Ei Ei Win Skincare

Ei Ei Win Skincare Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Ei Win Skincare, Digital creator, Yangon.

Sunscreen လိမ်းလိုက်တိုင်း မျက်နှာကြီး "သရဲ" လို ဖြူဖွေးသွားလို့ စိတ်ညစ်နေလား? လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးနဲ့ ပြောင်နေတာ...
12/06/2026

Sunscreen လိမ်းလိုက်တိုင်း မျက်နှာကြီး "သရဲ" လို ဖြူဖွေးသွားလို့ စိတ်ညစ်နေလား?

လိမ်းလိုက်ရင် စေးကပ်ကပ်ကြီးနဲ့ ပြောင်နေတာ၊ အပေါ်က မိတ်ကပ်လိမ်းရင်လည်း ကွက်သွားတာက တော်တော်စိတ်ပျက်ဖို့ကောင်းတယ်

HM Japan Sunscreen က အဲ့လို "Sunscreen ဒုက္ခ" တွေအတွက် ဖြေရှင်းချက်ပါ

သူ့မှာ Fresh type (watery gel) က လိမ်းလိုက်ရင် ရေလိုအေးပြီး အသားထဲ ချက်ချင်းစိမ့်ဝင်တယ်။ Tone up type ကလည်း သဘာဝကျကျ Glow စေတာ။ SPF 50+ PA++++ နဲ့ အပြည့်အဝ ကာကွယ်ပေးတယ်😌

နေ့စဉ်မရှိမဖြစ် ကာကွယ်မှုအတွက် HM Sunscreen တစ်ဘူးတော့ ဆောင်ထားသင့်တယ်

Ei Ei Win Skincare မှာဖြစ်စေ
whatsapp +968 7920 6029 မှာဖြစ်စေ စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင့်


#မြန်မာတပြည်လုံးအိမ်ရောက်ငွေချေ
#အိုမန်တနိုင်ငံလုံးအိန်ရောက်ငွေချေ

🌙 တစ်ခါတလေ... လွှတ်မချနိုင်တာက ချစ်လွန်းလို့ မဟုတ်ဘူး။ကိုယ်ပေးခဲ့တဲ့ အချိန်တွေ၊ မျှော်လင့်ချက်တွေကို နှမြောနေလို့ပါ။ဒါပေ...
12/06/2026

🌙 တစ်ခါတလေ... လွှတ်မချနိုင်တာက ချစ်လွန်းလို့ မဟုတ်ဘူး။
ကိုယ်ပေးခဲ့တဲ့ အချိန်တွေ၊ မျှော်လင့်ချက်တွေကို နှမြောနေလို့ပါ။

ဒါပေမဲ့ သတိရပါ...
တချို့အရာတွေက ကိုယ့်ဘဝထဲမှာ နေဖို့မဟုတ်ဘဲ၊ သင်ခန်းစာပေးဖို့ပဲ ရောက်လာကြတာ။

မင်း လက်လွှတ်လိုက်လို့ ဆုံးရှုံးသွားတာ မဟုတ်ဘူး။
မင်းရဲ့ စိတ်ငြိမ်းချမ်းမှုကို ပြန်ရွေးချယ်လိုက်တာပါ။

🌷 မင်းကို မပျော်ရွှင်စေတော့တဲ့ အရာကို လွှတ်ချလိုက်ပါ။
🌷 မင်းကို တန်ဖိုးမထားတဲ့သူကို လွှတ်ချလိုက်ပါ။
🌷 မင်းရဲ့ နှလုံးသားကို နာကျင်စေတဲ့ အတိတ်ကို လွှတ်ချလိုက်ပါ။

လမင်းက မပြည့်စုံတဲ့ ညတွေရှိပေမဲ့ အလင်းရောင်ပေးနေဆဲပဲ။
မင်းလည်း ဒီနေ့ နာကျင်နေရင်တောင် တစ်နေ့တော့ ပြန်လင်းလာမှာ သေချာပါတယ်။ ✨🤍

"တချို့အရာတွေကို လွှတ်ချလိုက်မှ ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတွေ ဝင်လာဖို့ နေရာလွတ်ရတယ်..."

Ei Ei Win
#ခေတ္တအိုမန်

Skincare တွေ ဘယ်လောက်လိမ်းလိမ်း အာနိသင်မပြရတဲ့ လျှို့ဝှက်ချက် (၃) ချက် 🤔💡ဒီတစ်ခါမှာတော့ မင်က ဘာကြောင့် Skincare တွေလိမ်း...
11/06/2026

Skincare တွေ ဘယ်လောက်လိမ်းလိမ်း အာနိသင်မပြရတဲ့ လျှို့ဝှက်ချက် (၃) ချက် 🤔💡

ဒီတစ်ခါမှာတော့ မင်က ဘာကြောင့် Skincare တွေလိမ်းလိမ်း အာနိသင်မပြလို့ဆိုပြီး စိတ်ညစ်နေတဲ့ အသဲလေးတို့အတွက် လျှိုဝှက်ချက်လေး(၃)ချက်ကို မျှဝေပေးမယ်နော် 😉

၁။ Layering Order မှားယွင်းခြင်း: Skincare ကို အကျဲဆုံးကနေ အပျစ်ဆုံး (Thin to Thick) အတိုင်း လိမ်းရပါမယ်။ Toner -> Essence -> Cream အစဉ်လိုက် မဟုတ်ရင် အသားထဲ စိမ့်မဝင်နိုင်ပါဘူး။

၂။ လမ်းကြောင်းမပွင့်ခြင်း: မျက်နှာပေါ်မှာ ဆဲလ်သေတွေ ရှိနေရင် ဘာလိမ်းလိမ်း အပေါ်ယံမှာတင် တင်ကျန်နေတတ်ပါတယ်။ ဒါကြောင့် HM Toner (PHA) လိုမျိုး ဆဲလ်သေဖယ်ရှားပေးတဲ့ Toner နဲ့ လမ်းကြောင်းအရင်ဖွင့်ပေးဖို့ လိုပါတယ်။

၃။ နေကာမလိမ်းခြင်း: Skincare တွေ ဘယ်လောက်လိမ်းထားပါစေ နေကာမလိမ်းရင် နေရောင်ခြည်က ကိုယ့်ရဲ့ Skincare အာနိသင်တွေကို ဖျက်ဆီးပစ်မှာပါ။

ကဲ..ဒီသုံးချက်အတိုင်းလိမ်းဖြစ်လား…မလိမ်းဖြစ်ဘူး ဆိုရင်တော့ သေချာလေးလိမ်းကြည့်ဖို့ မင်အနေနဲ့အကြံပြုချင်ပါတယ်..လိမ်းဖြစ်တဲ့ သူလေးတွေကတော့ အခုPost အောက်မှာ emoji တစ်ခုခုလေးမန့်ခဲ့ပေးနော် 😍

11/06/2026

‼Set လိုက် ၂စုံစာပဲ ကျန်တော့လို့ လိုချင်သူတွေအမြန်လာ😱

📌ခုဆိုပစ္စည်းသယ်ရတဲ့အချိန်တွေကြာလို့ တခေါက်တခါပစ္စည်းတွေပြတ်လို့ စောင့်ရတာမျိုးမဖြစ်ရအောင် အမြန်လက်ဦးမှရမယ်နော်

အမျိုးသမီးတွေ လှလှပပလေးနဲ့
Smart ဖြစ်အောင်နေ
အသားရေကိုသေချာထိန်းသိမ်းပါ
အားလုံးက ကိုယ့်စိတ်ပျော်ရွှင်မှုအတွက်ပဲဖြစ်နေရမယ် 🥰✨🤍

Setလိုက်ဝယ်ယူလိုသူများ
Ei Ei Win Skincare page messenger ဖြစ်စေ
7920 6029 whatsappno သို့ဖြစ်စေ စုံပမ်းဝယ်ယူနိုင်ပါတယ်ရှင့်

#အိုမန်ပစ္စည်းအသင့်ရှိတနိုင်ငံလုံးအိမ်ရောက်ငွေချေရ🇴🇲
#မြန်မာတပြည်လုံးအိမ်ရောက်ငွေချေရပစ္စည်းအသင့်ရှိ🇲🇲
#အိုမန်ဒိုင်ကြီးလက်လီလက္ကားပေးပါသည်
#ကိုယ်ပိုင်လုပ်ငန်း

🌞Good Morning ပါ ဖီးနစ်ငှက်လေးတို့ရေ🌞လောင်ကျွမ်းနေတဲ့ မီးတောက်တွေလိုပဲ... ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက သင့်ကို ဖျက်ဆီး...
11/06/2026

🌞Good Morning ပါ ဖီးနစ်ငှက်လေးတို့ရေ🌞

လောင်ကျွမ်းနေတဲ့ မီးတောက်တွေလိုပဲ... ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက သင့်ကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး။

သင့်ကို ပိုပြီး ခိုင်မာစေဖို့၊ ပိုပြီး တောက်ပစေဖို့ ရောက်လာတာပါ။

တစ်ခါတလေ ရှုံးနိမ့်မှုတွေ ကြုံရနိုင်တယ်။ တစ်ခါတလေ မျှော်လင့်ထားသလို မဖြစ်နိုင်ဘူး။

ဒါပေမဲ့ မီးငှက် (Phoenix) လိုပဲ ပြန်လည်ထမြောက်နိုင်တဲ့ စွမ်းအားက သင့်အတွင်းမှာ ရှိနေပါတယ်။

✨ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
✨ အကောင်းမြင်စိတ်ကို ထိန်းသိမ်းပါ။
✨ ဒီနေ့ရဲ့ ကြိုးစားမှုက မနက်ဖြန်ရဲ့ အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်။

"မီးတောက်ထဲကနေ ပိုတောက်ပတဲ့ ကိုယ်တိုင်အဖြစ် ပြန်လည်မွေးဖွားပါ။" ❤️🔥

သဲလေးတို့ရေ... ဒီစာလေးက စိတ်ခွန်အားတစ်ခုခု ပေးနိုင်ခဲ့ရင် ❤️ လေးပေးခဲ့ပြီး သူငယ်ချင်းတွေကိုလည်း Share လုပ်ပေးခဲ့နော်။

🔥✨

  တွေအတွက် အထိရောက်ဆုံး DoubleCleansing သဲလေးက အဆီပြန်အသားအရေဆိုရင် နေ့တိုင်း Double Cleansing လုပ်ဖြစ်ရဲ့လား စဉ်းစားကြည...
10/06/2026

တွေအတွက် အထိရောက်ဆုံး DoubleCleansing

သဲလေးက အဆီပြန်အသားအရေဆိုရင် နေ့တိုင်း
Double Cleansing လုပ်ဖြစ်ရဲ့လား စဉ်းစားကြည့်နော်။
မလုပ်ဖြစ်ဘူးဆိုရင် အဆီပြန်အသားအရေအတွက်
double cleansing ကဘာလို့လိုအပ်လဲ အရေးကြီးလဲဆိုတာကို သိစေဖို့ ဒီပိုစ့်လေးကိုအဆုံးထိဖတ်ကြည့်ပေးပါဦးနော်

👉 Sebum (အဆီပို) ကို ကောင်းကောင်းပျော်ဝင်ဖယ်ရှားပေးတယ်
Cleansing water က pores ထဲက အဆီနဲ့ sunscreen residue ကို ပိုကောင်းကောင်းဖယ်ပေးနိုင်ပါတယ်။

👉 ချွေးပေါက်ပိတ်တာ လျော့စေတယ်
အဆီ၊ ဖုန်၊ sunscreen ကျန်ရစ်တာတွေက whiteheads / blackheads / acne ဖြစ်စေနိုင်ပါတယ်။
Double cleansing က ဒီလိုတွေမဖြစ်စေဘဲ
ချွေးပေါက်အတွင်းထဲထိ သန့်စင်ပေးပါတယ်။

👉 Cleanser တစ်မျိုးတည်းနဲ့ မလုံလောက်တဲ့နေ့တွေရှိတယ်
Sunscreen လိမ်းထားတဲ့နေ့၊ outdoor ထွက်တဲ့နေ့၊ makeup လိမ်းတဲ့နေ့တွေမှာ Foam cleanser တစ်မျိုးတည်းနဲ့မလုံလောက်ပါဘူး cleansing water နဲ့အရင် မိတ်ကပ်၊ အဆီနဲ့ဖုန်မှုန့်တွေကိုသန့်စင်ပြီး မျက်နှာသစ်ဆေးနဲ့ သေချာဆေးကြောသန့်စင်ပေးမှ နောက်ဆက်တွဲ ဝက်ခြံနဲ့ ချွေးပေါက်ပိတ်တာမျိုးမဖြစ်စေမှာပါ

👉 Skin barrier ကို ပိုနူးညံ့စွာသန့်စင်နိုင်တယ်
တစ်ခါတည်း foam cleanser နဲ့ အကြာကြီးမျက်နှာသစ်တာထက် Cleansing waterနဲ့ အရင်ပျော်ဝင်စေပြီး နောက် gentle cleanser နဲ့ဆေးတာက skin ကိုပိုမခြောက်စေဘူး
ဒါတွေကတော့ အဆီပြန်အသားရေတွေအတွက် double cleansing က ဘာလို့လိုအပ်လဲ ဘာကြောင့်အရေးကြီးလဲဆိုတာကို ပြောပြပေးသွားတဲ့အချက်တွေပါ ဒါပေမယ့် over cleansing လုပ်မိရင်တော့ အသားပိုခြောက်ပြီး အဆီပိုထွက်နိုင်လို့ ဒါမျိုးမဖြစ်အောင်တော့ သတိပြုပေးနော်

အခုလို အလှအပဆိုင်ရာဗဟုသုတတွေကို မကြာခဏတင်ပေးနေတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် Page ကို like & follow လေးလုပ်ပေးခဲ့ဦးနော် တခြားပြောပြစေချင်တဲ့အကြောင်းလေးတွေရှိရင်လည်း comment မှာမန့်ခဲ့ပေးလို့ရပါတယ်နော် 🥰

Ei Ei Win Skincare


10/06/2026

၂ မိနစ်အတွင်း ဆံထုံးလှလှ ထုံးကြမယ် 💖

မနက်အလုပ်သွားဖို့ အချိန်မလောက်ဘူးလား? ⏰
ဆံပင်ကို ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် လှချင်လား? ✨

ဒီနေ့တော့ ၂ မိနစ်အတွင်း ပြီးစီးတဲ့ Elegant Bun Hairstyle လေးကို လိုက်လုပ်ကြည့်လိုက်ပါနော်။ 💕

🌸 ရုံးသွား၊ အလုပ်သွား၊ ကျောင်းသွားတဲ့အခါ အဆင်ပြေတယ်
🌸 သပ်ရပ်ပြီး ယဉ်ကျေးတဲ့ Look ကို ရစေတယ်
🌸 ပူတဲ့ရာသီမှာလည်း ဆံပင်မရှုပ်ဘဲ ပေါ့ပါးစေတယ်
🌸 Beginner တွေတောင် လွယ်လွယ်ကူကူ လိုက်ထုံးနိုင်တယ်

💬 သဲလေးတို့ရော ဒီဆံထုံးလေးကို ဘယ်အခါမျိုးမှာ ထုံးဖြစ်မလဲ? Comment မှာ ပြောပြခဲ့နော်။

❤️ အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး သူငယ်ချင်းတွေကိုလည်း မျှဝေပေးပါဦးရှင်။

#၂မိနစ်ဆံထုံး




Skincare (၁၀) ဆင့်လိမ်းဖို့ ပျင်းနေလား? ဒါဆို ဒီ 'အသက်ကယ်' (၃) ဆင့်ပဲ မှတ်ထား 🚀✨"မအားလို့ပါ" "အချိန်မရှိလို့ပါ" ဆိုတာတွေ...
10/06/2026

Skincare (၁၀) ဆင့်လိမ်းဖို့ ပျင်းနေလား? ဒါဆို ဒီ 'အသက်ကယ်' (၃) ဆင့်ပဲ မှတ်ထား 🚀✨

"မအားလို့ပါ" "အချိန်မရှိလို့ပါ" ဆိုတာတွေက ဆင်ခြေတွေပါနော်... တကယ်တော့ မျက်နှာသစ်ဖို့တောင် ပျင်းနေတာက အရှိတရားပါပဲ။ 😉 ဒါပေမဲ့ ဒီ (၃) ဆင့်လေးကိုတော့ အပျင်းမကြီးဘဲ လုပ်ကြည့်လိုက်ပါ။ ၅ မိနစ်ပဲ အချိန်ပေးရပေမဲ့ သင့်အသားအရေကတော့ တစ်နေကုန် သူများထက် တစ်ပန်းသာပြီး Glow နေမှာ အသေအချာပါပဲ

၁။ 𝐇𝐌 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐄𝐧𝐳𝐲𝐦𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 နဲ့ သန့်စင်မယ် 🧼

ညက ကပ်ထားတဲ့ အဆီတွေနဲ့ ဖုန်မှုန့်တွေကို အရင်ဆုံး ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ၁၀ မိနစ်လောက် အချိန်ပေးစရာ မလိုပါဘူး၊ (၆၀) စက္ကန့်လောက် ညင်ညင်သာသာလေး သစ်လိုက်ရုံနဲ့တင် သင့်မျက်နှာလေးက လန်းဆန်းပြီး နောက်တစ်ဆင့်အတွက် အသင့်ဖြစ်သွားပါပြီ။ မျက်နှာသစ်ပြီးရင် အသားတင်းကျပ်မသွားတာက HM ရဲ့ အားသာချက်နော်။

၂။ 𝐇𝐌 𝐋𝐢𝐪𝐮𝐢𝐝 𝐄𝐬𝐬𝐞𝐧𝐜𝐞 နဲ့ ရေဓာတ်ဖြည့်မယ် 💦

Toner တွေ၊ Serum တွေ၊ Ampoule တွေ အများကြီး လိမ်းဖို့ အချိန်မရှိရင် Essence တစ်မျိုးတည်းနဲ့တင် လုံလောက်ပါတယ်။ သူက Toner ထက် ပိုပြီး အာဟာရဓာတ် ကြွယ်ဝသလို Serum ထက်လည်း ပိုပေါ့ပါးတာကြောင့် အသားထဲကို စက္ကန့်ပိုင်းအတွင်း စိမ့်ဝင်သွားမှာပါ။ လက်ဖဝါးပေါ် (၃) စက်လောက်ချ၊ မျက်နှာပေါ် "Tap Tap" လေး ပုတ်လိုက်ရုံနဲ့ တစ်နေကုန် Glow နေမယ့် Glass Skin ကို ရရှိမှာပါ။

၃။ 𝐇𝐌 𝐉𝐚𝐩𝐚𝐧 𝐒𝐮𝐧𝐜𝐫𝐞𝐚𝐦 လိမ်းပြီး အပြင်ထွက်မယ် ☀️🛡️

ဒါကတော့ လုံးဝ ကျော်သွားလို့ မရတဲ့ အရေးကြီးဆုံး အဆင့်ပါပဲ။ အဆင့် (၁) နဲ့ (၂) လုပ်ထားပြီး Suncream မလိမ်းရင် သင့်အလုပ်တွေ အလကားဖြစ်သွားပါလိမ့်မယ်။ HM Suncream က ဖြူကွက်တာ (White Cast) လုံးဝမရှိဘဲ လိမ်းထားမှန်းတောင် မသိသာတာကြောင့် မိတ်ကပ်မလိမ်းချင်တဲ့ နေ့တွေမှာတောင် အသားလေး ကြည်ကြည်လင်လင်နဲ့ ယုံကြည်မှုရှိရှိ အပြင်ထွက်နိုင်စေမှာပါ။

တစ်နေ့တာကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ဒီ "𝘾𝒐𝙧𝒆 3 𝑺𝙩𝒆𝙥𝒔" လေးကို အခုပဲ စမ်းကြည့်လိုက်ရအောင် ✨

HM Skincare များကို မှာယူလိုပါက Ei Ei Win Skincare နှင့် whatsapp +968 7920 6029 ကိုလာရောက်ပြီးမှာယူနိုင်ပါတယ်ရှင့် 💬

Ei Ei Win

#အိုမန်တစ်နိုင်ငံလုံးအိမ်ရောက်ငွေချေရ🇴🇲
#မြန်မာတပြည်လုံးအိမ်ရောက်ငွေချေက🇲🇲

🔥မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ🔥 မင်းရဲ့အလင်းရောင်ကို ဘယ်သူမှ မဖျောက်နိုင်ဘူး 🔥တစ်ချို့နေ့တွေမှာ ဘဝက ခက်ခဲနိုင်တယ်...တစ်ချိ...
10/06/2026

🔥မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ

🔥 မင်းရဲ့အလင်းရောင်ကို ဘယ်သူမှ မဖျောက်နိုင်ဘူး 🔥

တစ်ချို့နေ့တွေမှာ ဘဝက ခက်ခဲနိုင်တယ်...
တစ်ချို့လူတွေက မင်းကို သံသယဝင်နိုင်တယ်...
ဒါပေမယ့် မင်းရဲ့တန်ဖိုးကို မင်းကိုယ်တိုင် သိနေသရွေ့ ဘယ်အရာကမှ မင်းကို လျှော့မချနိုင်ဘူး။

နေမင်းကြီးက နေ့တိုင်း ထွက်သလို...
မင်းလည်း နေ့တိုင်း ပိုပြီးတောက်ပလာဖို့ မွေးဖွားလာသူပါ။

မင်းရဲ့အိပ်မက်တွေကို မီးတောက်လို ထိန်းသိမ်းထားပါ။
မင်းရဲ့ယုံကြည်မှုကို ဘယ်တော့မှ မပျောက်စေနဲ့။

✨ အချိန်တန်ရင် မင်းရဲ့အောင်မြင်မှုက
မင်းကို သံသယဝင်ခဲ့သူတွေကို အဖြေပေးလိမ့်မယ်။

ဒီနေ့...
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ရဲရဲကြီး ရှေ့ဆက်လိုက်ပါ။ ❤️

10/06/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ei Ei Win Skincare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share