါတယ်။ အရင်ရည်းစားတွေက s*x ကိစ္စကိုတောင်းဆိုတာကို မလိုက်လျောလို့ ကိုယ်ထိလက်ရောက်ဖြစ်တဲ့ ပြဿနာတခုရှိခဲ့ဖူးကြောင်း၊ ဒါကြောင့် ဖြတ်ခဲ့တာကြောင့် s*x ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရှိကြောင်း၊ နှစ်ယောက်သား လက်ထပ်ဖို့မသေချာဘဲ ဒါတွေမလုပ်ချင်ကြောင်းသေချာပြောပြခဲ့ပါတယ်။ သူကလည်း ကျမအလိုမတူဘဲဘာမှမလုပ်ကြောင်း၊ အဲလိုအိပ်ရတာတွေလည်း ဝါသနာမပါကြောင်းပြောပါတယ်။

ပထမတလကတော့ သူ့ကိုယ်သူ ထိန်းသိမ်းပါတယ်။ လက်ဆောင်တွေ surprise တွေအများကြီးပေးပြီး ချစ်ကြောင်းပြပါတယ်။ နောက်တလကျတော့ သူက သူ့မန္တလေးက ဆွေမျိုးတွေကို ကျမကို မိတ်ဆက်ပေးချင်လို့ဆိုပြီး ခေါ်သွားတယ်။ ကျမတို့ ပြင်ဦးလွင်ကိုအရင်ဝင်လည်ကြတော့ သူက လိင်ကိစ္စတောင်းဆိုပါတယ်။ "တခါထဲပါ။ သူများတွေနဲ့ စိတ်ဒဏ်ရာရခဲ့တာကို သူ့အနေနဲ့ အမှတ်တရကောင်းဖြစ်အောင်လုပ်ပေးချင်လို့ပါ နောက်မလုပ်ချင်ရင် မလုပ်ပါဘူး အခုလည်းလက်ထပ်ဖို့ ဆွေပြမျိုးပြခေါ်လာတာပါ လက်ထပ်မှာပါ" ဆိုပြီး တောင်းဆိုပါတယ်။ ကျမလည်း သူ့ရဲ့ ဆရာဂုဏ်ကိုကြည့်ပြီး မဟုတ်တာမလုပ်လောက်ပါဘူး တခါပဲနေမှာပါ ဆိုပြီး လိုက်လျောလိုက်ပါတယ်။

လိမ်လည်ဖြားယောင်း လိင်အမြတ်ထုတ်ခြင်းများ
—--------
မန္တလေးကပြန်ပြီးနောက်ပိုင်း ကျမနဲ့တွေ့တိုင်း s*x ကိစ္စကို တရစပ်တောင်းပါတော့တယ်။ ကျမကို ကိုယ်ထိလက်ရောက်လုပ်ဖူးတဲ့ ရည်းစားရှိလို့ ဒီလိုတောင်းတာဖြစ်ကြောင်း၊ အပျိုတွေဆိုသူကမထိကြောင်း၊ အပျိုမဟုတ်တဲ့မိန်းကလေးဆို ဖျက်ဆီးတယ်မခေါ်ဘူး လို့ ယူဆတယ်ဆိုတာတွေပြောပါတယ်။ အဲ့အချိန်မှာ သူနဲ့ဇာတ်လမ်းရှုပ်နေတဲ့
J အကြောင်းကိုလည်း ထည့်ပြောလာပါတယ်။ သူ့ကို obsessed ဖြစ်နေတဲ့ တပည့်ဟောင်းတယောက်အနေနဲ့ပါ။ အဲ့ဒီJ က သူ့အိမ်ရှေ့ ညတိုင်းလာလာစောင့်ပြီး ဟိုတယ်သွားဖို့လာခေါ်ကြောင်းတွေလည်း ပြောပါတယ်။ J သူ့ဆီပို့တဲ့ စာတွေ မုန့်တွေကိုပြပြီး သူများတွေက သူ့ကိုရချင်လွန်းလို့ ဒီလိုလိင်ကိစ္စနဲ့ မြူဆွယ်နေတဲ့အချိန် ကျမကကျ သူ့ကိုတန်ဖိုးမထားဘူး လို့ gaslight လုပ်ပါတယ်။ ဟိုကောင်မလေး J က သူ့ half n@ked ပုံတွေပို့‌တယ် J ရဲ့...ကအရမ်းလှတယ် အစရှိတာတွေပြောပါတယ်။ ဒါပေမယ့် သူက ကျမအပေါ်သစ္စာရှိလို့ J နဲ့ မအိပ်တာလို့ပြောပါတယ်။ ကျမလည်း ရည်းစားဖြစ်ပြီး မအိပ်တဲ့ ငါပဲမှားနေတာလားဆိုပြီး ထပ်ထပ်လိုက်လျောမိပြန်ပါတယ်။

ကိုယ်စိတ်နှိပ်စက်ခြင်းနှင့်အကြပ်ကိုင်မှုများ
-----------

ဒီကြားထဲ ကျမကို manipulate လုပ်ပြီး ကျမရဲ့ social media password တွေအကုန်ယူထားပါတယ်။ ကျမရဲ့ သူငယ်ချင်းယောကျ်ားလေးတွေနဲ့အကုန်အဆက်အသွယ်ဖြတ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း ၄၅ မိနစ်အတွင်းတွေ့ပြီး ပြန်လာဖို့ အမိန့်ပေးပါတယ်။ အချိန်ကျော်သွားရင် ဒူးထောက်တောင်းပန်ခိုင်းပြီး မတောင်းပန်ရင် ကျမကိုပါးရိုက်တာ နှိပ်စက်တာတွေ လုပ်ပါတယ်။ သူ့ကြောင့် စုတ်ပြတ်သတ်ပြီး ပျက်စီးသွားတာမြင်ချင်တယ် ပျက်စီးသွားလည်းသူကချစ်နေမှာ လို့ပြောပြီး အရက်အတင်းတိုက်တာတွေ ကလပ်အတင်းခေါ်ထားတာတွေ လုပ်ပါတယ်။ ကျမက မလုပ်ချင်ရင် အော်ဟစ်တာ ငိုတာတွေလုပ်ပြပါတယ်။

နောက်လအနည်းငယ်တွေမှာ သူ Jနဲ့ရှုပ်ထားတဲ့ ဇာတ်လမ်းအမှန်တွေ ကျမတဖြည်းဖြည်းသိလာရတော့ အဲ့ဒီတပည့်မ‌ J က သူ့သူငယ်ချင်းရဲ့ ရည်းစားဖြစ်လို့ တမင် push and pull လုပ် ဖြစ်ကြောင်း၊ သူ့သူငယ်ချင်းစိတ်ဆင်းရဲနေတာမြင်ရတာသဘောကျလို့ ကျမအနေနဲ့ J ကို သူ့ side chick အနေနဲ့ လက်ခံပေးဖို့ပြောလာပါတယ်။ ကျမလည်း မရဘူး ပြတ်ကြမယ် လို့ပြောတော့ "နင်ငါနဲ့ပြတ်ရင် နင့်အမေကို နင်ကအပျိုမဟုတ်တော့ဘူးလို့ သွားပြောပစ်မယ်။ အဲ့လိုဆိုနင်ငါနဲ့ယူရမှာပဲ" လို့ပြောပါတယ်။ ပြီးတော့ ဒိတ်တဲ့အချိန် စားသောက်တာတွေကို စာရင်းတွက်ပြီး အကြွေးပြန်တောင်းပါတယ်။ ကျမကကျောင်းသူမို့လို့ မုန့်ဖိုးနဲ့ ဖြေးဖြေးဆပ်မယ်ဆိုတိုင်း "အခုချက်ချင်းဆပ် မဆပ်နိုင်ရင် နင့်အမေကိုနင်ကချူစားနေတယ် လို့ သွားတိုင်မယ် မတိုင်စေချင်ရင် လိင်ကိစ္စ session လိုက် ပြန်ဆပ်" ဆိုပြီး ခြိမ်းခြောက်ပါတယ်။ နင်က ဘယ်ကျောင်းက အသက်ဘယ်လောက်ဆိုတော့ es**rt ကြေးဘယ်လောက် ဆိုပြီးတွေ တွက်ပြပြီး လိင်အမြတ်ထုတ်ခဲ့ပါတယ်။

မုဒိန်းမှုကျူးလွန်ခြင်းများ
—-----
ကျမအမေက ရှေးရိုးဆန်တဲ့လူပါ။ ရည်းစားဖြစ်သူကဒီလိုလာပြောရင် ကျမကိုကျောင်းထုတ်ပြီး သူနဲ့ပေးစားမှာကြောက်ခဲ့ပါတယ်။ အမေကိုကြောက်တာကြောင့်ရော ရှက်လို့ရော သူနဲ့ဆက်နေခဲ့ရပါတယ်။ ဒါပေမယ့် လိင်ကိစ္စတော့ မလုပ်နိုင်ဘူးလို့ ပြောတိုင်း လူကြားမရှောင်ရိုက်ပါတယ်။ လမ်းကလူတွေကလည်း သမီးရည်းစားရန်ဖြစ်တာပဲဆိုပြီး ဝင်မတားပါဘူး။ ဒီလိုဖြစ်တိုင်း တက္ကစီပေါ်အတင်းဆွဲတင် အခန်းထဲသွင်းထပ်ရိုက်ပြီး အလိုမတူဘဲ မုဒိမ်းကျင့်ပါတယ်။ ဒီလိုဖြစ်တာတွေက ခဏခဏပါ။

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုနှင့် Groomingကိစ္စများ
----
သူ့ဖုန်းတွေကို ဘလော့ထားရင် ကျမအမေဖုန်းတွေကိုခေါ်ပါတယ်။ ကျမ ကျောင်းကိုလိုက်လာမယ်ပြောပါတယ်။ ကြားထဲမှာလည်း ကျမနဲ့ ရန်ဖြစ်ရင် J ဆီသွားပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီလိုကျမနဲ့ ပြဿနာတွေရှုပ်နေဆဲမှာပဲ သူ့အတန်းထဲက တပည့်မ တွေနဲ့အတူ ကလပ်သွားပြီး ဟိုတယ်တခန်းထဲအိပ်လာတာတဲ့ ကိစ္စတွေရှိလာပါတယ်။

သူပြောလေ့ရှိတာတွေက -
ကျမက သူ့ရည်းစားဖြစ်တဲ့အတွက် သူနဲ့ s*x လုပ်ဖို့ တာဝန်ရှိတယ်လို့ အမြဲပြောပါတယ်။ ကျမကို သူပိုင်ကြောင်းပြောပါတယ်။ ကျမက သူ့ကိုစ မ crush ခဲ့တာ ဘာလို့လဲ ဆိုပြီး ခဏခဏမေးလေ့ရှိပါတယ်။ "နင်သာ ငါ့တပည့်ဆို ငါ့ကိုလာကြိုက်မှာ" လို့ ပြောပြီး ဘယ်တပည့်ဆို သူ့ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြောင်း၊ ဘယ်လိုချဉ်းကပ်ကြောင်းတွေ ပြောပြီး သူ့အတန်းတွေနောက်မှာ သူစာသင်တာထိုင်ကြည့်ခိုင်းပါတယ်။ နောက်ပိုင်း online မှာ သူ့အတန်းတွေ နာမည်နဲနဲရလာတော့ "ကျမနဲ့ တွဲတာ သူ့တပည့်မတွေကြား နာမည်ကျတယ်။ သူဒီထက်နာမည်ကြီးလာရင်ကျမကို silent တွဲမှရမယ်။" လို့ပြောပြီး ၂၀၂၀ နောက်ပိုင်းမှာ silent တွဲပါတယ်။ ပြီးတော့ သူ့တပည့်တချို့ကို selectively မသိမသာ grooming ဆက်လုပ်ပါတယ် (ခပ်ချောချော student တယောက်ထဲကို ပဇားပေးပြီး ဖုန်းခေါ်တာ၊ စာပို့တာ၊ photo တွေမှာ love react ပေးတာ၊ အခွင့်အရေးပိုပေးတာစသဖြင့်)။ ဒါတွေက တပည့်နဲ့ လိင်ဆက်ဆံတာမဟုတ်လို့ ဖောက်ပြန်တာမဟုတ်ဘူး ဆရာကျင့်ဝတ်မဖောက်ဘူး လို့ပြောပါတယ်။

လွတ်မြောက်ရန် ကြိုးစားရခြင်း
------
ကျမ သူ့ကို ယတိပြတ်ဖြတ်ချလို့မရတာသိတဲ့နောက် ပုံစံအမျိုးမျိုးနဲ့ လွတ်မြောက်ဖို့ နည်လမ်းတွေစဥ်းစားလာရပါတယ်။ ကျမက ဂုဏ်သိက္ခာရှိမိသားစုက သမီးတယောက်ပါ။ ပတ်ဝန်းကျင်မှာ အရှက်ကွဲမခံရဲလို့ ဒီကြားထဲ သူနဲ့အဆင်ပြေအောင်နေရင်း ကျောင်းပြီးတဲ့အခါ နိုင်ငံခြားထွက်ပြီး သူနဲ့အဆက်အသွယ်ဖြတ်ဖို့ စဉ်းစားခဲ့ပါတယ်။

အဲ့နောက်ပိုင်းမှာ ထပ်သိရတာတွေက သူ့မှာ မိန်းမတွေနဲ့ရှုပ်ရင်း ဆစ်ဖလစ်ရဖူးလို့ ခုထိ သွေးစစ်ရင် ဆစ်ဖလစ်+ ပေါ်နေတုန်းဆိုတာပါ။ သူသွေးအဖြေအတုလုပ်ဖို့ ဆရာဝန်ရှာတာ မတွေ့သေးလို့ အခုထိ ထိုင်းမှာ work visa မရဘဲ online freelance class တွေဘဲ သင်နေရတာပါ။ ဒီကိစ္စကိုလည်း သူ့ကို မြေတောင်မြှောက်ပေးလိုက်တဲ့ ဆရာကြီး သိစေချင်ပါတယ်။
သူ့ ex ကောင်မလေးတယောက် ကိုယ်၀န်ရှိလာစဥ်မှာလည်း အဲ့ဒီကောင်မလေးက abortionလုပ်ခဲ့တဲ့အတွက် baby trap မလုပ်တာကိုအရမ်းလေးစားတယ် ဆိုတာမျိုးတွေ ပြောပါတယ် (နင်ကိုယ်ဝန်ရရင်လည်း ဖျက်ချစေချင်တယ် ဆိုတာကို တဖက်လှည့်နဲ့ပြောတဲ့သဘောပါ) အဲ့ကာလတွေမှာ သူ့သားကောင်တွေကို ဘယ်လိုချဉ်းကပ်တယ်ဆိုတာကိုလည်း သိလာရပါတယ်။ သူက စာဆွေးနွေးမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါ်တွေ့ရင်းအဆင့်တက်တဲ့နည်းကိုသုံးတာပါ။ တပည့်တွေမိန်းကလေးတွေနဲ့ အလုပ်ကိစ္စစကားပြောစရာရှိတယ်၊ ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးစရာရှိတယ် ဆိုရင် သူက ညနေခင်း bar မှာပဲခေါ်တွေ့တာပါ။ အခုထိလည်းအဲ့လိုနည်းသုံးတုန်းထင်ပါတယ်။

ပြီးတော့မှ ပိုင်ပြီထင်ရင် ဆရာတပည့်မို့ သဘောကျပေမယ့် ရှေ့မဆက်တော့ပါဘူး လို့ ဖြတ်ချပြီး တပည့်ဖြစ်သူတွေက သူ့ကိုပြန်လိုက်တာကိုစောင့်တာပါ။ သူ့ တပည့်မ J ကိုဆို သူမရဲ့ ဘော်ဒီဘယ်နားက ဘယ်လိုလှတာ၊ ဘယ်ဟာကိုမကြိုက်တာ ဘယ်နေရာကိုရွံတာ ဆိုတာတွေ အားရပါးရပြောတာတွေလည်းရှိပါတယ်။ သူ့ကိုလာကြိုက်တဲ့ တပည့်မလေးတွေကိုလည်း ဘယ်သူက ဘယ်ဘော်ဒီဘယ်နားလှတာ မလှတာတွေ အရသာခံပြောလေ့ရှိတာပါ။ ပြီးတော့ သူက s*x addict ဖြစ်နေကြောင်းဝန်ခံလာပါတယ်။

သူ့အကြောင်းတွေကို တဖြည်းဖြည်းနဲ့သိလာရပြီးနောက်ပိုင်းနဲ့ ကိုယ့်ဖာသာစိတ်ခွန်အားတည်ဆောက်လာနိုင်ပြီးတဲ့အချိန်မှာ သူ့ကို တန်ပြန်ပြောဆိုတာတွေ၊ သူ့ manipulation တွေကို manipulate လုပ်ဖို့ ပလန်ချတာတွေလုပ်လာနိုင်ခဲ့ပါတယ်။

ပြန်ပေးဆွဲမှု
------
၂၀၂၁ခုနှစ်မှာ သူနဲ့စေ့စပ်ခါနီးဆဲဆဲမှာ ကျမနဲ့ရန်ဖြစ်ပါတယ်။ သူက "နင်ငါ့ကြောင့် ကိုယ်ဝန်ဖျ-က်ချဖူးတာမဟုတ်လို့ တာဝန်မယူနိုင်ဘူး။ ဖြတ်လည်းမပေးနိုင်ဘူး" လို့ပြောတာကို ကြားပြီးနောက် ပထမပလန်ကိုဖျက်လိုက်ပြီး အရှက်ကွဲခံပြီး ယတိပြတ်ဖြတ်ချခဲ့ပါတယ်။ သူက လူကြီးချင်းလာတွေ့မယ်လို့ စကားသမ်းထားပြီးနေပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘနဲ့လည်းပြဿနာတက်ခဲ့ရပါတယ်။ အဲ့လိုတွေကြားက တရက်မှာ ကျမကို နောက်ဆုံးတခါစကားပြောချင်တယ်လို့ ချော့မော့ခေါ်ပြီး ပြန်မလွှတ်ဘဲတိုက်ခန်းတခန်းထဲ ပိတ်ထားပါတယ်။ သူ့ကိုပြန်လက်ခံဖို့ ငိုယိုတောင်းပန်ပါတယ်။ သူ လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်ခဲ့တာတွေ ရိုက်တာတွေက အရမ်းကြိုက်လို့ လက်လွှတ်ရမှာကြောက်လို့လုပ်ခဲ့တာပါ လို့ ဆင်ခြေပေးပါတယ်။ ကျမကို တောင်းပန်ပြီး စည်းရုံးလို့ မရတော့ အကြမ်းဖက်ရိုက်နှက်တာတွေလုပ်လာပါတယ်။ ကျမဖုန်းကိုလည်း သိမ်းပြီး ကျမသူအကြမ်းဖက်တာတွေကို သက်သေယူထားတဲ့ ပုံတွေ အသံဖိုင်တွေကိုဖျက်ပစ်ပါတယ်။ ကျမနဲ့ အဲ့အချိန်က စကားပြောနေတဲ့ကောင်လေးကိုလည်း ဆဲဆိုတဲ့စာတွေပို့ပါတယ်။ ကျမကို ရိုက်နှက်ပြီး အဲ့ကောင်လေးကို အဆက်သွယ် ဖြတ်ကြောင်း ဖုန်းဆက်ပြောခိုင်းပါတယ်။ အခန်းထဲမှာပိတ်လှောင်ထားတုန်းမှာလည်း လိင်ပိုင်းဆိုင်ရာ မတရားလုပ်တာတွေ လုပ်ပါတယ်။ နောက်တစ်ရက်ခန့်အကြာမှာ ကျမအနေနဲ့ သီချင်းနားထောင်ချင်တယ်အကြောင်းပြပြီး ဖုန်းခဏပြန်တောင်းလို့ရတုန်းမှာ ကျမသူငယ်ချင်းတွေကို လာကယ်တင်ဖို့ အကြောင်းကြားနိုင်ခဲ့ပါတယ်။
အဲ့ဒီကြမှ ကျမ သူငယ်ချင်းတွေ လာကယ်လို့ လွတ်မြောက်ခဲ့ပါတယ်။ ကျမ သူငယ်‌ချင်းတွေက သူ့ကိုတရားစွဲမယ် ဒါတွေကို ဖွင့်ချမယ်လုပ်တော့ သူက နာမည်ကြီး fan တောင့်တဲ့ ဆရာမို့ ကျမပဲနာမည်ပျက်မှာဖြစ်ကြောင်း၊ ကျမရပ်ကွက်မှာ ကျမနာမည်နဲ့ intimate photos တွေလိုက်ကပ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုပါတယ်။ အဲ့ဒါနဲ့ ကျမလည်း "နောက်နောင် တပည့်တွေနဲ့ဘယ်တော့မှ မတွဲဖို့ လိင်အမြတ်ထုတ်တာတွေရပ်ဖို့" ဆိုတဲ့ ကတိပေးခိုင်းပြီး ရပ်လိုက်ရပါတယ်။

အဲ့နောက်ပိုင်း ကျမ PTSD နဲ့ စိတ်ကျရောဂါရလာပါတယ်။ ဒီစာကို အရင် ၅ နှစ်တုန်းကဆို ဒီလိုရေးဖို့မပြောနဲ့ သူများ ခံရတဲ့ case တွေမြင်ရင်တောင် တငိုငိုတရီရီနဲ့ပါ။ ဒါပေမဲ့ နှုတ်ဆိတ်နေတိုင်း တခြားလူတွေကို သူဒီလိုဆက်လုပ်နေပြီလား ကျမမှားနေလား လို့ခံစားရတယ်။ ကျမကိုယ်ကျမအတွက်လည်း မတရားဘူး သတ္တိမရှိတဲ့လူ လို့ ခံစားရတယ်။ သူက အခု Englishစာလောကမှာ ဆရာငယ်တွေကို လက်တွဲခေါ်တဲ့ပုံစံနဲ့ personal branding လုပ်နေတာကိုလည်းတွေ့ မြင်ရပါတယ်။ သူ့ personal branding လုပ်တဲ့စာတွေအောက် "လေးစားပါတယ်ဆရာ အားကျပါတယ်ဆရာ" လို့ရေးတာတွေမြင်တိုင်း ကျမအတွက် မတရားဘူး လို့ ခံစားရတယ်။ ပြီးတော့ ဒီလူတွေက ကျမနာမည်ကြီးချင်လို့ သူတို့ဆရာကိုတိုက်ခိုက်ပါတယ် ဆိုပြီး ဝိုင်းစွပ်စွဲမှာကိုကြောက်ခဲ့ပါတယ်။

အခုကတော့ ဘယ်သူဘာပြောပြောဂရုမစိုက်တာမလို့ ပြောသင့်တဲ့အရာဖြစ်လို့ ထုတ်ပြောလာတာပါ။ ခွင့်လွှတ်ဖို့လည်း အခါခါကြိုးစားခဲ့ပြီးပါပြီ။ ဒါ‌ပေမယ့် လိင်အကြမ်းဖက်သမားကို ခွင့်လွှတ်လိုက်တာဟာ တခြားမိန်းကလေးတွေကိုပါ အကြမ်းဖက်ခွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။ ကျမ ခွင့်လွှတ်ပေးလိုက်ရင် "မိန်းမတွေက ငပိန်းမတွေ ဘာလုပ်လုပ်ခံကြတာပဲ။" လို့တွေးပြီး တခြား ဆရာမပေါက်စလေးတွေနဲ့ တပည့်တွေကို grooming လုပ်မှာလည်း စိုးပါတယ်။

ပြီးတော့ ကျမအနေနဲ့ လူတွေသိစေချင်တာက ပြောချင်တာက
No means No ပါ။ သမီးရည်းစားဆိုတိုင်း လိင်ဆက်ဆံပေးဖို့ မိန်းကလေးတွေမှာ တာဝန်မရှိပါ။ ရိုက်နှက် ခြိမ်းခြောက်ပြီး s*x လုပ်တာက မုဒိမ်းမှုမြောက်ပါတယ်။ လူတွေက လူကောင်းတွေရွေးတွဲပါလား လို့ပြောရင် ဒီလို reputable ELT ဆရာတယောက်က s*xual predator၊ kidnapper၊ မုဒိန်းကောင် ဖြစ်နေမယ်လို့ ဘယ်သူကမှ ထင်ကြမှာမဟုတ်ပါဘူး။ ဒီကိစ္စတွေကြုံတဲ့အချိန်မှာ ကျမကိုယ်တိုင်လည်း လူတွေအကြောင်းနဲ့ ဘ၀အတွေ့အကြုံပိုင်းတွေမှာအားနည်းသေးသလို၊ အသက်လည်းငယ်ပါသေးတယ်။ နှစ်တွေကြာတာတောင် အခုထိ ကျမ PTSD ကြောင့် therapy တွေယူလိုက်ဖြတ်လိုက်လုပ်နေရတုန်း၊ short-term memory loss ဖြစ်တာတွေကို ပြန်ကုနေရတုန်းပါ။

ကျမ ဒီ ဒဏ်ရာကို ၆ နှစ်တောင်သိမ်းထားခဲ့ရတာပါ။

ဒီလိုထုတ်ပြောတာကို စုန်းဖမ်းပွဲလို့နာမည်တပ်မယ်ဆိုရင် ခံလိုက်ရတဲ့ တပည့်မတွေ အပါအဝင် ကျမတို့ရဲ့ တရားမျှတမှုကို သေချာပြန်ရှာပေးပါ။ ကျမ ခံခဲ့ရတဲ့ မတရားအမြတ်ထုတ်မှုတွေနဲ့ ထပ်တူညီတဲ့ အရာကိုပြန်ပေးပါ။
#မုဒိန်းကောင်ရဲခေါင်လင်း #မုဒိန်း

နှာခေါင်းနား ဝက်ခြံပေါက်ရင် ညှစ်တက်သူတွေ လုံးဝ သတိ....🚨🚨လူအများ သတိထားဖို့ အရမ်းကို လိုအပ်တဲ့ ကျန်းမာရေး awareness တစ်ခု...
14/07/2025

နှာခေါင်းနား ဝက်ခြံပေါက်ရင် ညှစ်တက်သူတွေ လုံးဝ သတိ....🚨🚨

လူအများ သတိထားဖို့ အရမ်းကို လိုအပ်တဲ့ ကျန်းမာရေး awareness တစ်ခု ဖြစ်တဲ့ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင်

ဝက်ခြံ မပေါက်ဖူး သူဆိုတာ လုံးဝ မရှိတဲ့ အတွက် ဒီ အချက်က အားလုံး သိထားသင့်တဲ့ အရာ မို့လို့ပါ

နှာခေါင်းနားက ဝက်ခြံကို နှာချေရင်း ပွတ်မိသွားရာကနေ ဝက်ခြံက ပေါက်သွားပီး အဲ့ဒီ ဝက်ခြံပိုးက နှာခေါင်းနဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ ဦးနှောက် ပင်မ သွေးပြန်ကြောကို ပိတ်သွားစေခဲ့ပီး
အသက် 32 နှစ်အရွယ် လူငယ် တစ်ယောက် ဆုံ-/းပါးသွားခဲ့ရပါတယ်

ဝက်ခြံလေး တစ်ခု ပေါက်သွားရာကနေ ဦးနှောက်နဲ့ ပတ်သတ်တဲ့ operations တွေ အကြိမ်ကြိမ် ဝင်ခဲ့ရကာ နှစ်ပတ် အတွင်းမှာပဲ လောကကြီးထဲကနေ ထွက်ခွာ သွားခဲ့ရတာပါ

နှာခေါင်းနဲ့ အနီးတစ်ဝိုက် ပုံမှာ ပြထားတဲ့ တြိဂံ triangle နေရာမှာ ဝက်ခြံ ပေါက်ခဲ့ရင် သွားညှစ်တာမျိုး လုံးဝ မလုပ်ကြပါနဲ့နော်
ဦးနှောက်နဲ့ တိုက်ရိုက် ဆက်သွယ်ထားတဲ့ နေရာ ဖြစ်လို့ အန္တရာယ်အကြီးကြီး ဖြစ်သွားနိုင်ပါတယ်

အားလုံး သိထားရမယ့် ကျန်းမာရေး အသိ တစ်ခု အဖြစ် ဝေမျှ ပေးလိုက်ရပါတယ်

ဆုံ-/းပါးသွားသူ အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပီးတော့
ဒီ ကျန်းမာရေး အသိလေးကို ပြန်လည် ဝေမျှခွင့်ပေးဖို့ တောင်းဆိုအပ်ပါတယ်ရှင်

📍KBZ Bank မှ တာဝန်ရှိလူကြီးမင်းများရှင့် ဘယ်လိုတာဝန်ယူဖြေရှင်းပေးမှာလဲ ရှင့်📍2012 ကစပြီး စာအုပ်ထဲမှာပဲ စုလာခဲ့တဲ့သူပါရှင...
01/07/2025

📍KBZ Bank မှ တာဝန်ရှိလူကြီးမင်းများရှင့်
ဘယ်လိုတာဝန်ယူဖြေရှင်းပေးမှာလဲ ရှင့်📍
2012 ကစပြီး စာအုပ်ထဲမှာပဲ စုလာခဲ့တဲ့သူပါရှင့်။
Banking Software လည်း မရှိ သုံးလည်း မသုံးတတ်တဲ့ နယ်ကသူ ဖြစ်ပါတယ်။
(ငွေဆုံးရှုံးနစ်နာသူ ဦးလေးလင်မယားက ဘဏ်သွားပြီး အပြန် ကိုယ်နဲ့ရင်းနီးတာရော ငွေလွှဲငွေထုတ်ဆိုင်ဖွင့်ထားတာကြောင့်ရော လာပြီးမေးတာမလို့ ကျွန်မတို့လည်းသိရတာပါ)
📍မှတ်ပုံတင်နံပါတ် ၊ OTP တွေကိုလည်း လိမ်တာတွေ ကြားဖူးနေတာမို့ ဘယ်သူ့ကိုမှ မပြောမိပါဘူးတဲ့။ ခု အတိုးအရင်းပေါင်းဖို့ ဘဏ်သွားတော့မှ သူစုထားတဲ့ သိန်း 520 ကျော်မှာ 6 သိန်းကျော်ပဲ ရှိပါတော့တယ် 😥
📍Banking Software တောင်မရှိဘဲ သုံးလည်းမသုံးပဲ သိန်း 520 ကျော်ကို ခြောက်လအတွင်း Banking Software သုံးပြီး အလွယ်လေး ယူသုံးထားခံရတာပါရှင့် ။ တစ်သက်လုံးရှာထားသမျှ စုဆောင်းထားတာမလို့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်ရှင့်။ ဘဏ်ဘက်ကတော့ လိုအပ်တဲ့စာရွက်စာတမ်း၊ ရဲစခန်းအမှုဖွင့်စာနဲ့ Call Centre ခေါ်ဖို့ စာတင်ဖို့ ပြောပါတယ်တဲ့ရှင့် 😥 ရဲစခန်းအမှုဖွင့်စာအတိုင်းဆို သုံးလအတွင်း လိုအပ်တာစစ်ဆေးပြီး အကြောင်းပြန်တာစောင့်ရမှာပါ။🤓
👎ကာယကံရှင်ကတော့ အိပ်မပျော်စားမဝင်ပါပဲရှင့် ဟုတ် ကျေးဇူး KBZ ရေ 👽

ရန်ကုန်ကန်တော်ကြီးမာ ရည်းစားနဲ့ ဒိတ်နေခဲ့တဲ့သဲစုငြိမ်း💙သူလေးတောင်ရည်းစားရနေပြီ
29/06/2025

ရန်ကုန်ကန်တော်ကြီးမာ ရည်းစားနဲ့ ဒိတ်နေခဲ့တဲ့သဲစုငြိမ်း💙
သူလေးတောင်ရည်းစားရနေပြီ

အိကြာဖြူလေး အေးချမ်းစွာ နေထိုင်နိုင်ဖို့ မြေကွက်တင်မကပဲ အိမ်ပါ ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ လိူင်သာယာက ဦးရွှေမန်းတို့ရဲ့ ...
28/06/2025

အိကြာဖြူလေး အေးချမ်းစွာ နေထိုင်နိုင်ဖို့ မြေကွက်တင်မကပဲ အိမ်ပါ ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ လိူင်သာယာက ဦးရွှေမန်းတို့ရဲ့ မိသားစု 🥰

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေကို အိမ်ပိုင်လေးနဲ့ ထားနိုင်ပြီ 😍

တကယ်တော်ရင် အခွင့်အရေးကတော့ ရှိစမြဲပါ...ကံတရားလေးလည်း လိုတာပေါ့ ❤

#အိကြာဖြူ

ဝင်္ဂဘော်ဆင်စခန်းက ဆင်လေးတွေကို ဖရဲသီးဘူဖေးကျွေးခဲ့တဲ့ မေ့တ္တာရှင်မလေးချစ်ဖို့ကောင်းနေရော လူတွေတင်ဖဟုဆ်ဖူး ဆင်လေးတွေကိုပ...
28/06/2025

ဝင်္ဂဘော်ဆင်စခန်းက ဆင်လေးတွေကို ဖရဲသီးဘူဖေးကျွေးခဲ့တဲ့ မေ့တ္တာရှင်မလေး
ချစ်ဖို့ကောင်းနေရော လူတွေတင်ဖဟုဆ်ဖူး ဆင်လေးတွေကိုပါကျွေးတာ😘
#ရိုးသားစွာဖြင့်

squid game season3နောက်ဆုံးမှာ မင်းသားနဲ့ ဟိုကိုဝန်ရှိနေတဲ့ကလေးမကမွေးထားခဲ့တဲ့ ကလေးလေး နှစ်ယောက်ပဲကျန်တဲ့အချိန် ...ဆုကတစ...
28/06/2025

squid game season3
နောက်ဆုံးမှာ မင်းသားနဲ့ ဟိုကိုဝန်ရှိနေတဲ့ကလေးမကမွေးထားခဲ့တဲ့ ကလေးလေး နှစ်ယောက်ပဲကျန်တဲ့အချိန် ...
ဆုကတစ်ယောက်ပဲယူလို့ရမှာဖြစ်လို့ မင်းသားကိုတိုင်ကလေးကိုအသက်ရှင်ခွင့်ပေးပြီးသူကိုတိုင် အသော်ကေခံခဲ့တာပါ....
နောက်ဆုံးမှာ အားလုံးသော်ကေသွားပါတယ်
သူတို့ဂိမ်းကစားတဲ့နေရာကို ကမ်းချေစောင့်တပ်ကရှာတွေ့သွားလို့အခြားနိုင်ငံကိုပြောင်းသွားတာနဲ့အဆုံးသတ်ထားပါတယ်

အရင်လို ကြေညာခေါ်ရိုက်မယ့်သူမရှိတော့တာကြောင့် ကားဂိတ်တွေမှာ ရိုးသားစွာဖြင့် စုံစီနဖာလိုက်ပြီးရောင်းနေရတဲ့ ဆယ်လီ မဝေဝေမြင...
27/06/2025

အရင်လို ကြေညာခေါ်ရိုက်မယ့်သူမရှိတော့တာကြောင့် ကားဂိတ်တွေမှာ ရိုးသားစွာဖြင့် စုံစီနဖာလိုက်ပြီးရောင်းနေရတဲ့ ဆယ်လီ မဝေဝေမြင့်😢

အရင်ကတော့ မမ မမနဲ့ အလုအယက်ငှားကြတာ အခုကျတော့လဲ လမ်းတွေ့ရင်တောင်နုတ်မဆက်ချင်ကြဘူး လူတွေကအပြောင်းအလဲမြန်ကြတယ်
အခုတော့ ကားဂိတ်တွေမှာ ရိုးသားစွာပဲ စုံစီနဖာလိုက်ပြီးရောင်းနေရတယ်လို့ပြောပြလာတဲ့ မဝေဝေမြင့်😢

ရိုးသားလှတဲ့မကြီးဝေဝေမြင့်အတွက် အားပေးစကားလေးတစ်ခွန်းစီလောက်ရေးပေးသွားကြပါရှင်💙
#မဝေဝေမြင့် #ရိုးသားစွာဖြင့်

Google က မြန်မာ Sim တွေအတွက် Google code တွေပိတ်လိုက်ပါပြီ။ စိတ်မပူပါနဲ့ ဖြေရှင်းနည်းလေးရှိပါတယ်။Google authenticator ကိ...
27/06/2025

Google က မြန်မာ Sim တွေအတွက် Google code တွေပိတ်လိုက်ပါပြီ။ စိတ်မပူပါနဲ့ ဖြေရှင်းနည်းလေးရှိပါတယ်။

Google authenticator ကို ချိတ်ဆက်ထားပီး 2 Step Verification Code ကိုတောင်းယူနိုင်ပါတယ်
Facebook ကိုလဲ Google Authenticator မှာ Setup လုပ်ထားနိုင်ပါတယ်

- ကိုယ့်ရဲ့ Google Acc ရဲ့ Setting ကိုသွားပါ။
(Google Settings ကိုဘယ်လိုသွားရမလဲဆိုရင် Gmail ရဲ့ ထောင့်က ကိုယ့် Acc ပုံအဝိုင်းကို နှိပ်ပါ။
ပြီးရင် Managed Your Google Account ဆိုတာလေးကိုနှိပ်ပါ။ဒါဆိုရင် Google Settings ထဲရောက်ပါပြီ။)

- ဘေးလေးနည်းနည်းဆွဲပြီး Security ကိုနှိပ်ပါ။

NO.1 Authenticator နဲ့ Gmail Code ပို့လာအောင်ယူထားလို့ရပါတယ်။
လိုအပ်တဲ့ ဆော့ဝဲ ⬇⬇⬇ https://play.google.com/store/apps/details?id=com.google.android.apps.authenticator2

(Security ကိုနှိပ်ပြီးတာနဲ့ အပေါ်လေးနည်းနည်း ဆွဲတင်ရင် Authenticator, Backup 2Step Verfication, Backup Code လေးဆိုပြီးတွေမှာပါ။အဲ့မှာမှ လိုအပ်တဲ့ ဆော့ဝဲကို Download လုပ်ပြီး Gmail အတွက်လိုအပ်တဲ့ Code ကို Authenticator နဲ့ Code ပြန်ယူလို့ရပါတယ်။










အပျိုစင်မင်းသမီးများ😘😘
26/06/2025

အပျိုစင်မင်းသမီးများ😘😘

ပိန်းနဲသီး ကြိုက်သူတေရှိလား hiခက်😁
26/06/2025

ပိန်းနဲသီး ကြိုက်သူတေရှိလား hiခက်😁

ညီမလေး အိကြာဖြူ ကြောင့် လှိုင်သာယာကို ဂုဏ်တတ်စေခဲ့တယ်ဆိုတဲ့ အဆိုတော် ရွှေနန်းထက်💙အခုဆိုလှိုင်သာယာကိုအထင်မသေးရဲကြတော့ဘူး ...
26/06/2025

ညီမလေး အိကြာဖြူ ကြောင့် လှိုင်သာယာကို ဂုဏ်တတ်စေခဲ့တယ်ဆိုတဲ့ အဆိုတော် ရွှေနန်းထက်💙

အခုဆိုလှိုင်သာယာကိုအထင်မသေးရဲကြတော့ဘူး ညီမလေးကြောင့် လှိုင်သာယာရဲ့ပုံရိပ်ကိုမြင့်တင်ပေးနိုင်ခဲ့ပြီ အရင်ကဆို တက္ကစီ သမားတေတောင်လှိုင်သာယာကိုလိုက်မပို့ချင်ကြဘူးလို့ပြောပြလာခဲ့ပါတယ်💙

Address

Yangon

Telephone

+81635253163

Website

Alerts

Be the first to know and let us send you an email when Saw Htar Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share