Royal Heart

Royal Heart Health & Protection

🌿ဆရာမကြီးပြောပြသည့် သွေးဆုံးချိန် (Menopause) အကြောင်း-အပိုင်း(၁.) မှ (၄)✨အပိုင်း-(၁)အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အ...
11/12/2025

🌿ဆရာမကြီးပြောပြသည့် သွေးဆုံးချိန် (Menopause) အကြောင်း-အပိုင်း(၁.) မှ (၄)

✨အပိုင်း-(၁)
အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

🌱ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
-အပူထပြီး ချွေးထွက်ခြင်း
-ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
-မကြာခဏ ဆီးသွားခြင်း
-ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
-မိန်းမကိုယ် ခြောက်သွေ့နေခြင်း
-အိပ်မပျော်ခြင်း
-စိတ်ထွေနေခြင်း
-သတိမေ့ခြင်း
-ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။

🍀သွေးဆုံးချိန် Menopause -အပိုင်း(၂)

သွေးဆုံးချိန်မှာ သွေးဆုံးတာနဲ့ ပြိုင်တူ ဖြစ်တတ်သည့် ရောဂါတွေကလဲ ရှိနေပြန်ပါတယ်။
အချို့အမျိုးသမီးတွေကျတော့ သွေးမဆုံးခင်တည်းက ဖြစ်နေတဲ့ ရောဂါတွေနဲ့ တရှောင်ရှောင် ဖြစ်နေကြသူတွေလဲ ရှိပါတယ်။

သွေးဆုံးချိန်နဲ့ တိုက်ဆိုင်လာသည့်အခါ သွေးဆုံးလို့ဆိုပြီး ချော်လဲရောထိုင် တတ်ကြပါတယ်။
ရောဂါတစ်ခုလို သတ်မှတ်ပြီး သွေးဆုံးကိုင်တယ်လို့ဆိုပြီး ပြောလေ့ရှိကြပါတယ်။

အမှန်ကတော့ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

သွေးဆုံးချိန်နဲ့ ပြိုင်တူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့်ရောဂါကို ဖော်ထုတ်နိုင်မှသာ ခံစားနေရသော ဝေဒနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးရောဂါကတော့ thyroid ရောဂါပါ။
သွေးဆုံးကိုင်နေတာလား/ ဒါမှ မဟုတ် Thyroid ပြဿနာကို သွေးဆုံးကိုင်တယ်လို့ ထင်နေတာပါလား?

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။
ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

Thyroid hormone ဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကလာပ်စည်း အားလုံးရဲ့ ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာမို့ thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

🌱Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ-
-အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
-နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
-စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
-အိပ်မပျော်
-နွမ်းလျ
-တုန်တုန်ရီရီဖြစ်
-ကြွက်သားတွေ အားယုတ်
-ချွေးတွေထွက် / အပူမခံနိုင်
-ဆံပင်ကျွတ်/ ဆံပင်ပါး
-ဝမ်းသွားကြိမ်များ
-လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
-စိတ်ဓာတ်ကျဆင်း
-သတိတွေမေ့ / အချို့မှာ Demented ဖြစ်သည်အထိ

🌱Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ-
-နွမ်းလျနေ
-ကိုယ်အလေးချိန်တက်
-အအေးဒဏ် မခံနိုင်
-ဝမ်းချုပ်
-မျက်နှာ ပွနေတတ်ပါတယ်
-ခြေထောက်လဲ ရောင်နေတတ်ပါတယ်
-အဆစ်တွေ/ အသားတွေ နာကျင်နေ
-အသားခြောက်
-ဆံပင်ကြမ်း / ပါးလာ
-နှလုံးခုန်နှုံး နှေးလာ
-စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
-ရာသီမမှန်

“ဖော်ပြပါ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။

✨သွေးဆုံးချိန် Menopause-(အပိုင်း ၃)

သွေးဆုံးသည့် အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကလဲ ရှိနေပြန်ပါတယ်။
ဒီရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတာ သွေးဆုံးချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပြန်ပါတယ်။

၁.Metabolic syndrome or Insulin resistance syndrome
Metabolic syndrome ဆိုတာ —-
Insulin Resistance ( insulin ဟော်မုန်း ယဉ်ပါးခြင်း ) နှင့်အတူ အောက်ဖော်ပြပါထဲက အချက်၂ချက် ပါရပါမယ်။

ဗိုက်အဆီတက်ခြင်း / ခါးအဆီတက်ခြင်း Central obesity /

ဥပါဒ်ပြုအဆီ Triglycerides များနေခြင်း
(Hypertriglyceridemia: ≥150 mg/dL)

အကျိုးပြုအဆီ HDL လျော့နည်းနေခြင်း
(HDL) cholesterol:

10/12/2025

💦 နာတာရှည် ကျောက်ကပ်ရောဂါကို စောစီးစွာ သိရှိခြင်း (Early Detection of Kidney Disease) 🔍💧

ကျောက်ကပ်တွေဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေးသန့်စင်စက်ရုံများ ဖြစ်ပြီး ၎င်းတို့ရဲ့ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးသွားခြင်းကို နာတာရှည် ကျောက်ကပ်ရောဂါ (CKD) လို့ ခေါ်ဆိုပါတယ် 🏭📉။ ဒီရောဂါဟာ အစောပိုင်းမှာ လက္ခဏာ သိသိသာသာ မပြတတ်တာကြောင့် နောက်ကျမှ သိရှိပြီး ကုသမှု ခံယူရပါက ကျောက်ကပ်ပျက်စီးမှု အဆင့်ထိ ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် စောစီးစွာ သိရှိဖို့နဲ့ ကာကွယ်ဖို့ ဆိုတာ အသက်ကယ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ် 🚨။

နာတာရှည် ကျောက်ကပ်ရောဂါရဲ့ အဓိက အကြောင်းရင်းခံတွေကတော့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ တို့ပဲ ဖြစ်ပါတယ် 🩺🍬။ သင့်မှာ ဒီရောဂါတွေ ရှိနေပြီဆိုရင် ကျောက်ကပ်စစ်ဆေးမှုတွေကို ပုံမှန် ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ် ✅။ သတိထားရမယ့် လက္ခဏာတွေကတော့ ညဘက် ဆီးခဏခဏသွားခြင်း၊ ခြေထောက်နဲ့ မျက်ခွံများ ရောင်ရမ်းလာခြင်း (အရည်ပိုများ စုပုံလာ၍) နဲ့ အားအင်မရှိဘဲ မောပန်းနွမ်းနယ်နေခြင်းတို့ ဖြစ်ပါတယ်🦵။

စောစီးစွာ သိရှိနိုင်ဖို့အတွက် ဆရာဝန်များက သွေးထဲမှာ eGFR (ကျောက်ကပ် စွမ်းဆောင်ရည်) ကို တိုင်းတာပြီး ဆီးထဲမှာ ပရိုတိန်း (Albumin) ပါဝင်မှု ရှိမရှိကို စစ်ဆေးပါတယ် 🔬📊။ ဒီစစ်ဆေးမှုတွေက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို အတိအကျ ဖော်ပြနိုင်ပါတယ်။

ရောဂါကို စောစီးစွာ သိရှိပြီး သွေးတိုးနဲ့ ဆီးချိုကို တိကျစွာ ထိန်းချုပ်နိုင်မယ်ဆိုရင် ကျောက်ကပ်ရဲ့ ဆိုးရွားစွာ ပျက်စီးခြင်းကို လျှော့ချနိုင်ပြီး ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 🌟

ထိုင်းနိုင်ငံမှာ ကျန်းမာရေးစစ်ဆေးကုသမှု ဝန်ဆောင်မှုများအတွက် အသေးစိတ်သိရှိလိုပါက -

𝐑oyal Heart 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 - 𝐈𝐦𝐩𝐫𝐨𝐯𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 🌟

📍 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡: 09 8866 44994 , 09 25 336 5799

📍 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡: 09261916399

#ကျောက်ကပ်ရောဂါ #ကျန်းမာရေးစစ်ဆေးခြင်း

10/12/2025

🥗 မျှတသော အစားအစာ (Balanced Diet) ဆိုတာ ဘာလဲ။ (What is a Balanced Diet?) 🍽️🌈

လူအများစုက Diet လို့ ပြောလိုက်ရင် အစာလျှော့စားတာ ဒါမှမဟုတ် အစားအစာ တစ်မျိုးတည်းကိုသာ အသားပေး စားသုံးတာလို့ ထင်တတ်ကြပါတယ် 🙅‍♀️။

တကယ်တမ်းကျတော့ ရေရှည်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကောင်းဆုံး Diet ဟာ မျှတသော အစားအစာ (Balanced Diet) ပဲ ဖြစ်ပါတယ် ✅။ ၎င်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မရှိမဖြစ် အာဟာရဓာတ်တွေ (ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်) အားလုံးကို မှန်ကန်တဲ့ အချိုးအစားနဲ့ နေ့စဉ် ရရှိအောင် စားသုံးခြင်းကို ဆိုလိုပါတယ်။

မျှတသော အစားအစာကို စားသုံးဖို့အတွက် သင့်ပန်းကန်ထဲမှာ ပါဝင်ရမယ့် အစားအစာ အုပ်စုတွေကို ချိန်ညှိဖို့ လိုအပ်ပါတယ်။ ပန်းကန်ရဲ့ တစ်ဝက်နီးပါးကို အရောင်စုံတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ နဲ့ ဖြည့်တင်းပေးပါ 🍎🥦။ ၎င်းတို့က ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေကို ပေးပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းကို ပရိုတင်းဓာတ် (အသား၊ ငါး၊ ပဲ) နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗွန်ဟိုက်ဒရိတ် (ဂျုံကြမ်း၊ အညိုရောင်ဆန်) တို့နဲ့ မျှတစွာ ဖြည့်ဆည်းပေးပါ 🍚🍗。

ဒီလို မျှတအောင် စားသုံးပေးခြင်းရဲ့ အဓိက အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ကို လိုအပ်တဲ့ စွမ်းအင်တွေ၊ ကိုယ်ခံအားအတွက် အာဟာရတွေနဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ အဆောက်အအုံတွေ အားလုံးကို တစ်ပြိုင်တည်း ထောက်ပံ့ပေးနိုင်လို့ပါပဲ 💯။

အစားအသောက် ပုံစံကို ဒီလို မျှတအောင် ပြောင်းလဲလိုက်ခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းညှိရာမှာ အထောက်အကူပြုပြီး တစ်နေကုန် တက်ကြွ လန်းဆန်းနေမှာ ဖြစ်ပါတယ်။ 💖

#မျှတသောအာဟာရ

08/12/2025
🚨🚨International /Domenic MAI  promotion လက်မှတ်များ  Total 20KG သာ ရပါတော့မည် (Seoul -Incheon မှ လွဲ၍ )🚦Sale Period - St...
25/11/2025

🚨🚨International /Domenic MAI promotion လက်မှတ်များ Total 20KG သာ ရပါတော့မည်

(Seoul -Incheon မှ လွဲ၍ )

🚦Sale Period - Starting from November 26
🚦Travel Date - December 01,2025

Baggage-20KG (2pieces)
Hand Carry -7 KG (1 Piece)
Hand Bag -1Pieces
Ticketing Class -N/ S/ L

Singapore, KUL, PEN ခရီးစဉ်မှ လွဲ၍ Excess Baggage ကို ကြိုဝယ်၍ မရ
ကောင်တာရောက်မှ ဝယ်လို့ရပါမယ်

Greetings from Myanmar Airways International (MAI)!



We are pleased to share an important update regarding Myanmar Airways International’s Free Baggage Allowance (FBA) policy. As part of our ongoing efforts to enhance service consistency across our network, the following revisions will take effect soon on all MAI-operated sectors, excluding ICN.



Revised Free Baggage Allowance
Effective for tickets sold on or after 26 November 2025 and for travel commencing 01 December 2025, the FBA for the following booking classes will be adjusted:



RBDs : N, S, and L
New Allowance : 20KG (2 pieces)


Baggage Purchase Options
Please take note of the updated baggage purchase guidelines:



Prepaid baggage is currently available on the B2B portal only for the following routes:
RGN–SIN, SIN–RGN, RGN–KUL, KUL–RGN, RGN–PEN, and PEN–RGN.
For these routes, excess baggage may also be purchased at the respective airport check-in counters.
For all remaining MAI destinations, prepaid baggage options and excess baggage purchases at check-in counters continue as per existing policy.

🍃ဆရာမကြီးပြောပြသည့်အရိုးပြုတ်ရည်သောက်ခြင်းဖြင့် leaky gut(အူနံရံယိုစိမ့်)တာ ပျောက်ကင်းခြင်းအကြောင်း-- အဆစ်အမြစ်နာနေသူ- ဒ...
23/11/2025

🍃ဆရာမကြီးပြောပြသည့်အရိုးပြုတ်ရည်သောက်ခြင်းဖြင့် leaky gut(အူနံရံယိုစိမ့်)တာ ပျောက်ကင်းခြင်းအကြောင်း-

- အဆစ်အမြစ်နာနေသူ
- ဒူးနာနေသူ( အရိုးနုများပြန်ပြုပြင်ပေးတယ်)
- harshimoto ဖြစ်နေသူ
- ကျီးပေါင်းတက်နေသူ
- allergy ဖြစ်နေသူ
- autoimmune ဖြစ်ပြီး antibodies အရမ်းတက်နေသူ
- အစာလမ်းကြောင်းပြဿနာဖြစ်နေသူ
- ဦးနှောက်နဲ့ အာရုံကြောပြဿနာဖြစ်နေသူ
- သွေး ၊ ကြွက်သား ၊ကလီစာများပြဿနာဖြစ်နေသူ
- အရိုးပါးနေသူ
- အရိုးအဆစ်ရောင်ကိုင်းသူ
- leaky gut ဖြစ်နေသူ
- ဆံပင်၊ လက်သည်း၊ ခြေသည်းပြဿနာဖြစ်နေသူ
- နှာစေးချောင်းဆိုး ဖြစ်နေသူ
- fasting လုပ်နေသူ
- ကိုယ်ခံအားတက်လိုသူ
- ကီမိုသွင်းထားပြီး ဘာမှအစားမဝင်သူ
- ကီမိုသွင်းလိုက်လို့ အူကျန်းမာရေးပျက်သွားသူ
- Autism ကလေးများတိုက်ရန်
- ခန္ဓာကိုယ်ရောင်ကိုင်းနေသူများ သောက်ရန်...
ဆရာမက အကြံပေးထားပါတယ်ရှင်

✨အရိုးပြုတ်ရည်၏အကျိုးအာနိသင်များ....

၁.အရိုးအဆစ်ရောင်အမ်းခြင်းမှ သက်သာစေခြင်း။

၂.နှာစေးချောင်းဆိုးကို ဖြစ်စေတတ်တဲ့ virus ပိုးများကိုတားမြစ်စေနိုင်ခြင်း။ခန္ဓာကိုယ်ခုခံအား ကောင်းစေပါတယ်။

၃.ခန္ဓာကိုယ်တွင်း‌ ယောင်ကိုင်းခြင်းမှ သက်သာစေပါတယ်။

၄.အရိုးတွေကိုခိုင်ခံ့ကျန်းမာစေပါတယ်။

၅.ဆံပင်နဲ့လက်သည်းခြေသည်း ကျန်းမာရေးတွက်လည်း ကောင်းပါတယ်။

၆.ဦးနှောက်နှင့်အာရုံကြော အတွက်လည်း အလွန်ကောင်းပါတယ်။Autism ကလေး တွေကိုလည်း တိုက်ကြည့်စေချင်ပါတယ်။

✨အရိုးပြုတ်ရည်လုပ်နည်း-

၁.အမဲရိုး ၃-၄ ပေါင် အဆစ်ရိုး ချဉ်ဆီရိုး(ကြက်ရိုးဆိတ်ရိုးနှင့်အစားထိုးနိုင်ပါသည်)

၂.ရင်ရိုးများ short ribs

၃.ပန်းသီးရှာလကာရည် ခွက်တဝက်ထဲ့ဖို့ အရေးကြီးပါတယ်။အရိုးမှာရှိတဲ့ အာနိသင်ဓာတ်တွေကို ဟင်းချိုထဲရောက်အောင်လုပ်ပေးမှာဖြစ်ပါတယ်။

၄.ရေ ၄လီတာ (ရေသန့်ဗူးတဗူး တလီတာ)

၅.တရုတ်နံနံသုံးချောင်း

၆.ဥနီသုံးချောင်း

၇.ကြက်သွန်နီ ၃ ဥ လေးစိတ်စိတ်ပါ

၈.ဆား (ဆားပန်းရောင်)

၉.Fresh Parsley(နံနံပင်အစားထိုးနိုင်သည်)

✨ပြုတ်နည်း-

ရှေးဦးစွာအရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရည်ထည့်ပြီး ဆေးပစ်ပါ။

ပြီးရင်ရေနဲ့ တစ်ခါထပ်ဆေးပါ။

အရိုးတွေကိုအိုးထဲထည့်ပါ။

ပန်းသီးရှာလကာရည်နှင့် ရေထည့်ပါ။

တနာရီခန့်စိမ်ထားရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေအားလုံး စိမ့်ထွက်လာပါလိမ့်မယ်။

အရိုးမြုပ်တဲ့အထိ ရေထည့်ဖို့လိုရင် ထပ်ထည့်နိုင်ပါတယ်။
အထက်ဖေါ်ပြပါဟင်းသီးဟင်းရွက်တွေကိုထည့်ပြီး ဆူအောင်တည်ပါ။

အပေါ်ကို ဝေ့တက်လာတဲ့ အမြုပ်မဲမဲတွေကို ဇွန်းနဲ့ဖယ်ပစ်ပါ။ မသန့်ရှင်းတဲ့အရာတွေမို့ပါ။

ဆူလာရင် မီးကိုလျှော့ချလိုက်ပြီး မီးအေးအေးနဲ့ တည်ထားလိုက်ပါ။ကြာလေကောင်းလေဖြစ်ပါတယ်။

အရိုးထဲကဓာတ်မျိုးစုံဟာ တဖြေးဖြေးနဲ့ စိမ့်ထွက်လာမှာဖြစ်ပါတယ်။ တချို့ဆိုရင် ၂၄နာရီလောက်တောင် မီးဖြေးဖြေးလေးနဲ့ ပစ်ထားလိုက်ကြပါတယ်။

ချခါနီး ၁၀မိနစ်အလိုလောက်မှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပီးအရသာလဲရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။

အအေးခံထားပါ။

အရိုးတွေနဲ့ဟင်းရွက်တွေကို ဇာကာနဲ့စစ်ချလိုက်ပါ။

ထွက်လာတဲ့ချဥ်ဆီတွေကို အရိုးပြုတ်ရည်ထဲ ပြန်ထည့်ပေးပါ။

ဆားအပေါ့အငံမြည်းခတ်ပြီးရင် ရပါပြီ။

အရိုးပြုတ်ရည်ဟာဦးနှောက်နဲ့အာရုံကြော
ရောဂါဖြစ်နေသူများအတွက် အလွန်သင့်တော်ပါတယ်။အဖေအမေ အဖိုးအဖွား အကုန်လုံးကိုတိုက်ပါ။ဗီတာမင်တွေဝယ်သောက်ရန် မတတ်နိုင်သူများ အရိုးပြုတ်ရည်ကို
သောက်ကြပါ။ကျန်းမာရေးကောင်း
လာပါလိမ့်မယ်။

ကျန်းမာရေးမိတ်ဆွေများအားလုံးကျန်းမာ ချမ်းသာ ဘေးကင်းကြပါစေရှင် ။
*လေးစားစွာဖြင့်-
To A Better Health & original writer

USA Supplements

Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959959556679

Alerts

Be the first to know and let us send you an email when Royal Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Heart:

Share