Orange English Classes YLE Grammar TOEIC

Orange English Classes YLE Grammar TOEIC 🧡 Intrinsically Authentic 🧡
Jolly Phonics Level 1,2,3
Starters, Movers, Flyers, KET, PET, FCE
Grammar & Speaking
TOEIC Booster Classes

Review လေးအတွက် ကျေးဇူးတင်ပါတယ်ရှင် 😍😍😍တီချယ်ကများများပေးသလောက် ကလေးကလည်း သေချာနားထောင် သင်ယူတတ်တော့ အပေးအယူမျှကြတယ် 🫶🏻
25/12/2025

Review လေးအတွက် ကျေးဇူးတင်ပါတယ်ရှင် 😍😍😍
တီချယ်ကများများပေးသလောက် ကလေးကလည်း သေချာနားထောင် သင်ယူတတ်တော့ အပေးအယူမျှကြတယ် 🫶🏻

October 2025 မှာပြီးဆုံးခဲ့တဲ့ Movers Level (2)  အတန်းက ကလေးတွေရဲ့ Test Result တွေမှာ အမှတ်တက်လာပုံပါစုစုပေါင်း ၆ လခန့်က...
24/12/2025

October 2025 မှာပြီးဆုံးခဲ့တဲ့ Movers Level (2) အတန်းက ကလေးတွေရဲ့ Test Result တွေမှာ အမှတ်တက်လာပုံပါ

စုစုပေါင်း ၆ လခန့်ကြာခဲ့ပါတယ်
Intensive Training က ၁လခွဲပါ

နှစ်စက အမှတ်တွေနဲ့ နှစ်ကုန်က အမှတ်တွေကို ယှဉ်ပြထားပါတယ်နော်

အမှတ်တွေကျေနပ်စရာမှ ကောင်းရဲ့လား
💛💛💛💛

အဲ့ကြောင့်လည်းတစ်ခါတလေ မိဘတွေကသာစိုးရိမ်နေတာ ဆရာမရော ကျောင်းသားရောက အေးဆေးဖြစ်နေတာ 😂😂

ကလေးတွေကတော့ ထုံးစံအတိုင်း easygoing ပေါ့ သူတို့တွေက တအား calm 🥲
တီချယ်ကကျတော့ နောက်ထပ်ဘာသင်ရမယ်ဆိုတဲ့ plan ရှိပြီးသားမို့ easygoing ဖြစ်နေတာပါ 😁

စိုးရိမ်ရတဲ့ကလေးဆိုရင်တော့ အခြေခံမပါလာခဲ့တဲ့ကလေးဆိုရင်တော့ မိဘကိုဖုန်းဆက်ပြီး လိုတာပြောဖြစ်ပါတယ်

အကယ်၍တီချယ့်ဘက်က easygoing ဖြစ်နေရင် ကိုယ့်ကလေးက အဆင်ပြေပြေသွားနေလို့ပါဘဲ 🧡

#မြေနီကုန်း


09790640046

20/12/2025

ဘာသာစကားကျွမ်းကျင်မှုသာမက
ငယ်ဘဝရဲ့ experiences တွေကိုပါ ဖန်တီးပေးချင်တဲ့တီချယ်

ကျမကလေးတွေအနေနဲ့
Project ဆိုလည်း ငါလုပ်ဖူးတယ်
Presentation ငါပြင်ဖူးတယ် ငါထွက်ပြောဖူးတယ်
Non-fictional Articles ဆောင်းပါးရှည်တွေ ငါဖတ်ဖူးတယ်
Fictional stories နဲ့ ဝတ္ထုတွေ ငါဖတ်ဖူးတယ်
ဝါကျရှည်တွေ ငါဖွဲ့ဖူးတယ်
Stories တွေ ငါရေးဖူးတယ်
Reviews တွေ ငါရေးဖူးတယ်
Essays တွေ ငါရေးဖူးတယ်

ဒါတွေကိုဘယ်သူလုပ်ပေးမှာလဲ
ကျမပဲ လုပ်ပေးလိုက်ရမှာပေါ့

အစဆိုတာပျိုးဖူးမှ နောက်ပိုင်းတက္ကသိုလ်တွေတက်ရတဲ့အခါ ကျမရဲ့ကလေးက ယောင်လည်လည်ဖြစ်မနေပဲ အနည်းဆုံးတော့ငါငယ်ငယ်ကလုပ်ဖူးတယ်ဆိုတာမျိုး ဖြစ်နေစေချင်တာ

Higher education ရောက်ရင် ကြောက်စိတ်ဆိုတာကြီး ခံမနေစေချင်တာ

ဒါတွေကြောင့်လည်း ဘာသာစကားချည်းမဟုတ်ပဲ အတွေ့အကြံုသေးသေးလေးတွေပါ ဖန်တီးပေးနေရတာပါ
အမှတ်တွေမှာ မတွေ့ရဘူးဆိုပေမယ့်
ကျမကလေးတွေကြီးလာရင် ကျမကိုကျေးဇူးတင်နေမယ်ဆိုတာတော့ သိထားတယ်

ဆရာမကပဲ ဒါတွေဖန်တီးပေးရတာမလား
တာဝန်လည်း များတယ်ဆိုပေမယ့် ဒါတွေကလည်း ဆရာမရဲ့တာဝန်တွေပါပဲ 💛

တစ်တန်းစာပဲပေးပြီး ၂ တန်းခွတက်တာဟုတ်လား ❓😳💛ဟုတ်ပါတယ်💛အခု ၂၀၂၅ ထဲမှာဆိုရင် တီချယ့်ဆီကို တဆင့်စကားတဆင့်ကြားပြီး ကျောင်းသား...
18/12/2025

တစ်တန်းစာပဲပေးပြီး ၂ တန်းခွတက်တာ
ဟုတ်လား ❓😳

💛ဟုတ်ပါတယ်💛

အခု ၂၀၂၅ ထဲမှာဆိုရင် တီချယ့်ဆီကို တဆင့်စကားတဆင့်ကြားပြီး ကျောင်းသားအသစ်တွေ အများကြီးရောက်လာတဲ့အထဲကမှ
educational background မတူတဲ့ကလေးတွေအများကြီးပါလာပါတယ်

အဲ့လိုအမျိုးမျိုးထဲကတွေ့ရတဲ့တစ်မျိုးကတော့ အတန်းကြီးနေပေမယ့် အခြေခံနောက်ကျနေတဲ့ကလေးပါ

အတန်းက Grade 5-7 လောက်ရှိပေမယ့် အခြေခံလည်းသိပ်မရတော့ အတန်းခွဲတဲ့အခါ အသက်နဲ့ကိုက်တဲ့အတန်းကျတော့လည်း တချို့စာလုံးတွေသိပ်မလိုက်နိုင်ဘူး
Level နိမ့်တော့လည်း အခြေခံလေးတွေတော့ရပါရဲ့ စိန်ခေါ်မှုသိပ်မရှိသလိုဖြစ်နေရင်
တီချယ့်ဘက်ကနေပြီး အခုပထမဆုံးတက်တဲ့နှစ်ကို အခြေခံခိုင်အောင်ဆိုပြီးအတန်း ၂ တန်းခွတက်လို့ရကြောင်း အကြံပေးဖြစ်ပါတယ် 👍🏼

တစ်တန်းစာပဲပေးပြီး နောက်တစ်တန်းက Free ပါ
😳🫡

အဲ့တော့ တစ်ပတ် ၄ ရက်တက်ရတာပေါ့
English နဲ့လည်း ပိုထိတွေ့ရတဲ့အတွက် ကလေးဘက်ကလည်းအရင်ကထက် English မှာပိုယုံကြည်မှုရှိလာတာပေါ့

တကယ်ကိုအကျိုးရှိတဲ့ အစီအစဉ်ပဲနော်

———

ချွင်းချက်အနေနဲ့က ဒီလိုလုပ်ပေးနိုင်တာကလည်း တချို့အတန်းလေးတွေမှာ လူ ၁ ယောက်စာနေရာရှိသေးလို့ အလကားဆိုပြီးထည့်ပေးနိုင်တာပါ
နောက်နှစ်တွေလူများရင်တော့ ထည့်ပေးနိုင်ပါ့မလား မသေချာဘူးပေါ့
ဒီနှစ်လာတဲ့ ကလေးတွေ ကံကောင်းသွားတာပေါ့

နောက်တစ်ချက်ကတော့ အဲ့လို ၂ တန်းခွတက်ဖို့ကို တီချယ်က စပြီး recommend စပေးတာပါ
ကလေးကတက်ဖို့ လိုအပ်လို့ပါ

၁၀၀ မှာ ၉၈ လောက်က မလိုပါဘူး
ကိုယ့်ထက်နိမ့်တဲ့အတန်းလည်း တက်ဖို့လုံးဝမလိုသလို
မြင့်တဲ့အတန်းလည်း ဘယ်လိုမှလိုက်နိုင်မှာ မဟုတ်ပါဘူး
အတန်းကြီးလေ စာပြီးနှုန်းမြန်လေဖြစ်လို့ပါ

ကဲ အဲ့တော့ ဒီနှစ်ရောက်လာတဲ့ တချို့ကျောင်းသားတွေအတွက်က ၁ တန်းစာပဲပေးပြီး ၂ တန်းတက်ရတော့ ကံကောင်းချက်ပဲနော်

🧡🧡🧡


#မြေနီကုန်း


09790640046

စောစောစီးစီး ကိုယ့်ဆီထားပေးတဲ့မေမေတွေကို ညီမဘက်က ကျေးဇူးတင်မိပါတယ် 🙏🏻ဒီနေ့ Starters အတန်းလေးကို Jolly Phonics သင်ရတဲ့နေ့...
19/11/2025

စောစောစီးစီး ကိုယ့်ဆီထားပေးတဲ့မေမေတွေကို ညီမဘက်က ကျေးဇူးတင်မိပါတယ် 🙏🏻

ဒီနေ့ Starters အတန်းလေးကို Jolly Phonics သင်ရတဲ့နေ့လေးပေါ့
စစလာတုန်းက တစ်လုံးလောက်ဖတ်ဖို့တောင်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ အခြေခံလုံးဝမရှိတဲ့တချို့ကလေးလေးတွေဟာဆို အခုအချိန်မှာ Phonics Reader 4 ကို ဆရာမက လုံးဝမတိုင်ပေးဘဲနဲ့တောင် ချောချောမွေ့မွေ့ဖတ်လာနိုင်တာလေးတွေ့ရလို့ပါ

အသက်ကြီးမှရောက်လာရင်ပြင်ရခက်လွန်းတဲ့ လျှာလိပ်တာ အဆုံးသံမပါတာတွေလည်း အခုကလေးတွေမှာ လျှာမလိပ် အဆုံးသံလေးတွေနဲ့ ပီပီသသဖတ်လာနိုင်တာမို့ စိတ်ထဲမှာတော့ ငယ်တုန်းသင်ကြားခွင့်ရတာ ကံကောင်းခြင်းတစ်မျိုးပါပဲ
ကလေးတွေရဲ့အနာဂတ်ဟာ ပညာအမွေပေးတဲ့မိဘရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာတွေးမိရင်း အပင်ပန်းခံပြီး ညီမဆီလာလာပို့ပေးကြတဲ့မိဘတွေကို ကျေးဇူးတင်မိပါတယ် 💛

နောက်နေ့မှ video လေးတင်ပေးပါမယ်နော် 🧡

09790640046
မြေနီကုန်း

29/10/2025
29/10/2025

A birthday wish made with great effort editing this video by one of my lovely students, Ei Shwe Yi Win. 🥰🥰🥰🥰🥰

မွေးနေ့ဆို ကလေးတွေကိုမုန့်ကျွေးပြီး birthday song အတင်းဆိုခိုင်းတဲ့ဆရာမပါ 😛😛ဆရာမဖြစ်ရတာကျေနပ်တယ် ဟိဟိ 🌝🌝🌝
29/10/2025

မွေးနေ့ဆို ကလေးတွေကိုမုန့်ကျွေးပြီး birthday song အတင်းဆိုခိုင်းတဲ့ဆရာမပါ 😛😛

ဆရာမဖြစ်ရတာကျေနပ်တယ် ဟိဟိ 🌝🌝🌝

28/10/2025

Jisoo ငိုမယ့်အကွက်အသစ်တွေ 🤣🤣🤣
ပြီးအောင်ကြည့်ပါ Watch till the end.

19/10/2025

မနှစ်တနှစ်လောက်အထိက ကိုယ်ကကျူရှင်ပိတ်ပေးရမှာကို ကလေးတွေအတွက်အရမ်းအားနာခဲ့ဖူးတယ်

အဲ့ကြောင့်ကလေးတွေကို တချို့ကျောင်းပိတ်ရက်တွေမှာ သက်ဆိုင်ရာဘာသာဝင်ရှိမှသာပိတ်ပေးပါမယ် မရှိရင်စာသင်ပေးမယ်ဆိုပြီး မရှိဘူးဆိုတာနဲ့ အတန်းဖွင့်ပေးပါတယ် (သီတင်းကျွတ်ကတော့ ပိတ်ပေးရတယ်)
ကျွန်မရဲ့ ပိုသွားတဲ့စေတနာပေါ့လေ

အဲ့မှာဘာဖြစ်လဲဆိုတော့ Christmas ရောက်ရော
ရောက်တော့ အတန်းထဲမှာ ခရစ်ယာန်ဘာသာဝင်လေးပါလာတယ်
ကဲအဲ့ဆိုလည်း Christmas ပိတ်ပေးပါတယ်လုပ်တာမှာ မိဘတစ်ဦးက ကလေးတစ်ယောက်အတွက်နဲ့အတန်းကိုပိတ်တယ် သူတို့သွားစရာရှိတုန်းကမပိတ်ဘူးဆိုပြီးလုပ်ပါရော

အဲ့ကြောင့် စေတနာကနေ ဝေဒနာဖြစ်သွားလို့ အဲ့ထဲကနေ ဆုံးဖြတ်ချက်ချလိုက်ပါတယ်
ဗုဒ္ဓဘာသာဝင်တွေအတွက်က
သကြင်္န်ရယ် သီတင်းကျွတ် ၃ ရက်ရယ် တန်ဆောင်တိုင်ရယ် ပိတ်ပါတယ် (လပြည့်နေ့တိုင်းတော့ ပိတ်ပေးနေလို့မရပါဘူး စာလိုချင်တဲ့ကလေးတွေရှိပါတယ်)

အခြားဘာသာကြီး ၃ ခုရဲ့ဆိုင်ရာနေ့တွေကို ဘာသာဝင်တွေရှိရှိ မရှိရှိ ပိတ်ပါတယ်

လွတ်လပ်ရေးနေ့ ပိတ်ပါတယ်

ချွင်းချက်ဆိုတာ မထားပေးတော့ပါဘူး

ခုထိလည်း ပိတ်ရမှာ အားနာနေတုန်းပါ
ဒါပေမယ့်လည်း အဲ့တုန်းက ကျွန်မအတွေးနဲ့ကျွန်မလုပ်မိတာမို့ ကိုယ့်အပြစ်လိုပဲခံယူရင်း ပိတ်ရက်လေးတွေကို တီချယ်နဲ့အတူ enjoy ပဲလုပ်ကြပါနော် 💛

ထုတ်ထားတဲ့စည်းကမ်းလေးတွေဟာ သူ့ရာဇဝင်နဲ့သူပါ 😍🤗🧡

15/10/2025

ဒီနေ့အတန်းထဲမှာ ၄ ယောက်ဖျားလို့မလာဘူး
၃ ယောက်ပဲလာတော့ activity လုပ်ရတာလည်း အရင်လိုမမြိုင်ဘူးပေါ့
ကလေးတွေလည်း ပျင်းနေမှာစိုးတာနဲ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း ကလေးတွေလုံးဝမပျင်းမယ့်အကြံကောင်းလေးတစ်ခုထွက်လာတယ်

စာမေးပွဲလေးစစ်ပေးလိုက်တယ် 🥹

မပျင်းစေချင်လို့ပါ 😜
Heart racing ဖြစ်သွားတယ်တော့လုပ်လိုက် 😂😂😂

မနက်က အလှပြင်ရင်း နားထောင်ဖြစ်တဲ့ podcast လေးပါအင်္ဂလ်ပ်စာလည်းတိုးတက် ဗဟုသုတလည်းရအောင်နားထောင်ကြည့်ပါနော် 💛 This is a mo...
15/10/2025

မနက်က အလှပြင်ရင်း နားထောင်ဖြစ်တဲ့ podcast လေးပါ

အင်္ဂလ်ပ်စာလည်းတိုးတက် ဗဟုသုတလည်းရအောင်နားထောင်ကြည့်ပါနော် 💛

This is a motivational video and I guess the context will reflect all of my acquaintances as all of you are already unstoppable regardless of the circumstances.

BUILD A MIND SO STRONG IT SCARES PEOPLE⭐If you enjoy Stickology World, you can support me on Patreon ⭐ https://www.patreon.com/StickologyWorld🚩 Be a Stickol...

Address

Yangon

Opening Hours

Monday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00

Telephone

+959790640046

Website

Alerts

Be the first to know and let us send you an email when Orange English Classes YLE Grammar TOEIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Orange English Classes YLE Grammar TOEIC:

Share