Orange English Classes

Orange English Classes 🧡 Intrinsically Authentic 🧡
Jolly Phonics Level 1,2,3
Starters, Movers, Flyers, KET, PET, FCE
Grammar & Speaking
TOEIC Booster Classes

05/08/2026

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြီးခဲ့တဲ့အပတ်က ပျက်ခဲ့တဲ့ Online အတန်း ၂ တန်းဖြစ်တဲ့ FCE senior တန်းနဲ့ junior တန်းကို အစားထိုးပြန်သင်ပေးဖြစ်ပါတယ်

ည ၁၀ နာရီအထိပါ

နောက်အပတ်တွေလည်း အစားထိုးတွေသင်ရပါဦးမယ်

Online အတန်းတွေရဲ့အားသာချက်က အစားထိုးပြန်ပေးဖို့လွယ်တာပါ
အတန်းတွေက ညအချိန်တွေဆိုတော့ တခြားကျူရှင်နဲ့လည်းတိုက်စရာမရှိ
မိဘလည်း အပို့အကြိုမရှိတော့ အစားပြန်ပေးရတာလွယ်တယ်

အပြင်အတန်းကျတော့ ကြည့်စရာမျက်နှာတွေအရမ်းများတော့ အစားပြန်ပေးဖို့မလွယ်တာလေးတွေရှိပါတယ် 🧡

2026 Movers and Flyers စာမေးပွဲတွင် Full Shields ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများကို အမှတ်တရ ဆုတံဆိပ်များ...
01/08/2026

2026 Movers and Flyers စာမေးပွဲတွင် Full Shields ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားများကို အမှတ်တရ ဆုတံဆိပ်များပေးအပ်ခဲ့ပါတယ်ရှင့်

တီချယ်တို့အတန်းလေးဟာဆိုရင် စာမေးပွဲသီးသန့်ချည်းပဲသင်ပေးတာမဟုတ်ပဲ အခြားလိုအပ်သောသင်ရိုးဖြင့်သင်ပေးပြီးမှ စာမေးပွဲဖြေမည်ဆိုမှသာ Intensive Training ထပ်လေ့ကျင့်ကြတာမို့ ကလေးတွေအနေနဲ့ အချိန်တွေအများကြီးထပ်ပေးပြီး အားစိုက်ထုတ်ခဲ့ကြတာ မိဘ ဆရာ ကျောင်းသားများအားလုံးအသိမို့ ကလေးတွေရဲ့ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် ဆုလေးတွေချီးမြှင့်ခြင်းဖြစ်ပါတယ်

Milestones အငယ်လေးတွေဟာဆိုရင် ကလေးတွေရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအတွက် လှေကားထစ်လေးတစ်ခုပါပဲ

ဒီလှေကားထစ်လေးတစ်ခုစီကနေ ပိုမိုမြင့်တဲ့ အနာဂတ်စီကို ယုံကြည်မှုရှိရှိလှမ်းသွားနိုင်ဖို့ အဓိကဒေါက်တိုင်တွေဖြစ်သွားမှာပါ 🧡





#မြေနီကုန်း
#စမ်းချောင်း

☎️ 09790640046

May 2026 Flyers စာမေးပွဲမှာ Reading, Writing, Listening, Speaking skills အားလုံးကို Full Shields ဖြင့်အောင်မြင်သော သားလေ...
01/08/2026

May 2026 Flyers စာမေးပွဲမှာ
Reading, Writing, Listening, Speaking skills အားလုံးကို Full Shields ဖြင့်အောင်မြင်သော သားလေး Maxi ကို ဂုဏ်ပြုပါတယ်ရှင်

Congratulations on your milestone, Maxi!!! 🧡🧡🧡

30/07/2026

ကလေးတွေကို ဆုပေးထားတာရယ် သားလေး Maxi ရဲ့ result လေးရယ် တင်ဖို့ကျန်နေလို့ နောက်နေ့တင်ပေးပါဦးမယ်နော် 🧡🧡

18/07/2026

ဒီနေ့သက်သာလို့ နေ့လည် ၂ ချိန် သင်ဖြစ်ပါတယ်ရှင့်

မနက်ဖန်အတန်းတွေပုံမှန်အတိုင်းရှိပါမယ်နော် ❤️

17/07/2026

Hello
ကလေးတို့တီချယ် နေမကောင်းတာ ၃ ရက်ရှိပါပြီ

မနက်ဖန်စနေနေ့ မနက်အစော တစ်ချိန်တော့ ခွင့်ယူထားပါတယ်ရှင့်

ကျန်အတန်းများအတွက် စောင့်ကြည့်ဆဲပါ ❤️

08/07/2026

“ကျမကလေးကို ဆူလို့ မခံနိုင်ဘူး”

ဆူလို့မကြိုက်တဲ့ မိဘတွေရယ်
မဆူလို့ မတိုင်လို့ ဟုတ်ပါ့မလားဆ်ိုပြီး မေးကြတဲ့မိဘတွေရယ် ၂ မျိုးတွေ့ရပါတယ်

💛💛💛

မေမေတွေက ကလေး ၁ ယောက် ၂ ယောက်မွေးဖူးတယ်ဆို

ဆရာမတွေက ကလေး အယောက် ၁၀၀ လောက်ကို နှစ်ရှည်ပျိုးထောင်ဖူးပါတယ်

ဘယ်လိုကလေးက ဘယ်လိုဖြစ်မှာဆိုတာကိုလဲ အတွေ့အကြံုအရ သိတာပေါ့နော်

အယောက် ၁၀၀ မှာ ၉၀ လောက်က ဆယ်ကျော်သက်လေးတွေဖြစ်လာပြီဆို အရမ်းထိန်းလို့မရပါဘူး
၁၁ /၁၂ လောက်ဆို စပြီနော် ပြောလို့မရတော့တာ
ငယ်ငယ်ထဲက စည်းကမ်းမရှိရင် ကြီးရင်ကလေးပဲပိုနစ်မယ်
ကိုယ့်ကလေးကို ချစ်ရင် မနှစ်ရဘူးနော်🧡

ကိုယ့်ကလေးကို ဆူတယ်ဆိုတာကလေ ဆရာမက ဂရုစိုက်နေလို့ပါ
ဆရာမကသာ လျစ်လျူရှုလိုက်ရင် ကလေးကရေလိုက်ငါးလိုက်နေပြီး ကလေးတောင် မကြီးသေးဘူး ဆယ်ကျော်သက်အရွယ်မှာတင် စာမရလို့ သူကိုယ်တိုင်ပဲ စစိတ်ညစ်ရမှာ

ကလေးတွေက ငယ်တုန်းပဲ ပဲ့ကိုင်လို့ရတာ
ဆယ်ကျော်သက်လေးတွေဖြစ်လာတာနဲ့ ပုံသိပ်သွင်းလို့မရတော့ဘူး
Sat Sun စာသင်ရင်တောင် ကျမက အငယ်တန်းဆိုတစ်မျိုး အကြီးတန်းဆိုတစ်မျိုး လူကိုနှစ်ကိုယ်ခွဲထားရသလို သင်ရ
တာပါ

အဲ့တော့ ကျမကတော့ ကိုယ်ပြောတာကိုနားထောင်မယ့်အရွယ်လေးတွေမှာ ပြောစရာရှိရင် ပြောပါတယ်

မပြောလို့လည်း မရဘူးလေ
စာမရရင် ကလေးပဲစိတ်ညစ်ရမှာ
အဲ့တော့ ပြောတယ်
နော်

မဟုတ်ရင် teens ဖြစ်လာမှ ဆရာမကယ်ပါဆို မကယ်နိုင်ပါဘူးရှင့်

က်ိုယ့်ဖာကိုယ်ကယ်ပါ

အရမ်းကြီးတော်နေစရာမလိုဘူးဆိုပေမယ့်

အရမ်းကြီးညံ့သွားလို့ မရဘူးရှင့်
ကြီးလာလို့ လူ့ဘောင်မှာကျင်လည်ရင် အသိုင်းအဝိုင်းကရှိသေးတယ်

Starters အမှတ်စာရင်းထည့်မယ်… ပြီးရင် အကြီးတန်းကို အမှတ်ခြစ်မယ်… ပြီးရင်ဒီအတန်းတောင်ရောက်နေပြီး Full stop, comma, capital...
10/06/2026

Starters အမှတ်စာရင်းထည့်မယ်…

ပြီးရင် အကြီးတန်းကို အမှတ်ခြစ်မယ်…

ပြီးရင်ဒီအတန်းတောင်ရောက်နေပြီး Full stop, comma, capitalization မှားတဲ့ သားတော်မောင်တို့ကို group ထဲမှာ မှားတဲ့စာတွေပုံပို့ပြီးနွှာမယ်…
အဲ့မှ သူတို့လည်း အိမ်မှာအနွှာခံရမယ်…
အတန်းထဲရောက်လို့ စာအုပ်ပြန်အပ်တဲ့အချိန် နောက်တစ်ခေါက်ထပ်နွှာမယ် 🙂

10/06/2026

ကလေး ၃ ယောက်စာပဲကျန်တော့တာမို့ တက်ချင်သူများ အမြန်ဆုံးလာရောက်အပ်နှံပါရှင်။ ဦးရာလူစနစ်မို့ပါ။ #မြေနီကုန်း

Address

Yangon

Opening Hours

Monday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00

Telephone

+959790640046

Website

Alerts

Be the first to know and let us send you an email when Orange English Classes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Orange English Classes:

Shortcuts

Share