Win Thandar Phyo

Win Thandar Phyo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Thandar Phyo, Digital creator, Yangon.

❤️
26/11/2025

❤️

26/11/2025

🌙 ဘယ်ဘက်စောင်းအိပ်
ခြင်းက ညစဉ် ခန္ဓာကိုယ်ကို Detox လုပ်ပေးသလိုပဲ
"အိပ်စက်တဲ့ပုံစံ" တစ်ခုတည်းက သင့်ကျန်းမာရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိမယ်လို့ဘယ်သူကများထင်မိမှာလဲ
သုတေသနပြုချက်များအရ အခုလို အတည်ပြုထားပြီးပါပြီ — "ဘယ်ဘက်စောင်းအိပ်ခြင်း" ဟာ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းစနစ်တွေအတွက် အကောင်းဆုံး အိပ်စက်တဲ့ ပုံစံ ဖြစ်ပါတယ်!
🩺 ဆရာဝန်များ အကြံပြုထားသော အကျိုးကျေးဇူးများ
• ✅ အညစ်အကြေး စွန့်ထုတ်မှုကို ကောင်းမွန်စေခြင်း: ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် သန့်စင်သော အရည်ကြည် စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါသည်။
• ✅ အစာအိမ်အက်ဆစ် အထက်လှန်ခြင်းကို လျှော့ချခြင်း: ဤပုံစံကြောင့် အစာအိမ်အက်ဆစ်များ အစာပြွန်ဆီသို့ ပြန်မတက်နိုင်သဖြင့် လည်ပင်းပူခြင်း၊ ရင်ပူခြင်း (Heartburn) တို့ကို သက်သာစေသည် (Journal of Clinical Gastroenterology မှ အချက်အလက်များ)။
• ✅ နှလုံးကို ပိုမိုသက်သာစေခြင်း: ဘယ်ဘက်စောင်းအိပ်သောအခါ သွေးကြောမကြီး အပေါ် ဖိအား နည်းပါးသွားသည့်အတွက် နှလုံးလုပ်ဆောင်ချက် ပိုမို သက်သာချောမွေ့သည် (American Heart Association မှ အချက်အလက်များ)။
• ✅ သရက်ရွက်နှင့် အသည်း လုပ်ငန်းများ ပိုမိုကောင်းမွန်ခြင်း: အဆိပ်အတောက်များကို ပိုမိုကောင်းမွန်စွာ ဖယ်ရှားပေးနိုင်စေပါသည်။
• ✅ ဦးနှောက်သို့ သွေးစီးဆင်းမှု ကောင်းမွန်ခြင်း: နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး ဦးနှောက်ကို အပြည့်အဝ အနားယူစေပါသည်။
• ✅ ဟောက်သံကို လျှော့ချခြင်း: အသက်ရှူလမ်းကြောင်းကို ပွင့်လင်းစေသည့်အတွက် ဟောက်သံကို လျော့ကျစေပါသည်။
မှန်ကန်တဲ့ ပုံစံနဲ့ အိပ်ရုံလေးနဲ့... သင့်ခန္ဓာကိုယ်က သူ့အလိုလို သဘာဝအတိုင်း ညစဉ် ပြန်လည် နာလန်ထူလာသလိုပါပဲ။
ဖတ်ရှုပြီးသွားပြီဆိုရင် “ကောင်းတယ်” လို့ စာရိုက်ပေးပါနော်။ ဗဟုသုတရစေရန် ရှယ်ပေးဖို့လည်း မမေ့ပါနဲ့နော်။

23/11/2025

စိတ်ကို ကြည်လင်အောင်ထားပါ
🍀🍀🍀🍀🍀🍀🍀🍀
မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။
စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။

လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။

ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။

မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို
အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို
အရင်ဆုံးကြည်လင်အောင်ထားပါ ။

📖တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ 📖
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

#မေတ္တာဖြင့် Htun-စာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

23/11/2025

#ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ)ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာတွေ ကြောင့်လို့သိရပါတယ်။

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ ရေသောက်ခြင်း
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ တရုတ်နံနံ
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ ဗိုစားပဲ
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ ပန်းသီး
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ ငှက်ပျောသီး
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ ရှောက်သီးနဲ့ သံပရိုသီး
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ နာနတ်သီး
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ သင်္ဘောသီး အစိမ်း
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

၁ ပန်းဂေါ်ဖီစိမ်း သခွားသီး- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

၂ ငှက်ပျောသီး- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

၃ မုန်လာဥနီ မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

၄ ချယ်ရီသီး- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

၅ ရေ ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆ ပန်းသီး- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇ တရုတ်နံနံကြီး ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်တယ် ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

၈ ကြက်သွန်နီ ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

၉ ရေနွေးကြမ်း- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

၁၀ ရှောက်သီး သံပုရာသီး. သံပုရိုသီး ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

၁၁ ဘယ်ရီသီးများ ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကိုတားဆီးပေးနိုင်ပါတယ်။

မစားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ ဥပမာ အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

2. အနီရောင်ရှိသော အသားများ ဥပမာ အမဲသား၊ ဆိတ်သား။

3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit
#သမားတော်တိုင်းရင်းဆေး
ပြန်လည်ဝေမျှလိုက်ပါသည်။

🤔Uric Acid ဆိုတာဘာလဲ။

🔹ယူရစ်အက်ဆစ်သည် အစားအစာနှင့် အချိုရည်အမျိုးမျိုးတွင် တွေ့ရှိရသည့် purines ဟုခေါ်သော ဓာတုပစ္စည်းများကို ခန္ဓာကိုယ်က ချေဖျက်သောအခါ ထွက်လာသည့် ဓာတုပစ္စည်းဖြစ်သည်။ ပုံမှန်အားဖြင့်၊ ယူရစ်အက်ဆစ်သည် သွေးထဲတွင် ပျော်ဝင်ကာ ကျောက်ကပ်မှတဆင့် ဖြတ်သန်းကာ ဆီးတွင် စွန့်ထုတ်သည်။ သို့သော်လည်း ခန္ဓာကိုယ်က ယူရစ်အက်ဆစ်ကို အလွန်အကျွံထုတ်တာ ဒါမှမဟုတ် ကျောက်ကပ်က လုံလောက်အောင် မထုတ်နိုင်တဲ့အခါ သွေးထဲမှာ စုပုံလာပြီး hyperuricemia ကို ဖြစ်စေပါတယ်ရှင်။

✅Uric Acid မြင့်မားခြင်း၏ အဖြစ်များသော လက္ခဏာများ

အဆစ်အမြစ်ကိုက်ခဲခြင်းနှင့်ဂေါက်

ယူရစ်အက်ဆစ် မြင့်မားခြင်း၏ အဖြစ်အများဆုံး လက္ခဏာများထဲမှ တစ်ခုမှာ အဆစ်နာကျင်မှုအထူးသဖြင့် ဂေါက်ဟုခေါ်သော အခြေအနေကြောင့်ဖြစ်ပါသည်။ ဂေါက်သည် အဆစ်များတွင် ယူရစ်အက်ဆစ်ပုံဆောင်ခဲများ စုပုံလာသောအခါတွင် ပြင်းထန်သော နာကျင်မှုနှင့် မသက်မသာဖြစ်စေပါသည်။ ၎င်းသည် ခြေချောင်းကြီးများကို မကြာခဏ ထိခိုက်စေသော်လည်း ခြေချင်းဝတ်၊ ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများကဲ့သို့သော အခြားအဆစ်များကိုလည်း ထိခိုက်နိုင်ပါသည်ရှင်။

🔺ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်ရှင်။

🔺 ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်ရှင်။

Healthline

✅အထက်ဖော်ပြပါအကြောင်းအရာများနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပြသလိုပါက..

🏥 လိပ်ပြာကန် အထူးကုဆေးခန်း နှင့် အထွေထွေရောဂါရှာဖွေရေး စင်တာ တွင်•••••

👩‍⚕️အထွေထွေရောဂါ ဆိုင်ရာ အထူးကုသမား‌တော်ကြီးများ...

Dr,မြင့်မြင့်အေး

M.B.,B.S,M.Med.Sc(Int.Med)

M.R.C.P(UK),F.R.C.P(Edin)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr.မေဝတ်ရည်ဦး

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထူးကုဆရာဝန်(ဆေးပညာ)

Dr.ကေသီဝင့်အောင်

M.B.,B.S (Ygn)

M.Med.Sc(Int.Med)

အထွေထွေရောဂါကုသမားတော်

ပဲခူးပြည်သူ့ဆေးရုံကြီး

Dr;နွေးသိမ့်သိမ့်တင်

M.B.,B.S,M.Med.Sc(Int.Med)

MRCP (UK) FRCP (Edin)

အထွေထွေရောဂါကုသမားတော်

တို့နှင့်

🗓️ နေ့စဉ် တိုင်ပင်ဆွေးနွေးပြသ နိုင်ပါတယ်ရှင်💁

👉 ဆေးခန်း ပြသရန်အတွက် ဘိုကင်ယူရန် နှင့် _____

☎️ ဆေးခန်းဖုန်း-

၀၉-၇၇၇၉၀၈၃၈၃ ၀၉-၈၈၉၀၀၆၀၃၃

တို့ကို (မနက် ၇:၃၀ မှ ည ၆:၃၀)နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်😊

🏥ဆေးခန်းလိပ်စာ-

အမှတ်(၂၅၂)၊ (၃၁)လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့။

#ဂေါက်ရောဂါ

#အထွေထွေရောဂါအထူးကုသမားတော်

#လိပ်ပြာကန်အထူးကုဆေးခန်း

🌿 စကားနည်းနည်းပဲ ပြောလေလေ…မင်းပြောတဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ ✨🧘‍♀️ ဘယ်ကိစ္စမဆို အလွန်အမောင်း မတွေးပါနဲ့…ဘယ်သူမှ မင...
23/11/2025

🌿 စကားနည်းနည်းပဲ ပြောလေလေ…
မင်းပြောတဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ ✨
🧘‍♀️ ဘယ်ကိစ္စမဆို အလွန်အမောင်း မတွေးပါနဲ့…
ဘယ်သူမှ မင်းလောက် မင်းအကြောင်း မတွေးပါဘူး ❤️

🌀 ပြဿနာတွေကို အာရုံစိုက်ရင်
ပြဿနာတွေပဲ ဖြစ်လာမယ်…
🌈 ဖြစ်နေပမာဏတွေကို အာရုံစိုက်ရင်
အခွင့်အလမ်းတွေ ပိုများလာမယ် ✨

💔 မင်းအခု ဘယ်လောက်ပဲ နာကျင်နေပါစေ…
တစ်နေ့တော့ ပြန်လိုက်ကြည့်မယ့်အခါ
ဒီအခက်အခဲတွေက မင်းဘဝကို ပိုကောင်းအောင် ပြောင်းလိုက်တာကို
နားလည်လာမယ် 🌟

🤝 မင်းဘဝမှာ လူတွေ နေရာယူလာတာ
အကြောင်းအရင်းရှိလို့…
သူတို့က မင်းဘဝကို ပြောင်းလဲဖို့ လာတာလား…
မင်းက သူတို့ဘဝကို ပြောင်းလဲပေးဖို့ လာတာလား…
အချို့လူတွေက သင်ယူစရာ… အချို့က ခံစားစရာ 💫

📚 အသစ်အသစ်တွေ သင်ယူဖို့ မကြောက်နဲ့
သိထားတဲ့ အကန့်အသတ်ထဲမှာပဲ နေရင်
ဘဝက ပျင်းစရာကောင်းသွားမယ် 🌱

⏳ အခိုက်အတန့်တွေက တန်ဖိုးရှိတယ်
အဲ့တာတွေ အမှတ်တရ ဖြစ်လာမှ
မင်းသိမယ်…

🙏 မင်းမှာ ရှိပြီးသားအရာတွေ
ကျေးဇူးတင်သင့်တယ်
စာအုပ်ထဲ မှတ်ထားမယ်ဆိုရင်
မရှိသေးတဲ့အရာတွေက
မင်းမျက်လုံးထဲက ပျောက်သွားမယ် ✨

🗣 မင်းပါးစပ်ကို မထိန်းနိုင်ရင်
မင်းအနာဂါတ်ကိုလည်း မထိန်းနိုင်ဘူး…

🪞 ဘဝက မှန်တစ်ချပ်လို
မင်းတွေးသလိုပဲ ဖြစ်လာတယ်
မနက်တိုင်း ရင်ဆိုင်ရမယ့်သူက
မင်းကိုယ်တိုင်ပဲ ❤️

💪 ဒါကြောင့် မင်းကိုယ်ကို မင်း အမြဲ အနိုင်ယူထားပါ။

— ာပေ ဘုံ
#မေတ္တာဖြင့် #စာအုပ် #စာပေ #ဘဝစာပေ #ဗဟုသုတ

21/11/2025

ယနေ့ရွှေစျေး…..😱😱😱😱

(၂၀.၁၁.၂၀၂၅)ရက်နေ့ မနက်ခင်း ရွှေပေါက်ဈေး🙏🙏🙏

#အသေးစိတ်စုံစမ်းမေးမြန်းရန်

သိန်းသန်း ရတနာရွှေဆိုင် - ဖခနှုန်
☎️08- 939 229 54
https://maps.app.goo.gl/biAfctGEetaBB3NR6

သိန်းသန်း ရတနာရွှေဆိုင် -စံမလွန်
☎️09 -639 559 49
https://maps.app.goo.gl/rbM2SD2a9uxkX47TA?g_st=al

#အသေးစိတ်စုံစမ်းမေးမြန်းရန် #ထိုင်းရောက်မြန်မာ

ကြိုးစားပါငွေရှာပါငွေစုပါ ။
20/11/2025

ကြိုးစားပါ

ငွေရှာပါ

ငွေစုပါ ။

❤️
20/11/2025

❤️

20/11/2025

❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Win Thandar Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Thandar Phyo:

Share