Aye Chan Thar

Aye Chan Thar အိမ်ခြံမြေရောင်း၀ယ်ရေး

🍀🍀၀မ်းသာရွှင်ပြစိတ်ချမ်းသာကြပါစေ🍀🍀အားလုံးအတွက် အိမ်ဆောက်ပေးဖို့ ပိုက်ဆံတွေ ရောက်လာပြီ🏠🏡လက်ခံလိုက်ပါ. 💐✨🙏🏼.ဒီ post မြင်တဲ...
05/09/2023

🍀🍀၀မ်းသာရွှင်ပြစိတ်ချမ်းသာကြပါစေ🍀🍀
အားလုံးအတွက် အိမ်ဆောက်ပေးဖို့ ပိုက်ဆံတွေ ရောက်လာပြီ🏠🏡လက်ခံလိုက်ပါ. 💐✨🙏🏼.
ဒီ post မြင်တဲ့လူတွေ အကုန်လုံး ၉လပိုင်းမှာ အိုးပိုင်အိမ်ပိုင် ခြံပိုင်ကားပိုင်တွေ ရရှိပါစေ။🙏🙏🙏

04/09/2023

မြေဝယ်မယ်
ဆိုရင်
အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန်
ပြဿနာ
မဖြစ်အောင်
ဆောင်ရွက်တဲ့
နည်းလမ်းပါ။

ယာမြေ
လယ်မြေ
ဥယျာဥ်ခြံမြေ
ကျေးရွာမြေ
ဘိုးဘပိုင်မြေ
ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင်
အမည်ပေါက်
ဟုတ်/မဟုတ်
မြို့နယ်
မြေစာရင်းမှာ
စစ်
အရှုပ်အရှင်း
ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ
စီစစ်လေ့လာ

ရောင်းသူရဲ့
မိဘမောင်နှမ
ဆွေမျိုးသားချင်း
ထဲကသက်သေခေါ်
ရပ်ရွာဥက္ကဌရုံးမှာ
သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်
ကျမ်းကျိန်
ရှေ့နေနဲ့
အရောင်းအဝယ်
စာချုပ်ကို
တရားဝင်
သေချာချုပ်
တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ(👉 အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။)

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်
Credit😍

💜Home Sweet Home လေးကသင့်ကို့ပြုံးပျော်စေမှာပါ💜  "နေ့တစ်​​နေ့ကို အပြုံးနဲ့ စတင်ပါ"အနောက်တိုင်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ လ...
29/08/2023

💜Home Sweet Home လေးကသင့်ကို့ပြုံးပျော်စေမှာပါ💜

"နေ့တစ်​​နေ့ကို အပြုံးနဲ့ စတင်ပါ"

အနောက်တိုင်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ လွှမ်းမိုးမှုရှိသူ၊ ထင်ရှားသူ ဖြစ်တဲ့ ဗီယက်နမ်ဘုန်းကြီး Thich Nhat Hanh ရဲ့ အဆိုအမိန့်တစ်ခု ရှိပါတယ်။ (သစ်နက်ဟန်လို့ အနီးစပ်ဆုံး အသံထွက်နိုင်ပါတယ်)

တစ်ခါတလေမှာ စိတ်ပျော်နေလို့ ပြုံးမိတာ ဖြစ်နိုင်သလို၊ တစ်ခါတလေမှာလည်း ပြုံးလိုက်လို့ ပျော်သွားရတာမျိုး ရှိတတ်ပါတယ်တဲ့။

Sometimes your joy is the source of your smile, but sometimes your smile can be the source of your joy.

ဘဝတွေက ခက်ခဲလွန်းပါတယ်။ ရှင်သန်ရတာလည်း ပင်ပန်းတယ်။ အနာဂတ်တွေကလည်း မရေရာဘူး။ လူတွေကလည်း စိတ်အချဉ်တွေပေါက်လို့။ မိသားစုအချင်းချင်းလည်း ပြဿနာတွေ ဖြစ်လို့။

ပြုံးပျော်ရတဲ့ အခိုက်အတံ့တွေက ပိုပိုရှားပါးလာတယ်။

သို့သော်လည်း ကြိုးစားပြီးတော့ ပြုံးကြည့်ပါ။ ပြုံးလိုက်ရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ Endorphin အပါအဝင်၊ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဓါတုပစ္စည်းတွေ ထွက်လာပါတယ်။

ဒီတော့ မျက်နှာကြီးတွေ တင်းမထားပါနဲ့။ လျှော့ချလိုက်ပါ။ အိပ်ခန်းထဲက ထွက်လို့ အိမ်သူအိမ်သားတွေကို တွေ့တာနဲ့ ပြုံးပြလိုက်ပါ။ အိမ်က ထွက်တဲ့အခါ၊ ရုံးရောက်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို ကိုယ့်ဘက်ကပဲ စပြီး အပြုံးနဲ့ နှုတ်ဆက်လိုက်ပါ။

အားလုံးက ကိုယ်စီကိုယ်စီ ခက်ခဲနေကြတဲ့အချိန်မို့ အဲဒီလို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တာကို ခံလိုက်ရရင် သူ့ခံစားချက်တွေလည်း နည်းနည်းလောက်ဖြစ်ဖြစ် အဆင်ပြေသွားနိုင်ပါတယ်။ အဲဒီကမှတဆင့် သူကလည်း တစ်ပါးသူကို ပြန်ပြုံးပြနဲ့ အပြုံးတွေ ကူးစက်သွားနိုင်တာပေါ့။

ပြုံးခြင်းဟာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ Personality ကိုလည်း ကောင်းမွန်စေပါတယ်။ ဘယ်လောက်လှတဲ့သူ ဖြစ်ဖြစ်၊ မျက်နှာကြီး စူပုပ်နေမယ်၊ ဒေါသဖြစ်နေမယ်ဆို ကြည့်ရအဆင်မပြေ ဖြစ်သွားတာပဲမို့လား။ ကိုယ့်ကို အပြုသဘောဆောင်တဲ့သူ၊ ချဉ်းကပ်လွယ်တဲ့သူ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူ၊ ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့သူအဖြစ် မြင်လာစေမှာ အဲဒီအပြုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြုံးပါ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ပြုံးထားပါ။ ပြုံးတတ်အောင်လည်း လေ့ကျင့်ပါ။ ရင်ထဲမှာ ရှိနေတဲ့ မကျေနပ်စိတ်တွေ၊ ပူပန်သောကတွေ၊ ဒေါသစိတ်တွေကို ခဏလောက် အနားပေးပြီး အခုပဲ ပြုံးပြလိုက်ပါ။
Credit
Learn with PT Team
28 Aug 2023

"အိမ်တစ်အိမ်လိုချင်တယ်"မာနနည်းတဲ့အိမ်ဒေါသနည်းတဲ့အိမ်မေတ္တာတရားတွေနဲ့အိမ်လုံခြုံအေးချမ်းတဲ့အိမ်ရယ်သံတွေဖောဖောသီသီ ကြားရတဲ...
28/08/2023

"အိမ်တစ်အိမ်လိုချင်တယ်"

မာနနည်းတဲ့အိမ်

ဒေါသနည်းတဲ့အိမ်

မေတ္တာတရားတွေနဲ့အိမ်

လုံခြုံအေးချမ်းတဲ့အိမ်

ရယ်သံတွေဖောဖောသီသီ ကြားရတဲ့အိမ်

တစ်ဦးကိုတစ်ဦး ခွင့်လွှတ်တက်တဲ့အိမ်

အကြီးကိုအငယ်က လေးစားတဲ့အိမ်

အငယ်ကိုအကြီးက ကြင်နာတဲ့အိမ်

ငွေအတွက်ပျော်စရာမပျောက်ရှတဲ့အိမ်

မိသားစုအတွက် အချိန်သီးသီးသန့်သန့်ရှိတဲ့အိမ်

ဘယ်ကစစ ချစ်ခြင်းမေတ္တာနဲ့စပြီး

ဘယ်မှာဆုံးဆုံး ချစ်ခြင်းမေတ္တာနဲ့ဆုံးတဲ့အိမ်.........!


#မူရင်းရေးသားသူကိုလေးစားစွာcreditပေးပါတယ်
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
#လူငယ်များအတွက့်စာကြည့်တိုက့်

🌅Sunday Mood 😊😊😊လာရောက်ပြီးလေ့လာကြည့်ပေးကြတဲ့မိတ်ဆွေတွေကျေးဇူးပါ🍀​အကြီးပိုင်းတွေကိုင်တဲ့အမတွေကလာအားပေးကြလို့ အားတက်ပါတယ်...
27/08/2023

🌅Sunday Mood 😊😊😊
လာရောက်ပြီးလေ့လာကြည့်ပေးကြတဲ့မိတ်ဆွေတွေကျေးဇူးပါ
🍀​အကြီးပိုင်းတွေကိုင်တဲ့အမတွေကလာအားပေးကြလို့ အားတက်ပါတယ်
🌼😄တန်တန်လေးရတုန်းယူထားကြပါ
Dream Home လေးနဲ့ အသီးနှံလေးတွေနဲ့ နားအေးပါးအေးနေလို့ရအောင်
လမကုန်ခင်လေး
🎧 Hello လုပ်လိုက်ပါ
09950654869

မြေကွက်လေးတွေ လက်ဦးယူထားကြပါ 😘
24/08/2023

မြေကွက်လေးတွေ လက်ဦးယူထားကြပါ
😘

 #နားရက်Sundayလေးမှာဧကကျယ်အရောင်းပို့စ်လေးတင်ပေးပါ့မယ်နော်🚘ရန်ကုန် မန္တလေးအမြန်လမ်းမေးတင်💢မိုင်တိုင် ၆၁မိုင် ၄ဖာလုံ♻️အကျ...
20/08/2023

#နားရက်Sundayလေးမှာဧကကျယ်အရောင်းပို့စ်လေးတင်ပေးပါ့မယ်နော်

🚘ရန်ကုန် မန္တလေးအမြန်လမ်းမေးတင်
💢မိုင်တိုင် ၆၁မိုင် ၄ဖာလုံ
♻️အကျယ် ၁၀.၅ ဧက
စျေးနှုန်း သိန်း ၆၅၀၀ (ညှိနှိုင်းပါ)
☎️09950654869

💜မင်္ဂလာရှိသော ပျော်ရွှင်ချမ်းမြေ့သော စနေနေ့လေးဖြစ်ပါစေ 💜 updated တွေသိရဖို့ page လေးကို Liked လုပ်ခဲ့ဖို့မမေ့နဲ့နော် 🥰🥰...
19/08/2023

💜မင်္ဂလာရှိသော ပျော်ရွှင်ချမ်းမြေ့သော စနေနေ့လေးဖြစ်ပါစေ 💜 updated တွေသိရဖို့ page လေးကို Liked လုပ်ခဲ့ဖို့မမေ့နဲ့နော် 🥰🥰🥰
❓ခုချိန်မှာသင်ဘာကိုင်မလဲ
​💹အတက်အမြန်ဆုံးကဘာလဲ
🕒အချိန်နဲအမျှစျေးပြောင်းနေတဲ့ ရွှေရယ် ဒေါ်လာရယ် 👇👇👇
🍀ရန်ကုန် နဲ့ ၁နာရီစွန်းစွန်း လမ်းအရမ်းကောင်းပြီး ခုချိန်ထိစျေးတန်တန်လေးနဲ့ရောင်းပေးနေတဲ့ G မြေ နာမည်ဖောက်လို့ရတဲ့နေရာလေးမှာပေ ၄၀ x ၆၀ တစ်ကွက်လောက်မြန်မြန်ဆွဲထားဖို့တော့လိုနေပြီနော်😁😁😁
ဆသရ 09 950 654 869

🌞🌼မင်္ဂလာမနက်ခင်းလေးပါခင်ဗျာခုချိန်မှာအေးချမ်းတဲ့ပတ်၀န်းကျင်မှာမြေတစ်ကွက်ပိုင်ဆိုင်ချင်တဲ့တွေရှိကြလား👇ကွန့်မန့်မှာ "yes"...
18/08/2023

🌞🌼မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ
ခုချိန်မှာအေးချမ်းတဲ့ပတ်၀န်းကျင်မှာမြေတစ်ကွက်ပိုင်ဆိုင်ချင်တဲ့တွေရှိကြလား
👇ကွန့်မန့်မှာ "yes"လို့ရေးပြီးကိုယ့်မှာမြေတကွက်ရှိရင် ဆောက်မယ့် Dream Home လေးနဲ့တွဲပြီးတင်ပေးပါနော်
🌈နောက်တစ်ပတ်မှာ give away လေးပေးဖို့စီစဥ်ထားတယ်နော်
🍀မြေကွက်တကွက်ဆိုရင်စိတ်၀င်စားလား😎

17/08/2023

မြေစုရင် ငွေပွားမယ် 🤩
ရင်းနှီးမြှုပ်နှံပါ
📱 09 950 654 869

စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်ဖို့ အခွင့်အရေးလေးလာပါပြီနော် 🥰🥰🥰 #မြေခိုင်မာမှုရှိပြီး ရန်ကုန်နဲ့ ၁နာရီသာသာလေး မနီးမဝေးမ...
16/08/2023

စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်ဖို့ အခွင့်အရေးလေးလာပါပြီနော် 🥰🥰🥰
#မြေခိုင်မာမှုရှိပြီး ရန်ကုန်နဲ့ ၁နာရီသာသာလေး မနီးမဝေးမှာသဘာဝတွေနဲ့ ထိတွေ့နိုင်ပါပြီ

‼️သင်ဘာလုပ်မယ်စိတ်ကူးထားလဲဒီကာလကြီးမှာ ကိုယ့်အတွက်  အရှုံးမရှိဘဲ အမြတ်ချည်းဘဲကျန်ခဲ့စေမယ့်ရင်းနှီး မြှုပ်နှံမှုတစ်ခု လုပ...
15/08/2023

‼️သင်ဘာလုပ်မယ်စိတ်ကူးထားလဲ

ဒီကာလကြီးမှာ ကိုယ့်အတွက် အရှုံးမရှိဘဲ အမြတ်ချည်းဘဲကျန်ခဲ့စေမယ့်ရင်းနှီး မြှုပ်နှံမှုတစ်ခု လုပ်ဖို့ရှာနေသလား

💵ဒေါ်လာကိုင်ဖို့ရှာနေလား

🛎️ ရွှေ၀ယ်ပြီးကိုင်ထားမလား

💜💜💜ခုချိန်မှာအရေးကြီးဆုံးကကိုယ်ရောစိတ်ပါအေးချမ်းဖို့ပိုအရေးကြီးတယ်နော်💙💚💛

🌳🌳🌳🌳🌳ကျန်းမာရေးကောင်းဖို့က သန့်ရှင်းတဲ့လေကိုရှုရင်းနဲ့ အေးချမ်းတဲ့နေရာလေးမှာ ခိုနားရင်းနဲ့ဘ၀အမောတွေဖြေကြဖို့မြေကွက်လေးတွေနဲ့မိတ်ဆက်ပေးပါ့မယ်

✅✅✅အားသာချက်တွေကတော့

🚖 ကိုယ်ပိုင်ကားနဲ့ဆိုတစ်နာရီစွန်းစွန်း

🚌 လိုင်းကားနဲ့ဆို ရန်ကုန်ပြည်လမ်းတလျှောက်ကြိုက်တဲ့ကားကိုစီးပြီး မြောင်းတကာအလွန်လေးမှာဆင်းပြီး ပြည်လမ်းမကနေ လမ်းထဲကို ၁၀မိနစ်ခန့် ဆိုင်ကယ်နဲ့ ၀င်ရပြီး ခြံရှေ့ ၂လမ်းသွား ကတ္တရာလမ်းမကြီးဘေးမှာရှိပါတယ်

🏚️အနားမှာအိမ်တွေစဆောက်နေပါပြီ

🛑⭕️အရေးကြီးဆုံးက ​၀ယ်ယူမယ့်​မြေစိတ်ချရဖို့ပါဘဲ😁😁😁မြေစာရင်းမှ စစ်ပေးပြီး နာမည်ပြောင်းပေးတဲ့အထိ၀န်ဆောင်မှုပေးပါတယ် G ဥယျာဥ်ခြံ​မြေအမျိုးစားပါ

40 x 60 တကွက် ကို သိန်း ၁၂၀ မှ ၅၀၀ အထိ စိတ်တိုင်းကျလာရောက်ပြီး၀ယ်ယူနိုင်ပါတယ် (စျေးနှုန်းအပြောင်းလဲရှိပါသည်)

📞 ဆသရ 09 950 654 869, 09 980 240 131, 09 450 147 334

14/08/2023

🚖ရန်ကုန်နဲ့တစ်နာရီစွန်းစွန်းလေး

🌳🌳စိမ်းစိမ်းစိုစိုကိုယ်ပိုင်ခြံ၀န်းလေး နေဖို့စိတ်ကူးတဲ့သူတွေရှိကြလား

🍋🍊🥬🥦🥒ကိုယ့်ခြံထွက်သီးနှံလေးတွေစိုက်ပျိုးပြီး နေချင်ကြလား

🍀🍀ခြံမျက်နှာအထိ လမ်းအလွန်ကောင်းတဲ့ ၂လမ်းသွားနဲ့

#မြေခိုင်မာမှုရှိပြီး ၀ယ်ပြီးတာနဲ့နာမည်ပေါက်ပြောင်းဖို့လွယ်ကူတဲ့စျေးတန်
တန်မြေကွက်လေးတွေကိုရောင်းပေးချင်ပါတယ်

Address

Yangon

Telephone

+959950654869

Website

Alerts

Be the first to know and let us send you an email when Aye Chan Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share