Short Facts Version - S F V

Short Facts Version - S F V You have the right to know everything !

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ💙💙
31/12/2022

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ💙💙

ကြယ်ငါးတွေဟာ ပင်လယ်သမုဒ္ဒရာမှာ ရှိသော လှပတဲ့ သတ္တဝါတွေဖြစ်ပါတယ် ။ ၎င်းကြယ်ငါးတွေမှာ ဦးနှောက်ရော သွေးရောမပါဝင် ပါဘူး ။   ...
15/11/2022

ကြယ်ငါးတွေဟာ ပင်လယ်သမုဒ္ဒရာမှာ ရှိသော လှပတဲ့ သတ္တဝါတွေဖြစ်ပါတယ် ။ ၎င်းကြယ်ငါးတွေမှာ ဦးနှောက်ရော သွေးရောမပါဝင် ပါဘူး ။
ကြယ်ငါးမှာ နှလုံးမပါဝင်တာဟာ ထူးခြား အံ့ဩစရာ ကောင်းလှပါတယ် ။ ဒါအပြင် ကြယ်ငါးတွေကို ငါးလို့သာ ခေါ်ဆိုနေကြပြီး ၎င်းတို့ဟာ ငါးမျိုးစိပ်မဟုတ်ကြပါဘူး ။ ဒါကြောင့် မြင်မြင်သမျှ Blameနေတဲ့ သူတွေကို
ကြယ်ငါး လို့သာခေါ်လိုက်ပါဗျာ...

သိကြားမင်းဟာ မြန်မာ့ရိုးရာ ၃၇မင်းထဲ က နံပါတ် တစ်နေရာ က မင်းတစ်ပါးဖြစ်ပါတယ် ။ သိကြားမင်း နှင့် ကြင်ယာတော် မယ်လမု တို့မှ ဥ...
10/11/2022

သိကြားမင်းဟာ မြန်မာ့ရိုးရာ ၃၇မင်းထဲ က နံပါတ် တစ်နေရာ က မင်းတစ်ပါးဖြစ်ပါတယ် ။ သိကြားမင်း နှင့် ကြင်ယာတော် မယ်လမု တို့မှ ဥက္ကလာပမင်းကြီးကို ဖွားမြင်ခဲ့ပါတယ် ။ ရွှေတိဂုံစေတီတည်စဉ် အချိန်တွင်လည်း ဥက္ကလာပမင်းကြီးနှင့်အတူ သိကြားမင်းလည်း ပါဝင်ခဲ့ပါတယ် ။
အရိန္ဒမာလှံတော် ဟာ သိကြားမင်းပိုင်ဆိုင်သော လှံတော်ဖြစ်ပါတယ် ။အရိန္ဒမာ လှံတော်ကို ပထမဆုံးဆက်သခံရသူမှာ ဒွတ္တဘောင်မင်း ပါ ။ ဒါ့အပြင်
ပုဂံတွင် မင်းလောင်းပေါ်နေသည်ကို သွားရောက် ကြည့်ရှုလိုသည့် ကွမ်းဆော်လုလင်အား အဘိုးအို ယောင်ဆောင်ထားသော သိကြားမင်းက မြင်းနှင့် လှံတော်ကို ကွမ်းဆော်လုလင် ကိုပေးအပ်ခဲ့ပါတယ် ။
ကွမ်းဆော်လုလင်သည် ကျောင်းဖြူမင်းအဖြစ်ပုဂံတွင်စိုးစံပြီးနောက် နန်းကျသွားတဲ့အခါ လှံတော်ကို အနော်ရထာမင်းထံ သို့ရောက်ရှိသွားပါတယ် ။အရိန္ဒမာလှံတော်က အနော်ရထာမင်းလက်ထပ်တွင် အထူးထင်ရှားခဲ့ပါတယ် ။ ထို့နောက် အနော်ရထာမင်းဟာ နောက်ဥဿာပဲခူး မှ ပြန်လာသော ကျန်စစ်သား အပေါ် မဏိစန္ဒာ မင်းသမီး နှင့် ပတ်သက်၍ အမျက်တော်ရှကာ လှံတော်ဖြင့်ပစ် ခဲ့ပါတယ် ။
ထိုလှံတော်က ချည်နှောင်ထားသောကြိုးကို ထိမှန်ပြတ်တောက်ကာ ကျန်စစ်သားမင်းသည် လှံတော်ကို ကောက်ယူ၍ ‌ထွက်ပြေးတိမ်းရှောင် ခဲ့ပါတယ် ။ထိုအချိန်မှ စ၍ ကျန်စစ်သားမင်းထံ အရိန္ဒမာလှံတော် ရောက်ရှိသွားပါတယ် ။ကျန်စစ်သားမင်းခေတ်လွန် အရိန္ဒမာ လှံတော်သည် အလောင်းစည်သူမင်းကြီးထံ ရောက်ရှိသွားခဲ့ပါတယ် ။
ထိုအလောင်းစည်သူမင်းလက်ထပ် မှစ၍
အရိန္ဒမာလှံတော် ‌အကြောင်း လုံးဝမကြားသိရတော့ပါဘူး။ ပုဂံ ၊ အင်းဝ ၊တောင်ငူ ၊ညောင်းရမ်း ခေတ်ထိတိုင်အောင် အရိန္ဒမာလှံတော်အကြောင်း အစအန ရှာမတွေ့ရတော့ပဲ အရိန္ဒမာလှံတော် ဟာ ရာဇဝင် ထဲမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ် ။
အရိန္ဒမာလှံတော် ကို သိကြားမင်းက ပဲ ပြန်သိမ်းယူသွားတာလား ဒါမှမဟုတ် အလောင်းစည်သူမင်းလက်ထပ်မှာ အကြောင်းအ‌မျိုးမျိုးကြောင့် ပျောက်ဆုံး ၊ပျက်စီးသွားတာလား ဆိုတာ ‌Comment မှာ ဆွေးနွေးသွားနိုင်ပါတယ်ဗျ ။

**မြန်မာ့သမိုင်းအကြောင်းကို တော့ဒီpost နဲ့ ခနရပ်နားထားပါမယ်ဗျ**

Pages လေးကို သဘောကျကြိုက်နှစ်သက်ရင် follow သွားကြပါအုံးဗျ 💙💙💙

Attention Please ⚠️           ကျွန်တော်တို့ရဲ့ ပေ့စ်လေး မှာ သဘောကျရင် သဘောကျတယ် သဘောမကျရင်သဘောမကျဘူးဆိုတဲ့ reviews လေး န...
07/11/2022

Attention Please ⚠️

ကျွန်တော်တို့ရဲ့ ပေ့စ်လေး မှာ သဘောကျရင် သဘောကျတယ် သဘောမကျရင်သဘောမကျဘူးဆိုတဲ့ reviews လေး နဲ့ အကြံဉာဏ်လေး ရေးပေးကြပါအုံးဗျ

စာဖတ်သူများ
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် 💙💙💙

ဓမ္မစေတီခေါင်းလောင်းကြီးဟာ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ်ပြီး ၁၄ရာစုမှာ မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့...
07/11/2022

ဓမ္မစေတီခေါင်းလောင်းကြီးဟာ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ်ပြီး ၁၄ရာစုမှာ မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ခေါင်းလောင်းရဲ့ဘွဲ့တော်မှာ အဝိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီး အလေးချိန်အားဖြင့် ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀) ဖြစ်ပါတယ်။

သက္ကရာဇ် ၈၃၇ ခုနှစ်၊ တပေါင်းလဆန်း ၈ရက် ၊ ကြာသပတေးနေ့မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး သက္ကရာဇ် ၈၃၈ ခုနှစ် ၊ သီတင်းကျွတ်လပြည့်နေမှာ ရွှေတိဂုံစေတီတော်သို့တင်လှူခဲ့တာဖြစ်ပါတယ်။ဤဓမ္မစေတီခေါင်းလောင်းကြီးဟာ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့်ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံးခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရားကုန်းတော်ပေါ်တွင် ၁၂၃နှစ်တိတိ တည်ရှိခဲ့ပါတယ်။

1608 ခုနှစ် ၊ နေ့လည် ၁၂နာရီတွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာသည် ဓမ္မစေတီခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ ပုဇွန်တောင်ရေလက်ကြားတွင် ဖောင်ဖြင့်တင်ဆောင်ကာ သန်လျှင်မှစ၍မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့ပါတယ်။သို့သော် ရန်ကုန်မြို့နှင့်သန်လျင်မြို့ကြား ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံရာ မြစ်ဆုံနေရာတွင် ဖောင်ပျက်ပြီး ဒီဗရစ်တိုနှင့်အတူ ခေါင်းလောင်းကြီးမှာ ရေအောက်သို့ကျသွားပါတယ်။
သမိုင်းအထောက်အထားများအရ ၁၈၀၀ ခုနှစ်တွင် ခေါင်းလောင်းကြီးကျသွားသောနေရာမှ ဝဲကတော့ထိုးသည်ဟုကြားရသည်မှတစ်ပါးခေါင်းလောင်းကြီးအား ဆယ်ယူခြင်းမရှိခဲ့ပါဘူး။ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဒေါပုံမြစ်ဝ မြစ်သုံးဆိုင်ရေပြင်ကျယ်တွင် ကွင်းဆင်းဆယ်ယူမှုများပြုလုပ်ခဲ့သော်လဲ ခေတ်မှီကိရိယာများမပြည့်စုံ၍ သြဂုတ်လတွင် ဆယ်ယူမှုကို ခေတ္တရပ်နားခဲ့ရသည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ရက်နေ့တွင် ရန်ကုန်မြစ်၊ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းတို့ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀၀ ကျော် နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော ဂြိုဟ်တုဖြင့်ခေါင်းလောင်း၏ တည်နေရာကိုတွေ့ရှိခဲ့ပါတယ်။ ၂၀၁၄ခုနှစ်တွင်လည်း အကြီး အကျယ် ရှာဖွေမှုများပြုလုပ်ခဲ့ပေမဲ့ ယခုချိန်ထိ တွေ့ရှိခြင်းမရှိသေးပါဘူး ။

ပုဂံရာဇဝင်တွေဟာ အင်မတန်ကို ရှုပ်ထွေးလှပါတယ် ။ကျန်စစ်သားမင်းကြီး နဲ့ ရာဇကုမာရ် တို့ဟာ အားလုံးက လက်ခံပြီးသား သားဖနှစ်ယောက်...
06/11/2022

ပုဂံရာဇဝင်တွေဟာ အင်မတန်ကို ရှုပ်ထွေးလှပါတယ် ။ကျန်စစ်သားမင်းကြီး နဲ့ ရာဇကုမာရ် တို့ဟာ အားလုံးက လက်ခံပြီးသား သားဖနှစ်ယောက်ပဲဖြစ်ပါတယ် ။ သုတေ သနပြုလုပ်သူတချို့ရဲ့ စစ်တမ်းများအရ ရာဇကုမာရ် ဟာ ကျန်စစ်သားမင်းကြီး ရဲ့ သားအရင်း မဟုတ်ဘူးလို့ ယူဆထားကြပါတယ် ။ အငြင်းပွားစရာ များပြားလှတဲ့ အရာ ဟာ သမိုင်းကြောင်းပဲဖြစ်ပါတယ် ။

စတင်ယူဆခဲ့တဲ့ သူကတော့ ၁၉၇၀ခုနှစ်တုန်းက "ရာဇကုမာရ်ပြဿနာ" စာတမ်းပိုင်ရှင် အရှေ့တိုင်းပညာဌာနက ပါဠိပညာရှင် ဦးကျော်ရှိန် ပဲဖြစ်ပါတယ် ။ အနော်ရထာမင်းကြီး အမျက်တော်ရှလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျန်စစ်သားဟာ မထေရ် ရဲ့တူမ သမ္ဘူလ နှင့် ဖူးစာဆုံ ခဲ့ပါတယ် ။

ကျန်စစ်သားဟာ စောလူးမင်းနန်းတက်ချိန်တွင်
ပုဂံနန်းတော်ကို ပြန်လာခဲ့ပါတယ် ။ သမ္ဘူလမှာ
ကျန်စစ်သားနဲ့ ရတဲ့ ကိုယ်ဝန်ရှိခဲ့တာကြောင့် မပြန်ခင်မှာ သမ္ဘူလကို လက်စွပ်ကို ချွတ်ပေးခဲ့ပြီး သားမွေးဖွားခဲ့ရင် နန်းတော်ကို လိုက်လာရန် နှင့် သမီးမွေးခဲ့ရင် လက်စွပ်ကို ထုခွဲရောင်းချရန် မှာကြားခဲ့ပါတယ် ။

ကျန်စစ်သားမင်းကြီး နန်းတက်ပြီး ၂နှစ်အကြာတွင် သမ္ဘူလ ဟာ ၇နှစ် အရွယ် သားလေးနှင့် အတူ နန်းတော်ကို လိုက်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်တွင် မြေးဖြစ်သူ အလောင်းစည်သူ ကို ထီးနန်းအမွေ ပေးပြီးဖြစ်နေ ခဲ့ပါတယ် ။ ထို့နောက် ရာဇကုမာရ်ကို ဇေယျခေတ္တရာ ဘွဲ့နှင့် ဓညဝတီတောင်စဉ် ခုနှစ်ခရိုင် ကိုအပိုင်စား ပေးခဲ့ပါတယ် ။

သမ္ဘူလကိုတော့ ဦးဆောက်ပန်း ဘွဲ့ နဲ့ မိဖုရားအရာ တင်မြှောက်ခဲ့ပါတယ် ။ ရာဇကုမာရ် ကျောက်စာတွင် တွေ့ရှိချက် အချို့အရ ဇေယျခေတ္တရာ ဆိုသော နာမည် နှင့် အဲ့ အမည်ဆက်စပ်အကြောင်း အရာ ကို လုံးဝမတွေ့ရဘူးလို့လဲ ဆိုပါတယ် ။ မပါဝင်ရတဲ့အကြောင်းအရင်း ၃ ရပ်ခန့် တွေ့ ရှိရပါတယ် ။

( ၁ ) က ရာဇကုမာရ် ဟာ ဇေယျခေတ္တရာ ဆိုတဲ့ ဘွဲ့ထက် ရာဇကုမာရ် အမည်ကို ပို၍နှစ်ခြိုက်တော်မှာ တာလား ? ( ၂ ) သားအရင်းကိုကျော်လွန်၍ မြေးဖြစ်သူကို ထီးနန်းပေးလို့ မင်းကြီးကို စိတ်ဆိုးလို့ ဇေယျခေတ္တရာ ဘွဲ့ ကို အသုံးမပြုခဲ့တာလား ? ( ၃ )ရာဇကုမာရ် ဟာ
ကျန်စစ်သားမင်းကြီး ရဲ့ သားအရင်း လုံးဝမဟုတ်လို့ အသုံးမပြုခဲ့တာလား ? တို့ပဲ ဖြစ်ပါတယ် ။

သိသာထင်ရှားစေတဲ့ အချက်မှာ ရာဇကုမာရ် ကျောက်စာပဲဖြစ်ပါတယ် ။ ထိုကျောက်စာတွင် ရာဇကုမာရ်ဟာ ဇေယျခေတ္တရာ မင်းသားမဟုတ်သလို တြိလောကဠံသကာ ဒေဝီ ရဲ့သားဖြစ်ကြောင်း ရေးထိုးဖော်ပြထားပါတယ် ။

ထို့အပြင် ကျန်စစ်သား မင်းကြီးဟာ ရာဇကုမာရ် ရဲ့ ခမည်းတော် ၊ ရာဇကုမာရ် ဟာ ကျန်စစ်သားမင်းကြီး ရဲ့ သားတော် ဖြစ်ကြောင်း ခိုင်လုံတဲ့ အကြောင်းအရာ တခုမှ ထိုကျောက်စာ တွင် မပါဝင်ခဲ့ပါဘူး ။

တကယ်ပဲ ရာဇကုမာရ်ဟာ ကျန်စစ်သားမင်းကြီးရဲ့ သားတော် အရင်း မဟုတ်ဘူးလား ဆိုတာ အောက်က comment တွင် ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဗျ ။ စာကြောင်းရှည်မှာဆိုးလို့ အတိုချုပ် ရေးပေးထားခြင်းဖြစ်ပြီး နားမလည်သော အပိုင်းကို မေးမြန်း
နိုင်ပါတယ်ဗျ။
*** နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ pages လေးကို follow ပေးသွားပါအုံးဗျ !!! ***

Post postpone!!!!ဒီနေ့မှာ တင်ဆက်ပေးမဲ့ ကျန်စစ်သားမင်းကြီးနဲ့ ရာဇကုမာရ် တို့ဘယ်လို ပတ်သက်ဆက်နွယ်‌ခဲ့သလဲဆိုတာ ကိုတင်ဆက်ပေး...
05/11/2022

Post postpone!!!!

ဒီနေ့မှာ တင်ဆက်ပေးမဲ့ ကျန်စစ်သားမင်းကြီးနဲ့ ရာဇကုမာရ် တို့ဘယ်လို ပတ်သက်ဆက်နွယ်‌ခဲ့သလဲဆိုတာ ကိုတင်ဆက်ပေးဖို့ရှိပါတယ် ။ သို့ပေမဲ့ အငြင်းပွားစရာ တကယ်များပြားလှတာ ပုဂံရာဇဝင်များပဲဖြစ်ပါတယ်။
ဒါကြောင့် adminတို့အနေနဲ့ သေသေချာချာ လေ့လာပြီး အနီးစပ်ဆုံး ရေးသားတင်ဆက်ပေးပါ့မယ်ဗျ။ ဒါအပြင် ဤကြောင်းအရာနှင့်အတူ ဓမ္မစေတီခေါင်းလောင်း အကြောင်းကိုလည်း အတိုချုပ်နဲ့မနက်ဖြန်မှာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် မနက်ဖြန်မှာ အကြောင်းအရာ နှစ်ရပ်ကို တင်ဆက်ပေးမှာမို့ pages လေးကို like နဲ့ follow လေး လုပ်ခဲ့ပေးပါအုံးဗျ ။
ဆက်လက်ပြီး စိတ်ဝင်စားစရာအကြောင်းအရာများကိုလည်း Short Facts Version - S V F ကနေ တင်ဆက်ပေးနေမှာ ဖြစ်လို့ မျက်ခြေမပြတ်အောင် Follow လေးလုပ်ထားကြပါအုံးဗျ ။

Sealand နိုင်ငံဟာ ကမ္ဘာပေါ်က အသေးဆုံးနိုင်ငံတစ်ခုလို့တောင် ပြောလို့ရပါတယ် ။ Sealandဟာ ဂရိနိုင်ငံ ကမ်းရိုးတန်း ရဲ့ ၆ မိုင...
03/11/2022

Sealand နိုင်ငံဟာ ကမ္ဘာပေါ်က အသေးဆုံးနိုင်ငံတစ်ခုလို့တောင် ပြောလို့ရပါတယ် ။ Sealandဟာ ဂရိနိုင်ငံ ကမ်းရိုးတန်း ရဲ့ ၆ မိုင် အကွာမှာ တည်ရှိပြီး စတုရန်းမိုင်
0.0015 သာကျယ်ဝန်းပါတယ်။ လူဦးရေမှာ ၂၇ ဦးသာရှိပါတယ် ။
ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလန်ကမ်းရိုးတန်းကို ဂျာမနီတို့ရန်က ကာကွယ်ရန်အတွက် ၁၉၄၃ ခုနှစ်တွင် Rough's Towerကို တည်ဆောက်ခဲ့ကြပါတယ်။ ၁၉၆၇ ခုနှစ်မှာ Paddy Roy Bates က ပင်လယ်ဓားပြရန်ကနေ သိမမးယူပြီး Sealand ဟု အမည်ပြောင်းကာ အုပ်ချုပ်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ပါတယ် ။ Sealand နိုင်ငံတွင် နိုင်ငံတော်အလံ၊ နိုင်ငံတော် သီချင်း၊ နိုင်ငံကူးလက်မှတ်၊ ငွေ အကြွေစေ့ နဲ့နိုင်ငံတောာ်တံဆိပ်ခေါင်းများရှိပါတယ် ။ Sealandကို
ဂျာမနီနိုင်ငံက လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့ပေမဲ့
ကမ္ဘာ့ကုလသမ္မက ကတော့ သူမ လိုပဲ နိုင်ငံ အဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပါတယ်။

** ဤအကြောင်းအရာ နှင့် ပတ်သက်၍ comment တွင် ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျ **

The Republic of Molossia နိုင်ငံကို 1999ခုနှစ်တွင် မင်းသားKevin Baugh က တည်ထောင်ခဲ့ပါတယ် ။ 1999 ခုနှစ်မှာ Kevin Baugh က ...
30/10/2022

The Republic of Molossia နိုင်ငံကို 1999ခုနှစ်တွင်
မင်းသားKevin Baugh က တည်ထောင်ခဲ့ပါတယ် ။ 1999 ခုနှစ်မှာ Kevin Baugh က Molossia နိုင်ငံအဖြစ် ကြေညာခဲ့ ပြီး Kevin Baugh ကပဲ သူ့ကိုယ်သူ သမ္မတ အဖြစ် ရွေးကောက်တင်မြောက်ခဲ့ပါတယ် ။

Molossia သမ္မတနိုင်ငံသည် American Nevada ပြည်နယ်တွင်တည်ရှိပြီး နိုင်ငံ၏ ဧရိယာ စတုရန်းမိုင် မှာ 0.002 သာကျယ်ဝန်းပါတယ်။ နိုင်ငံ၏လူဦးရေမှာ 33ယောက်သာရှိပြီး အိမ်မွေးခွေး အပါအဝင် 34 ယောက်ရှိပါတယ် ။

Molossia နိုင်ငံတွင် နိုင်ငံတော်သီချင်း နိုင်ငံတော် အလံ နှင့် နိုင်ငံကူးလက်မှတ်များ ရှိပါတယ်။
Kevin Baugh က တရားဝင်အသိအမှတ်ပြုခံဖို့ အိမ်ဖြူတော် website မှာ အသနားခံစာတင်ခဲ့ပါတယ် ။သို့သော် ကုလသမဂ္ဂကတော့ တရားဝင်လွတ်လပ်‌သောနိုင်ငံ အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး ။

ထိုအပြင် ၎င်းနိုင်ငံတွင် Kevin Baugh ကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ပြီး အာကာသလေ့လာရေး အစီအစဉ်တွေလည်း ရှိပါတယ် ။

***ဤအကြောင်းအရာနှင့် ပတ်သတ် ပြီး comment တွင် ဝင်ရောက် ဆွေးနွေးသွားနိုင်ပါတယ်ဗျ ***

တကယ်တော့ စပါးကြီးမြွေတွေဟာ  ညို့ယူပြီးသားကောင်တွေကို ဖမ်းစားကြတယ်ဆိုတာ အယူအဆ အမှားကြီးပါ ။ဘယ်မြွေ မျိုးမှ ညို့ယူဖမ်းစားန...
28/10/2022

တကယ်တော့ စပါးကြီးမြွေတွေဟာ ညို့ယူပြီးသားကောင်တွေကို ဖမ်းစားကြတယ်ဆိုတာ အယူအဆ အမှားကြီးပါ ။ဘယ်မြွေ မျိုးမှ ညို့ယူဖမ်းစားနိုင်တဲ့ အစွမ်းသတိမျိုး မပိုင်ဆိုင်ထားကြပါဘူး။

စပါးကြီးမြွေတွေဟာ ကမ္ဘာ့အကြီးဆုံးမြွေမျိုးစိတ်တစ်ခုဖြစ်ပြီး ၂၃လက်မကနေ ပေ၃၀လောက်ထိရှည်လျားတတ်ကြပါတယ်။ အလေးချိန်အနေနဲ့လဲ ၇ပေါင်ကနေ ပေါင်၂၅၀လောက်ထိရှိတတ်ပါတယ်။စပါးကြီးမြွေတွေကို မျိုးစိတ်ပေါ်မူတည်ပြီး နေရာအစုံမှာတွေ့ရတတ်ပေမဲ့ များသောအားဖြင့်သစ်ပင်ကြီးများပေါ်တွင်နေထိုင်လေ့ရှိပါတယ်။

စပါးကြီးမြွေတွေနဲ့တွေ့ရင် ညို့ခံရတတ်တယ်ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ သူတို့ကသားကောင်ကို ညို့တာမျိုးမလုပ်တတ်ပဲ အကောင်လိုက်မြိုခြင်းဖြင့်သာ စားသောက်ပါတယ် ။ စပါးကြီးမြွေတွေက နို့တိုက်သတ္တဝါတွေကို အဓိကကြိုက်နှစ်သက်ပြီး အခြား တွားသွားသတ္တဝါတွေနဲ့ငှက်တွေကိုလဲ စားသောက်ကြပါတယ်။
စပါးကြီးမြွေတွေဟာ သားကောင်တွေ့တဲ့အခါမှ ချွန်ထက်တဲ့သွားတွေနဲ့ ကိုက်ဖြတ်ပြီး ခန္ဓာကိုယ်နဲ့ရစ်ပတ်ကာ သားကောင်အသက်သေဆုံးသည် အထိ ညှစ်ချုပ်ပြီးကာမှ အကောင်လိုက်မြိုပြီးစားသောက်လေ့ရှိပါတယ် ။ စပါးကြီးမြွေတွေရဲ့မေးရိုးဟာ လှုပ်ရှားနိုင်စွမ်းမြင့်မားပြီး တပေခန့်အကျယ်လောက်ထိ ပါးစပ်ဟနိုင်ကြပါတယ် ။ သားကောင်ကို ဦးခေါင်းပိုင်းမှ စတင်မြိုလေ့ရှိပါတယ် ။

မြန်မာ့ စပါးကြီးမြွေ ဟာလည်း ထို နည်းတူမျိုးသာလုပ်ဆောင်ပြီး ကမ္ဘာ့အကြီးဆုံး မြွေစာရင်းဝင်ကာ ‌၎င်းတို့သည် 28ပေခန့်ထိ ရှည်လျားကြပြီး ပေါင် 200အထိ အလေးချိန် ရှိပါတယ်။

စပါးကြီးမြွေမတွေဟာ ဥအလုံး ၁၀၀ နီးပါး ဥလေ့ရှိတတ်ပြီး ဥမှ အကောင်များပေါက်သည့်တိုင်အောင် မည်သည့်နေရာကိုမျှမသွားဘဲ ဥများကိုရစ်ပတ်စောင့်ရှောက်တတ်ကြပါတယ်။

***ဤအကြောင်းအရာနှင့် ပတ်သက်၍ ‌commentတွင် ဆွေးနွေး သွားနိုင်ပါတယ်ဗျ ***

ဒီ သဲကျောက်ဆောင်ကြီးဟာ  Australia နိုင်ငံ Alice Springs ရဲ့ 450km အနီးနားမှာတည်ရှိပါတယ် ။ ‌ကျိန်စာသင့်စေတဲ့  အကြောင်းအရင...
27/10/2022

ဒီ သဲကျောက်ဆောင်ကြီးဟာ Australia နိုင်ငံ Alice Springs ရဲ့ 450km အနီးနားမှာတည်ရှိပါတယ် ။ ‌ကျိန်စာသင့်စေတဲ့ အကြောင်းအရင်းက ရှေးဟောင်းနတ်ဘုရားတွေက အဲ့ဒီကျောက်ဆောင်ကြီး ရဲ့ အနီးနားမှာ နားခိုနေထိုင်ကြတယ်လို့ Uluru ကျောက်ဆောင်ကြီး အနီးနားမှာနေထိုင်တဲ့ Anangu လူမျိုးစုက ယုံကြည်နေကြပါတယ် ။ကျောက်ဆောင်ကြီးဟာ ၈၆၃ မီတာ မြင့်မားပါတယ် ။

ကျောက်ဆောင်ကြီးမှာရှိတဲ့ ကျောက်စရစ်ခဲ ၊ကျောက်တုံး ၊သဲများ နှင့် သစ်ကိုင်းများကို ယူဆောင်သွားပါက ကံဆိုးမှုများဖြစ်ပေါ်စေတယ် လို့လဲ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်လောက်က သုတေသီတဦး ဟာ ဒီကျောက်ဆောင် ကြီးမှ ကျောက်တုံး ကို သုတေသနလုပ်ရန်ယူဆောင် လာချိန်တွင် ဖျားနာနေမကောင်းဖြစ်ခဲ့လို သုတေသနကို ရပ်ဆိုင်းခဲ့ရပြီး ကျောက်တုံးကို ပြန်လာထားခဲ့ကာ တောင်းပန်ခဲ့ရပါသေးတယ် ။

ဒါအပြင် ကျောက်ဆောင် ကြီးကနေ တစုံတခု ယူသွားသူများသည် ချစ်သူများကွဲကွာခြင်း ၊ဖျားနာ နာမကျန်းဖြစ်ခြင်း နှင့် နောက်ဆုံး အသက်အန္တရာယ်ပါ ဖြစ်စေခဲ့ဖူးတာကြောင့် ကျောက်ဆောင်ကြီးမှမည်သည့် အရာကိုမျှ မယူဆောင်သွားရန် national parkက သတိပေးစာဆောင်မှုများ ပြုလုပ်ခဲ့ပါတယ် ။

သို့သော် ဤကျောက်ဆောင်ကြီးသည် ကမ္ဘာ့လှည့်ခရီးသွားတွေနှင့် တောင်တက်သမားတွေအတွက် လည်ပတ်စရာတခု အဖြစ်တည်ရှိနေကာ UNESCOအမွေအနှစ် ဝင်ထားတဲ့တနေရာလည်း ဖြစ်ပါတယ် ။
သိပ္ပံနည်းပညာ ကနေကြည့်ရင် ဤအဖြစ်အပျက်များဟာ ရီစရာဟာသတစ်ခုဖြစ်‌နေပြီးတကယ် လက်တွေ့မှာ‌လည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

တကယ်ပဲ ကျိန်စာသင့်နေတာလား ဒါမှမဟုတ် လူစိတ်ဝင်စားမှု‌များအောင် နဲ့ UNESCO အမွေအနှစ်များ မပျက်စီးရအောင် ခြောက်လှန့် ထားတာလားဆိုတာ အောက်က comment မှာ ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျ ။

ဒါကတော့ #သိပြီးပြီလား ပဲ ဖြစ်ပါတယ် ။

Río Tinto မြစ်ဟာ စပိန်နိုင်ငံ ‌အနောက်တောင်ပိုင်း Andalusia မှာ တည်ရှိပါတယ် ။ သူရဲ့ ထူးခြားသော အနီရောင် အစင်းရှိတာကြောင့်...
26/10/2022

Río Tinto မြစ်ဟာ စပိန်နိုင်ငံ ‌အနောက်တောင်ပိုင်း Andalusia မှာ တည်ရှိပါတယ် ။ သူရဲ့ ထူးခြားသော အနီရောင် အစင်းရှိတာကြောင့် ပဲဖြစ်ပါတယ် ။ထို မြစ်မှာ ရေဆော့ကစားဖို့ အတွက် အန္တရာယ်ရှိပြီး အန္တရာယ်အရှိဆုံး မြစ် နံပါတ်၅ အဆင့် နေရာမှာရှိပါတယ် ။

အကြောင်းမှာ ထိုနေရာတွင် ယခင်က ရွှေငွေရတနာတွေနဲ့ သတ္ထုတွေကို အကြီးအကျယ် တူးဖော်ခဲ့ဖူးပါတယ် ။ ထိုအနီ ဖြစ်နေရတဲ့ အကြောင်းအရင်းက မူလနဂို ပါရှိသော acid ဓာတ်နဲ့ မြေကြီးထဲက ရွှေ ၊ငွေ ၊သံ ၊ကြေးနီ တို့ရောနှော ဓာတ်ပြုနေတာကြောင့် ဖြစ်ပါတယ်။

သူရဲ့ acid ပါဝင်မှုနှုန်း ကို ဓာတ်ခွဲစစ်ကြည့်ရာမှာ လည်း pH 2အထိ ရှိတာမို့ အန္တရာယ်များတဲ့ မြစ်တစင်းဖြစ်ပြီး အရှည် 62 မိုင် ရှည်လျားပါတယ် ။

***ဤအကြောင်းအရာနှင့် ပတ်သက်ပြီး comment တွင် ဝင်ရောက်ဆွေးနွေးသွား နိုင်ပါတယ်ဗျ ***
ဒါကတော့ #သိပြီးပြီလား ပဲ ဖြစ်ပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Short Facts Version - S F V posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category