A Beautiful Note for MHYT

A Beautiful Note for MHYT သမီးဖတ်ဖို့ ရေးတဲ့စာ

သမီးကဗျာဆိုတာက ရွတ်ဆိုဖို့လေအဲတော့ ကဗျာတွေကို  ဆိုပါ ရွတ်ပါစိတ်ရှိအတိုင်းအသာ ကပြီး ရွတ်ဆို ကမ္ဘာမြေဟာ သမီးရဲ့ ပျော်ရွှင်...
26/10/2022

သမီး

ကဗျာဆိုတာက ရွတ်ဆိုဖို့လေ
အဲတော့ ကဗျာတွေကို ဆိုပါ ရွတ်ပါ
စိတ်ရှိအတိုင်းအသာ ကပြီး ရွတ်ဆို
ကမ္ဘာမြေဟာ သမီးရဲ့ ပျော်ရွှင်မှုနဲ့
ပိုပြီး ပြည့်စုံမှာ ။

သင်္ဏန်းခြုံထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ sexual harassment နဲ့ ပက်သက်ပြီး မြင်ရတော့သမီးရယ် တကယ်တော့ လောကကြီးမှာ ဘာသာတရားဆိုပြီ...
05/01/2022

သင်္ဏန်းခြုံထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ sexual harassment နဲ့ ပက်သက်ပြီး မြင်ရတော့
သမီးရယ် တကယ်တော့ လောကကြီးမှာ ဘာသာတရားဆိုပြီး တံဆိပ်ကပ်ထားတွေပါ။

သမီးက ဖေဖေတို့ ကိုးကွယ်တိုင်းနဲ့ ဘာမှကိုးကွယ်စရာမလိုဘူး ကိုယ်တိုင် သိမြင် ယုံကြည် လက်ခံပြီးမှ ရွေးချယ်စေချင်တယ်။

သမီးရယ် တကယ်တော့ လောကကြီးမှာ ဘယ်ဘာသာတရားမှ မကိုးကွယ်နဲ့ဦး ကိုယ်ချင်းစရာတရားရှိပြီး လူသားတစ်ယောက်လို နေထိုင်တက်ရင် လောကကြီးက ချစ်ဖို့ကောင်းပါတယ်။

ဘာမှအများကြီး သိနေစရာမလိုဘူး လူတွေကို လူတွေလို့ မြင်တက်ရင်ပဲ သမီးဘဝက လှနေမှာပါ။

ချစ်တဲ့

ဖေဖေ

သမီးလေး ဒီနေ့ကမ္ဘာမှာ Balance of power ဆိုတဲ့စကားလုံးကို အတော်သုံးကြတယ် ။အင်အားညီမျှ မှုရှိဖို့ပေါ့ကွယ် ။ချိန်ခွင်လျှာ သ...
08/12/2021

သမီးလေး

ဒီနေ့ကမ္ဘာမှာ Balance of power ဆိုတဲ့
စကားလုံးကို အတော်သုံးကြတယ် ။
အင်အားညီမျှ မှုရှိဖို့ပေါ့ကွယ် ။
ချိန်ခွင်လျှာ သဘောတရားလိုလည်း ပြောကြဆိုကြပါတယ် ။
စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာ အစစအရာရာ
အားပြိုင်နေကြရတဲ့ ခေတ်ကြီးထဲမှာ
အသက်နဲ့သေခြင်းအတွက် သတိထားထိန်းသိမ်းနေရတဲ့ သဘောတရားတစ်ချက်ပဲပေါ့ ။
အင်အားဘက်မမျှခဲ့ရင် တစ်ဖက်က အသက်ကိုရပြီး
တစ်ဖက်ကသေခြင်းကိုရမယ် ။
အင်အားညီမျှမှသာ နိူးကြားအောင်မြင်တဲ့ဘဝကို
ရမယ် ။
အဲဒီလိုဥပမာပေးတော့ စကားလုံးကြီးတွေက အရမ်းကြီးနေတယ် ။ မျက်လုံးပြူးကြီးနဲ့ ဖတ်ရမလိုတောင်
ဖြစ်နေမယ် ။
ဥပမာ လွယ်လွယ်လေးပေးလိုက်ရင်လည်း ရပါတယ် ။
အိမ်တစ်အိမ်ကို လက်ညှိုးထိုးပြလိုက်ရုံပါပဲ ။
အင်အားချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့
အနေအထားဟာ ကောင်းမကောင်း
ချောင်းကြည့်စရာမလိုပဲတွေ့လိမ့်မယ် ။

`` မီးဖိုချောင်က ဝဝဖြိုးဖြိုး၊ စီးပွားရေးက ညိုးညိုးငယ်ငယ်´´

အဲတော့ သမီးရဲ့ Balance Sheet မှာ ဘာတွေရေးမလဲ

ချစ်ခြင်းအားဖြင့်

ဖေဖေ

သမီးရေတခါတလေတော့ ဘဝကြီးက မိုးလေဝသကြေငြာသလိုပဲ ရွာရန်ရာနှုန်း ၅၀ ဖြစ်ရင် သိပ်ကောင်းမှာ။ ဆိုလိုတာက ဖြစ်ချင်တာ ဖြစ်ချင် ဖြစ...
10/09/2021

သမီးရေ
တခါတလေတော့ ဘဝကြီးက မိုးလေဝသကြေငြာသလိုပဲ ရွာရန်ရာနှုန်း ၅၀ ဖြစ်ရင် သိပ်ကောင်းမှာ။ ဆိုလိုတာက ဖြစ်ချင်တာ ဖြစ်ချင် ဖြစ်မယ် မဖြစ်ချင် မဖြစ်ဘူးပေါ့။ သင်္ချာသဘောတရားအရတော့ ဟုတ်နေတာပါပဲကွယ်။ တကယ်တော့ ဘဝမှာ မညီမျှခြင်း (in-equation)တွေ အကြောင်း ဖေဖေ သေချာပြောပြချင်သေးတယ်။

ပြုံးပါ သမီးလေးဒီနေ့ ကမ္ဘာမှာ ပုခုံးချင်းတိုက်သွားရင်တောင် sorry လို့ ပြောဖို့ဝန်လေးနေတဲ့အချိန်မှာ စိတ်ပါလက်ပါနဲ့ အလှဆုံ...
08/05/2021

ပြုံးပါ သမီးလေး
ဒီနေ့ ကမ္ဘာမှာ ပုခုံးချင်းတိုက်သွားရင်တောင် sorry လို့ ပြောဖို့ဝန်လေးနေတဲ့အချိန်မှာ
စိတ်ပါလက်ပါနဲ့ အလှဆုံးလေး ပြုံးပြီးနေလိုက်ပါ

28/09/2020
သမီးလေးဘာလိုလိုနဲ့ သမီးဖေဖေတို့ဘဝထဲကိုရောက်လာခဲ့တာ ဒီနေ့ဆို ၂လပြည့်ပြီနော်။ ဖေဖေလဲ သမီးမွေးကတည်းက ဒီနေ့မှ သမီးအတွက် စာပြ...
20/08/2020

သမီးလေး
ဘာလိုလိုနဲ့ သမီးဖေဖေတို့ဘဝထဲကိုရောက်လာခဲ့တာ ဒီနေ့ဆို ၂လပြည့်ပြီနော်။ ဖေဖေလဲ သမီးမွေးကတည်းက ဒီနေ့မှ သမီးအတွက် စာပြန်ရေးနိုင်တယ်။ ဒီ၂လအတွင်း ဘာလို့အခုမှစာပြန်ရေးနိုင်လဲဆိုရင်တော့ သမီးအနှီးလေးပြေးလျှော်လိုက်၊ ရုံးလေးတက်လိုက်၊ ဖေဖေ့ကျောင်းကိစ္စလေးလုပ်လိုက်နဲ့ ဖေဖေရော မေမေရော လုံးလည်ချာလည်လိုက်နေတာ သမီးကတော့ Taylor Swift ရဲ့ Only the Young လေးနဲ့အိပ်တက်နေခဲ့ပြီ။ ဝမ်းသာတယ် သမီးလေး။ သမီးသီချင်းသံကြားရင် ‌‌ခြေလက်လေးတွေ လှုပ်လာတာ ဂစ်တာသံကြားရင် တစ်ကိုယ်လုံးကိုတုန်ပြီးပြုံးလာတာတွေ မြင်ရတော့ ပိုပြီးတော့ ဝမ်းသာတယ်။ Henry Fold ပြောခဲ့သလိုပေါ့ သမီးရယ် 'If I'd ask customers what they wanted, they would've told me a faster horse. ' People don't know what they want until you show it to them. တခါတလေကြရင် လူတွေကသူတို့ဘာလိုချင်လို့ လိုချင်နေမှန်း မပြခင်အထိ မသိကြဘူး။ တခြားအရာတွေ အခုအချိန်မှာ သိဖို့မလိုသေးပေမယ့် ဂီတကိုခံစားနားဆင်တက်ရင်ပဲ သမီးလေးဟာ ချစ်ခြင်းမေတ္တာကိုကောင်းကောင်းခံစားသိမြင်နေဖို့ ဉာဏ်ပညာပါလာခဲ့ပြီလေ။ ဘာလို့လဲဆိုတော့ ဂီတသံစဉ်တွေဟာ ကျည်ဆံတွေထက် ပိုစွမ်းအားကြီးတယ်လေ သမီးရဲ့။

ပျံလွှားတစ်ကောင်နဲ့ နွေရာသီ မဖြစ်နိုင်ပေမယ့်သမီး အပြုံးလေး တစ်ပွင့်နဲ့တင် ဖေဖေနဲ့မေမေ အရာရာကို ဖြတ်ကျော်ရဲတယ်အမြဲတမ်းဒီလ...
17/07/2020

ပျံလွှားတစ်ကောင်နဲ့ နွေရာသီ မဖြစ်နိုင်ပေမယ့်
သမီး အပြုံးလေး တစ်ပွင့်နဲ့တင် ဖေဖေနဲ့မေမေ အရာရာကို ဖြတ်ကျော်ရဲတယ်
အမြဲတမ်းဒီလိုလေးပဲပြုံးနေလိုက်ပါ သမီးလေးရေ❤️

သမီးလေးဖေဖေအမြဲတမ်းစပြီး သမီးလေး မေမေကိုDaddy is the best ဆိုပြီး ပြောပြောနေခဲ့တယ်အခုလက်တွေ့မှာ သမီးမေမေရဲ့ ရဲရင့်တဲ့ချစ...
20/06/2020

သမီးလေး
ဖေဖေအမြဲတမ်းစပြီး သမီးလေး မေမေကိုDaddy is the best ဆိုပြီး ပြောပြောနေခဲ့တယ်
အခုလက်တွေ့မှာ သမီးမေမေရဲ့ ရဲရင့်တဲ့ချစ်ခြင်းမေတ္တာက လက်တွေ့ပြပြီး သမီးလေးကို လူ့လောကကြီးထဲ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့ပြီ Mommy is the best ပါ သမီးလေးရေ ❤️။

Hey I love you guys ❤️

သမီးလေးဒီနေ့သမီးအတွက် ဖေဖေတို့ ပုခက်ဆင်ကြတယ် သမီးရဲ့။ ဖေဖေတို့ဆိုတာက သမီး ဦးငယ်နဲ့ ဖေဖေနဲ့ ပေါ့။ ဖေဖေ တို့ ပုခက်ဆိုတာ မြ...
17/06/2020

သမီးလေး
ဒီနေ့သမီးအတွက် ဖေဖေတို့ ပုခက်ဆင်ကြတယ် သမီးရဲ့။ ဖေဖေတို့ဆိုတာက သမီး ဦးငယ်နဲ့ ဖေဖေနဲ့ ပေါ့။ ဖေဖေ တို့ ပုခက်ဆိုတာ မြင်ပဲ မြင်ဖူးတာ တခါမှ မဆင်ဖူးဘူး။ ပုခက်ကို အိတ်ထဲက ထုတ်တော့ accessories တွေ အများကြီး ထွက်လာတယ်၊ body frame တွေ screws တွေ အများကြီးပဲ။ နောက်ပြီး Manual နဲ့ Drawing လေး ထွက်လာတယ်။ ဟာ ဟုတ်ပြီပေါ့ ပုံနဲ့ စာနဲ့ ပါတယ်ဆိုတော့ ဖေဖေတို့ အဆင်ပြေအောင် တပ်ဆင်နိုင်တော့မှာပေါ့။ အဲမှာတင်ပြဿနာကစတော့တာပဲ။ ရေးထားတဲ့ စာတွေအကုန်လုံးက တရုတ်စာတွေကြီးပဲ။ အင်ဂျင်နီယာဖြစ်တဲ့ ဖေဖေတို့ ညီအစ်ကို နှစ်ယောက်က သမီးရဲ့ ပုခက်ကို ၁နာရီ နည်းပါးကြာအောင် တပ်ဆင်လိုက်ရတယ်။ အခုဖေဖေပြောချင်တဲ့အပိုင်းရောက်လာပြီ သမီး။ ဖေဖေတို့နေရာမှာ အဲဒီပုခက်ရောင်းတဲ့ဆိုင်က ဝန်ထမ်းတွေသာ တပ်ဆင်ပေးမယ်ဆိုရင် ၁၀ မိနစ် ၁၅ မိနစ်လောက်နဲ့ ပြီးနိုင်လောက်ပေမယ့် ဖေဖေတို့ ၁နာရီလောက်ကြာသွားခဲ့တယ်။ လူတိုင်းမှာ သူ့ကျွမ်းကျင်ရာ လိမ္မာကြတယ် သမီးရဲ့။ သေးသေးဖွဲဖွဲဆိုပြီး ဘယ်တော့မှ အထင်မသေးမိစေနဲ့သမီး။ အတက်ပညာတိုင်းမှာ သူ့အလှနဲ့သူရှိတယ်။
နောက်တစ်ချက်ကတော့ ဘာသာစကားပေါ့။ တရုတ်လိုရေးထားတော့ ဖေဖေတို့တွေမဖတ်တက်ဘူး။ ဒါကြောင့် သမီးဘဝမှာ ဘာသာစကားအများကြီးကို လေ့လာသင်ယူသင့်တယ်။ သင်ယူရမယ်။ ဒါမှလဲ သမီးလေ့လာချင်တာတွေကို ဆက်ပြီးလေ့လာနိုင်မှာ။
ဂျပန်စာရေးဆရာကြီး Haruki Murakami ပြောခဲ့တဲ့စကားတစ်ခွန်းကို ဖေဖေပြောပြမယ်။

“Learning another language is like becoming another person.”

ဒါဆို ဖေဖေဘာပြောချင်လဲ သမီးလေးသိလောက်မယ်ထင်တယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A Beautiful Note for MHYT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Beautiful Note for MHYT:

Share