09/09/2025
...အရေးကြီးလို့ သတိပေးပါရစေ...
ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း
ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း
တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို
တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့
လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ...။
ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း
စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို
လှည့်မကြည့်တော့ဘူး...
အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ
အုန်းအုန်းထပဲဗျို့...။
အဲ...ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ...
ကျနော်ရန်ကုန်ပြန်ရောက်ကထဲက
ကျနော့်သူငယ်ချင်းတစ်ယောက်ကို
မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး
ကျနော် ဖုန်းခေါ်လိုက်မိတယ်...
သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ...
သုံးလေးခါ ကျနော်ဆက်ခေါ်တယ်...မကိုင်ဘူး...။
အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ
ဖုန်းဆက်ကြည့်လိုက်တော့...
သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက...
"သားရေ...သားသူငယ်ချင်း
အန်တီ့သားကတော့
အင်းစိန်ထောင်ထဲကနေ
အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ...
ဖုန်းလည်း အသိမ်းခံထားရတယ်..." တဲ့ဗျာ...။
ဘာဖြစ်တာလဲလို့ မေးကြည့်တော့...
ကျနော် ခုနပြောတဲ့ လမ်းဘေးမှာ
စျေးပေါပေါနဲ့ရောင်းနေတဲ့
မှတ်ပုံတင်ပြီးသား Sim Card တစ်ခုကို
သွားဝယ်မိပြီး အသုံးပြုမိလိုက်တာတဲ့...
အဲ...တစ်လလောက်လည်းကြာရော
အိမ်ရှေ့မှာ မီးတန်းနဲ့ကားတွေ ရောက်လာပြီး
ဘုမသိဘမသိ ဖမ်းခံရရောတဲ့...
ဘာလို့လဲဆိုတော့...
အဲ့ဒီ မှတ်ပုံတင်ပြီးသား Sim Card ကို
မှတ်ပုံတင်ထားတဲ့သူဟာ
Kpay, Wave pay လိမ်လည်မှု ၊
(ကျားဖျန့်) လိမ်လည်မှုတွေနဲ့ ပတ်သတ်နေတဲ့သူ
ဖြစ်နေတာပါတဲ့...
အဲ့ဒီ့တော့ သက်ဆိုင်ရာက အဲ့ဒီ့လူရဲ့
လမ်းကြောင်းတွေ၊ဆက်သွယ်မှုတွေကို
လိုက်လံစုံစမ်းရင်း...
နောက်ဆုံးတော့ ကျနော့်သူငယ်ချင်းဆီမှာ
အဲ့လူရဲ့ Sim Card နဲ့ Kpay , Wave pay
ဖုန်းနံပါတ်ကို သွားတွေ့တော့ ငြင်းမရတော့ပဲ...
ခဏလိုက်ခဲ့ပါ...ဖြစ်ရောပေါ့...
ကျနော့်သူငယ်ချင်းလည်း
ခဏလိုက်သွားလိုက်တာ အခုဆို ၆ လရှိပါပြီ...
အမှုမပြတ်သေးပါဘူး...။
အဲ့ဒီ့တော့ဗျာ...ကျနော်သတိပေးလိုတာက
ဘာပဲဝယ်ဝယ် အာမခံချက်ရှိတဲ့
Quality ပစ္စည်းကိုပဲဝယ်ကြပါ...
Sim Card တစ်ခုကို Center မှာသွားဝယ်ပြီး
မှတ်ပုံတင်ရင် ၂သောင်းခွဲလောက် ကျပါတယ်...
အဲ့ဒါကို လမ်းဘေးမှာ ၁ထောင်ကျပ်နဲ့
ရောင်းနေတယ်ဆိုထဲက ကိုယ့်မှာ
ဦးနှောက်ရှိရင် စဥ်းစားကြဖို့ပါ...🙏
( ဘေးကင်းကြပါစေ )
N.L.A
~~~~( 06.09.25 )