Shouk Pyaw

Shouk Pyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shouk Pyaw, Digital creator, Sanchaung, Yangon.

29/07/2022

ဗညာနွဲ့သာ စီးချင်းတိုက်ဖို့လက်မခံခဲ့ ရင် ကျနော်တို့ဗျည်နွဲ့ဆိုတာဘယ်သူလဲသိကြရပါ့မလား??

23/07/2022

အခုလိုအချိန်မှာကျနော်တို့ရောတကယ်ပဲ ဟင်္သာကိုးသောင်းလိုဖြစ်နေပြီလား ?

22/07/2022

Bagan trip အပိုင်း (၂)

ဒီအပိုင်းလေးမှာတော့ကျနော်ပုဂံရဲ့အလှတရားလေးတွေကိုပဲသီးသန့်ပြောသွားမှာပါဗျ။

ပုဂံရဲ့အလှအပတွေကတော့ -

1- ပုဂံမြို့ရဲ့အစ ယုန်လွှတ်ကျွန်းမရောက်ခင်ကတည်းက ကောင်းကင်နဲ့တိမ်လေးတွေကသိသိသာသာကို ကြည်လင်ပီးလှနေပါတယ်ဗျ ကျနော်တို့တခြားဘယ်မြို့နဲ့မှမတူတဲ့တိမ်တိုက်တွေကိုစမြင်ရမှာပါ။ (ကျနော်တို့ကတော့ဒီနေ့ခေတ်အခါအရ မနက်ကားစီးတဲ့အတွက် အလှအကုန်လုံးကိုမြင်ခွင့်ရပါတယ်ဗျ)

2- ကောင်းကင်ရဲ့ပြာလဲ့လဲ့အရောင်လေးတွေရယ် တောင်းတန်းအရှည်ကြီးတွေရဲ့နှိမ့်ချည်မြင့်ချည် အလှရယ်အပူပိုင်းဆူးပင်နဲ့ လယ်ကွင်းမစိမ်းတစိမ်း လေးတွေကိုအညီအမျှပေါင်းစပ်ပီးမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါ ဘယ်လောက်တော်ပါတယ်ဆိုတဲ့ ပန်ချီဆရာတွေတောင်မမှီနိင်တဲ့လက်ရာနဲ့ ဘယ်လောက်တော်ပါတယ်ဆိုတဲ့ ဓာတ်ပုံဆရာတွေရဲ့ပုံ နဲ့ကျနော်တို့မျက်စိထဲကိုရောက်လာတဲ့ပုဂံမြေရဲ့အလှကလုံးဝအပြတ်အသတ်ကိုအနိုင်ရမှာသေချာပါတယ်ဗျ။

3- ကားပေါ်ကဆင်းပီးပုဂံမြေပေါ်စနင်းမိပီဆိုတာနဲ့တောက်ပတဲ့နေရောင် သင်းနေတဲ့မြေသင်းရနံ့ သန့်ရှင်းလွန်းလှတဲ့ လမ်းမတွေရဲ့ ဘေးဘီဝဲယာမှာစေတီငယ်အပျက်လေးတွေ ရယ် တိုက်ခတ်လာတဲ့ခပ်ခြောက်ခြောက်လေလေးတွေက ဘာကိုလွမ်းလို့လွမ်းမှန်းမသိအောင်ကိုအလွမ်းဓာတ်ကိုနှိုးဆွပေးပါတယ်ဗျ။

4- နောက်ပီးပုဂံမြေကို အသွားသင့်ဆုံးအချိန်တွေကတော့ မိုးရာသီရယ်၊ ဆောင်းရာသီရယ်ပါပဲဗျ။ နွေရာသီကတော့ ကျနော် recommend မပေးပါဘူးဗျ နေအရမ်းပူတာကြောင့်ရယ် အလယ်ပိုင်းဒေသဖြစ်တဲ့အတွက် တိုက်တဲ့လေလေးတွေမှာရေငွေ့မပါတာရယ်ကြောင့် skin အထိမခံသူတွေအတွက် နွေကိုရှောင်ဖို့ပြောချင်ပါတယ်ဗျ။ ရှင်းရှင်းပြောရရင်အရမ်းပူပါတယ်ဗျ။

5- ပုဂံရဲ့ဘုရားစေတီတိုင်းမှာ ရုပ်သေးရုပ်လေးတွေချိတ်ဆွဲထားတာရယ် ပုဂံထီးလေးတွေတန်းစီထောင်ထားတာရယ် ဘုရားတွေရဲ့ ရင်ပြင်ပေါ်မှာ သနပ်ခါးပါးကွက်ကြားကိုစီနဲ့ မိန်းကလေး ဟိုးသေးသေးလေးတွေကအစ ကျနော်တို့အဒေါ်အရွယ်လောက်ထိ အဖွဲ့လိုက်”သနပ်ခါးလူးပေးမယ်လေးမောင်းလေး၊ညီမလေး”
“ဆံပင်လေးကြစ်ဆံမှီးကြစ်သွားပေးရမလားညီမလေး”
“ဓာတ်ပုံရိုက်ပေးမယိလေကိုကြီး၊မကြီး” စတဲ့စကားသံတွေကိုအရင်ဆုံးကြားရပါမယ်ဗျ( ဒီအချက်မှာ ဒီအသံတွေကလုံးဝစိတ်အနှောက်အယှက်မဖြစ်ပါဘူးဗျ စည်းကမ်းအရမ်းရှိပါတယ်ဗျ)

6- နောက်ဆုံးအချက်အနေနဲ့ ဧရာဝတီမြစ်ရယ်တဖက်က တောင်တန်းတွေရယ် ပြာလဲ့လဲ့ကောင်းကင်ကြီးရယ် ဖြူဖွေးပီးကျစ်လစ်နေတဲ့ တိမ်တိုက်ကြီးတွေရယ်ကိုတဝကြီးပေါင်းစပ်ခံစားကြည့်လို့ရတဲ့ ဘုရားတွေလဲအများကြီးရှိပါတယ်ဗျ။

Shouk Pyaw အဖွဲ့ကကျနော်တို့ညီအစ်ကို၂ယောက်ကတော့ အခုထိက်ိုပုဂံရဲ့အလှတွေပြောမဆုံးဖြစ်နေတုန်းပါပဲဗျို့ ။ နောက်ထပ်တစ်ပိုင်းမှာကျနော်တို့ Shouk pyaw channel ကနေ ပုဂံမြေရဲ့ စည်းကမ်းရှိပုံကိုထပ်တင်ပေးပါမယ်ဗျ။ ကျနော်ကတော့ရေးရင်းနဲ့ ပုဂံကိုလွမ်းလာလို့ video လေးတစ်ခုနဲ့တွဲတင်ပေးလိုက်ပါမယ်ဗျ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျို့ !

21/07/2022

Bagan trip အပိုင်း (၁)
ကျနော်တို့ shouk pyaw channel ကနေ ညီအစ်ကိုမောင်နှမတွေအတွက် trip experience လေးတစ်ခုsharingလုပ်ပေးပါမယ်ဗျ။ ကျနော် အပိုင်းလေးတွေခွဲပြီ sharing လုပ်ပေးချင်ပါတယ်ဗျ။

ပထမဆုံးအပိုင်းအနေနဲ့ Bagan trip သွားရင်လိုအပ်တဲ့အရာလေးတွေဆောင်ရန်ရှောင်ရန်လေးတွေပထမဆုံးအနေနဲ့ sharing လုပ်ပေးပါမယ်ဗျ။

Bagan ကိုခရီးထွက်မယ်ဆိုရင်-
1- တခြားနေရာတွေလိုရောက်တာနဲ့ ဟိုတယ်မှာနားမယ်စားမယ်ဆိုတဲ့အတွေးတွေကို ရန်ကုန်မှာထားခဲ့ပေးပါ အရမ်းအဖိုးတန်တဲ့သမိုင်းကြောင်းတွေရှိတာမို့လို့ ၃/၄ရက်အချိန်ပေးတောင်မလောက်ပါဘူးဗျ။

2- active ဖြစ်တဲ့ ဘော်ဒါတွေပဲစုပီးသွားပါ။ (ဓာတ်ပုံကောင်းကောင်းရိုက်တတ်တဲ့သူတွေပါရင်အကောင်းဆုံးပေါ့ဗျာ)ဘုရားတစ်ဆူ နှစ်ဆူဖူးပီးပင်ပန်းတယ်ဆိုရင်လုံးဝမတန်ပါဘူးဗျ မတန်ဘူးဆိုတာအချိန်ကိုပြောတာပါဗျ။

3 - slippers တွေယူဖြစ်အောင်ယူသွားကြပါ ဘုရားတစ်ဆူနဲ့တစ်ဆူနီးတာကြောင့်shoes တွေနဲ့ဆိုအခက်တွေ့နိုင်ပါတယ်ဗျ ကျနော်ကတော့မယူသွားမိလို့ ၄ရက်လောက်ဖျားပီးပါပီ အခုတောင်ဆေးသောက်ပီးစာထရေးနေရတာမို့လို့ပါ အပူရှပ်တတ်ပါတယ်ဗျ။

4- သဘာဝ ရယ်ရှေးဟောင်းအလှတရားရယ်ကိုအပြည့်အဝခံစားကြည့်ပါ ဒါဆိုကိုယ့်နေရပ်ပြန်ရောက်ရင်တောင် ပုဂံကိုလွမ်းကိုလွမ်းနေစေရမယ်ဆိုတာကျနော်အာမခံပါတယ်ဗျ။

5- guide ခေါ်ပါ ရက်အပြည့်မဟုတ်တောင်၁ရက်တော့ရအောင်ခေါ်ပါ guide ရဲ့ရှင်းပြပုံသွားလာပုံက google map မှာမပါတဲ့နေရာတွေတောင်ရောက်နိုင်ပါတယ် သမိုင်းကြောင်းဆိုလဲ လွန်ခဲ့တဲ့ နှစ်၁၂၀၀ လောက်ကနေ ယခုခေတ် ပါးစပ်ရာဇဝင်တွေအထိနှံ့နှံ့စပ်စပ်သိရပါမယ် ကျနော်ကတော့စကားများလို့ သမိုင်းကြောင်းပိုသိရပါတယ် guide ကို recommend ပေးပါဆိုရင် ကို Ye Lin Phyo ကို recommend ပေးပါတယ်ဗျ။

6- hotel ကို 5 stars/ 4 stars တွေတည်းတာထက် မြို့ဟောင်းနဲ့နီးတဲ့ hotel လေးတွေ guest houses လေးတွေကိုပို recommend ပေးချင်ပါတယ်ဗျ ဆက်ဆံရေးပြေပြစ်တဲ့အပြင်တော်တော်လေးနွေးထွေးပါတယ်ဗျ ဘုရားဖူးဖို့လဲအရမ်းမဝေးတော့တာမို့လို့လူပင်ပန်းသက်သာပါလိမ့်မယ်ဗျ။

7- နောက်ဆုံးအချက်အနေနဲ့ ပုဂံကိုသွားလည်ကြည့်ကြဖို့ပြောချင်ပါတယ်ဗျ အခုတောင်အပေါ်ရှုခင်းတွေကြည့်ခွင့်မရှိတော့ပါဘူးဗျ နောက်ဆို ရှေးဟောင်းအရာတွေဖြစ်တဲ့အတွက် ဘယ်အရာမှပြောမရတာမို့လို့ ဓာတ်ပုံတွေထပ် ကိုယ့်မှတ်ဉာဏ်ထဲမှာ စွဲနေတာကပိုပီးကောင်းနိုင်တာမလို့ သွားလည်ကြဖို့ကျနော်တိုက်တွန်းချင်ပါတယ်ဗျ။

ဒီအပိုင်းလေးကိုတော့ကျနော်ဒီလောက်နဲ့ပဲရပ်ချင်ပါတယ် နောက်အပိုင်းတွေမှာလဲပုဂံရဲ့အလှနဲ့သွားသင့်တဲ့အချက်တစ်ခုချင်းစီကိုခွဲပီးထပ်တင်ပေးပါမယ်ဗျ။ ကျနော်တို့ဘာစားတယ်ဘယ်သွားတယ်ထက် ပုဂံရဲ့အလှကိုပဲတန်ဖိုးရှ်ိစွာ sharingလုပ်ပေးသွားပါမယ်ဗျ။ အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

08/07/2022

ဦးအောင်ဒွန်း ဘာလို့ နို့ဆီနဲ့ မုန့်ဖက်နဲ့ တွဲစားတာလဲ 😂😂😂

01/07/2022

Address

Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shouk Pyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share