28/05/2025
KBZ Bank ကို တရားစွဲမည်
အသုံးပြုတစ်ယောက်ဖြစ်တဲ့ Yadi Kyaw ကွမ်းယာပညာမျှဝေခြင်း လူမှုကွန်ယက်အကောင့် ပိုင်ရှင်ဟာ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် ပြောပြထားပါတယ်။ ဒါ့အပြင် bank ကိုလဲ တရားစွဲမယ်လို့လဲ ပြောထားပါတယ်။
သူမပြောပြထားတဲ့အဖြစ်အပျက်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။
"ကျမ acc ကိုခုည အထွက်ပိတ်လိုက်ပါတယ်။
အဝင် လက်ခံတော့ ရပါတယ်။
ဘာအကြောင်းပြချက်မှ မရှိပဲ ပိတ်တဲ့ အတွက်
Call center ,ကို ဆက်ပါတယ်။
Center ,က လိမ်လည်မှုနဲ့ စီးဆင်းတဲ့ငွေ ရောက်နေတယ် ပြောတယ်။ ဘာအကြောင်းပြချက်မှ
မေးမရပါဘူး။
ကျမ တို့က ထုံးရောင်းအဝယ် လုပ်တဲ့အတွက် သူတို့ kpay ,အကောင့်တွေကို ယုံကြည်ပြီး ဖွင့်ထားတာပါ။
သမာအာဇီဝ ကျကျနဲ့ ရှာထားတဲ့
ငွေလေးတွေပါ။
မနက်ဖြန် အဖေ့ကို ဆေးခန်းပြရက်ဖို့ အကောင့်ထဲ 73သိန်းကျော် ငွေထည့်ထားပါတယ်။
ခုကြ သူတို့က ခဏ ထိန်းသိမ်းတယ်ဆိုပြီး ယူထားတာက လုံးဝ မကောင်းပါဘူး။
ယုံကြည်လို့ တနိုင်ငံ လုံးက Kpay ,acc ဖွင့်ကြတာပါ။
ခု ကြ သူများ အကောင့်ထဲက ငွေကို ထိန်းသိမ်းတယ် ဆိုတာ လုံးဝ မတရားပါဘူး။ တခါတလေ အစွန်းထွက် ပိုက်ဆံ တွေလဲ ပျောက်သွားပါတယ်။
မနက်ဖြန် ကြရင် တော့ တရားရုံးကို ဦးတိုက် လျှောက်ထားပြီး Kbz bank ,ကို တရားစွဲ ရပါလိမ့်မယ်။
ကျမ က ခရိုင် တိုင်းတွေ ထိ တိုင်မှာပါ။ မရ ရတဲ့ နည်း နဲ့ အရေးယူခိုင်း မှာပါ။ ကျမ တို့က ချွေးနဲစာ လေးနဲ့ အကြာကြီးရှာထားရတာပါ။ သူတို့ကခဏလေး ခိုးသွားတာ မကောင်းပါဘူး။
အားလုံးလဲ သတိထားကြပါရှင်။
ကျမ လို မဖြစ်ကြရအောင် များများရှယ်ပေးကြပါရှင်။ " ဆိုပြီးရေးထားတာဖြစ်ပါတယ်။
နဲ့ပတ်သက်ပြီး အကောင့်ပိတ်ခံရတာတွေ မကြာကြာကြားနေရတာဖြစ်လို့ သတိထားကြပါနော်
#ကမ္ဘောဇဘဏ်