IT-Corner

IT-Corner IT/Computer/AI နဲ့ပတ်သက်တာ sharing လုပ်ပါတယ်။
သိချင်တာရှိလို့ မေးချင်လျှင် Chatbox မှာစာပို့ထားလို့ရပါတယ်။

Bad vs Good Cable Management
26/09/2025

Bad vs Good Cable Management

💻 ကွန်ပျူတာစသုံးသူများအတွက် အသုံးဝင်တဲ့ Shortcut တွေကို သိမ်းထားနော်! ✨နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုပြီး မြန်ဆန်လွယ်ကူ...
13/09/2025

💻 ကွန်ပျူတာစသုံးသူများအတွက် အသုံးဝင်တဲ့ Shortcut တွေကို သိမ်းထားနော်! ✨

နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုပြီး မြန်ဆန်လွယ်ကူစေပီးWindows နဲ့ Mac မှာသုံးလို့ရတဲ့ အခြေခံ Shortcut တွေကို ရှင်းပြပေးလိုက်ပါတယ်နော်။ 🚀

📄 စာသားနဲ့ ဖိုင်တွေအတွက် အသုံးအများဆုံး Shortcut များ
* Ctrl + C (Windows) သို့ Cmd + C (Mac)
* 👉 ကူးယူရန် (Copy) 📝 မူရင်းဖိုင်/စာသား မပျက်ဘဲ နောက်ထပ်တစ်ခု ရလာပါမယ်။

* Ctrl + V (Windows) သို့ Cmd + V (Mac)
* 👉 နေရာချရန် (Paste) ✨ ခုနက Copy (သို့) Cut လုပ်ထားတာတွေကို ဒီနေရာမှာ ထည့်သွင်းပေးပါမယ်။

* Ctrl + X (Windows) သို့ Cmd + X (Mac)
* 👉 ဖြတ်ယူရန် (Cut) ✂️ မူရင်းနေရာကနေ ဖျက်ပြီး နောက်နေရာမှာ ပြန်ထားနိုင်ပါတယ်။

* Ctrl + Z (Windows) သို့ Cmd + Z (Mac)
* 👉 ပြန်ရုပ်သိမ်းရန် (Undo) ⏪ မှားယွင်းမှုတစ်ခုခု လုပ်လိုက်မိရင် နောက်ပြန်ဆုတ်ပြီး ပြန်ပြင်နိုင်ပါတယ်။

* Ctrl + A (Windows) သို့ Cmd + A (Mac)
* 👉 အားလုံးရွေးရန် (Select All) 🎯 စာရွက်စာတမ်းတစ်ခုလုံး ဒါမှမဟုတ် ဖိုင်အားလုံးကို တစ်ပြိုင်နက်တည်း ရွေးချယ်နိုင်ပါတယ်။

* Ctrl + S (Windows) သို့ Cmd + S (Mac)
* 👉 သိမ်းရန် (Save) 💾 အရေးကြီးတဲ့အရာတွေ မပျောက်ပျက်အောင် အမြဲတမ်း Save လုပ်ဖို့ မမေ့နဲ့နော်။

🌐 Browser နဲ့ System အတွက် အသုံးဝင်တဲ့ Shortcut များ
* Ctrl + T (Windows) သို့ Cmd + T (Mac)
* 👉 Tab အသစ်ဖွင့်ရန် ➕ Browser မှာ Tab အသစ်တစ်ခု အလွယ်တကူ ဖွင့်နိုင်ပါတယ်။

* Ctrl + W (Windows) သို့ Cmd + W (Mac)
* 👉 Tab ပိတ်ရန် ✖️ လောလောဆယ် ဖွင့်ထားတဲ့ Tab ကို အမြန်ပိတ်နိုင်ပါတယ်။

* Alt + Tab (Windows) သို့ Cmd + Tab (Mac)
* 👉 Program ပြောင်းရန် 🔁 ဖွင့်ထားတဲ့ Program တွေကြားမှာ မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်ပါတယ်။

* Ctrl + F (Windows) သို့ Cmd + F (Mac)
* 👉 ရှာဖွေရန် (Find) 🔍 Document ဒါမှမဟုတ် Website ထဲက စာသားတွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

* Windows key + D (Windows)
* 👉 Desktop သို့သွားရန် 🏠 ဖွင့်ထားတဲ့ Program တွေအားလုံးကို ခဏတာအောက်ချပြီး Desktop ကို ချက်ချင်းရောက်နိုင်ပါတယ်။

🌟 Tip!
ဒီ Shortcut တွေကို နေ့တိုင်းနည်းနည်းစီ လေ့ကျင့်သုံးစွဲကြည့်ရင် အလွယ်တကူ ကျွမ်းကျင်သွားပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ! 🥰

#2025

AI နည်းပညာကို Beginner Level ကစပီးလေ့လာလိုသူများအတွက် Google နှင့် IBM တို့ကနေ အခမဲ့ သင်ပေးမဲ့ Prompt Engineering သင်တန်...
11/09/2025

AI နည်းပညာကို Beginner Level ကစပီးလေ့လာလိုသူများအတွက် Google နှင့် IBM တို့ကနေ အခမဲ့ သင်ပေးမဲ့ Prompt Engineering သင်တန်းကောင်းများ

💻 Google – Prompting Essentials
* အရမ်းလွယ်ကူပြီး နားလည်ရလွယ်ပါတယ်။
* Prompts တွေရေးဖို့ အဆင့် ၅ ဆင့်ပါတဲ့ နည်းလမ်းနဲ့ သင်ကြားပေးပါတယ်။
* ကိုယ်တိုင် လက်တွေ့လေ့ကျင့်ခန်းတွေ အများကြီးလုပ်ရင်း Prompts ကောင်းတွေ ရေးသားတတ်ဖို့ လေ့ကျင့်ရပါမယ်။
* ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲဆိုတော့ နေ့စဉ်သုံးဖို့၊ အလုပ်အတွက်နဲ့ လုပ်ငန်းခွင်မှာ ထုတ်လုပ်နိုင်စွမ်း ပိုကောင်းဖို့အတွက်ပါ။
🔗 Link ကို Comment တွင်ကြည့်ပါ။

🚀 Great Learning – Prompt Engineering for ChatGPT
* စတင်လေ့လာသူအဆင့်ဖြစ်ပြီး ရှင်းပြထားတာတွေကလည်း ရိုးရှင်းပါတယ်။
* ဥပမာတွေ၊ မေးခွန်းတွေပါဝင်ပါတယ်။
* ChatGPT ကနေ အဖြေတွေကို တစ်ဆင့်ချင်းစီ ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာကို အဓိကထား သင်ပေးပါတယ်။
* ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲဆိုတော့ AI ကို စတင်လေ့လာသူတွေနဲ့ စနစ်တကျလေ့လာချင်တဲ့သူတွေအတွက်ပါ။
🔗 Link ကို Comment တွင်ကြည့်ပါ။

🎓 IBM / Coursera – Generative AI: Prompt Engineering Basics
* Zero-shot, few-shot, chain-of-thought အစရှိတဲ့ နည်းစနစ်တွေကို အရမ်းလွယ်ကူတဲ့ နည်းလမ်းနဲ့ သင်ပေးပါတယ်။
* လက်တွေ့လေ့ကျင့်ခန်းတွေပါဝင်ပြီး Coding လေ့လာစရာမလိုပါဘူး။
* Coursera Certificate ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ (အခမဲ့လေ့လာနိုင်ပါတယ်)
* ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲဆိုတော့ အသိအမှတ်ပြုထားတဲ့ သင်တန်းတစ်ခုကို လေ့လာချင်သူတွေအတွက်ပါ။
🔗 Link ကို Comment တွင်ကြည့်ပါ။

💡 ကျွန်တော့်ရဲ့ အကြံပြုချက်
* Google Prompting Essentials ကနေ အရင်ဆုံးစလေ့လာတာ အကောင်းဆုံးပါပဲ။ (အရမ်းလွယ်ကူပြီး လက်တွေ့ကျပါတယ်)
* ပြီးရင်တော့ Great Learning ကိုဆက်လေ့ကျင့်ပါ။
* Certicate ရပီး ပိုနက်နဲတဲ့ အကြောင်းအရာတွေကို လေ့လာချင်သေးရင်တော့ IBM Coursera သင်တန်းကို ဆက်တက်ဖို့ အကြံပြုလိုပါတယ်။

မှတ်ချက်။ အချိန်ကာလ တခုအတွင်းပဲ Free ရတာမို့အမြန်ဆုံး Enroll လုပ်ဖ်ို့လိုအပ်ပါတယ်။

🍌 Nano Banana Masterclass: AI Creation Like a Pro (100% Free Coupon)ဒီနေ့မှာတော့ Udemy က Nano Banana Masterclass: AI Cre...
10/09/2025

🍌 Nano Banana Masterclass: AI Creation Like a Pro (100% Free Coupon)

ဒီနေ့မှာတော့ Udemy က Nano Banana Masterclass: AI Creation Like a Pro Course အတွက် Free Class တစ်ခု ထပ်တွေ့လို့ ဝေမျှပေးလိုက်ပါတယ်။ 🤩
Link ကိုတော့ cmt မှာ တချက်ကြည့်ပေးပါ။
Nano Banana ကို စိတ်ကြိုက် လေ့လာချင်သူတွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုပါ။
ကျနော် ကတော့ Enroll လုပ်ပီးပါပီ။🤩

အရေးကြီးတာက...
* အခမဲ့ဖြစ်တဲ့အတွက် အမြန်ဆုံး Enroll လုပ်ထားဖို့ လိုပါတယ်ဗျ
* တစ်ချို့နိုင်ငံတွေရဲ့ Location မှာတော့ ရချင်မှ ရနိုင်ပါလိမ့်မယ်ဗျ

အဆင်မပြေတာရှိရင် comment မှာရေးခဲ့ပေးပါ။

ဒီနေ့ကျင်းပခဲ့တဲ့ Apple ရဲ့ "Awe Dropping" ပွဲမှာ မိတ်ဆက်ခဲ့တဲ့ iPhone 17 series ဟာ နည်းပညာလောကကို တကယ်ကို စိတ်လှုပ်ရှား...
09/09/2025

ဒီနေ့ကျင်းပခဲ့တဲ့ Apple ရဲ့ "Awe Dropping" ပွဲမှာ မိတ်ဆက်ခဲ့တဲ့ iPhone 17 series ဟာ နည်းပညာလောကကို တကယ်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်!

🤩 ဒီနှစ်မှာ Apple က iPhone 17၊ iPhone 17 Air၊ iPhone 17 Pro နဲ့ iPhone 17 Pro Max ဆိုပြီး ဖုန်းလေးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။
✨ ဒီဇိုင်းနဲ့ အသွင်အပြင် ✨
Apple က ဒီဇိုင်းကို အကြီးအကျယ် ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ iPhone 17 Air ပဲဖြစ်ပြီး၊ ဒါဟာ Apple သမိုင်းတစ်လျှောက် အပါးလွှာဆုံး iPhone အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ 😮 ပုံမှန် iPhone 17 နဲ့ Pro မော်ဒယ်တွေမှာလည်း ကျောဘက်ကင်မရာပုံစံကို အသစ်ပြောင်းလဲထားပြီး ပိုမိုပေါ့ပါးသွယ်လျတဲ့ ဒီဇိုင်းကို အလေးပေးထားပါတယ်။
📸 ကင်မရာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ 📸
ကင်မရာကြိုက်တဲ့သူတွေအတွက်တော့ iPhone 17 series ဟာ တကယ့်ကို အံ့မခန်းပါပဲ။
* အားလုံးအတွက် 48MP: iPhone 17 Series အားလုံးရဲ့ Main ကင်မရာကို 48MP အာရုံခံစနစ်ကို အသုံးပြုထားတာကြောင့် ဓာတ်ပုံတွေဟာ ပိုပြီးတော့ ကြည်လင်ပြတ်သားလာပါတယ်။ ✨
* ရှေ့ကင်မရာ အဆင့်မြှင့်တင်မှု: ဆယ်ဖီရိုက်တဲ့သူတွေအတွက်လည်း ရှေ့ကင်မရာကို 24MP အထိ မြှင့်တင်ပေးလိုက်ပါတယ်။ 🤳
* Pro မော်ဒယ်တွေရဲ့ ထူးခြားချက်: Pro နဲ့ Pro Max မှာတော့ အသစ်ဒီဇိုင်းထုတ်ထားတဲ့ ကင်မရာစနစ်ကို ထည့်သွင်းထားပြီး၊ ပုံရိပ်တွေကို ပိုမိုကောင်းမွန်အောင် AI နဲ့ ပေါင်းစပ်ပေးထားပါတယ်။ 🧠
⚡ စွမ်းဆောင်ရည်နဲ့ ဘက်ထရီ 🔋
* A19 Bionic Chip: iPhone 17 မှာ A19 Bionic chip ကို ထည့်သွင်းထားပြီး၊ စွမ်းဆောင်ရည်ပိုင်းကို သိသိသာသာ မြှင့်တင်ထားပါတယ်။ 🚀
* A19 Pro Chip: iPhone 17 Air iPhone 17 Pro နဲ့ Pro Max မှာတော့ ပိုမိုအားကောင်းတဲ့ A19 Pro chip ကို အသုံးပြုထားပြီး၊ စွမ်းအင်ပိုမိုသက်သာအောင်နဲ့ အပူဒဏ်ကို ထိန်းချုပ်နိုင်ဖို့ V***r Chamber ဆိုတဲ့ အအေးပေးစနစ်ကို ပထမဆုံးအကြိမ် ထည့်သွင်းပေးထားပါတယ်။ ❄️

လက်ရှိ သိရသလောက် ရေးပေးထားတာဖြစ်ပါတယ်။

💵 စျေးနှုန်းနှင့် ရရှိနိုင်မည့်ရက် 🗓️
ဒီနေ့ကစပြီး ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ လက်လီဆိုင်တွေနဲ့ အွန်လိုင်းစတိုးတွေမှာ တရားဝင် ဝယ်ယူနိုင်ပါပြီ။ 🛒 စျေးနှုန်းတွေကတော့ အရင်နှစ်ကထက် အနည်းငယ် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

⌚️Apple Watch Series 11နှင့် Watch Ultra 3- ကျန်းမာရေးနဲ့ နည်းပညာ ပေါင်းစပ်မှုအသစ်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ A...
09/09/2025

⌚️Apple Watch Series 11နှင့် Watch Ultra 3- ကျန်းမာရေးနဲ့ နည်းပညာ ပေါင်းစပ်မှုအသစ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ Apple က လူတိုင်းကို အံ့အားသင့်စေမယ့် ထုတ်ကုန်သစ်တွေဖြစ်တဲ့ Apple Watch Series 10 နဲ့ Apple Watch Ultra 3 တို့ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနာရီအသစ်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံရေးပိုင်းကို အဓိကထားပြီး တော်လှန်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
🧠 စိတ်ဖိစီးမှုကို သိရှိနိုင်တဲ့ Neuro-sensor
Apple Watch Series 10 ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ စိတ်ဖိစီးမှုကို တိုက်ရိုက်တိုင်းတာပေးမယ့် Neuro-sensor Feedback စနစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ နာရီတစ်လုံးမှာ ပထမဆုံးအကြိမ် ထည့်သွင်းထားတဲ့ နည်းပညာသစ်တစ်ခုလို့ ဆိုရမှာပါ။
• ဒီစနစ်က ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို တိုင်းတာပြီး ကိုယ့်ရဲ့ စိတ်ဖိစီးမှုအခြေအနေကို ခန့်မှန်းပေးနိုင်ပါတယ်။
• ကိုယ် စိတ်ဖိစီးမှု အရမ်းများနေတယ်ဆိုရင် နာရီကနေ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် စိတ်ကို အနားပေးဖို့ အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ပိုမို ဂရုစိုက်နိုင်မှာပါ။
🩸 သွေးပေါင်ချိန်ကို တိတိကျကျ တိုင်းတာနိုင်ခြင်း
Apple Watch Series 10 နဲ့ Ultra 3 နှစ်ခုစလုံးမှာ သုံးစွဲသူတွေ တောင်းဆိုခဲ့ကြတဲ့ သွေးပေါင်ချိန် တိုင်းတာနိုင်တဲ့စနစ် ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
• ဒီလုပ်ဆောင်ချက်ဟာ သွေးတိုးရောဂါရှိသူတွေနဲ့ ကျန်းမာရေးကို အမြဲစောင့်ကြည့်နေသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။
• သွေးပေါင်ချိန် ပုံမှန်မဟုတ်တဲ့အခါ သတိပေးချက်တွေ ပေးပို့မှာဖြစ်ပြီး ဆရာဝန်နဲ့ ပြသဖို့လည်း အကြံပြုပါလိမ့်မယ်။
🚀 စွမ်းဆောင်ရည်ပိုင်း မြှင့်တင်မှုများ
• ဘက်ထရီသက်တမ်း က ပိုမိုရှည်ကြာလာပါတယ်။ ပုံမှန်အသုံးပြုရင် ရက်အနည်းငယ်အထိ အားပြန်သွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာပါ။
• S10 Chip အသစ်ကြောင့် လုပ်ဆောင်ချက်အားလုံးဟာ ပိုမိုချောမွေ့ပြီး မြန်ဆန်လာပါတယ်။
• ဒီဇိုင်း ပိုင်းမှာလည်း ပိုပြီး ပါးလွှာပေါ့ပါးလာတာကြောင့် ဝတ်ဆင်ရတာ ပိုအဆင်ပြေလာမှာပါ။
ဒီ Apple Watch အသစ်တွေဟာ နည်းပညာကို ကျန်းမာရေးအတွက် ဘယ်လိုအသုံးချနိုင်လဲဆိုတာကို ပြသလိုက်တဲ့ အကောင်းဆုံး ဥပမာတစ်ခုပါပဲ။

🤯 AirPods Pro 3 ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လုပ်ဆောင်ချက်များApple ဟာ နည်းပညာလောကကို အံ့အားသင့်စေမယ့် AirPods Pro 3...
09/09/2025

🤯 AirPods Pro 3 ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လုပ်ဆောင်ချက်များ
Apple ဟာ နည်းပညာလောကကို အံ့အားသင့်စေမယ့် AirPods Pro 3 ကို မိတ်ဆက်လိုက်ပါပြီ။ ဒီ နားကြပ်အသစ်မှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ အများကြီးပါဝင်လာပါတယ်။
🗣️ ချက်ချင်းဘာသာပြန်ပေးနိုင်တဲ့စနစ် (Live Translation Mode)
ဒီ AirPods Pro 3 ရဲ့ အထူးခြားဆုံးအချက်ကတော့ Live Translation Mode ပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က စကားပြောနေတာကို ချက်ချင်း ဘာသာပြန်ပေးနိုင်တာပါ။
• တခြားသူနဲ့ စကားပြောတဲ့အခါ ဘာသာစကားကွဲပြားနေရင်တောင် ဒီနားကြပ်က အဓိပ္ပာယ်ကို နားလည်အောင် ခြုံငုံပြီး ဘာသာပြန်ပေးပါလိမ့်မယ်။
• ကိုယ်ပြောလိုက်တဲ့ စကားတွေကိုတော့ ကိုယ့်ရဲ့ iPhone ပေါ်မှာ စာတန်းထိုးအနေနဲ့ တိုက်ရိုက်ဖော်ပြပေးမှာဖြစ်လို့ တစ်ဖက်လူကို လွယ်လွယ်ကူကူ ပြသနိုင်ပါတယ်။
• AirPods Pro 3 ကို တပ်ထားတဲ့လူချင်း ဘာသာစကားမတူရင်တောင် တိုက်ရိုက်ပြောဆိုရင်းနဲ့ ဘာသာပြန်ပေးတာကြောင့် ပိုမိုအဆင်ပြေစေမှာပါ။
ဒီ ဘာသာပြန်စနစ်ဟာ Apple Intelligence ပါဝင်တဲ့ ဖုန်းတွေနဲ့တွဲပြီး အကောင်းဆုံး အလုပ်လုပ်မှာဖြစ်ပါတယ်။ 📱
💪 Gym အတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်များ
အားကစားလုပ်တဲ့သူတွေအတွက်လည်း ဒီနားကြပ်က အရမ်းအသုံးဝင်ပါတယ်။
• နားကြပ်မှာ Heart Rate Sensor ပါဝင်လာတာကြောင့် နှလုံးခုန်နှုန်းကို တိုက်ရိုက်တိုင်းတာနိုင်ပါတယ်။ ❤️
• Apple Fitness+ နဲ့ တွဲသုံးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းမှု ပမာဏတွေကိုပါ တိတိကျကျ ဖော်ပြပေးနိုင်မှာဖြစ်လို့ လေ့ကျင့်ခန်းလုပ်ရာမှာ ပိုမိုထိရောက်စေမှာပါ။ 🔥
🔋 ပိုမိုကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်များ
ဒီ့အပြင် AirPods Pro 3 မှာ အခြားသော ကောင်းမွန်တဲ့ အချက်တွေလည်း ပါဝင်လာပါသေးတယ်။
• ဘက်ထရီ ပိုမိုကြာရှည်ခံလာတာကြောင့် တစ်နေကုန် အေးဆေးသုံးနိုင်ပါတယ်။ 🔋
• ဆူညံသံဖျောက်စနစ် (Active Noise Cancellation - ANC) ကလည်း ပိုမိုကောင်းမွန်လာတာကြောင့် အပြင်ဆူညံသံတွေကို လုံးဝမကြားရဘဲ သီချင်းတွေကို အပြည့်အဝ ခံစားနိုင်မှာပါ။ 🎧
ဒီအချက်တွေက AirPods Pro 3 ကို ဘာကြောင့် စောင့်ကြည့်သင့်လဲဆိုတဲ့ အကြောင်းရင်းတွေပါပဲ။ 🤩

#2025

Passport Photo ရဖို့အတွက် ဓာတ်ပုံဆိုင်သွားနေတုန်းလား?Passport ဓာတ်ပုံ ရိုက်ဖို့ အခက်အခဲဖြစ်နေသူများအတွက် AI နဲ့ လွယ်လွယ်...
09/09/2025

Passport Photo ရဖို့အတွက် ဓာတ်ပုံဆိုင်သွားနေတုန်းလား?

Passport ဓာတ်ပုံ ရိုက်ဖို့ အခက်အခဲဖြစ်နေသူများအတွက် AI နဲ့ လွယ်လွယ်ကူကူ Passport Photo ပြင်နိုင်တဲ့ နည်းလမ်း

✨ လုပ်ဆောင်ရမယ့် အဆင့်များ

1️⃣ မိမိ မျက်နှာကို ရှင်းရှင်းလင်းလင်း ဓာတ်ပုံရိုက်ပါ
2️⃣ Gemini App ကို ဖွင့်ပါ။
3️⃣ ရိုက်ထားတဲ့ပုံကို commentမှာ​ဖော်ပြထားတဲ့ Prompt နဲ့အတူ copy ကူးပြီး Send လိုက်ပါ ✅

📌 သတိပြုရန်

👉 မိမိရိုက်ထားတဲ့ပုံရည်အသွေးပေါ်မူတည်ပြီး ရုပ်ပုံအနည်းငယ် ကွာခြားနိုင်ပါတယ်
👉 ဒါပေမယ့် Face Swap နဲ့ ပြန်လည် ပြုပြင်နိုင်ပါတယ်

✍️ အဆင်မပြေတာရှိရင် Comment မှာ ရေးထားခဲ့ပါ။

 #နေ့စဥ်ဘဝကို ပိုလွယ်ကူစေမယ့် Website (၁၀) ခုနေ့စဥ်ဘဝ၊ အလုပ်နဲ့ ကျောင်းကိစ္စတွေကို ပိုပြီး အချိန်ကုန်၊ ငွေကုန် သက်သာစေမယ...
09/09/2025

#နေ့စဥ်ဘဝကို ပိုလွယ်ကူစေမယ့် Website (၁၀) ခု

နေ့စဥ်ဘဝ၊ အလုပ်နဲ့ ကျောင်းကိစ္စတွေကို ပိုပြီး အချိန်ကုန်၊ ငွေကုန် သက်သာစေမယ့် Website ကောင်း ၁၀ ခုကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ သိထားရင် အကျိုးရှိတာမို့ ဖတ်ကြည့်လိုက်ပါဦး။

၁. Innerbody - လူ့ခန္ဓာကိုယ် အတွင်းအပြင် ပုံရိပ်များ
ဆေးပညာစိတ်ဝင်စားသူတွေအတွက် ဒီဝဘ်ဆိုက်က အကောင်းဆုံးပါပဲ။ လူ့ခန္ဓာကိုယ်အတွင်းပိုင်းဖြစ်တဲ့ အရိုး၊ ကြွက်သား၊ အာရုံကြော စတာတွေကို အသေးစိတ်၊ အလွှာလိုက် ကြည့်ရှုလေ့လာနိုင်ပါတယ်။

၂. Privnote - လျှို့ဝှက်စာပို့ရန် အကောင်းဆုံး
လျှို့ဝှက်သတင်းအချက်အလက်တွေ ပို့ဖို့အတွက်ပါ။ စာပို့လိုက်တာနဲ့ လက်ခံသူ ဖတ်ပြီးတာနဲ့ စာက အလိုလို ပျက်သွားပါလိမ့်မယ်။ စပိုင်ကားတွေထဲကလို လုံခြုံရေးမြင့်တဲ့ စာတွေကို ဒီနည်းနဲ့ ပို့နိုင်ပါတယ်။

၃. Bachelorstudies - ဘွဲ့သင်တန်းရှာဖွေရေး
နိုင်ငံခြားမှာ ကျောင်းတက်ဖို့ စိတ်ကူးရှိသူတွေအတွက်ပါ။ ကိုယ်တက်ချင်တဲ့နိုင်ငံ၊ ဘွဲ့အမျိုးအစားတွေကို ရိုက်ထည့်လိုက်ရုံနဲ့ တက္ကသိုလ်တွေ၊ ကုန်ကျစရိတ်နဲ့ သင်တန်းကြာချိန်တွေကို အကြမ်းဖျင်း သိနိုင်ပါတယ်။

၄. Lucidchart - Diagram များ အခမဲ့ဆွဲ
ဒိုင်ယာဂရမ် (Diagram) တွေနဲ့ ဒေတာဂရပ်ဖ် (Data Graph) တွေကို အလွယ်တကူ ဆွဲချင်ရင် ဒီဝဘ်ဆိုက်ကို သုံးပါ။ အခမဲ့သုံးနိုင်ပြီး ကျောင်းစာအတွက်လည်း အထောက်အကူပြုပါတယ်။

၅. Eat This Much - ဝိတ်ချသူများအတွက် Diet Planner
ကိုယ်စားမယ့် ကယ်လိုရီပမာဏကို တွက်ရတာ ခေါင်းခြောက်နေလား? ဒီဝဘ်ဆိုက်က အဲဒီဒုက္ခကို ဖြေရှင်းပေးပါလိမ့်မယ်။ အီးမေးလ်နဲ့ စာရင်းသွင်းထားရင် နေ့တိုင်း ဘာစားရမလဲဆိုတာကို အလိုလို ပို့ပေးပါလိမ့်မယ်။

၆. DiffChecker - စာလုံးတိုက်စစ်နည်း
စာအုပ် ၂ အုပ်ကို ဘယ်နေရာတွေမှာ ကွာခြားလဲဆိုတာ တစ်လုံးချင်းစီ စစ်ပေးနိုင်ပါတယ်။ စာဖိုင်အပြင် ဓာတ်ပုံနဲ့ Excel ဖိုင်တွေကိုပါ နှိုင်းယှဉ်စစ်ဆေးပေးနိုင်လို့ အလုပ်လုပ်တဲ့အခါ အသုံးဝင်ပါတယ်။

၇. AlternativeTo - တန်ဖိုးနည်း App များရှာဖွေရေး
ပိုက်ဆံပေးဝယ်မှရတဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို အခမဲ့ (သို့မဟုတ်) ဈေးပိုသက်သာတဲ့ ဗားရှင်းနဲ့ သုံးချင်ပါသလား? ဒီဝဘ်ဆိုက်က သင်ရှာနေတဲ့ ဆော့ဖ်ဝဲလ်နဲ့ လုပ်ဆောင်ချက်တူညီတဲ့ အခြားဆော့ဖ်ဝဲလ်တွေကို အစားထိုးရှာပေးပါလိမ့်မယ်။

၈. Jitsi Meet - အကောင့်ဖွင့်စရာမလိုဘဲ ဗီဒီယိုခေါ်ဆိုပါ
Google Meet, Zoom တို့လို အကောင့်ဝင်စရာမလိုဘဲ အချိန်ကုန်သက်သာစွာနဲ့ ဗီဒီယိုခေါ်ဆိုချင်ရင် သုံးပါ။ ဝဘ်ဆိုက်ထဲဝင်ပြီး အခန်းတစ်ခန်း ချက်ချင်းဖွင့်ကာ ပါဝင်မယ့်သူတွေကို Link ပို့ပေးလိုက်ရုံပါပဲ။

၉. Squoosh - ရုပ်ပုံဖိုင်ဆိုဒ်လျှော့နည်း
ဓာတ်ပုံတွေရဲ့ ဖိုင်ဆိုဒ် အရမ်းကြီးနေတာကို သေးချင်ရင် ဒီဝဘ်ဆိုက်က အကောင်းဆုံးပါပဲ။ ရုပ်ပုံအရည်အသွေး မကျဘဲ ဖိုင်ဆိုဒ်ကို လျှော့ချပေးနိုင်ပြီး ပုံတွေကိုလည်း ဖြတ်တောက်နိုင်ပါတယ်။

၁၀. Cloudconvert - ဖိုင်အမျိုးအစားပြောင်းနည်း
ဖိုင်အမျိုးအစားတစ်မျိုးကို တခြားတစ်မျိုး ပြောင်းချင်တဲ့အခါ သုံးပါ။ ဥပမာ - PDF ကို Word, MP3 ကို WAV စသဖြင့် ဖိုင်အမျိုးအစား အများကြီးကို ပြောင်းလဲပေးနိုင်လို့ သိထားသင့်ပါတယ်။

ဒီဝဘ်ဆိုက်တွေထဲက ဘယ်တစ်ခုကို အသုံးအဝင်ဆုံးလို့ ထင်လဲ? ဒါမှမဟုတ် အခြားကောင်းတဲ့ ဝဘ်ဆိုက်တွေများ သိသေးလား?

AI က ဘယ်လို Software Development ကဏ္ဍကို ပြောင်းလဲနေသလဲ?ဒီနေ့ Software Development ကမ္ဘာကြီးထဲမှာ AI က တကယ့် game-change...
07/09/2025

AI က ဘယ်လို Software Development ကဏ္ဍကို ပြောင်းလဲနေသလဲ?

ဒီနေ့ Software Development ကမ္ဘာကြီးထဲမှာ AI က တကယ့် game-changer ဖြစ်လာပါတယ်။ အလုပ်ရုံထဲမှာ နေ့စဉ်လုပ်နေရတဲ့ repetitive coding တွေ၊ bug fixing တွေကို AI က အလိုအလျောက် handle လုပ်ပေးသလို၊ Developer တွေကို အရေးကြီးတဲ့ system design၊ creative problem-solving နဲ့ strategic thinking တွေမှာ ပိုအချိန်ပေးနိုင်အောင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ပေးနေပါတယ်။

🟩 AI-generated Code

Y Combinator ရဲ့ startup တွေထဲက တချို့မှာ codebase 95% က AI က ထုတ်ပေးထားတယ် လို့ အစီရင်ခံထားပါတယ်။ ဆိုလိုတာက ဘာလဲ?
➡️ အရင်က developer တွေကိုယ်တိုင် ရေးဖို့လိုတဲ့ code တွေကို AI က အများစု ချက်ချင်း ထုတ်ပေးနိုင်ပြီး၊ Developer တွေက အမှန်တကယ်လိုအပ်တဲ့ အပိုင်း — တည်ဆောက်ပုံ၊ logic အဆင့်မြင့်တွေ၊ security စောင့်ကြပ်မှုတွေမှာ ပိုအာရုံစိုက်နိုင်ပါပြီ။

“Vibe Coding” – စကားပြောသလို Coding

Natural Language (ပုံမှန်စကားပြောပုံစံ) နဲ့ ဖော်ပြလိုက်တာနဲ့ AI က code ထုတ်ပေးတဲ့နည်းလမ်းကို “Vibe Coding” လို့ ခေါ်ကြပါတယ်။
ဒါကြောင့် Coding အတွေ့အကြုံမရှိသူတွေပါ idea → prototype အထိ အလွယ်တကူ ဝင်ရောက်နိုင်သလို၊ Development process က ပိုပြီး inclusive ဖြစ်လာပါတယ်။

🟩 Developer ရဲ့ အခန်းကဏ္ဏ

AI က developer တွေကို အစားထိုးမယ့် အန္တရာယ်မဟုတ်ပါ။ အစားထိုးမယ့်အစား role upgrade ဖြစ်နေပါတယ်။
• AI oversight & review – AI ထုတ်ပေးတဲ့ code တွေကို စစ်ဆေး၊ ပြင်ဆင်
• Ethics & governance – AI အသုံးချမှုမှာ တရားမဲ့မှုမဖြစ်အောင် စောင့်ကြပ်
• Architecture & creativity – စနစ်တစ်ခုလုံးကို စဉ်းစားပြီး တည်ဆောက်ပုံဆွဲ

နောက်လာမယ့် developer တစ်ယောက်ဟာ code writer မဟုတ်တော့ဘဲ AI orchestrator ဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။

🟩 Automation + Human Ingenuity

AI က မြန်နှုန်း နဲ့ ပမာဏ (scale) ကို ပေးနိုင်တယ်။
Human က context, creativity, critical thinking ကို ပေးနိုင်တယ်။
ဒီနှစ်ခု ပေါင်းစပ်မှသာ Future Software Development က စစ်မှန်တဲ့ တန်ဖိုးကို ပေးနိုင်မယ်။

လက်ရှိ Developer Role နဲ့ အလုပ်လုပ်နေတဲ့ သူတွေရော ဘယ်လိုထင်ကြလဲ ???

အောက်က AI တွေကို အသုံးပြုပီး မိမိရဲ့ Productivity မြှင့်တင်လိုက်ပါ။ 》Research 💻Free: Grok.comPaid: ChatGPT.com》Writing ✍...
14/08/2025

အောက်က AI တွေကို အသုံးပြုပီး မိမိရဲ့ Productivity မြှင့်တင်လိုက်ပါ။

》Research 💻

Free: Grok.com

Paid: ChatGPT.com

》Writing ✍️

Free: Scribbr.com

Paid: Rytr.me

》Video Generator 🎥

Free: Invideo.io

Paid: Synthesia.io

》Image Generation 🖼️

Free: Ideogram.ai

Paid: Midjourney.com

》Watermark Remover 🧽

Free: Cleanup.pictures

Paid: Watermarkremover.io

》Presentation Maker 📊

Free: Gamma.App

Paid: Beautiful.ai

》Design 🎨

Free: Visme.co

Paid: Canva.com

IT အခက်အခဲတွေ အခမဲ့ ကူညီဖြေရှင်းပေးမယ်။မင်္ဂလာပါ ကျနော် Harry ပါ။ IT Manager အနေနဲ့ MNC Organization မှာ အလုပ်လုပ်ကိုင်န...
03/08/2025

IT အခက်အခဲတွေ အခမဲ့ ကူညီဖြေရှင်းပေးမယ်။

မင်္ဂလာပါ ကျနော် Harry ပါ။ IT Manager အနေနဲ့ MNC Organization မှာ အလုပ်လုပ်ကိုင်နေပါတယ်။ နေထိုင်လာတဲ့ အတောအတွင်း ကိုယ့်ဘဝ Career အတွက် IT နဲ့ အသက်မွေးဝမ်းကြောင်း လုပ်ခဲ့တာ ၉နှစ် ဝန်းကျင်ရှိခဲ့ပါပီ။
အလုပ်စလုပ်ခဲ့တာက IT Instructor အနေနဲ့ စလုပ်ခဲ့တာပေါ့။ Instructor လုပ်တုန်းကတော့ IT အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးနိုင်ခဲ့ပေမဲ့ Real world ဘက်ကို စရောက်ပီးထဲက ကိုယ့်ဘဝ နဲ့ ကို ရုန်းနေရတော့ IT အခက်အခုဖြစ်နေတဲ့ သူတွေကို မကူညီပေးနိုင်ခဲ့ဘူးပေါ့ဗျာ။
အခုတော့ အချိန်လေးတွေလဲ ရပီဆိုတော့ IT ပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသူတွေ IT Career ဘယ်လို စရမလဲ မသိသူတွေ အတွက် ကျနော် အခမဲ့ ကူညီပါမယ်။ တနေ့ကို ၅ ယောက် သဘောမျိူး ကျနော်ကူညီပါမယ်။

ဘယ်လိုလူတွေ လာဆွေးနွေးလို့ရလဲ
- IT Career ကို သွားချင်သူတွေ
- IT ပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေ
- IT ကိုစိတ်ဝင်စားသူတွေ

ဘယ်လို ကူညီဖြေရှင်းပေးမလဲ?
- IT Career အတွက်ဆို လမ်းကြောင်းတခုသေချာပြောပြပေးမယ် သိချင်တာ share ပေးမယ်
- IT Hardware/Software/Security ပိုင်းဆိုင်ရာမှာ အခက်အခဲဖြစ်နေတာကို Call (သို့) Remote နဲ့ ဖြေရှင်းပေးမယ်

အဲ့အတွက် ဘာပြန်ပေးရမလဲ?
ဟုတ်ကဲ့ မလိုအပ်ပါဘူး။ ကျနော့်ဘက်က ကူညီပေးချင်လို့ အခုလိုစီစဉ်ပေးတာ ဖြစ်တဲ့အတွက်
100% အခမဲ့ပါဗျ။

Address

Son Tra
Yangon
50217

Telephone

+84327326406

Website

Alerts

Be the first to know and let us send you an email when IT-Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share