မယ်ရစ်

မယ်ရစ် Do good for others .It will come back in unexpected ways. 👌

မင်္ဂလာနံနက်ခင်းပါ 🌞☕အေးချမ်းပြီး စိတ်ကြည်နူးစေတဲ့ နေ့လေးဖြစ်ပါစေ 🌿🤎 🌟 ရည်မှန်းချက်တိုင်း အောင်မြင်ပါစေ 🍀 #မယ်ရစ်
24/08/2025

မင်္ဂလာနံနက်ခင်းပါ 🌞☕

အေးချမ်းပြီး စိတ်ကြည်နူးစေတဲ့ နေ့လေးဖြစ်ပါစေ 🌿🤎 🌟 ရည်မှန်းချက်တိုင်း အောင်မြင်ပါစေ 🍀

#မယ်ရစ်

အိမ်ပြန်မယ်လို့သာ ပြောတာပါတကယ်တော့ အမေ့ကိုရှာတာပါပဲအိမ်ကိုလွမ်းတယ်ဆိုတာ တကယ်တော့ အမေ့ကို လွမ်းတာပါပဲဘာဖြစ်လို့ လူတွေဟာ အ...
23/08/2025

အိမ်ပြန်မယ်လို့သာ ပြောတာပါ
တကယ်တော့ အမေ့ကိုရှာတာပါပဲ

အိမ်ကိုလွမ်းတယ်ဆိုတာ
တကယ်တော့ အမေ့ကို လွမ်းတာပါပဲ

ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့
ကြုံတဲ့အခါ အိမ်ပြန်ချင်တာပါလိမ့်လို့တွေးမိတော့...

အမေရဲ့နွေးထွေးတဲ့ ရင်ခွင်ရှိတဲ့အိမ်ဟာ
ကျွန်တော်တို့တစ်သက်တာအတွက်
အလုံခြုံ အပျော်ရွှင်ဆုံးဖြစ်လို့ပဲနေပါလိမ့်မယ်

လောကအလယ် လူကြီးတစ်ယောက်ဖြစ်နေလည်း
အမေ့ရင်ခွင်မှာ ကျွန်တော်တို့ဟာ အမြဲကလေးပဲမို့လေ

💌suu(မူရင်းရေးသားသူ)

လွမ်းတယ်မေမေ

သူများအသက်ကို သ-တ်တာက ကာယကံ ပါ။ သူများ မကောင်းတဲ့သတင်း(သို့) ကောင်းနေရဲ့သားနဲ့ မကောင်းအောင် အတင်းပြောလိုက်တာက ဝစီကံပါ။သူ...
23/08/2025

သူများအသက်ကို သ-တ်တာက ကာယကံ ပါ။

သူများ မကောင်းတဲ့သတင်း(သို့) ကောင်းနေရဲ့သားနဲ့ မကောင်းအောင် အတင်းပြောလိုက်တာက ဝစီကံပါ။

သူများအကြောင်း မကောင်းဖြစ်သွားအောင် တွေးနေတာ၊ကြံစည်နေတာ၊မနက်ဖြန် ဘယ် လိုပြောရင် ကောင်းမလဲ ကြံစည်နေတာ မနောကံတွေပါပဲ။

ဒါက ဆိုးတဲ့ကံ၊အကုသိုလ်ကံတွေ ပြုနေတာ။ ဒါတွေက ကံဖြစ်နေပါတယ်၊

အမြဲတမ်း သတိရှိနေဖို့က တရားကျင့်ပေး၊သရဏံဂုဏ်တော်ပွားနေမှ တော်ကာကျမယ်။

ပွားနေရင် ကုသိုလ်ကံပဲ။ မပွားဘဲ သူများ မကောင်းဖြစ်သွားအောင် တောင်ကြံမြောက်ကြံနေရင် အကုသိုလ်ရတာပဲ အဖတ်တင်မယ်။

ဖားအောက်တောရဆရာတော်ကြီး
#မယ်ရစ် #တရားကုသိုလ်အဖြစ်မျှဝေပါသည်

တရားမထိုင်ခင် ရေမချိုးပါနှင့်/ တရားထိုင်ပြီးစလည်း ရေမချိုးပါနှင့်အချို့သောသူတို့သည် တရားအားထုတ်သည့်အခါ စိတ်လက်ပေါ့ပါးစေရ...
23/08/2025

တရားမထိုင်ခင် ရေမချိုးပါနှင့်/ တရားထိုင်ပြီးစလည်း ရေမချိုးပါနှင့်

အချို့သောသူတို့သည် တရားအားထုတ်သည့်အခါ စိတ်လက်ပေါ့ပါးစေရန်နှင့် အမြန်တည်ငြိမ်စေရန် ရည်ရွယ်၍ ရေချိုးပြီး အားထုတ်ကြသည်။ ထိုအပြုအမူကို ရှောင်ကြဉ်ပါ ။ မလေ့ကျင့်မှီနှင့် လေ့ကျင့်ပြီး အနည်းဆုံး မိနစ် ၃၀ ခြား၍ ရေချိုးပါ။

လူတို့၏ ကိုယ်ခန္ဓာတွင်း၌ တရားအားထုတ်သည့်အခါ အပူချိန် အပြောင်းအလဲများဖြစ်ပါသည်။ ထိုကြောင့် ရုတ်တရုတ် အပူချိန်အပြောင်းအလဲများကို ချိန်ညှိဖို့ရန် ခက်ခဲသောကြောင့် အနည်းဆုံးမိနစ် ၃၀ ခန့် ခြားစေခြင်းဖြစ်သည်။

ထို့အတူပင် တရားထိုင်ပြီးစ အချိန်တွင်လည်း ချက်ချင်းရေမချိုးပါနှင့်။ အနည်းဆုံး မိနစ် ၃၀ ခန့် ခြားပြီးမှ ရေချိုးသင့်သည်။ ချက်ချင်း ရေချိုးခြင်းဖြင့် ကိုယ်အတွင်း အပူချိန် ချိန်ညှိမှုတွင်ကမောက်ကမဖြစ်စေနိုင်သည်။

သို့မဟုတ်ပါက ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်သည်။ အေးသောပတ်ဝန်းကျင်တွင် အားထုတ်ပါကလည်း တဘက်၊ စောင် အစရှိသည်တို့ကို အသုံးပြုပါ။

အရှင်နန္ဒာစာရ
#မယ်ရစ် #တရားကုသိုလ်အဖြစ်မျှဝေပါသည်

23/08/2025

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော

#ရသေ့ကြီးဦးခန္တီ၏လိုတရ ဣစ္ဆာသယ ဂါထာ ( ခေါ် )ဓနသိဒ္ဓိ ဂါထာ

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊
စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခ ဒံ ၊ သရဏံ ၊ ပ နမာမိဇိနံ။

#အနက်အဓိပ္ပါယ်

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

(၇) ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ၍လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ..ဂါထာတော်။

#မယ်ရစ် #တရားကုသိုလ်အဖြစ်မျှဝေပါသည်

ဒီနေ့ ( ၂၃.၈.၂၀၂၅ )   ကနေ ( ၃၁.၈.၂၀၂၅  ) အထိ  #‌လောကဝိဒူသိဒ္ဓီ (၉)ပတ် ပြောင်းစိပ်ရပြီလို့သတိပေးရင်းနိဗ္ဗာန်ဆော်ဩလိုက်ပါတ...
23/08/2025

ဒီနေ့ ( ၂၃.၈.၂၀၂၅ ) ကနေ ( ၃၁.၈.၂၀၂၅ ) အထိ #‌လောကဝိဒူသိဒ္ဓီ (၉)ပတ် ပြောင်းစိပ်ရပြီလို့သတိပေးရင်းနိဗ္ဗာန်ဆော်ဩလိုက်ပါတယ်ရှင့်
🙏🙏🙏

မင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်ကြပါစေရှင့် 🍀🌻

#မယ်ရစ်

(မေး)ဥပုသ်သီလဆောက်တည်ရာတွင် လပြည့်လကွယ်ဥပုသ်နေ့တွင် ဆောက်တည်ခြင်းသည် အခြားသောနေ့များထက် အကျိုးများပါသလား(ဖြေ)သေချာစွာ ထူ...
22/08/2025

(မေး)
ဥပုသ်သီလဆောက်တည်ရာတွင် လပြည့်လကွယ်ဥပုသ်နေ့တွင် ဆောက်တည်ခြင်းသည် အခြားသောနေ့များထက် အကျိုးများပါသလား

(ဖြေ)
သေချာစွာ ထူးခြားသော အကျိုးမများပါ။ သို့ရာတွင် ရှေးအလေ့အကျင့်အတိုင်း လပြည့်လကွယ် ဥပုသ်နေ့များကို သတ်မှတ်ထားသဖြင့် လူအများ စောင့်သုံးလေ့ ရှိကြသည်။

ဥပုသ်၏ အဓိပ္ပာယ်

ပါဠိတွင် ဥပေါသထ ဟုခေါ်သည်

ဥပ ဆိုသည်မှာ မညစာစားခြင်း၊ မေထုန်ရှောင်ခြင်း စသဖြင့် ကောင်းမှုတရားများဖြစ်သည်

၀သထ ဆိုသည်မှာ နေထိုင်ခြင်း အနက်ပင် ဖြစ်သည်

ထို့ကြောင့် ဥပုသ်ဆိုသည်မှာ သီလမပျက်အောင် စောင့်ခြင်း၊ ကျင့်ခြင်း ဖြစ်သည်

ဥပုသ်နေ့ သတ်မှတ်ထားပုံ

ထိုဥပုသ်စောင့်ဖို့ရာ နေ့ရက်ကို ဘုရားပွင့်တော်မမူမီ ရှေးကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြ၏။
တစ်လတွင် အောက်ပါ ရက်များကို ဥပုသ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်
၁။ အဋ္ဌမီ – ရက် ၈
၂။ စတုဒ္ဒသီ – ရက် ၁၄ (လမမစုံ)
၃။ ပန္နရသီ – ရက် ၁၅ (လပြည့်)
၄။ ပါဋိဟာရိက – အကြို အပိုဥပုသ်

အကြို အပိုဥပုသ်

အကြို = ရက် ၇၊ ၁၃၊ ၁၄
အပို = ရက် ၉၊ လပြည့်ကျော် ၁၊ လဆန်း ၁

ပါဋိဟာရိက (အကြိုဥပုသ်၊ အပိုဥပုသ်) သည် ထို ၃-ရက် မရောက်မီ ကြိုတင်၍ စောင့်ရသော ၇-ရက်မြောက်၊ ၁၃-ရက်မြောက်၊ ၁၄-ရက်မြောက် ဥပုသ်၊
ထို ၃-ရက်၏နောက်၌ အပိုဖြည့်စွက်၍ စောင့်ရသော ၉-ရက်၊ လပြည့်ကျော် ၁-ရက်၊ လဆန်း ၁-ရက် ဥပုသ်၊ထို့ပြင် ၀ါတွင်း၌ ၀ါ၏အလယ်ဝယ် ၁၅-ရက်မျှဖြစ်စေ၊ တ၀ါတွင်းလုံးဖြစ်စေ စောင့်သုံးကြသော ဥပုသ်များဖြစ်၏။

ဤသို့အားဖြင့် ဥပုသ်စောင့်ရက်ဟု ရှေးရှေးက သတ်မှတ်ထားအပ်သော ရက်တွေအတော်များစွာ ရှိပေသည်။

ဘာကြောင့် ဥပုသ်ရက်များ များစွာ သတ်မှတ်ခဲ့သလဲ

လူ့စိတ်ထဲတွင် ကိလေသာ မြူမှုန် များ နေ့စဉ်တင်နေသောကြောင့် သန့်စင်ရန် မကြာခဏ ရက်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဥပုသ်စောင့်ခြင်းကို ဦးခေါင်းလျှော်ခြင်း နှင့် ဥပမာပြထားသည် – ဦးခေါင်းသည် အညစ်အကြေးများ တက်လာလျှင် မကြာခဏ ခေါင်းလျှော်ရသကဲ့သို့ စိတ်မြူမှုန်များကိုလည်း မကြာခဏ ဥပုသ်စောင့်၍ သန့်စင်ရသည်။

ယခုခေတ်တွင် ဥပုသ်ရက်များမဟုတ်ဘဲ စနေ၊ တနင်္ဂနွေ အနားရက်များတွင် စောင့်သုံးသော်လည်း ရှေးစံအတိုင်း အကျိုးရနိုင်သည်။

လပြည့်လကွယ် ဥပုသ်နေ့တွင် စောင့်ခြင်းသည် အကျိုးထူးခြားသီးခြားမရှိပါ။ သို့သော် အလေ့ အကျင့်အရ သတ်မှတ်ထားသဖြင့် လူအများ စောင့်ကြသည်။ အကျိုးအမြတ်သည် ရက်ပေါ်မူတည်မဟုတ်ဘဲ စောင့်သုံးသူ၏ စိတ်သန့်စင်မှု ပေါ်မူတည်သည်။

#မယ်ရစ် #ဥပုသ် #တရားကုသိုလ်အဖြစ်မျှဝေပါသည်

နိစ္စဘတ် (သိမ်သပတ် ဆွမ်း) အကြောင်း“မြတ်စွာဘုရားမှာ စိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာပိဏ်” ဆိုပြီး အဆိုရှ...
22/08/2025

နိစ္စဘတ် (သိမ်သပတ် ဆွမ်း) အကြောင်း

“မြတ်စွာဘုရားမှာ စိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာပိဏ်” ဆိုပြီး အဆိုရှိပါသည်။

-ဘုရားမှာ စိန်ဖူးတော် (အမြင့်မြတ်ဆုံး)
-ကျောင်းအဆောက်အဦးမှာ သာသနာပြန့်ပွားအောင် ဆောင်ရွတ်ပေးနေသော သိမ် ( အမြတ်ဆုံး )
-သင်္ကန်းမှာ တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ကြိမ်သာ ခင်းခွင့်ရသော ကထိန်သင်္ကန်း ( အမြတ်ဆုံး )
-ဆွမ်းမှာ နေ့စဉ် အာစိဏ္ဏကံ အမြဲမပြတ် လှူဒါန်းနေခြင်း (အမြတ်ဆုံး)
ဤအလှူကို ပိဏ္ဍပါတ (ပိဏ်တပါတ်) သို့မဟုတ် နိစ္စဘတ် ဟုခေါ်ပါသည်။ မြန်မာလိုဆိုရင် “သပိတ်၌ခံရသော ဆွမ်း” အနေနှင့် ဖွင့်ဆိုနိုင်သည်။

လှူခြင်းအမျိုးအစား
1. မဟာဒုတ်ဆွမ်း (သလာကဘတ္တ) – စာရေးတံမဲချပြီး လှူဒါန်းသည့် ဆွမ်း

2. ပက္ခိယဘတ္တ – တစ်လအတွင်း (လဆန်း-၁ ရက်မှ လပြည့် ၁၅ ရက်သို့ / လပြည့်တော် ၁ ရက်မှ လကွယ် ထိ) တစ်ကြိမ် (သို့) နှစ်ကြိမ် လှူဒါန်းသည့် ဆွမ်း

3. ပိဏ္ဍပါတ-ပိဏ်တပါတ် (သို့မဟုတ်) နိစ္စဘတ် – နေ့စဉ်နေ့တိုင်း လောင်းလှူသည့် ဆွမ်း

ဆွမ်းလှူခြင်းအကျိုးများ
ပုဂ္ဂိုလ်အကျိုး – သုံးမျိုးသက်ရောက်မှု

1. ပုဗ္ဗစေတနာ = မလှူမီဖြစ်တဲ့စေတနာ
2. မုဉ္စစေတနာ = လှူဆဲအချိန်တွင်ဖြစ်တဲ့စေတနာ
3. အပရစေတနာ = လှူပြီးနောက် ဝမ်းမြောက်ဝမ်း သာဖြစ်စေသောစေတနာ

တစ်နှစ် ၃၆၅ ရက်လုံး လှူဆိုပါက ၁၀၉၅ မျိုး အကျိုး ရရှိနိုင်ပါသည်။

သံဃာတော်အကျိုး – သံဃာတော်များ လှူခံရသည့် ဆွမ်းသည် မကောင်း၊ ကောင်းခြား မစဉ်းစားပဲ တင်းတိမ် ရောင့်ရဲနဲ့ လက်ခံကြသည်။

စိတ်နှင့် သာမန်ကျင့်ဝတ် – မာန၊ လောဘ၊ ဒေါသကင်းရှင်းစေပြီး မေတ္တာ၊ အနာဂတ်ကောင်းမွန်မှုကို ပေးစွမ်းသည်။

အလှူ၏ သာသနာနဲ့ သက်ဆိုင်မှု – သာသနာပြန့်ပွားရေးအတွက် အကျိုးဖြစ်စေပြီး၊ အခြားပုဂ္ဂိုလ်၊ ရဟန်း၊ တိရစ္ဆာန်များအတွက်ပါ ဝေမျှအသုံးချသည်။

ဆွမ်းလှူခြင်းအကျိုးများ

အသက်ရှည်ခြင်း
အဆင်းလှခြင်း
ချမ်းသာကြီးခြင်း
ခွန်အားဗလကြီးမားခြင်း
ဥာဏ်ပညာကြီးမားခြင်း

နေ့စဉ် လှူဒါန်းသည့် ပိဏ္ဍပါတ-နိစ္စဘတ် ဆွမ်းသည် သာသာသနာအတွက် အကျိုးရှိပြီး၊ လှူသူ ဒကာ - ဒကာများ အထူးထူးခြားသော အကျိုးကျေးဇူးများ ရရှိနိုင်ကြသည်။

#မယ်ရစ်

မြတ်စွာဘုရားက “အတ္တာ ဟိ အတ္တနော နာထော” မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာတဲ့။ ကိုယ်ကျင့်သုံးထားတဲ့ တရားဓမ္မသည်သာလျှင် ကိုယ့...
21/08/2025

မြတ်စွာဘုရားက “အတ္တာ ဟိ အတ္တနော နာထော” မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာတဲ့။ ကိုယ်ကျင့်သုံးထားတဲ့ တရားဓမ္မသည်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာ၊ ပုဂ္ဂိုလ်ဆိုတာ တကယ်အားဖြင့် ကိုးကွယ်ရာမဟုတ်ဘူးတဲ့။ အကူအညီလောက်သာ ရတာ။

မြတ်စွာဘုရားဟောတဲ့ ဂါထာအပြည့်အစုံက “အတ္တာ ဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ”
“မိမိသာလျှင် မိမိရဲ့ ကိုးကွယ်ရာဖြစ်တယ်၊ မိမိမှတစ်ပါး တခြားပုဂ္ဂိုလ်သည် ကိုးကွယ်ရာ ဘယ်မှာဖြစ်နိုင်မလဲ”မဖြစ်နိုင်ဘူး။

ဘာဖြစ်လို့ မဖြစ်နိုင်တာလဲဆိုရင် ကိုယ်ကိုယ်တိုင်မလုပ်ဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် မဆုံးမဘဲနဲ့ ပေးလို့ ကမ်းလို့ ရတယ်ဆိုတာ မရှိနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ကျင့်သုံးမှ၊ ကိုယ့်စိတ်ထဲ ဖြစ်အောင်လုပ်မှ ဖြစ်နိုင်တယ်။ ထာဝရ ကိုယ်အားကိုးရမယ့်အရာဟာ ကိုယ့်ရဲ့ တရားပဲ။ ဟုတ်တယ်လေ။ ကိုယ့်ရဲ့ တရားကသာ ကိုယ်နဲ့ အမြဲရှိနေမှာ၊ ဒိပြင်အရာဟာ ကိုယ်နဲ့ အမြဲမရှိနိုင်ဘူး။

မိဘတွေက သားသမီးတွေကို အားကိုးရမယ်ထင်နေတာ၊ သူတို့ အလုပ်အကိုင်နဲ့သူတို့ တခြားရောက်နေရင် အားကိုးလို့ရမှာ မဟုတ်ဘူး။ မိတ်ဆွေတွေဆိုရင်လည်း သူတို့အလုပ်အကိုင်နဲ့သူတို့၊ ကိုယ်လည်း ကိုယ့်အလုပ်အကိုင်နဲ့ကိုယ်။ ကိုယ်အားထားရာဆိုတာ ကိုယ့်ရဲ့ တရားသာလျှင်ဖြစ်တယ်။ ဘဝခရီးကို ဖြတ်သန်းသွားရာမှာ ကိုယ်နှင့်အတူ ရှိနေရမယ့်အရာဟာ တရားသာဖြစ်တယ်။ ဒါကြောင့် အားကိုးမှုမလွဲစေဖို့၊ လောကအမြင်နဲ့ မတူတဲ့ အမြင်တစ်ခုကို ဟောတာ။

“အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ၊
အတ္တနာ ဟိ သုဒန္တေန
နာထံ လဘတိ ဒုလ္လဘံ”

အတ္တာ ဟိ - မိမိကိုယ်တိုင်သာလျှင်
အတ္တနော - မိမိရဲ့
နာထော - ကိုးကွယ်အားထားရာဖြစ်ပေတော့သည်။
အတ္တနာ ဟိ သုဒန္တေန - မိမိကိုယ်တိုင် ဆုံးမ၍ တရားဓမ္မကို ကျင့်သုံးနိုင်ခြင်းဖြင့်
နာထံ - တကယ်အားကိုးရာဖြစ်တဲ့ တရားမြတ်ကို
လဘတိ - ရနိုင်ကြပါပေ၏။
အဲဒီလို စိတ်ထဲ မှတ်ထား။

ဒေါက်တာနန္ဒမာလာဘိဝံသ(ပါမောက္ခချုပ်ဆရာတော်)

ပျော်တတ်တဲ့သူတွေနဲ့နေရင်ရယ်မော၊ ပျော်ရွှင်နေရမယ် 😄✨အေးချမ်းတဲ့သူတွေနဲ့နေရင်ကြည်နူး၊ အေးချမ်းနေရမယ် 🌿💛နေ့တိုင်းကို ပျော်ရ...
21/08/2025

ပျော်တတ်တဲ့သူတွေနဲ့နေရင်
ရယ်မော၊ ပျော်ရွှင်နေရမယ် 😄✨

အေးချမ်းတဲ့သူတွေနဲ့နေရင်
ကြည်နူး၊ အေးချမ်းနေရမယ် 🌿💛

နေ့တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါ 💫💖

#မယ်ရစ်

Address

Yangon
10240

Website

Alerts

Be the first to know and let us send you an email when မယ်ရစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share