Vom Vom

Vom Vom Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vom Vom, Yangon.

03/03/2026

Day 1 in Delhi 🇮🇳
Metro card လုပ်ပြီး Select Citywalk Mall ပတ်ခဲ့တဲ့နေ့ 🛍️

17/02/2026

Q : ငွေဆောင်ရောက်ရင် ကော်ဖီကောင်းကောင်းဘယ်မှာသောက်မလဲ …

A : JAK Ngwe Saung မှာသောက်ပါ ☕️

17/02/2026

ငွေဆောင်မှာ ဝင်ကြေး “၁၀၀၀” ထဲနဲ့ ပုံတွေအဝရိုက်လို့ရတဲ့
📍 Surf Club Bugwe Cafe & Restaurant မှာဘာတွေရှိလဲ ကြည့်ရအောင် …


Ambience Mall - Delhi
15/01/2026

Ambience Mall - Delhi

13/01/2026

India ရဲ့ မြောက်ဘက် ၊ အနောက်ဘက် နဲ့ အရှေ့ဘက် မှာရှိတဲ့ မြို့ ၈ မြို့ နဲ့ ၁၉ ရက်ခရီး – Summary ✈️

📍 Eastern India – Kolkata, Rajgir, Patna, Gaya
📍 Northern India – Delhi, Manali, Agra
📍 Western India – Jaipur

✈️ Immigration Experience
🧭 ခရီးသွားအတွင်း ကြုံခဲ့ရတာလေးတွေ
🏔️ Manali မှာ လုပ်လို့ရတဲ့ Activities
💰 Budget Planning (တော်တော်များများလာမေးထားတာလေး)
ဒီခရီးက Budget Trip ဆိုတော့ မသွားခင်ထဲက
👉 စားစရိတ်ကို တစ်ရက် Rupee 500 × 19 ရက် လို့ သတ်မှတ်ထားပါတယ်

တချို့နေ့တွေမှာ အဲ့လောက်မကုန်တဲ့အခါ
☕ Starbucks လိုမျိုး ကိုယ်ကြိုက်တဲ့နေရာတွေ သွားတာပေါ့နော်။ (ကော်ဖီတခွက်နဲ့တင် Rupee 370 ဖြစ်နေတော့ တစ်နပ်စာ လွတ်မှာလေ 😜😜)

📊 Final Cost Breakdown
✈️ Air Ticket – Rupee 33,000
🚕 ကားခ / 🚆 ရထားခ / 🚇 Metro
🎟️ ဝင်ကြေး
🍽️ စားစရိတ် + Snacks
🎁 လက်ဆောင်ဝယ်
👉 အားလုံးပေါင်း အသုံးစရိတ် – Rupee 50,000

💸 စုစုပေါင်း Final ကုန်ကျစရိတ်

👉 တစ်ဦးကို Rupee 83,000 (USD ~ 1,000)

ကိုယ်တွေအဲ့လောက်ထိ နှံ့နှံ့စပ်စပ်သွားခဲ့နိုင်တာ Tour နဲ့သွားတာမဟုတ်ပါဘူး။ ဒေသခံ India လူမျိုး မိတ်ဆွေအကိုကနေပဲ ကိုယ်သွားချင်တဲ့နေရာ ရော သူတို့ဆီကအထင်ကရတွေကို အချိန်နဲ့တပြေးညီ နားဖို့အချိန်မယူပဲ တနေရာနဲ့တနေရာ မရောက်ရောက်အောင်သွားခဲ့တာလဲပါပါတယ်။

ဒီ post ကတော့ overall summary အနေမို့ မြို့တစ်မြို့ချင်းစီရဲ့
📍 သွားရောက်ခဲ့တဲ့နေရာတွေ
🍴 စားခဲ့တာတွေ
🚗 သွားလာပုံ
💡 Tips & Tricks
တွေကို နောက် post တွေမှာ တစ်ခုချင်းစီ အသေးစိတ် share ပေးသွားပါမယ်နော် ❤️

09/01/2026

India Budget Trip သွားမယ်ဆို မဖြစ်မနေယူသွားသင့်တဲ့အရာများ ✈️

India ကို budget trip သွားမယ်ဆိုရင် ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေကို ကြိုတင်စီစစ်ပြီး ယူသွားဖို့လိုပါတယ်...

📌 မဖြစ်မနေယူသွားသင့်တဲ့အရာများ

Type D / Adapter (အားသွင်းဖို့အခက်အခဲမဖြစ်အောင်ဆောင်ထားပါ။ ဟိုမှာ Hotel ,ဆိုင်, အိမ်တွေမှာ ဒီ ပလတ်ခေါင်းတွေပဲသုံးကြတာများပါတယ်)

Hair Dryer ( ရာသီဉတုအရမ်းအေးပေမယ့် Hotel တွေက dryer မထားပေးပါဘူး , တချို့ hotel ဆို ခဏ ငှားလို့တောင်မရပါဘူး )

တခါသုံးခွက််

Tissue / Wet Tissue

သွားတိုက်ဆေး / တိုက်တံ

ကိုယ်သုံးနေကျ Skincare ပစ္စည်းများ

Power Bank

အားသွင်းကြိုးများ (ဖုန်း၊ Power Bank စသည်)

📌 Shampoo / Body Care ပစ္စည်းများ
India မှာ ကုန်ဈေးနှုန်းတွေက မြန်မာနဲ့ သိပ်မကွာလှပါဘူး။ Shampoo၊ Body Wash စတာတွေကို ဟိုရောက်မှ ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။
Made in India ထုတ်ကုန်တွေထဲမှာလည်း အရည်အသွေးကောင်းတဲ့ Brand တွေ အများကြီးရှိပါတယ်။

ဒါပေမယ့် ကိုယ်သုံးနေကျ Brand ကို ရှာရခက်နိုင်တာကြောင့် နေရမယ့်ရက်နဲ့ချိန်ပြီး အနည်းငယ်ယူသွားတာကတော့ မမှားပါဘူး 👍

📌 Shop လေးများ
ရပ်ကွက်လေးတွေမှာတောင် G&G လို Convenience Store မျိုးတွေ ရှိလို့ အခြေခံအသုံးအဆောင်တွေ ဝယ်ရလွယ်ပါတယ်။

📌 အေးတဲ့ရာသီ သွားမယ်ဆိုရင်

ဦးထုပ်

မာဖလာ

လက်အိတ်

ခြေအိတ်

ဒီပစ္စည်းတွေကို ဟိုရောက်မှ ဝယ်လို့ရပြီး ဒီဇိုင်းစုံ၊ ဈေးလည်းသင့်ပါတယ်။
အရင်ဆုံး တစ်စုံလောက် Ready ယူသွားပြီး နောက်ထပ်လိုတာတွေကို ဟိုရောက်မှ ဝယ်တာ အကောင်းဆုံးပါ။

📌 ဈေးဆစ် ပါ 💸
တစ်ခုခုဝယ်တဲ့အခါ ပြောတဲ့ဈေးထက် ထက်ဝက်လောက်ကနေ စပြီး ဆစ်ပါ။
Foreigner ဆိုရင် ဈေးကို ပိုတင်ပြောတတ်ကြလို့ပါနော် 😄

✨ ခရီးသွားရင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို မျှဝေလိုက်ပါတယ်
အသုံးဝင်မယ်ဆိုရင် Save လုပ်ထားပြီး India Trip သွားတဲ့အခါ အသုံးချလိုက်ပါနော် 💙

2026 Reminders …- Language တခုကို သေချာပြန်လေ့လာမယ်- ကားမောင်းလိုင်စင်ရအောင်လုပ်မယ်- အကြွေးတွေတတ်နိုင်သမျှကင်းအောင်နေမယ်...
04/01/2026

2026 Reminders …

- Language တခုကို သေချာပြန်လေ့လာမယ်
- ကားမောင်းလိုင်စင်ရအောင်လုပ်မယ်
- အကြွေးတွေတတ်နိုင်သမျှကင်းအောင်နေမယ်
- Online shop page တွေ unfollow လုပ်မယ်
- ရှိတဲ့ အဝတ်အိတ်ဖိနပ်အဟောင်းတွေ မလိုပဲနှမြောပီးသိမ်းထားတာတွေမှန်သမျှ အကုန်လှူဖို့ပြင်ဆင်မယ်
- အရောင်နုနုလေးတွေရွေးမယ်
- skin care ဖို့အချိန်ပေးမယ်
- Gym ပြန်ဆော့မယ်
- အသုံးဝင်တဲ့ပစ္စည်းတွေနဲ့ မလိုတာတွေကိုဖယ်ပြီးတတ်နိုင်သမျှနည်းအောင်စုစည်းနေထိုင်မယ်
- ၁နှစ်ထဲမှာ ခရီးအနည်းဆုံး ၃ခုရအောင်သွားမယ်
- အလှူ ၁လ မှာ ၁ခုရအောင်လှူမယ်
- Vlog သေချာကြိုးစားအချိန်ပေးမယ်
- စာအုပ်တွေဖတ်မယ်
- ရုပ်ရှင်တွေကြည့်မယ်
- ကိုယ့်ကိုကိုယ်အချိန်ပိုရအောင် အမြဲစောစောထဖို့ကြိုးစားမယ်
- အတွေးတွေမလွန်အောင် ဘုရားရှိခိုးတရားထိုင်တာများများလုပ်မယ်
- မကောင်းတဲ့အတွေးတွေတွေးမိရင် ချက်ခြင်းရပ်ပစ် အာရုံလွှဲပစ်နိုင်ဖို့ အရင်ကထက်ပိုတော်အောင်ကြိုးစားမယ်
- ကိုယ့်ကိုယ်ကိုထိခိုက်တာတောင်မျက်စိမှိတ်ပြီးသူများကိုဦးစားပေးတာလုံးဝမလုပ်သင့်တော့ပါဘူး
- ကြုံခဲ့ဖူး ကိုယ်တိုင်လုပ်မိခဲ့တဲ့အမှားတွေရှိရင် လုံးဝထပ်မလုပ်မိဖို့သတိထားရပါမယ်
- အရင်လိုစိတ်၂ခွဖြစ်တာတွေမရှိပဲ အမြဲအဖြေတစ်ခုကို တိကျစွာရွေးခြယ်နိုင်အောင်ကြိုးစားရမယ်

(တခြားသူတွေအတွက် ဒါကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုကိုယ်တော့ ပြုပြင်ရမယ်ထင်လို့)

02/01/2026

YSL Beauty unboxing in Manali ❤️

🏫  Indian Museum (India Museum)နောက်တစ်နေရာကတော့ Indian Museum ပါ။ဒီ Museum က 1814 ခုနှစ်မှာ တည်ထောင်ခဲ့ပြီးIndia ရဲ့ အဟ...
23/12/2025

🏫 Indian Museum (India Museum)

နောက်တစ်နေရာကတော့ Indian Museum ပါ။

ဒီ Museum က 1814 ခုနှစ်မှာ တည်ထောင်ခဲ့ပြီး
India ရဲ့ အဟောင်းဆုံးနဲ့ အကြီးဆုံးပြတိုက် လို့ပြောကြပါတယ်။

အတွင်းမှာခေတ်အလိုက်
• ရက်လုပ်တဲ့ အဝတ်အထည်များ
• အသုံးဆောင်ပစ္စည်းများ
• အဟောင်းအကြွေစေ့များ
• လက်နက်ကိရိယာများ
• ကျောက်အမျိုးအစားများ
• အိုးခွက်ပန်းကန်များ
• သဘာဝသက်ရှိအမျိုးအစားများ
အီဂျစ်ကမံမီကအစ တခြားသော သမိုင်းဝင်မှတ်တမ်းအဆုံးအကုန် လေ့လာနိုင်ပါတယ်။

🎫 Ticket - ₹ 100 for people and ₹ 65 for mobile telegraph

📱 ဖုန်းနဲ့ ပိုက်ဆံအိတ်အသေးပဲ အထဲယူလို့ရပါတယ်

📸 ဖုန်းနဲ့ရိုက်ဖို့ Photo fees သီးသန့်ရှိပြီး
သူတို့သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ရိုက်လို့ရတာမို့
မသိဘဲရိုက်မိရင် ဝီစီနဲ့ အမှုတ်ခံရနိုင်တာ သတိထားရပါမယ် 😅

⸝

🔵 Kolkata Biswa Banglar Gate

ညနေခင်းမှာတော့ Kolkata Biswa Banglar Gate ပေါ့

ဒီ Gate က West Bengal ရဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်မှုကို ကိုယ်စားပြုတဲ့ modern landmark တစ်ခုလို့သိရပြီး
အပေါ်မှာ Skywalk ပုံစံနဲ့ ဆောက်ထားတာတွေ့ရတယ်။

⏰ မနက်ခင်းတဖြတ် ညနေတဖြတ်စီဖွင့်ပေးတာပါ
🎫 Ticket – ₹ 100

အပေါ်ကနေ မြို့ရဲ့ sight view ကို အပေါ်စီးက ကြည့်လို့ရပြီး
Photo ရိုက်လို့လည်း အရမ်းကောင်းပါတယ် 🌆

🍽️ စားသောက်ဆိုင်လေးတွေ
🍰 မုန့်ဆိုင်လေးတွေ ရှိလို့
family တွေ၊ couple တွေအတွက် dinner date လုပ်ဖို့ အရမ်းသင့်တဲ့နေရာ လို့
recommend ပေးချင်ပါတယ် 💑

⸝

တစ်ရက်လုံးလည်ခ Taxi - ₹ 3500

Hotel က 1Day - ₹ 2000

✨ Kolkata မှာ Day 1 ပေါ့ နောက်ရက်တွေလာဦးမယ်နော် ✨

🇮🇳 India ကို ပထမဆုံးစခြေချတဲ့မြို့က Kolkata 💛Day 1 in Kolkata ကိုစပြောတော့မယ်နော်ဗြိတိသျှခေတ်ရဲ့အဆောက်အဦးတွေများတဲ့သမိုင...
23/12/2025

🇮🇳 India ကို ပထမဆုံးစခြေချတဲ့မြို့က Kolkata 💛

Day 1 in Kolkata ကိုစပြောတော့မယ်နော်

ဗြိတိသျှခေတ်ရဲ့အဆောက်အဦးတွေများတဲ့သမိုင်းဝင်မြို့လို့စာတွေထဲဖတ်ထားရတယ်။

ပထမဆုံး Hotel မှာပဲ မနက်စာစားပြီး Taxi နဲ့ပဲသွားခဲ့တာတွေက

🏛️ Victoria Memorial Hall

Victoria Memorial Hall ကို
1906 ခုနှစ်မှာ စတင်တည်ဆောက်ပြီး 1921 ခုနှစ်မှာ ပြီးစီးခဲ့တာ ဖြစ်ပြီး ဗြိတိသျှဘုရင်မ Queen Victoria ကို ဂုဏ်ပြုအမှတ်တရအဖြစ် ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီး ပါ။

အဖြူရောင် marble နဲ့ ဆောက်ထားတာကြောင့်
Photo ရိုက်ရတာလဲအရမ်းလှပါတယ် 📸

⚠️ Monday ပိတ်ပါတယ်
🎫 Entry fees - ₹ 500

အဆောက်အဦးအတွင်းမှာတော့
ဗြိတိသျှအုပ်ချုပ်မှုခေတ်က သမိုင်းမှတ်တမ်းတွေ၊ ပန်းချီကားတွေ၊ အသုံးဆောင်ပစ္စည်းတွေကို ပြတိုက်ပုံစံနဲ့ ပြသထားတာကြောင့်
လည်ရင်း သမိုင်းကိုပါ လေ့လာလို့ရပါတယ်။

✨ Next destination >>>

21/12/2025

Day 1 - Kolkata , India 🇮🇳

စတင်ရောက်ရှိလာတဲ့ချိန်ကစပြောရမလား

Myanmar ကနေထွက်တာ 4:45 - Kolkata ရောက်တာ 6:30 လောက်ဖြစ်မယ်

Immigration ရောက်ရောက်ခြင်းအတွေ့အကြုံပေါ့ …
E arrival ကို online ကနေကြိုဖြည့်ရမှာ
မဖြည့်ပဲ ဟိုရောက်မှဖြည့်မယ်လုပ်တာ တိုင်စပတ်တာပဲ 😂
လေဆိပ်မှာအထင်နဲ့အမြင်လွဲတာ Wifi ကမရ internet မရှိပဲ online scan ပြီးဖြည့်ဖို့ကြိုးစားရာကနေ နောက်ဆုံး၃ယောက်ပဲကျန်တယ် သူတို့ဆီကဝန်ထမ်းတွေရောက်လာတော့ စာရွက်နဲ့ဖြည့်လို့ရတာနဲ့ အတော်ပဲပေါ့ စာရွက်နဲ့ရေးဖြည့်တာကို ဘေးက ကိုကိုရဲတွေကရပ်စောင့်နေပါလေရော ဒီ၃ယောက်ဘာတွေတိုင်ပတ်နေကြတာလဲဆိုပြီး 😂🤭
တကယ်က booking လုပ်ထားတဲ့ Hotel ကလိပ်စာပဲပါပြီး နာမည်ပါမလာဘူး booking လုပ်ပေးတဲ့အကိုနဲ့လဲအဆက်သွယ်ကမရ ဟိုကမေးရင်ဖြေဖို့၃ယောက်သားတိုင်ပတ် 🥲

နောက်သူတို့ဝန်ထမ်းတွေလာခေါ်ပြီး ကိုယ်တွေကိုကောင်တာတခုစီတန်းစီခိုင်းတယ်
ဘာတွေမေးလဲဆိုတော့ မမကိုတော့ဘာမှမမေးဘူး ကိုယ့်ကောင်တာက girl officer ကတော့ ဘယ်သွားမလို့လဲ ဘာလာလုပ်တာလဲ ဘယ်နှရက်ကြာမလဲ Hotel Booking လုပ်ထားလား ဘယ်သူတွေနဲ့လာတာလဲ ဘာအလုပ်လုပ်တာလဲ ဒါပဲမေးတယ် တုံးထု eye scan လက်ဗွေနှိပ် ပြီး လွှတ်ပေးတယ်
ကိုကြီးဘက်က Officer ကတော့ရှယ်စပ်စုနေလေရဲ့ Bookingစာရွက်တွေရောအကုန်ပြရတယ် 🥹

ညနေပိုင်းလူလဲကုန်နေပြီမို့ထင်တယ် ပထမစီနေတဲ့အတန်းကလူတွေလို သူတို့သိပ်အများကြီးတော့မမေးဘူး

မျက်စိရှင်ရှင်နဲ့ ရှေ့ကလူတွေကိုရစ်မရစ်ကြည့်ရင်းမရစ်လောက်မယ့်လူကိုရှာပေမယ့် ဝန်ထမ်းကလာခေါ်သွားတော့ရွေးချိန်တောင်မရလိုက်ဘူး 🥹

2025 December - India Trip ကို လွန်ခဲ့တဲ့ ၄လကစစဉ်းစားဖြစ်ကြတာပေါ့…🇮🇳Oversea မထွက်ဖြစ်တာလဲ ၈နှစ်လောက်ကြာသွားပြီ မမကလဲခေါ်...
30/11/2025

2025 December - India Trip ကို လွန်ခဲ့တဲ့ ၄လကစစဉ်းစားဖြစ်ကြတာပေါ့…🇮🇳

Oversea မထွက်ဖြစ်တာလဲ ၈နှစ်လောက်ကြာသွားပြီ မမကလဲခေါ်နေတာနဲ့ သွားရမလို မသွားရမလိုနဲ့ သို့လောသို့လောဖြစ်နေရာကနေ ခုတော့ 75% စီစဉ်ပြီးပြီ🤭

မမနဲ့ကိုယ်နဲ့ စပြီးတိုင်ပင်တော့ မမက Air ticket နဲ့ Train / Hotel booking တွေ ကိုပဲ မမ စီစဉ်ပေးမယ် Budget ဆွဲပေးမယ်ပေါ့
လည်မယ့်နေရာတွေ စားချင်တာသွားချင်တာ ကို ကိုယ့်ဟာကိုယ်သေချာရှာပါ စီစဉ်ပါ ဆိုပြီးလွှတ်ပေးလိုက်တာ 😥😥😥

🚞 Tour နဲ့ လဲမဟုတ် တကယ့် အဓိကနေရာတွေမကျန်ခဲ့အောင် ChatGPT ပဲ စတင်အားကိုးရတာပေါ့😬😬

(ကိုယ့်လိုတခါမှမသွားဖူးတဲ့ခရီးကိုစပြီးလေ့လာမယ့်သူတွေတွက် လိုရမယ်ရ )

📍ပထမဆုံး Kolkata - Jaipur - Delhi - Gaya - Manali ကို ကိုယ်တနေရာမှာနေမယ့်ရက် နဲ့ အလိုက် သွားရမယ့် List ကိုတောင်းပါတယ် ( ChatGPT ပြတဲ့နေရာတွေကမနည်းဘူး )

📍တစ်နေရာချင်းစီရဲ့ သမိုင်းကြောင်းတွေ ၊ ဘာကြောင့်သွားသင့်တာလဲ , ဘာ activities တွေလုပ်လို့ရလဲ ဘာ Show တွေရှိလဲ အသေးစိတ်အချိန်ယူမေးတယ် (သိပ်မယုံလို့ Google ကနေလဲပြန်ပြန်ရှာကြည့်သေး)🫣🫣

📍ဘယ်အချိန်သွားလို့ကောင်းပြီး (ည/မနက်) ဆောင်ရန်ရှောင်ရန်တွေ ကအစ ဝင်ကြေးကအဆုံး Excel နဲ့ပြခိုင်းလိုက်ပါတယ်

📍ChatGPT ကနေပေးတဲ့ List ကို Pinterest ကနေ ပုံတွေလိုက်ရှာ ပြီး ဘယ်နေရာကဘယ်လိုခေါ်တယ်ဆိုတာ List နဲ့တကွမှတ်ထားရတယ် 📋
( ChatGPT ကလဲပုံပါပြခိုင်းလို့ရပေမယ့် Photo idea တွေလဲလိုချင်လို့ Pinterest ပြေးရတာပါ)

📍🎄Christmas ရော 📅Countdown ပါ ဟိုမှာနေရမှာ ဆိုတော့ local culture, festivals, safety, do’s & don’ts တွေကို သိတဲ့အမဆီကနေ လေ့လာရသေးတယ်🫶🏻

ကိုယ်တွေက Budget Trip ဆိုတော့အကုန်လုံးသွားရင် ဝင်ကြေးတွေရထားခတွေနဲ့မချောင်ဘူး 😥😥

👉အဲ့တော့ တကယ့်ကိုသွားဖြစ်အောင်သွားရမယ် မသွားမိလို့နောင်တရနေရမှာမျိုးမဖြစ်အောင် သွားဖူးတဲ့ အမဆီကနေ Selection ပြန်လုပ်ပြီးမှ Final List ထွက်လာတော့တာပဲ

🥳 ကိုယ့်အမရော ကိုကြီးရော ဟိုကနေလိုက်ပို့ပေးမယ့် Sir Sujit ရောက ညီမလေးသဘောကျ သွားစေသတည်းဆိုပြီးလွှတ်ပေးထားတော့ ဒီ List ကြီးကိုင်ပြီး မပြည့်မချင်းမအိပ်ပဲသွားမှာနော်လို့ပြောထားတယ် 🫣🤭🤭🤭🥳

🛩️🌍 Travel Blog လုပ်ချင်တဲ့တို့အတွက်တော့ ဒီTrip အတွက် ကြိုးစားမှုရဲ့ ပထမဆုံး အပိုင်းကို အမှတ်တရတင်လိုက်တာပါ။

👉👉 Visa နဲ့လေယာဉ်လက်မှက်လဲ ဘာ Service မှ မအပ်ပါဘူး Everything self-arranged ပါ။ 🫶🏻

‼️Visa ၈ရက် ၁၀ ရက်လောက်ကြာတတ်လို့ကြိုလျှောက်ကြပါ။ ( ကိုယ်က ၃ရက်စောင့်ရပါတယ် )

‼️‼️ eVisa လျှောက်ဖို့ Link တွေများစွာနဲ့ scammer တွေများလို့ official web link ကနေလျှောက်ပါ။

‼️‼️‼️ Air ticket ကိုကြိုဝယ်ပါ။ ကပ်ဝယ်ရင်စျေးတက်ပြီး ကုန်တာလဲမြန်လို့ လိုချင်တဲ့dateမရတတ်ပါဘူး။






Address

Yangon

Website

Alerts

Be the first to know and let us send you an email when Vom Vom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share