MT-Book Publishing

MT-Book Publishing Read to Evolve

ကမ္ဘာကျော် Usborne ရဲ့ Quality အလန်းစား ကလေးစာအုပ်တွေကို အိမ်မှာ အလွယ်တကူ စုဆောင်းပေးနိုင်မယ့် အခွင့်အရေး ရောက်လာပါပြီ။ ...
22/05/2026

ကမ္ဘာကျော် Usborne ရဲ့ Quality အလန်းစား ကလေးစာအုပ်တွေကို အိမ်မှာ အလွယ်တကူ စုဆောင်းပေးနိုင်မယ့် အခွင့်အရေး ရောက်လာပါပြီ။

လကုန်ရင် မျက်စိပွင့်နားပွင့်ဖြစ်စေမယ့် စာအုပ်အသစ်တွေ ထပ်ဝင်ဖို့ ရှိတာကြောင့်... အခုလက်ရှိ လက်ကျန် Stock အဟောင်းလေးတွေကို "အထူးစျေး" နဲ့ တစ်နေရာတည်းမှာ စုပေးထားပါတယ်။

​✨ ဘာလို့ Usborne စာအုပ်တွေကို ရွေးချယ်သင့်တာလဲ?

​Interactive ဖြစ်ခြင်း: Flap လေးတွေ ဖွင့်ကြည့်ရတာ၊ ထိတွေ့ကိုင်တွယ်ရတာတွေကြောင့် ဖုန်း/iPad တွေထက် ကလေးတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။

​ဗဟုသုတစုံလင်ခြင်း: ကလေးတို့ရဲ့ တွေးခေါ်ဉာဏ်နဲ့ အင်္ဂလိပ်စာ အရည်အချင်းကို ကစားရင်းနဲ့ တိုးတက်စေပါတယ်။
​ကြာရှည်ခံခြင်း: ကလေးတွေ ဘယ်လောက်ဆော့ဆော့ မပျက်စီးလွယ်တဲ့ Board Book အရည်အသွေးမျိုးတွေမို့ ရေရှည်အတွက် အရမ်းတန်ပါတယ်။

​👇 အခုပဲ အမြန်ဦးအောင် ယူထားလိုက်တော့နော် မေမေတို့ရေ...





"မေမေတို့ ဖေဖေတို့ရေ... ကလေးတွေကို စာအုပ်ဖတ်ပြတဲ့အခါ၊ ဒါမှမဟုတ် စကားသင်ပေးတဲ့အခါ ဘယ်အရာက အခက်ခဲဆုံးဖြစ်မလဲ? 🤔"It is incr...
16/05/2026

"မေမေတို့ ဖေဖေတို့ရေ... ကလေးတွေကို စာအုပ်ဖတ်ပြတဲ့အခါ၊ ဒါမှမဟုတ် စကားသင်ပေးတဲ့အခါ ဘယ်အရာက အခက်ခဲဆုံးဖြစ်မလဲ? 🤔"

It is incredibly bittersweet to watch children grow into better people so quickly, and the feeling that time is limited is very real.

အချိန် တစ်ခုအရွယ်ရောက်လာရင် ကလေးတွေ သူတို့ ကိုယ်ပိုင် ရင့် ကျက် မှု သင်ယူဖို့ မိဘ တွေ အကောင်းဆုံး ရင်သွေးငယ်လေးတွေကို စာအုပ်လေးတွေနဲ့ ရင်းနှီးစေချင်သလို

အင်္ဂလိပ်/မြန်မာ ဝေါဟာရ လွယ်လွယ်ကူ ကလေးတွေ အသက်ရွယ် ပေါ် မူတည်ပြီး ကလေးတွေ ပျော်ပျော် ရွှင် လေ့လာလွယ်ကူနိုင်သလို

ပတ်ဝန်းကျင်အပေါ် မိမိ အပေါ် မိသားစု အပေါ် ငယ်ရွယ် စဉ် ထဲက စိတ်ထားလေး ထားတက်ပြီးတိုးတက်စေချင်လို့ မိဘတိုင်း ကိုယ်သာလျော့သုံးတယ်..အသိပေး စာအုပ် အသိဉာဏ် တိုးတက်ဖို့ ရင်းနှီးကြရပါတယ်.

ဒါပေမဲ့ တကယ့်တကယ်တမ်း အိမ်မှာ ကလေးကို စာအုပ်ဖတ်ပြရပြီဆိုရင်...

​"စာအုပ်ကို ၁ မိနစ်ထက်ပိုပြီး ငြိမ်ငြိမ်မကြည့်ဘူး၊ အာရုံမစိုက်ဘဲ ပြေးပြေးဆော့နေတယ်" 🏃‍♂️

"စာအုပ်ဖတ်ပြရင် အဖတ်မခံဘူး၊ စာမျက်နှာတွေကို ဆွဲဖြဲဖို့ပဲ ချောင်းနေတယ်" 💔

"စကားလုံးတွေ သင်ပေးပေမဲ့ လိုက်မပြောဘူး၊ ကိုယ်ပဲ တစ်ယောက်တည်း စကားပြောနေရသလိုပဲ" 🗣️

​ဒီလိုမျိုး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို မိဘတိုင်း အနည်းနဲ့အများ ကြုံဖူးကြမှာပါ။ ကလေးတစ်ယောက်ချင်းစီရဲ့ စရိုက်မတူသလို၊ စိတ်ဝင်စားတဲ့ ပုံစံချင်းလည်း ကွဲပြားတတ်ကြပါတယ်။

​MT-Sarpay အနေနဲ့ မကြာခင်မှာ မေမေတို့ ဖေဖေတို့ရဲ့ ဒီလိုအခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့်၊ ကလေးတွေ စာဖတ်ခြင်းကို ပျော်မွေ့လာစေမယ့် "အရည်အသွေးမြင့် အပြန်အလှန်ဆော့ကစားနိုင်တဲ့ ကလေးစာအုပ်တွေ (Interactive Books)" ကို ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ ရွေးချယ်တင်သွင်းပေးဖို့ ပြင်ဆင်နေပါတယ်ခင်ဗျာ။ ✨

ဒါကြောင့် လက်ရှိမှာ မေမေတို့ ဖေဖေတို့ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံးအရာက ဘာဖြစ်မလဲဆိုတာ (Comment) မှာ မျှဝေခဲ့ပေးပါဦးနော်။

ဥပမာ - ကလေးက စာအုပ်ဆွဲဖြဲတာလား?

အာရုံမစိုက်နိုင်တာလား?

တုန့်ပြန်မှု နှေးကွေးတာလား?

တုန့်ပြန်မှု မြန်ဆန်ပြီး ဉာဏ်ရည် မြင့်မားတဲ့ ကလေး လား!?

​မိဘတို့ရဲ့ အခက်အခဲတွေအပေါ် မူတည်ပြီး ဘယ်လိုစာအုပ်မျိုးတွေက အထိရောက်ဆုံး မိဘ နဲ့ ကလေး ကြား ယုံကြည်မှု ဆက်ဆံရေး ရပြီး ကလေးတွေ တိုးတက်မှု တဖက်ကူညီ ပါရစေ.

Page ကနေ (လက်တွေ့ကျဖြေရှင်းနည်း) လေးတွေ ဆက်လက် မျှဝေပေးသွားပါ့မယ်ခင်ဗျာ။ 👇




ဒါလေးတွေ ရပါဦးမယ်နော် ....
16/05/2026

ဒါလေးတွေ ရပါဦးမယ်နော် ....

Usborne ရဲ့ About Me စာအုပ်လေး
In stock ( NEW)ရောက်ထားပါတယ်
Board Book အမျိုးစားထဲပါတဲ့အတွက်
၉ လအရွယ်ကနေ ၃နှစ်အရွယ်
ကလေးတွေကို ပေးဖတ်လို့ရသလို
မိဘတွေကလည်း ဖတ်ပြလို့ရပါတယ်

​ဒီစာအုပ်ရဲ့ ခေါင်းစဉ်က "About Me" ဖြစ်တဲ့အတွက်
ကလေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ ပတ်သက်တဲ့ အခြေခံအရာတွေကို ရုပ်ပုံလေးတွေနဲ့ ပြထားပါတယ်။

​ခန္ဓာကိုယ်အစိတ်အပိုင်းများ: မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် (ဥပမာ - ear, mouth)။

​လှုပ်ရှားမှုများ (Actions): ကလေးတွေ နေ့တိုင်းလုပ်လေ့ရှိတဲ့ ခုန်တာ၊ ကတာ၊ ပြေးတာ၊ စားတာ (ဥပမာ - jump, dance, run, eat)။

​အဝတ်အစားများ: အင်္ကျီ၊ ဘောင်းဘီ၊ ဆွယ်တာ (ဥပမာ - dress, jeans, sweater)။

​ခံစားချက်များ: ပျော်တာ၊ သမ်းတာ (ဥပမာ - happy, yawn)။

ကလေးတွေအတွက် စကားပြော သင်ပေးရာမှာ အထောက်အကူပြုတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်

ရန်ကုန်နှင့် Delivery ရောက်တဲ့ မြို့တိုင်းကို
ပို့ဆောင်ပေးပါတယ်

လိုအပ်တယ်ဆိုရင် ဆက်သွယ်လိုက်ပါဗျ


#ကလေးစာအုပ်


ပြီးခဲ့တဲ့နေ့က Flashcards တွေအကြောင်းပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Flashcards ကို ကတ်ပြားထုတ်ပြရုံတင် မဟုတ်ဘဲ နည်...
13/05/2026

ပြီးခဲ့တဲ့နေ့က Flashcards တွေအကြောင်းပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Flashcards ကို ကတ်ပြားထုတ်ပြရုံတင် မဟုတ်ဘဲ နည်းစနစ်တကျ သင်ပေးဖို့ လိုတဲ့အကြောင်းပြောပြပါမယ်နော်

​The Flash Method (အမြန်ပြနည်း): ကတ်ပြားကို ကလေးမျက်စိရှေ့မှာ ၁ စက္ကန့်၊ ၂ စက္ကန့်လောက်ပဲ ပြပြီး စကားလုံးကို ကျယ်ကျယ်နဲ့ ရှင်းရှင်း ဖတ်ပြ‌ေပးရပါမယ် ပြီးရင် နောက်တစ်ကတ်ကို ချက်ချင်းလဲပါ။ (ကလေးကို မပျင်းသွားစေဖို့ပါ)

​Shuffling (ရောနှောခြင်း): ကတ်ပြား အစဉ်လိုက်ကို အမြဲပြောင်းလဲပေးပါ။ ဒါမှ ကလေးက အစဉ်လိုက် အလွတ်မှတ်တာမျိုး မဖြစ်မှာပါ။

​Interactive Play (အပြန်အလှန် ဆော့ကစားခြင်း):
"ခြင်္သေ့ပုံလေးက ဘယ်မှာလဲ?" လို့ မေးပြီး ကလေးကို ရွေးခိုင်းတာမျိုး၊ ပုံထဲကအတိုင်း အသံလိုက်တုခိုင်းတာမျိုး လုပ်ပေးပါ။

​Short Sessions (အချိန်တိုတို): တစ်ခါသင်ရင် ၅ မိနစ်ထက် ပိုမကြာပါစေနဲ့။ ကလေး စိတ်မပါတော့ရင် ချက်ချင်းရပ်လိုက်ပါ။ ပျော်စရာကစားနည်းတစ်ခုလိုပဲ ဖြစ်နေရပါမယ်။

​ Flashcards ရဲ့ ကောင်းကျိုးများ

​Right Brain Development: ဦးနှောက်ညာဘက်ခြမ်းရဲ့ ရုပ်ပုံမှတ်သားနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

​Vocabulary Expansion: စကားလုံးအသစ်တွေကို ပုံနဲ့တွဲပြီး အမြန်မှတ်မိစေပါတယ်။

​Focus & Concentration: အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

​Parent-Child Bonding: မိဘနဲ့ကလေး အတူတူ ဆော့ကစားရင်း သံယောဇဉ် တိုးစေပါတယ်။

ကလေးမိဘတွေအတွက် ဒီပို့စ်လေးက
အများကြီးအသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်ဗျ

နောက်ရက်တွေလည်း သင်ထောက်ကူပစ္စည်းတွေအကြောင်း
ပြောပြပေးသွားပါဦးမယ်နော်




စာအုပ်တွေအပြင် ကလေးတွေကို စကားလုံးတွေရုပ်ပုံတွေနဲ့ ရင်းနှီးအောင်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုထပ်ရှိပါသေးတယ်ဒါက Flashcardsတွေ...
09/05/2026

စာအုပ်တွေအပြင် ကလေးတွေကို စကားလုံးတွေ
ရုပ်ပုံတွေနဲ့ ရင်းနှီးအောင်လုပ်လို့ရတဲ့
နည်းလမ်းတစ်ခုထပ်ရှိပါသေးတယ်
ဒါက Flashcardsတွေနဲ့သင်ကြားပေးတာပါ
သင်ကြားပေးတယ်ဆိုတာထက်
ကလေးက ပျော်စရာ ကစားနည်းတစ်ခုလို့ပဲ
မြင်ရင်တော့ အကောင်းဆုံးပါ

အသက် ၆လကနေ စပြီး သင်ပေးလို့ရပါတယ်
အသက် ၁နှစ်ကနေ ၃ နှစ်ကတော့
Golden age လို့ခေါ်ပါတယ်
အဲ့အရွယ်ဦးနှောက်က စက်ရုပ်လိုပဲ
မှတ်နိုင်စွမ်းအား အရမ်းကောင်းပါတယ်

Flashcards တွေအကြောင်းကို အနည်းငယ်ရှင်းပြပါမယ်
တချို့မိဘတွေလည်း ရင်းနှီးပြီးသားပါ
Flashcards ဆိုတာ တစ်ဖက်မှာ ရုပ်ပုံ (သို့မဟုတ်) စကားလုံး ပါပြီး နောက်တစ်ဖက်မှာ အဓိပ္ပာယ် (သို့မဟုတ်) အဖြေ ပါတဲ့ ကတ်ပြားလေးတွေကို ဆိုလိုတာပါ။ အဲ့Cardsတွေက ကလေးတွေရဲ့ Visual Memory (မြင်လွှာမှတ်ဉာဏ်) ကို အသုံးချပြီး အချက်အလက်တွေကို မြန်မြန်နဲ့ မှန်မှန် မှတ်မိစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ သင်ကြားရေးကိရိယာတစ်ခု လို့ပြောနိုင်ပါတယ်

အမျိုးအစား နဲ့ အသေးစိတ်လေးကို ထပ်ရှင်းပြပါမယ်

Black & White Cards မွေးကင်းစမှ ၆ လအထိ ကလေးများအတွက် (အဖြူအမည်း Contrast က ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးတယ်)။

Picture Cards တိရစ္ဆာန်၊ သစ်သီး၊ ယာဉ်ယန္တရား စတဲ့ ရုပ်ပုံအစစ်တွေ ပါဝင်တာ (အသုံးအများဆုံး)။
Alphabet & Number Cards အက္ခရာနဲ့ ကိန်းဂဏန်းတွေ သင်ပေးဖို့။

Interactive/Tactile Cards အမွှေးလေးတွေ၊ အဖုအထစ်လေးတွေ ပါတဲ့ ကတ်ပြား (Touch & Feel)။

AR Flashcards ဖုန်းနဲ့ကြည့်ရင် 3D ပုံရိပ် ထွက်လာတဲ့ ခေတ်သစ် နည်းပညာသုံး ကတ်ပြား။

နောက်ရက်တွေမှာ Flashcards တွေနဲ့ ကလေးတွေကို
ဘယ်လိုသင်ပေးလို့ရလဲဆိုတာ ထပ်ဝေမျှပေးသွားပါမယ်





The Big 6 Family Rulesဒီနေ့ပြောပြချင်တဲ့ နောက်ထပ်အကြောင်းအရာလေးကကလေးတွေနဲ့မိဘတွေကြားမှာ သိကိုသိထားရမယ့်"The Big 6 family...
08/05/2026

The Big 6 Family Rules

ဒီနေ့ပြောပြချင်တဲ့ နောက်ထပ်အကြောင်းအရာလေးက
ကလေးတွေနဲ့မိဘတွေကြားမှာ သိကိုသိထားရမယ့်
"The Big 6 family rules " အကြောင်းပါ
မိသားစုတိုင်းမှာတော့ သူ့ဟာသူ
သတ်မှတ်ထားတဲ့ စည်းကမ်းလေးတွေရှိကြတယ်
အခုပြောမယ့် ၆ချက်ကတော့
အသုံးများဆုံးနဲ့အထိရောက်ဆုံးနဲ့ စည်းကမ်းလေးတွေပါ

1.အချင်းချင်းလေးစားမှုရှိစေရန်

ဒါက Role modeling နဲ့လည်းဆက်နွှယ်တယ်
မိဘတွေကိုယ်တိုင်က ‌တယောက်နဲ့တယောက်
အော်ဟစ်ဆဲဆို စောင်းမြောင်းနေတယ်ဆိုရင်
ကလေးတွေကို အချင်းချင်းလေးစားဖို့
စည်းကမ်းထုတ်ဖို့မလွယ်ဘူး
မိဘတွေကိုယ်တိုင်ကလည်း အရင်လိုက်နာပြဖို့လိုလိမ့်မယ်
လူကြီးကိုပဲ ကလေးက ရိုသေနေရတာမျိုးမဟုတ်ပဲ
လူကြီးကလည်း ကလေးတွေရဲ့
ဆန္ဒကို အလေးထားဖို့ သိရပါမယ်

2.ရိုးသားမှုကို တန်ဖိုးထားရန်

အမှားလုပ်မိရင်တောင် အမှန်အတိုင်းပြောဖို့ အားပေးတဲ့ စည်းကမ်းမျိုးပါ မှားလို့ အဆဲခံရဖူး အပြစ်ပြောခံရဖူးတဲ့ကလေးဆီက အမှန်ရဖို့မလွယ်တော့ပါဘူး
ဒါကြောင့် ကလေးတွေရဲ့အမှားကိုကနဦး
အပြစ်တင်တာမျိုထက် ကောင်းပြစ်ဆိုးပြစ်ကို
ကလေးနားလည်အောင်ပြောပြပေးဖို့လိုပါတယ်
လိမ်ညာခြင်းထက် အမှန်အတိုင်းပြောခြင်းက ပြဿနာကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်တယ်ဆိုတာကို ကလေးတွေ သိအောင် သင်ပေးရပါမယ်

3.ဘေးကင်းလုံခြုံမှုကို ဦးစားပေးရန်

ဒါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော
အကျုံးဝင်ပါတယ် တစ်ယောက်ယောက်ရဲ့
စိတ်ကိုရော ခန္ဓာကိုယ် ထိခိုက်မိအောင်
မလုပ်တာမျိုးပါ လုပ်မိခဲ့‌ရင်လည်း
ဒါကို တာဝန်ယူတတ်ဖို့ ဝန်ခံတတ်ဖို့
တောင်းပန်တတ်ဖို့ သင်ပေးထားရပါမယ်

4.ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်

Communication ဆိုတာက အပြင်မှာပဲ
ကောင်းနေလို့မရပါဘူး မိသားစုအချင်းချင်းကြားမှာလည်း
Communication ကောင်းဖို့လိုပါတယ်
‌"ကျေးဇူးတင်ပါတယ်" "ချစ်တယ်"
‌"တောင်းပန်ပါတယ်" "ဂရုစိုက်ပါ"
ဒါတွေ အချင်းချင်းပြောတတ်ဖို့
ဖော်ပြတတ်ဖို့လိုပါတယ်
မိမိခံစားချက်ကို သဘောထားကို
စကားလုံး နဲ့ ဖော်ပြတတ်အောင် လုပ်ဆောင်ပေးတဲ့စည်းကမ်းမျိုးပါ

5.မိမိတာဝန် မိမိကျေပွန်ရန်

ဒီစည်းကမ်း လူကြီးဘဝထိ အသုံးဝင်ပါတယ်
စည်းကမ်းလိုက်နာတယ်ဆိုတာကလည်း
တရက်တမနက်နဲ့အသုံးမဝင်ပါဘူး
Consistency ရှိဖို့လည်းလိုပါတယ်
ကလေးအရွယ်နဲ့လိုက်တဲ့ က်ုယ်ဆော့ထားတဲ့
ကစားစရာတွေ သိမ်းခိုင်းထား
စားကြည့်စားပွဲရှင်းခိုင်းတာ
ကိုယ်စားတဲ့ပန်းကန်ကို ကိုယ်ဆေးခိုင်းတာ
ဒါတွေက ကလေးဘဝကနေ လူကြီးဘဝရောက်တဲ့အခါ
ကိုယ့်တာဝန် ကိုယ် ယူတတ်တဲ့ လူဖြစ်လာအောင်ပါ

6.ကြင်နာမှုရှိစေရန်

မိသားစုဝင်အချင်းချင်းဖြစ်စေ၊ အပြင်လူကိုဖြစ်စေ ကူညီရိုင်းပင်းဖို့နဲ့ ကိုယ်ချင်းစာတရားထားဖို့ ဖြစ်ပါတယ်
ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်ဖို့လည်း
သင်ပေးရပါမယ်
မကြင်နာတတ်တဲ့လူဟာ
ဆက်ဆံရေးတွေမှာ အခက်တွေ့နိုင်ကြောင်းကို
ကလေးနားလည်အောင်ရှင်းပြရပါမယ်

ဒီ အချက် ၆ချက်က ကလေးတွေတင်မကပဲ
မိဘတွေအနေနဲ့လည်း သိထား လိုက်နာဖို့လိုပါလိမ့်မယ်
စည်းကမ်းဆိုတာ ဖောက်ဖျက်ခဲ့ရင်တောင်
Positive reinforcement ပုံစံမျိုးနဲ့
ပြန်ပြုပေးရမယ်ဆိုတာကို သိထားရပါမယ်
စည်းကမ်းလိုက်နာတဲ့အခါ ချီးမွမ်းပေးတာမျိုးပေါ့

ဒါမျိုးအသုံးဝင်မယ့် Parenting နဲ့သက်ဆိုင်တဲ့
Tips&Tricks တွေကိုလည်း ထပ်ပြီးဝေမျှပေးသွားပါဦးမယ်နော်


#ကလေးစာအုပ်


အသက် ၁၂နှစ်ကျော်လာတဲ့အခါမှာYoung adult ဆိုတဲ့အရွယ်ရောက်လာပါပြီဝတ္ထုဖတ်ချင်ရင် ပေးဖတ်ရမယ့်အရွယ်မျိုးပါဝတ္ထု ဖတ်လို့ ဘာဖြစ...
07/05/2026

အသက် ၁၂နှစ်ကျော်လာတဲ့အခါမှာ
Young adult ဆိုတဲ့အရွယ်ရောက်လာပါပြီ
ဝတ္ထုဖတ်ချင်ရင် ပေးဖတ်ရမယ့်အရွယ်မျိုးပါ
ဝတ္ထု ဖတ်လို့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး
ဘူလို့ မရပါဘူး အဲ့အရွယ်မှာ သူနဲ့လိုက်ဖက်မယ့်
ဝတ္ထုမျိုးကို ပေးဖတ်ပါ ဥပမာ The Hunger Gameလို
ဝတ္ထုမျိုးတွေပါ စာလုံးရေ ၅သောင်းကနေ ၈သောင်းထိပါလာပြီ အကြောင်းအရာက အချစ်အလွမ်းအဆွေး
အရမ်းမဆိုးတဲ့ အကြမ်းဖက်တာဘာညာစပါလာပြီ
လူဆိုးဆိုတာ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ပုံပြင်တွေထဲကလို
မဟုတ်ပဲ ဝတ္ထုထဲမှာ သူတို့ကိုယ်တိုင် ဖတ်ရင်းသိလာပါပြီ

Sub plot အနည်းဆုံး ၂ခုလောက်ပါရမယ်
ဇာတ်ကောင် ပြောင်းလဲမှု Arc တွေလည်း ပါရပါမယ်
စကားလုံး အသုံးအနှုန်းကတော့
အဲ့ဒီအရွယ်မှာ ကန့်သတ်ထားဖို့ သိပ်မလိုတော့ပါဘူး
ဒါပေမယ့်လည်း တွေ့ရာတော့ ဖတ်ပလေ့စေဆိုပြီး
လွှတ်ထားလို့မရပြန်ပါဘူး
တချို့စာအုပ်တွေက အဲ့အရွယ်
Youth တွေ ဖတ်လို့မရအောင်
တော်တော်ဆိုးဆိုးတွေ ရှိတတ်ပါတယ်

ရှေ့တွေမှာ ပြောခဲ့တဲ့ age range တွေမှာ
စာဖတ်ကျင့်ကို သေချာပျိုးထောင်ခဲ့ရင်
Youth အရွယ်မှာ ထွေထူးကြီးတော့
လိုက်ကန့်သတ်စရာ မလိုတော့ပါဘူး
သူ့ flow လေးနဲ့ သူရှိနေပါလိမ့်မယ်

အဓိကက စာဖတ်ကျင့် ရနေပြီဖြစ်တဲ့အတွက်
သူ့ဟာသူလည်း ရွေးချယ် ဖတ်တတ်နေပါပြီ
စာအုပ်ဆိုင် လိုက်ပို့တာတွေ သူနဲ့အတူ
စာအုပ်ရွေးဝယ်တာတွေ စာအုပ်အကြောင်း
ဆွေးနွေးတာတွေပါ လုပ်လို့ရနေပါပြီ

မြန်မာစာအုပ်တွေထဲကလည်း ညွှန်းပေးပါဦးမယ်
ကလေးတွေ စာအုပ်ဖတ်တတ်လာလေလေ
မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ချရလေလေပါပဲ
အပြင်မှာသင်ယူလို့မရတာတွေကို စာအုပ်ထဲက
သင်ယူတတ်ဖို့ပါ

နောက်ရက်တွေမှာ ပြန်ဆုံပါဦးမယ်


#ကလေးစာအုပ်


စပ်ကူးမတ်ကူးအရွယ်ကနေChapter book တွေကို စဖတ်ခိုင်းလို့ရတဲ့၆ နှစ်ကနေ ၁၀နှစ်အရွယ်ကိုရောက်လာပါပြီစာစဖတ်တဲ့အဆင့်ကနေ ဝတ္ထုရှည...
06/05/2026

စပ်ကူးမတ်ကူးအရွယ်ကနေ
Chapter book တွေကို စဖတ်ခိုင်းလို့ရတဲ့
၆ နှစ်ကနေ ၁၀နှစ်အရွယ်ကိုရောက်လာပါပြီ
စာစဖတ်တဲ့အဆင့်ကနေ ဝတ္ထုရှည်တွေကို
စဖတ်ခိုင်းလို့ရတဲ့အရွယ်မျိုးပါ
များသောအားဖြင့် အဲ့အရွယ်ကလေးအတွက်က
သူတို့ဖတ်နိုင်စွမ်းနဲ့အတိအကျဖြစ်တဲ့
စာအုပ်တွေကို ပေးဖတ်ရတာဖြစ်တဲ့အတွက်
ရောင်းတဲ့သူတွေအနေနဲ့ရော ရေးတဲ့
စာရေးဆရာတွေအတွက်လည်း
Detail ကျလှပါတယ်

စာလုံးရေ ၅၀၀၀ ကနေ ၁၅၀၀၀လောက်ထိ ပါတဲ့
စာအုပ်မျိုးတွေ ဖြစ်လာပါပြီ
ဇာတ်လမ်းအရှိန်က လေးပြီးပျင်းဖို့ကောင်းနေလို့မရဘူး
ဇာတ်ရှိန်မြန်ရမယ် Subplot တစ်ခု နှစ်ခုလောက်ပါရမယ်
ဇာတ်ကောင်ရဲ့ ပြောင်းလဲမှု Arc ကလည်း
ပါဖို့အရေးကြီးပါတယ်

အကြောင်းအရာက သူတို့ real lifeမှာကြုံနေရတဲ့
ကျောင်းကိစ္စတွေ သူငယ်ချင်းအပေါင်းအသင်း
ကဏ္ဍတွေ တခြားပြဿနာပိစိပေါက်စလေးတွေကို
ရည်ရွယ် ရေးသားကြတာများပါတယ်
စကားပြောတွေ စကားလုံးတွေကတော့
စစချင်းအရွယ်တွေထက် ပိုရှုပ်ထွေးလာပါပြီ
ဒါပေမယ့် အဲ့ဒီအရွယ်နဲ့တော့ ကိုက်ညီမှုရှိရပါမယ်
အခန်းတိုလေးတွေလည်း ခွဲပေးထားရပါမယ်

ရုပ်ပုံတွေကတော့ ပါတာတော်တော်နည်းသွားပြီး
ကလေးရဲ့ အာရုံစိုက်မှုကို မကျသွားအောင်သာ
ထည့်ထားတာမျိုးလောက်ပဲ ပါပါတော့မယ်

ဥပမာ Magic Tree House လို စာအုပ် series မျိုးတွေပါ


#ကလေးစာအုပ်


Guess How Much I Love You  ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကို နာမည်ကြီးပြီး ဂန္ထဝင်ဖြစ်တဲ့ ကလေးပုံပြင်စာအုပ်လေး in stock ရောက်ထား...
05/05/2026

Guess How Much I Love You
ကမ္ဘာတစ်ဝှမ်းမှာ အရမ်းကို နာမည်ကြီးပြီး ဂန္ထဝင်ဖြစ်တဲ့ ကလေးပုံပြင်စာအုပ်လေး in stock ရောက်ထားပါတယ်နော်

၁။ ဘယ် Category ထဲမှာ ပါဝင်လဲ?

​Picture Book / Bedtime Story: ဒါက အသိပညာပေးစာအုပ်မျိုး မဟုတ်ဘဲ ကလေးကို အိပ်ရာဝင်ပုံပြင် ပြောပြပေးတဲ့ ပုံပြစာအုပ် အမျိုးအစားဖြစ်ပါတယ်။

​Board Book: စာအုပ်က အသားထူတဲ့ Board Book အမျိုးအစား ဖြစ်တာကြောင့် ကလေးငယ်တွေ ကိုင်တွယ်ဖို့ အကြမ်းခံပါတယ်။

​၂။ ဘယ်အရွယ်တွေကို ပေးဖတ်သင့်လဲ?

​မွေးကင်းစမှ ၅ နှစ်အထိ: ဒီစာအုပ်က အသက်အရွယ်မရွေး ဖတ်ပြလို့ ကောင်းပါတယ်။

​အထူးသဖြင့် မိဘနဲ့ ကလေးကြား သံယောဇဉ်ကို ဖော်ပြတဲ့ စာအုပ်ဖြစ်လို့ ကလေးငယ်ငယ်လေးတွေကို ချော့သိပ်တဲ့အခါ ဒါမှမဟုတ် နွေးနွေးထွေးထွေးနဲ့ အတူတူ အချိန်ဖြုန်းချင်တဲ့အခါ ဖတ်ပြဖို့ အကောင်းဆုံးပါပဲ။

​၃။ စာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါမလဲ?

​ဒီဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကို စိတ်ထိခိုက်ဖို့ကောင်းပါတယ်။

​ဇာတ်လမ်းအကျဉ်း: ယုန်ကလေး (Little Nutbrown Hare) နဲ့ ယုန်ဖေဖေ (Big Nutbrown Hare) တို့က တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တောင် ချစ်ကြသလဲဆိုတာကို အပြိုင်အဆိုင် ပြောကြတဲ့ အကြောင်းပါ။

​အဓိပ္ပာယ်: "ငါက လက်လေးတွေကို ဆန့်နိုင်သလောက် ချစ်တာ" "ငါကတော့ လကမ္ဘာအထိ ရောက်အောင် ချစ်တာ" စသဖြင့် ချစ်ခြင်းမေတ္တာကို တိုင်းတာလို့မရတဲ့အကြောင်းကို လှပတဲ့ ပန်းချီကားချပ်လေးတွေနဲ့ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့နှင့်Delivery ရောက်တဲ့ မြို့တိုင်းကို အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ

လိုအပ်တယ်ဆိုရင် ဆက်သွယ်လိုက်ပါဗျ


#ကလေးစာအုပ်

Usborne ရဲ့ နာမည်ကြီး "Lift-the-flap" (လှန်ကြည့်လို့ရတဲ့ စာမျက်နှာလေးတွေပါတဲ့) အမျိုးအစားတွေ ဖြစ်ပါတယ်ဗျ​သူတို့ကို အုပ်စ...
05/05/2026

Usborne ရဲ့ နာမည်ကြီး "Lift-the-flap"
(လှန်ကြည့်လို့ရတဲ့ စာမျက်နှာလေးတွေပါတဲ့) အမျိုးအစားတွေ ဖြစ်ပါတယ်ဗျ

​သူတို့ကို အုပ်စု (Series) ခွဲပြီး ပြောပြပေးပါမယ်

​၁။ Very First Questions and Answers Series
​ဒီထဲမှာ ၃ အုပ် ပါဝင်ပါတယ်

​Why do I have to go to bed? (ငါ ဘာလို့ အိပ်ရာဝင်ရမှာလဲ?)
​What's inside me? (ငါ့ဗိုက်ထဲမှာ ဘာတွေရှိလဲ?)
​Why should I brush my teeth? (ငါ ဘာလို့ သွားတိုက်ရမှာလဲ?)

​ဒီ Series ရဲ့ ထူးခြားချက်:

​ဘယ်အရွယ်လဲ: အသက် ၂ နှစ်ခွဲ ကနေ ၄ နှစ် ဝန်းကျင်၊ "ဘာဖြစ်လို့လဲ" "ဒါက ဘာလဲ" ဆိုပြီး မေးခွန်းတွေ စမေးတတ်တဲ့အရွယ်တွေအတွက်ပါ။

​အကြောင်းအရာ: ကလေးတွေ သိချင်တတ်တဲ့ အခြေခံ သိပ္ပံနဲ့ ကျန်းမာရေး ဗဟုသုတတွေကို ကလေးနားလည်တဲ့ ပုံစံလေးတွေနဲ့ ရှင်းပြထားတာပါ။

​ဝယ်ယူရန် အကြံပြုချက်: ဒီ ၃ အုပ်က ကလေးရဲ့ နေ့စဉ် အလေ့အကျင့်ကောင်းတွေ (သွားတိုက်တာ၊ အိပ်တာ) ကို ပျော်ပျော်ရွှင်ရွှင်နဲ့ နားလည်စေချင်ရင် အတွဲလိုက် (Set) ဝယ်ပေးတာ ပိုထိရောက်ပါတယ်။

​၂။ Look Inside Series
​ဒီထဲမှာ ၁ အုပ် ပါဝင်ပါတယ် -
​Look Inside Space (အာကာသထဲကို ကြည့်လိုက်ကြစို့)

​ဒီစာအုပ်ရဲ့ ထူးခြားချက်:
​ဘယ်အရွယ်လဲ: အသက် ၅ နှစ် နဲ့ အထက် အတွက် ပိုသင့်တော်ပါတယ်။ အပေါ်က Series ထက်စာရင် စာသားပိုပါပြီး အချက်အလက် (Facts) တွေ ပိုစုံပါတယ်။
​အကြောင်းအရာ: ဂြိုဟ်တွေ၊ ကြယ်တွေ၊ အာကာသယာဉ်မှူးတွေအကြောင်းကို အသေးစိတ် ပုံလေးတွေနဲ့ လှန်ကြည့်ပြီး လေ့လာရမှာပါ။

​ဝယ်ယူရန် အကြံပြုချက်: ကလေးက အာကာသ ဒါမှမဟုတ် ပတ်ဝန်းကျင်က ထူးဆန်းတာတွေကို စိတ်ဝင်စားတတ်တယ်ဆိုရင် ဒါကို တစ်အုပ်တည်း သီးသန့် ဝယ်ပေးနိုင်ပါတယ်။

ရန်ကုန်မြို့နှင့် Delivery ရောက်တဲ့ မြို့တိုင်းကို ပို့ဆောင်ပေးနေပါပြီ

လိုအပ်တယ်ဆိုရင် ဆယ်သွယ်လိုက်ပါဗျ


#ကလေးစာအုပ်


Address

Yangon

Opening Hours

09:00 - 17:00

Telephone

+959756100371

Alerts

Be the first to know and let us send you an email when MT-Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MT-Book Publishing:

Share

Category