Ball5 Customer Service

Ball5 Customer Service Customer တွေကြိုက်တဲ့ Ball5

07/11/2022

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်
ကိုယ့်ဘဝမှာ စွန့်စားမှုတွေ
မလုပ်တာ ဘယ်လောက်ကြာပြီလဲ။

ဥာဏ်နည်းတုန်းကတော့
စွန့်စားမှုတွေလုပ်တိုင်း ပေးဆပ်မှုတွေ
အများကြီးပေးရတယ်။

ဒီက သင်ခန်းစားယူတာများ
လေ့လာသင်ယူတာများလာတော့
စွန့်စားမှုတွေမှာ ရှုံးနိမ့်တဲ့ရာခိုင်နှုန်း
အရင်ကထက်နည်းးလာတယ်။

လူတွေက ကိုယ်ဘဝပေးထားတဲ့
အခြေအနေပေါ်မူတည်ပြီး
စွန့်စားမှုလုပ်ရင် လုပ်သလောက်
အပြောင်းအလဲ အကြီးကြီး
ဖြစ်တာပဲ။

ဘယ်နေရာမှာပဲ ကြည့်ကြည့်
သူ့လုပ်ငန်း၊ သူ့နယ်ပယ်မှာ
စင်ပေါ်ရောက်နေတဲ့ သူတိုင်းက
သူ့ဘဝမှာ စွန့်စားမှုတွေ၊
စွန့်လွတ်မှုတွေ လုပ်ခဲ့တဲ့သူကြီးပဲ။

Investigative journalist မဟုတ်ပဲ
ဘေးထိုင်ဘုပြောနေရင်တော့
ဘူကောင်ကြီးထဲက ဘူကြီးပဲဖြစ်နေမယ်။ 😀

လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမှာပဲ။
ဒီလိုလုပ်ဖို့ စွန့်စား၊ စွန့်လွတ်၊ စဥ်းစားရတဲ့
အချိန်တွေ လူတိုင်းမှာရှိတာပဲ။

Phyo Paing @ Derek

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မ...
07/10/2022

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။
ခေါင်းထဲအတွေးအခေါ်အသစ်
ဝင်လာတာနဲ့
စဥ်းစားတာ မတူတော့ဘူး။
စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။
အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။
လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။
Thinking -> Perception -> Action -> Result

Interview ရှိသည်။ BALL5 CUSTOMER SERVICE CO.LTD **********************Female - (3) *Salary - (230000)/အခြားခံစားခွင့်မျာ...
06/10/2022

Interview ရှိသည်။

BALL5 CUSTOMER SERVICE CO.LTD
**********************
Female - (3)
*Salary - (230000)/အခြားခံစားခွင့်များ ++++
*အသက် - (18)မှ(25) နှစ်အတွင်း(အိမ်ထောင်မရှိသူ)
*ပညာအရည်အချင်း - ဘွဲ့ကြို /ဘွဲ့ရ / ကျောင်းကိစ္စကင်းရှင်းသူ။
*Customer Service နှင့် ပတ်သတ်၍ ကျွမ်းကျင်အတွေ့အကြုံ ရှိသူ။

(လိုအပ်သောအရည်အချင်း)
************
*သွက်လက်ချက်ချာပြီး လုပ်ငန်းအတွေ့အကြုံရှိသူ။
*LCCI / Computer Basic or Advance certificate ရရှိပြီးသူ။Microsoft Office , Excle & Typing
(Myanmar / English ) ကျွမ်းကျင်သူ။

*နေရာ - ဗိုလ်တထောင်မြို့နယ်။
*Job Time - 9:00AM - 5:00 PM
-------------------------------
အထက်ပါအချက်များနှင့်ကိုက်ညီပြည့်စုံသူဖြစ်ပါက -
ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပါသည်။

*တပတ် (6 )ရက်ဆင်း (1 )ရက်ပိတ်
**************
လျှောက်ထားလိုသူသည် ....
အချက်အလက် အပြည့်အစုံနှင့် ဓါတ်ပုံကပ်ထားသော
CV ကို Office Time အတွင်း
-09 4536 44739 (viber) သို့ပေးပို့လျှောက်ထားနိုင်ပါသည်။ Only viber ပဲနော် ။ ..

ကျေးဇူးတင်စိတ်အခုအသက်ကို ဝဝရှူနေလို့ရတာဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဟုတ်လို့ အရင်နှစ်ကလို...
03/09/2022

ကျေးဇူးတင်စိတ်

အခုအသက်ကို ဝဝရှူနေလို့ရတာ
ဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာ
တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။
မဟုတ်လို့ အရင်နှစ်ကလို တတိယလှိုင်းမှာ
အဆုပ်မကောင်း အသက်ငင်နေရတာဆို
တိုင်ပတ်နေမှာ။

အခုချိန် ကိုယ်ချစ်ရတဲ့သူတွေ
အသက်ရှင်နေသေးတာလဲ
ကျေးဇူးတင်စရာဖြစ်နိုင်တယ်။

အခုချိန် ကိုယ့်အနေနဲ့
ကိုယ်လက်အင်္ဂါအစုံနဲ့
ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်နေသေးတာ
ကျေးဇူးတင်စရာဖြစ်နိုင်တယ်။

အခုချိန်လကုန် ဝန်ထမ်းတွေကို
လစာပေးနိုင်နေသေးတာ
ကျေးဇူးတင်စရာဖြစ်နိုင်တယ်။

အခုချိန် မနက်နိုးထ
သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရနေတာ
ကျေးဇူးတင်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်။

အရာရာနောက်ကျ
ကမ္ဘာ့ဘိတ်ချေးနိုင်ငံမှာ
ကျေးဇူးတင်စရာတွေများများစားစားမရှိပေမယ့်
တချို့အသေးအမွှားတွေအတွက်
gratitude စိတ်ထားတာဟာ
စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။

Hard work ဘာအလုပ်ကိုဘဲ လုပ်လုပ်ပါပြီးရင် ပြီးရောပေါ့။ အချိန်ပြည့်ရင် ပြီးရောပေါ့ ဆိုတဲ့ စိတ်နဲ့ မလုပ်ဘဲ။ ပိုလုပ်နေရတယ်ဆိ...
02/09/2022

Hard work

ဘာအလုပ်ကိုဘဲ လုပ်လုပ်ပါ
ပြီးရင် ပြီးရောပေါ့။ အချိန်ပြည့်ရင် ပြီးရောပေါ့ ဆိုတဲ့ စိတ်နဲ့ မလုပ်ဘဲ။ ပိုလုပ်နေရတယ်ဆိုရင်တောင် ကိုယ်လုပ်စရာရှိတာ ကျေလည်သပ်ရပ် ပြီးစီးအောင် လုပ်လိုက်ခြင်းမှ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မူရှိစေတယ်။

ရှောင်လို့ ရသလောက် ရှောင်ခိုတာမျိုး မလုပ်ဘဲနဲ့
လုပ်စရာရှိတာလုပ် နားစရာရှိတာ နား ရိုးရိုးသားသားလုပ်တာကမှ ကိုယ့်ကိုယ် ပိုပြီး စိတ်ကြည်လင်စေတယ်။

သူကအဲ့လိုဆို ကိုယ်လဲဒီလိုဘဲပေါ့ဆိုတဲ့ အတ္တစိတ်မထားဘဲနဲ့ ကိုယ့်လုပ်ရပ်တိုင်းအပေါ် စေတနာအပြည့်နဲ့ လုပ်လိုက်ခြင်းကမှ ကိုယ့်ကိုယ်ပိုပြီး ပျော်ရွှင်စေတယ်။

တကယ်တမ်း အလုပ်လုပ်လို့ လူပင်ပန်းတာထက် အလုပ်မလုပ်လို့ စိတ်ပင်ပန်းရတာက ကိုယ့်အတွက်ပိုပြီး ခံရခက်တယ်။

သူများကိုလိမ်လို့ရရင်ရမယ်။ တလောကလုံးကို လိမ်လို့ရရင်ရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်လုပ်ရပ်ကိုတော့လိမ်လို့မရဘူး။

ဒါကြောင့်အလုပ်လုပ်ရာမှာ
Hard work အစစ်အမှန်တွေကဘဲ ပိုပင်ပန်းရပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မူရှိစေတယ်။

Hard work ကဘဲ ပိုခက်ခဲရပေမယ့် ကိုယ့်ကိုယ် ပိုခံနိုင်ရည်ရှိစေတယ်။ Opportunitis တွေပေးစေတယ်။ ပိုပြီးကျေနပ်စေတယ်။

Hard work အစစ်အမှန် စေတနာအစစ်အမှန်ကဘဲ ကိုယ့်ကို ပိုပြီး ပျော်ရွှင်စေတတ်တယ်။

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်လှိုင်းအောက်ရောက်လိုက်။ တချို့အချိန်တွေကျရင်အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်plateau p...
31/08/2022

ဘဝဆိုတာ လှိုင်းပေါ်ရောက်လိုက်
လှိုင်းအောက်ရောက်လိုက်။

တချို့အချိန်တွေကျရင်
အလုပ်လုပ်နေပြီး ရှေ့သိပ်ရောက်သလိုမဖြစ်
plateau phase မှာဖြစ်နေတတ်တယ်။

တချို့အချိန်တွေကျတော့လဲ သေတော့မလို
လောကကြီးကနေ ထွက်ပြေးချင်သလို
ရှောင်ပြေးချင်တဲ့ အချိန်တွေလဲကြုံနိုင်တယ်။

ဘဝဆိုတာ အမြဲဒုက္ခရောက်မနေသလို
အမြဲလို သုခဖြစ်မနေဘူး။
တစ်လှည့်စီပဲ။
အရေးကြီးတာ လှိုင်းအောက်ရောက်နေချိန်
သွေးမပျက်ဖို့ပဲ။

တခါတလေ ဘဝအပြောင်းအလဲဆိုတာ
တစ်ရက်တည်းမှာလဲ ဖြစ်နိုင်တယ်။
အဲ့ဒီအခွင့်အရေးလာတဲ့အခါ
ကိုယ့်ဖက်က ready ဖြစ်နေဖို့ပဲ။

ဒါကြောင့် စိတ်ညစ်စရာတွေကြုံလို့
သွေးပျက်မသွားနဲ့။
ကိုယ့်ကိုကိုယ် training ဆင်းနေတယ်လို့
စဥ်းစားကြည့်ကြည့်။

ကွန်ဖြူးရှုပ်ပြောသလို
Our greatest glory is not
in never falling,
but in rising every time we fall.
— Confucius

02/08/2022
ဖောက်သည်တွေ ဝယ်ချင်တဲ့ပုံစံကို နားလည်ဖို့ အရေးကြီးတယ်။လုပ်ငန်းလုပ်တဲ့အခါ တခါတလေ ကိုယ်ဘာရောင်းလဲဆိုတာထက် ကိုယ်ဘယ်လိုရောင်...
28/07/2022

ဖောက်သည်တွေ ဝယ်ချင်တဲ့ပုံစံကို နားလည်ဖို့ အရေးကြီးတယ်။
လုပ်ငန်းလုပ်တဲ့အခါ တခါတလေ ကိုယ်ဘာရောင်းလဲဆိုတာထက် ကိုယ်ဘယ်လိုရောင်းလဲဆိုတာ ပိုအရေးကြီးတယ်။ ကိုယ်ရောင်းတဲ့ပုံစံက ဖောက်သည်တွေ ဝယ်ချင်တဲ့ပုံစံ ဖြစ်နေဖို့လိုတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ‌ရွေးချယ်စရာမရှိတော့ လူတွေတော်တော်များများက အနီးအနားက စျေးဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာပဲ ဝယ်ယူကြတယ်။
နောက်ပိုင်း လိုချင်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်ပြီး ရွေးချယ်စရာများတဲ့ Supermarket တွေ၊ City Mart တွေ ပေါ်လာတော့ အဲ့ဒီမှာပဲ ဝယ်ယူကြတော့တယ်။ ပုံမှန်ရောင်းနေကျ စျေးဆိုင်ပိုင်ရှင်တွေ ကုန်စုံဆိုင်တွေ တော်တော်များများ အရင်လောက် မရောင်းရတော့ဘူး။
2020 မှာ Covid တွေစဖြစ်တော့လည်း ဒီလိုပဲ။ လူတွေက အပြင်ထွက် စျေးဝယ်ရတာ မကြိုက်တော့ဘူး။ Facebook ကနေ မှာယူပြီး စျေးဝယ်ရတာကိုပဲ ကြိုက်လာကြတယ်။
Facebook ကနေ မရောင်းဘဲ ဆိုင်ကနေပဲ ရောင်းမယ်ဆိုပြီး ခေါင်းမာတဲ့ လုပ်ငန်းရှင်တွေ တော်တော်များများ တိုင်ပတ်ကုန်တယ်။ Facebook ကနေ စျေးရောင်းချနိုင်တဲ့သူတွေပဲ အလုပ်ဖြစ်ခဲ့တယ်။
ဒီလိုနှစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေဝယ်ယူချင်တဲ့ပုံစံကလည်း ပြောင်းလဲလာတယ်။ ဒါကို လုပ်ငန်းရှင်တွေအနေနဲ့ ကောင်းကောင်းနားလည်ထားဖို့လိုတယ်။
အနာဂတ်မှာတော့ လူတွေဝယ်ယူချင်တဲ့ပုံစံက Website ကနေ စျေးဝယ်ရတာမျိုး ဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်မကုန်၊ လူသက်သာတဲ့အပြင် လွယ်လွယ်ကူကူ click လေးနှိပ်လိုက်ရုံနဲ့ ဝယ်ယူနိုင်တာကြောင့်ပဲ။

မှတ်မှတ်ရရ တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆို လူတွေ သင့်ကိုယုံချင်မှ ယုံကြလိမ့်မယ်။ 2016 မှာ video ရိုက်ပြီး ပထမဆုံး video...
27/07/2022

မှတ်မှတ်ရရ တစ်ခုခုအပြောင်းအလဲ
လုပ်တော့မယ်ဆို လူတွေ သင့်ကို
ယုံချင်မှ ယုံကြလိမ့်မယ်။
2016 မှာ video ရိုက်ပြီး
ပထမဆုံး video တင်တော့
ဟိုဟာလိုသေးတယ်။​
ဒီဟာလိုသေးတယ် အကြံပေးကြတယ်။
သူတို့ကို မေးလဲ မမေးပဲနဲ့။
ဝိတ်ချတော့မယ်ဆိုတော့
စောင့်ကြည့်မယ်ဆိုတဲ့ သူနဲ့။
ဆယ်ပေါင်ကျသွားပြီဆိုတော့
ဒါက ရေဝိတ် ပျော်မနေနဲ့ဆိုပြီး
အားပေးတဲ့ သူနဲ့။
ဘဝက အဲ့လိုပဲ
အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။​
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။
ကျွန်တော်တော့ အဲ့ဒီ screenshot
တွေကို တစ်နေရာထဲမှတ်ထားတယ်။
တချိန် story-telling မှာသုံးဖို့။

23/07/2022

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
အာဖရိကရောက်သွားရင်
ဘာလုပ်စားမလဲ။
ဒါမှမဟုတ် တိုးတက်ပြီးနိုင်ငံတွေ
ရောက်ရင် ဘာလုပ်မလဲ။
အသက် ၃၅၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀
အဲ့လို အချိန်မျိုးမှာ
ဘဝကို သုညက ပြန်စရရင်
ဘာတွေ လုပ်မလဲ။
စိတ်ပိုင်းဆိုင်ရာအရ
ကြိုတင်ပြင်ဆင်ထားလိုက်တယ်။
ခြေထောက်ကျိုးသွားခဲ့ရင်၊​
မျက်လုံးကန်းသွားခဲ့ရင်၊
နားကန်းသွားခဲ့ရင်
ဘာတွေ ဆက်လုပ်မလဲ။
အမြဲ စိတ်ဓာတ်ရေးရာအရ
negative visualization လုပ်
ကြိုတင်ပြင်ဆင်ထားတဲ့အတွက်
လောကဓံကို အနည်းငယ်
ပိုခံနိုင်လာတယ်လို့ဆိုရမယ်။
တနေ့ ကိုယ်အရင်မသေရင်
ကိုယ်ချစ်တဲ့သူတွေ အရင်သေလိမ့်မယ်။
အဲ့ဒီအတွက်လဲ​ စိတ်ဓာတ်ရေးရာအရ
ကြိုတင်ပြင်ဆင်ထားရတယ်။​
ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်
ဖြစ်နိုင်ခြေ ဆိုးရွားတဲ့ scenario တွေအတွက်
စိတ်ဓာတ်ရေးရာအရ ကြိုတင်ပြင်ဆင်
ထားတာ မမှားဘူးလို့ ဆိုရမယ်။

22/07/2022
22/07/2022

Address

Yangon

Telephone

+959453644739

Website

Alerts

Be the first to know and let us send you an email when Ball5 Customer Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share