25/11/2023
မိမိတို့ ပြည်သူလူထု၏ အဘိုးအဘွားများ၊ အမိအဘများ၊ ညီအစ်ကို၊ မောင်နှမများ၊ သားသမီးများစွာတို့သည်လည်း စစ်အာဏာရှင်၏ သံတိုင်များ၊ အမှောင်ခန်းများ၊ အကျဉ်းခန်းများအတွင်း ယနေ့ထက်တိုင် ကြံ့ကြံ့ခံလျက် ပြည်သူနှင့်အတူ တသားတည်း ရပ်တည်နေကြကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်။ နွေဦးအောင်လံ ဆုတောင်းပွဲများမှ ပြည်သူတို့၏ ဆုတောင်းမေတ္တာပို့သမှုများသည်လည်း အုတ်တံတိုင်းများ၊ သံတိုင်များကို ကျော်လွန်ရောက်ရှိခဲ့ပြီဟု ကျွန်ုပ်တို့ ယုံကြည်ခိုင်မာသည်။