Actor David Kyaw

Actor David Kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Actor David Kyaw, Film/Television studio, Yangon.

01/10/2025
28/09/2025

David Kyaw ရဲ့ ကိုယ်ပိုင်သံဇဥ် သီချင်း MTV ကရိုက်တာတဝက်ကျန်သေးလို့ အသံသွင်းထားတာလေးအရင်တင်လိုက်တယ်
တေးရေး - လင်း မင်း

#ကိုယ်ပိုင်သံဇဥ်သီချင်းလေးမို့Likeနဲ့Shareပီးဝန်းရံပေးနော်

လူမှုကွန်ယက်ပေါ်မှာဖတ်မိတဲ့ ရန်ကုန်။---------------------------------ကြောက်စရာကြီးနော်ခေတ်ကြီးမကောင်းတော့တာမို့ဘအစစအရာရာ...
15/08/2025

လူမှုကွန်ယက်ပေါ်မှာဖတ်မိတဲ့ ရန်ကုန်။
---------------------------------
ကြောက်စရာကြီးနော်
ခေတ်ကြီးမကောင်းတော့တာမို့ဘအစစအရာရာ ပိုပြီး။သတိရှိကြစေဖို့ ဒီနေ့ကြုံရတာလေး ဝေမျှပေးချင်ပါတယ်

ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ အကူကလေးမလေးကို အဝယ်တော်သီရိမဂ်လာစျေးကိုလွှတ်ပြီးသံပန်းတံခါးသော့ခတ်ဟင်းချက်ပြီးစကိုယ်လဲ ရေချိုးဖို့ ရေလဲထမိန်ဝတ်ပီး အိမ်ရှေ့မှာ YouTube လေးဖွင့်နေတုန်း တံခါး bell တီးတယ်။

CCTV ကလှမ်းကြည့်တော့ ကိုယ်လဲ မသိသူဘာမှလဲ ငါမှာမထားပါဘူးဆိုပီး သစ်သားတံခါး ဖွင့်ကြည့်တော့ထောင်ထောင်မောင်းမောင်း ဆံပင်တိုတိုနဲ့ စွပ်ကြည်အနီ ဝတ်ထားတဲ့ယောက်ကျားတစ်ယောက်ရေလဲထမိန်နဲ့tower ခြုံပီး ဘာကိစ္စရှိလို့လဲဆိုပီး ကိုယ်ကအိမ်အတွင်းက ( သံပန်းအတွင်း )နေ မေးတော့ ဝရံတာ ဘေးမှာ ညောင်ပင်ပေါက်နေတယ်
ရေပိုက်လဲ ကွဲပီး ရေတွေကျနေလို့ အောက်ထပ် ပထမထပ်ကအပင်ခုတ်ဖို့ လွှတ်လိုက်လို့တံခါးဖွင့်ပေးဖို့ပြောတယ်။

ညောင်ပင်သေးသေးလေးနဲ့ ဘေးတိုက်ကပိုက်တခု တန်းလန်းဖြစ်နေတာလဲသတိထားမိတယ်ဒါပေမယ့် ငါကလဲ ရေချိုးခါနီးပုံနဲ့ အိမ်မှာလဲ ငါတစ်ယောက်ထဲဆိုပြီးတွေးနေတုန်း အဲ့လူကထပ်ပြောတယ်အိမ်ဘေးမှာဒီလောက်ဖြစ်နေတာမမြင်ဘူးလား ပြမယ် တံခါးဖွင့် ဆိုပြီးထပ်ပြောတယ်။

လူကအဲ့အချိန် တကယ် ဇဝေဇဝါဖြစ်နေတာသူကလဲ ရေပတ်မဝင်ပဲဆက်တိုက်ပြောနေတာနောက်တော့ ကိုယ်က ခပ်တည်တည်နဲ့ပဲ ပထမထပ်က လုပ်ခိုင်းရင်အဲ့အထပ်ကိုပဲလုပ် ကျမဘာသာ လုပ်ချင်တဲ့အချိန်ကျမှ ခေါ်ပြီးလုပ်မယ်ဆိုပီး တံခါးပိတ်ချလိုက်တယ်။ ရေဝင်ချိုးနေတာပေါ့။

ခဏနေတော့bellကတောက်လျောက်တီးပြန်ရော အဲဒါနဲ့ ရေချိုးခန်းကမြန်မြန်ချိုးပီး cctv ကနေလှမ်းကြည့်တော့ အမျိုးသမီးတစ်ယောက်။

အဲဒါနဲ့ သစ်သားတဲခါးဖွင့်ပြီး ဘာကိစ္စရှိလို့လဲအမလို့မေးတော့ ညီမလေးရေ ခုဏက ညီမလေးလွှတ်လိုက်လို့ဆိုပြီး သစ်ပင်ခုတ်ဖို့ဆိုပြီး အမတို့အခန်းကို ယောက်ကျား ၂ ယောက်တက်လာလို့ပါတဲ့ ။ အဲ့အစ်မတွေက ၆ လွှာမှာနေကြတာ ဖုန်းအဆက်အသွယ်မရှိပေမယ့် လှေကားမှာဆုံရင်တော့ ခေါ်ပြောဖူးတာပေါ့။

၆ လွှာကအမက ဘယ်သူလွှတ်လိုက်တာလဲမေးတော့၄ လွှာကအမကလွှတ်လိုက်တာသူကရေချိုးမှာ နာရီဝက်လောက်ကြာဦးမှာမို့ အပေါ်ထပ်ကအပင်တွေအရင်လုပ်ဆိုပြီး လွှတ်လိုက်တာပါဆိုပြီး တံခါးဖွင့်ပေးပါဆိုပီး အတင်းဖွင့်ခိုင်းပါလေရော ။

ဟိုအမကလဲ တကယ်လားဘယ်လိုမှန်းမသိနဲ့ သူလဲဇဝေဇဝါဖြစ်နေတာ ခုတ်ခက ၇၀၀၀၀ ပေးရမယ်လို့လဲပြောတယ်အခု ဝရန်တာကိုကြည့်ချင်လို့ဆိုပြီးတံခါးဖွင့်ခိုင်းတယ်။ သူတို့ကအပေါ်က ကြိုးနဲ့ဆင်းပီးခုတ်ရမှာမို့ ဝရံတာကိုကြည့်ရမှာမို့ တံခါးအတင်းဖွင့်ခိုင်းတယ်။

၆ လွှာကအမလဲ ဘာလုပ်ရမှန်းမသိတော့ ကျမအခုချက်ချင်း ၇ သောင်းပေးဖို့မရှိသေးဘူး..အိမ်ကလူကြီးတွေကိုမေးရဦးမယ်အခုတော့မလုပ်သေးဘူးဆိုပြီးပြောလိုက်တယ်။

အဲ့ လူ၂ ယောက်ဆင်းသွားမှ ၆ လွှာက အမက ကျမဆီ ဆင်းလာကာ ညီမလေး အပင်ခုတ်ဖို့လွှတ်ဖို့လူ လွှတ်လိုက်လားအမဘယ်လောက်ပေးရမလဲ (မခုတ်လိုက်မိရင် ကျမက သူ့ကိုစိတ်ဆိုးမှာ သူကပူနေတာ)။

ကိုယ်လဲ ရေစက်လက်နဲ့ မလွှတ်တဲ့အကြောင်းပြောပြအဲ့ကျမှ သူ့ဖုန်းနံပါတ်ယူပြီး တခုခုဆို ဆက်မေးဖို့ပြောဖြစ်တယ်။

ပထမ ထပ်ကိုလဲ ကိုယ့်ဆီလွှတ်သေးလားသွားမေးတော့ သူတို့ကလဲကြောက်ပြီး မလွှတ်ဖူးအမတဲ့ သူတို့လဲ ကိုယ့်ဖုန်းနံပါတ်ယူပြီး တခုခုဆို ညီမလေးတို့ကိုလဲပစ်မထားပါနဲ့ပြောတံခါးတွေပိတ်ကြနဲ့ပေါ့။အခြားတိုက်တွေကိုလဲ ဟိုအထပ်က လွှတ်လိုက်တာဆိုပြီးလျောက်ပြောပီး တံခါးဖွင့်ခိုင်းတယ်တဲ့။

ဒီနေ့သာ အပင်ခုတ်ဖို့ တံခါးဖွင့်လိုက်ရင် ဒီစာကို ရေးနိုင်မယ်မထင်ဘူးမြေညီထပ်မြေရှင်ကတော့ သမီးရေ ဘယ်သူဖွင့်ခိုင်းဖွင့်ခိုင်း ဘာခုတ်ရမယ် ညာခုတ်ရမယ်ပြောလဲ ဦးဆီသာလွှတ်လိုက်လုံးဝမဖွင့်နဲ့လို့သတိအထပ်ထပ်ပေးတော့တာပဲ။

တိုက်ခန်းနေသူများအားလုံး သတိပြုလို့ရအောင် ဒီpost လေးကိုရေးလိုက်တာပါ။

ခေတ်ကြီးကဆိုးနေတာမို့ တချက်လေးမှားလိုက်တာနဲ့ အသက်ပေးရမယ့်ကိန်းပါ။

07/08/2025

သန်လျင်ဖက်ကရွေမိုး Bar မှာသီချင်းဆိုပီးရန်ကုန်ဖက်က Exit Bar ရောက်သွားတော့ တီးနေတဲ့ တီးဝိုင်းအဖွဲ့က The Darkside ဖြစ်နေတော့ဘော်ဒါတွေနဲ့တွေ့တုန်းဆို ခဲ့သေးတယ် မနေ့ညက ဧည့်သည်အဆိုဖြစ်ပေးဆိုသော The Darkside တီးဝိုင်းမှဘော်ဒါများလည်းကျေးဇူးတင်ပါသည်
Crd.. Owner to with respect

03/08/2025

သန်လျင်မြို့ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်က Shwe Moe Sky Bar မှာသီဆိုထားတာလေး
Crd.. Owner to with respect

29/07/2025

လူတွေနဲ့တွေ့ရင်နတ်တွေလည်းအငြိမ်မနေရတဲ့ဘဝပါလား 😂😂

လွန်ခဲ့တဲ့ ၄ နှစ်ကပုံလေး အဲတုန်းက ဆံပင်က ပိုရှည် အခုကအဲလောက်မရှည်သေး
15/07/2025

လွန်ခဲ့တဲ့ ၄ နှစ်ကပုံလေး အဲတုန်းက ဆံပင်က ပိုရှည် အခုကအဲလောက်မရှည်သေး

13/07/2025

သန်လျင်မြို့ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်က Shwe Moe Sky Bar မှာ ငယ်ငယ်ထဲကနားထောင်ခဲ့တဲ့ ဦးဌက် ရဲ့ ချစ်တိုင်းလည်းမညား သီချင်းသီဆိုထားတာလေး
Crd Owner to with respect

Address

Yangon

Telephone

+9595014728

Website

Alerts

Be the first to know and let us send you an email when Actor David Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share