02/10/2026
“ကြောက်စရာအကောင်းဆုံးက
မတိုးတက်တာ မဟုတ်ဘူး…
မတိုးတက်နေတာကို ပျော်လာတာ”
အလုပ်လေးသိမ်းပြီဆို
TikTok ထိုင်ပွတ်ပြီ။
အရည်မရ၊
အဖတ်မရတွေ ကြည့်တယ်။
တစ်ခုခုလေ့လာနေတာမျိုးလည်း မဟုတ်ဘူး။
Screen ပေါ်တက်လာသမျှ
အကုန် လျှောက်ကြည့်နေတာ။
အစကတော့
“ခဏပဲ” ဆိုပြီး ကြည့်လိုက်တာပေါ့။
သတိကပ်လာတဲ့အခါကျ
ကိုယ်ကြည့်နေတာ
တစ်နာရီလောက် ရှိနေပြီ။
အဲ့ဒီ သုံးလိုက်တဲ့ တစ်နာရီအတွင်း
ဘာရလိုက်လဲ။
ဖျော်ဖြေမှု…
ကြည့်နေတုန်းတော့ ပျော်မယ်။
နေလို့ကောင်းမယ်။
ဒါပေမယ့်
ကိုယ်ဘယ်အချိန်ထိ ကြည့်မယ်ဆိုပြီး
အချိန်ကို သတ်မှတ်မထားဘဲ
ဒီလိုပဲ လျှောက်ကြည့်နေရင်
ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့အရာတွေကို
လုပ်ဖို့အချိန် မကျန်တော့ဘူး။
ဘာနဲ့တူလဲဆိုတော့
အသင့်စားစားစရာတွေနဲ့ တူတယ်။
စားဖို့ အဆင်သင့်ပဲ။
ကိုယ်တိုင် ချက်ပြုတ်စရာ မလိုဘူး။
အရသာလည်း ရှိတယ်။
ဒါပေမယ့်…
ဒါပေမယ့်…
အမြဲတမ်း အဲ့ဒါတွေပဲ စားနေရင်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ မပြည့်စုံနိုင်ဘူး။
အလွန်အကျွံဖြစ်ရင်
ကျန်းမာရေးတောင် ထိခိုက်နိုင်တယ်။
TikTok လည်း အဲ့လိုပဲ။
ကြည့်ဖို့ အဆင်သင့်။
စဉ်းစားစရာ မလိုဘူး။
တစ်ခုပြီးတစ်ခု
အလိုလို တက်လာတယ်။
ခဏကြည့်မယ်ဆိုပြီး စလိုက်တာနဲ့
ဘယ်အချိန်ကုန်သွားမှန်းတောင် မသိတော့ဘူး။
အဲ့လိုနဲ့ ကြည့်နေလိုက်တာ
လူအိပ်ချိန်က ကျော်သွားပြီ။
ဒါနဲ့ပဲ
အိပ်ရာထဲ ခေါင်းထိုးပြီး
အိပ်ဖို့ကြိုးစားရော။
ဒါပေမယ့်
Screen ကို အကြာကြီး ကြည့်ထားတာ၊
အထူးသဖြင့် အလင်းရောင်ပြင်းတဲ့ Screen ကို
အချိန်အကြာကြီး ကြည့်လိုက်တဲ့အခါ
အိပ်စက်ချိန်နဲ့ အိပ်ချင်စိတ်ကို
ထိခိုက်စေနိုင်တယ်။
ဒါနဲ့ပဲ
ည ၁ နာရီခွဲလောက်မှ အိပ်ရရော။
နောက်နေ့မနက်ကျ
လူက မထချင်ဖြစ်။
ဒီလိုနဲ့
အိပ်နေလိုက်တာ
နောက်နေ့ အလုပ်ဝင်ခါနီးမှ ကမန်းကတန်းထ။
ရေချိုး။
ထမင်းစား။
ပြီးတော့ အလုပ်ပြန်ဝင်။
အလုပ်သိမ်းတော့
ဖုန်းပြန်ပွတ်။
ဒီလိုသာ လည်ပတ်နေရင်
တစ်နေ့တစ်နေ့
ဘာအကျိုးရှိသလဲ။
နေ့တွေက တစ်နေ့ပြီးတစ်နေ့ ထပ်နေတယ်။
မနေ့ကလို အချိုးနဲ့ပဲ
ဒီနေ့ကို ဖြတ်သန်းနေတာ။
ဒီလိုနဲ့
ဘာမှ တိုးတက်ပြောင်းလဲမလာဘူး။
ကိုယ့်အတွက် အကျိုးရှိစေမယ့်
စာဖတ်တာ။
တစ်ခုခု လေ့လာတာ။
ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်တာ။
တစ်ခုခုဖန်တီးတာ။
အဲ့လိုအရာတွေကို
အချိန်မပေးတော့ဘူး။
အဲ့တော့
အချိန်တွေသာ ကုန်လာတယ်။
ဘာမှ တိုးတက်မလာဘူး။
အဆိုးဆုံးက…
ကြာလာတော့
ဒီအရာကြီးကို
“သာမန်” လို့ပဲ ထင်လာတာ။
ရုန်းထွက်ဖို့ မကြိုးစားတော့ဘူး။
ပုံမှန်ဖြစ်လာတယ်။
ကြောက်စရာအကောင်းဆုံးက
အဲ့လိုဖြစ်နေတာကို
ပျော်သွားတာ။
ကိုယ့်အခြေအနေက
ဘယ်လောက်ပဲ ရပ်တန့်နေပါစေ၊
တိုးတက်မလာတော့ပါဘူးဆိုတာကို
မသိတော့ဘဲ
ဒီအတိုင်းနေနေရတာကိုပဲ
အဆင်ပြေတယ်လို့ ထင်သွားတာ။
အဲ့တာဆို…
သွားပြီ။
ရုန်းထွက်ဖို့
တော်တော်ဝေးသွားပြီ။
မင်းတို့အချိန်ကို
ဖုန်းထဲက Video တစ်ပုဒ်ပြီးတစ်ပုဒ်နဲ့
မပေးလိုက်ကြနဲ့။
နေ့တိုင်း
အနည်းဆုံး တစ်ခုခုတော့
မနေ့ကထက် ပိုသိလာအောင်လုပ်။
နည်းနည်းပဲဖြစ်ဖြစ်
တစ်နေ့တစ်ရက် တိုးတက်နေဖို့ ကြိုးစား။
ဘဝဆိုတာ
တစ်နေ့တည်းနဲ့ မပြောင်းဘူး။
ဒါပေမယ့်
နေ့တိုင်း ဘာမှမပြောင်းဘဲ နေရင်တော့
ဘဝက ဘယ်တော့မှ မပြောင်းဘူး။
အားလုံးပဲ
ကိုယ့်အချိန်ကို ကိုယ်ပြန်ထိန်းနိုင်ပြီး
ရုန်းထွက်နိုင်ကြပါစေ။
#အချိန်ကိုတန်ဖိုးထားပါ
#ကိုယ့်ဘဝကိုယ်တိုးတက်အောင်လုပ်
#လူငယ်ဘဝ
#ရုန်းထွက်ပါ
ဇော်နောင်ဖြိုး
၂.၁၀.၂၀၂၆