
11/09/2024
လူငယ်ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ ရုပ်ရှင်လောကအပေါ် တန်ဖိုးထားမှုကို တွေ့ရှိရတယ်။ ဇာတ်ရှိန်ကတော့ သူ့အရင်ရည်းစားရဲ့ မွေးစားမောင်လေးကနေပြီး ကိုယ်တိုင်ရေးဇာတ်လမ်းရိုက်ကူးပေးဖို့ ကမ်းလှမ်းရာကနေ ဇာတ်ရှိန်စတက်တာလို့ပြောလို့ရတယ်။ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်းမှာပဲ သူ့အရင်ရည်းစားဟောင်းရဲ့ ညီမဖြစ်သူအပေါ်ထားရှိတဲ့ မေတ္တာတွေကအရောင်ပြောင်းလာခဲ့တယ်ပေါ့နော်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူ့ချည်းပဲပြောလို့မရဘူး၊ ဘာလို့ဆို သူ့အပေါ် လှိုင် ရဲ့အကြည့်နဲ့အပြောအဆိုတွေကလည်း လုံးဝကိုအထင်မမှားစရာအကြောင်းကိုမရှိဘူးဖြစ်နေခဲ့တာကိုး။
သူနဲ့လှိုင်တို့ကြားကပြဿာနာ၊ မလှိုင်တို့ရဲ့ အစ်မကြီး မကြိုင်နဲ့ဂျော်နီတို့ရဲ့ အရှုပ်ဇယားတွေအလယ် နောက်ဆုံးကျန်နေတဲ့ စာမျက်နှာ ၁၆ ကဇာတ်ဝင်ခန်းကို ရိုက်ကူးနေချိန်တွင်းမှာပဲ ဒေါသထွက်ပြီး မခံရက်စရာအတွေးတွေဝင်လာခြင်းနဲ့အတူ အလွန်တရာဝမ်းနည်းလာပြီးတော့ သူ့သေနတ်နဲ့သူ့ကိုယ်သူပဲ ပြန်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆွဲတားကျတာကြောင့် ဒဏ်ရာတအားမကြီးခဲ့ဘူး။
ဆေးရုံတက်တော့ ရည်းစားဟောင်းဖြစ်သူ ခိုင် ကလာတွေ့ခဲ့တယ်။ သူ့အနေနဲ့ ကြုံလာသမျှ ပြဿာနာတိုင်းကို စိတ်ပေါ့ပါးစွာနဲ့ပဲ အလိုက်သင့်အလျားသင့်ပဲ ရင်ဆိုင်ဖြေရှင်းဖို့ ပဲလုပ်တော့မည် ဆိုပြီး တစ်ရေးအိပ်လိုက်တော့တယ်။
သူနိုးလာတော့ လှိုင်ကလာတွေ့ရဲ့လား သူ့အချစ်နဲ့ပတ်သက်ပြီးဘာတွေပြောလိမ့်မလည်း၊ရုပ်ရှင်ကကောဆက်ရိုက်ဖြစ်အုံးမလား၊မကြိုင်ကိစ္စကကော သူ့မိဘတွေသိတော့ ဘယ်လိုတုံ့ပြန်သလဲဘစတာတွေကတော့ တွေးစရာအဖြစ်ကျန်ခဲ့ပါတော့တယါ်။
လှိုင်ပြောတဲ့ “လူဆိုတာကိုယ့်အကြောင်းကိုသိရတယ်” ဆိုတာ ခိုင် ကို သူချစ်နေသေးတာလား ဒါမှမဟုတ် လှိုင်အပေါ် သူ့ရဲ့သဘောထားကိုပွင့်လင်းစေချင်တာလား။ ဒါဆိုရင် မောင်မောင်စနေတွေးသလို လှိုင်ကိုယ်တိုင်ကကော သူ့ကိုချစ်တာလား သက္ကကိုချစ်တာလားဆိုတာ ကိုယ်တိုင်သိပုံရမယ်မထင်ဘူးဆိုတာက အမှန်ဖြစ်နေမလား။
နောက်ဆုံးပြောရရင်တော့ ဒီဝတ္ထုဟာ မောင်မောင်စနေရဲ့ရှုထောင့်အမြင်ကနေခံစားပြီးရေးသားထားတာဖြစ်တာကြောင့် လှိုင်ရဲ့ခံစားချက်အမှန်ကို မောင်မောင်စနေ လည်းမသိနိုင်သလို ကျွန်တော်တို့လည်း သိနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး လှိုင်ကကောသူ့ကိုဆေးရုံမှာ လာတွေ့ခဲ့မလား၊ တွေ့ခဲ့ရင်ကော ဘာတွေပြောကြလိမ့်မလဲဆိုတာတွေကတော့ မောင်မောင်စနေနဲ့ စာရေးသူတို့သာ သိနိုင်မယ့်ကိစ္စဖြစ်သွားတာမို့ စာဖတ်သူကျွန်တော်ကတော့ အတွေးတွေနဲ့သာ ကျန်ခဲ့ပါတယ်။
#သုမောင်
#စာမျက်နှာ ၁၆
.ChitMaungLibrary
's