𝗦𝗘𝗔𝗟 - Pro Audio

𝗦𝗘𝗔𝗟 - Pro Audio We specialize in carefully curated products, guaranteed for quality and 100% authenticity.

Customer ရဲ့ Walkman နဲ့ MDR M1 လိုက်ဖက်နေတာလေး ……….. 🖤💙ယုံယုံကြည်ကြည်အားပေးကြတဲ့ Customer တစ်ယောက်စီတိုင်းကိုအထူးကျေးဇူ...
31/08/2026

Customer ရဲ့ Walkman နဲ့ MDR M1 လိုက်ဖက်နေတာလေး ……….. 🖤💙

ယုံယုံကြည်ကြည်အားပေးကြတဲ့ Customer တစ်ယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙋‍♂️🙋‍♂️

🎧 Battery Studios က နာမည်ကြီး Mastering Engineer တွေပူးပေါင်းပြီး Legendary MDR-7506 ကို ပိုမိုပြည့်စုံအောင် Upgrade လုပ...
30/08/2026

🎧 Battery Studios က နာမည်ကြီး Mastering Engineer တွေပူးပေါင်းပြီး Legendary MDR-7506 ကို ပိုမိုပြည့်စုံအောင် Upgrade လုပ်ထားတဲ့ Sony ရဲ့ Studio Monitor Headphone အသစ် "Sony MDR-M1"
Official store Direct Stock အလုံးလေးတွေ Yangon မှာ Instock ရောက်ရှိနေပါပြီနော် 👋

✨ Sony MDR-M1 ရဲ့ အဓိကအားသာချက်များ

🔊 Ultra-Wide Frequency Response (5Hz - 80,000Hz)

🧐🧐🧐 ဒီနေရာမှာ Customer တွေအနေနဲ့ မေးစရာတစ်ခုရှိလာနိုင်ပါတယ်။ "လူ့နားက 20Hz ကနေ 20kHz အထိပဲ ကြားနိုင်တာကို ဘာလို့ 5Hz ကနေ 80kHz အထိ ထည့်ထားသလဲ" ဆိုတာပါ🧐

အဖြေကတော့ - အဲဒီ မကြားနိုင်တဲ့ Frequency တွေကို "ကြားဖို့" မဟုတ်ဘဲ၊ ကျွန်တော်တို့ တကယ်ကြားရတဲ့ အသံတွေကို အသန့်စင်ဆုံး၊ အတိကျဆုံးနဲ့ အပြည့်ဝဆုံး သုံးသပ်နိုင်ဖို့ပါပဲ ။

✅5Hz အထိ ဆင်းနိုင်တဲ့အတွက် - 20Hz အောက် Sub-bass လှိုင်းတွေကို နားနဲ့မကြားရပေမယ့် ခန္ဓာကိုယ်နဲ့ အသက်ဝင်ဝင် ခံစားသိရှိနိုင်ပါတယ်။ ဒါ့အပြင် Headphone ရဲ့ Driver ဟာ ရုန်းကန်စရာမလိုတော့တဲ့အတွက် အသံကွဲခြင်း (Distortion) လုံးဝမရှိဘဲ အလွန်ရှင်းလင်းတိကျတဲ့ "Tight and Punchy Bass" ကို ရရှိစေပါတယ်။

✅80kHz အထိ တက်နိုင်တဲ့အတွက် - Driver ဟာ အင်မတန်ပေါ့ပါးပြီး အသံတုံ့ပြန်မှု (Fast Transient Response) အရမ်းမြန်ပါတယ်။ ဒါကြောင့် တူရိယာတွေရဲ့ သံယောင် (Overtones) တွေကို မပျောက်ပျက်စေဘဲ အသံတစ်သံချင်းစီရဲ့ အစပျိုးချိန်နဲ့ အသံလာရာအရပ် (Soundstage/Instrument Separation) ကို 3D ပုံစံမျိုး အတိအကျ ပုံဖော်ပေးနိုင်ပါတယ်။

(ဥပမာပေးရရင် - တစ်နာရီ မိုင် ၂၀၀ ပြေးနိုင်တဲ့ ကားတစ်စီးကို မိုင် ၆၀ နဲ့ပဲ မောင်းတဲ့အခါ အင်ဂျင်အသံမကျယ်ဘဲ အလွန်ငြိမ့်ညောင်းသလိုမျိုး၊ 80kHz အထိ အလုပ်လုပ်နိုင်တဲ့ ဒီ Headphone က ပုံမှန် 20kHz အသံတွေကို ထုတ်ပေးတဲ့အခါမှာ အားမစိုက်ရပဲ အကြည်လင်ဆုံး ဖြစ်သွားတာပါပဲ။)

🎧 Closed-Back Design & High Isolation

အသံလုံလုံခြုံခြုံရှိတဲ့ Closed-back design ဖြစ်တဲ့အတွက် Recording သွင်းတဲ့အချိန်မှာ မိုက်ခရိုဖုန်းထဲကို အသံပြန်ဝင်တာမျိုး (Mic Bleed) မဖြစ်အောင် အထူးတားဆီးပေးပါတယ်။ ဒါကြောင့် Vocal Track သွင်းတဲ့ Artist တွေ Room Treatment သိပ်မရှိတဲ့ producer တွေအတွက် အထူးသင့်လျော်ပါတယ်။

☁️ Long-Session Comfort

Studio ထဲမှာ အချိန်ကြာကြာ အလုပ်လုပ်ရတဲ့အခါ နားမနာစေဖို့နဲ့ ပူအိုက်မှုမရှိစေဖို့ သေချာတွက်ချက်ဖန်တီးထားတဲ့ Thick & Low-repulsion Earpads တွေကို အသုံးပြုထားပါတယ်။

🔌 Detachable Cable with Locking System
ကြိုးအလွယ်တကူ ဖြုတ်တပ်နိုင်တဲ့ (Detachable) စနစ်ပါဝင်ပြီး အလုပ်လုပ်နေချိန် ကြိုးမတော်တဆ ကျွတ်ထွက်တာမျိုး မဖြစ်အောင် Screw-in Locking System ထည့်သွင်းပေးထားပါတယ်။

🎯 ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?
တိကျမှန်ကန်တဲ့ အသံကိုလိုချင်တဲ့ Mixing & Mastering Engineers များ
Beat တွေဖန်တီးနေတဲ့ Music Producers / Beatmakers များ
အသံလုံပြီး Detail ကျကျကြားချင်တဲ့ Recording Artists & Singers များ
အသံအရည်အသွေးကို ခုံမင်တဲ့ Audiophiles များ
ကိုယ့်ရဲ့ Music Production နဲ့ Studio Quality ကို နောက်တစ်ဆင့် (Next Level) ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ Sony MDR-M1 က အကောင်းဆုံး အဖော်မွန်ဖြစ်မှာ အသေအချာပါပဲ။

📦 In the Box: Headphone, Detachable Cable (1.2m / 2.5m), 1/4" Adapter.

Official price $240 ရှိလို့ DT 770 ProX, DT 990proX , တို့ထက် ဈေးပိုများပြီး

Latest Release Model အလန်းစားကိုမှ Special Discount Price — 950,000 Ks ဖြင့် SEAL မှာအထူးပရိုမိုးရှင်း ရရှိနိုင်ပါပြီခင်ဗျာ 👌

Limited stock အနေနဲ့ပဲ promotion ပေးထားလို့ လိုအပ်တဲ့ customer များအနေနဲ့လည်း ကိုယ်တိုင် ဝယ်ယူပြီး unboxing ပြုလုပ်နိုင်ပါပြီနော် 🙋‍♂️🙋‍♂️

Discover the Sony MDR-M1 Studio Headphones: https://www.sony.co.u...

SONY , Audio Technica , Beyerdynamic, SSL လေးတွေရန်ကုန် Instock အသင့်ရပါပြီနော် 👌 Limited stock လေးတွေ ဖြစ်လို့လိုအပ်ရင်...
26/08/2026

SONY , Audio Technica , Beyerdynamic, SSL လေးတွေရန်ကုန် Instock အသင့်ရပါပြီနော် 👌

Limited stock လေးတွေ ဖြစ်လို့လိုအပ်ရင် page လေးမှာလာရောက်မေးမြန်းဝယ်ယူလို့ရနေပါပြီခင်ဗျာ 👋👋

Yangon Instock တွေအပြင် BKK Instock လေးတွေပါထပ်ဖြည့်ပေးထားပါတယ် 🖤🖤

SONY လေးတွေအဓိကရောက်ထားပြီး Thailand ရဲ့ Sony နဲ့ Audio Technica တို့ရဲ့ main distributor ဖြစ်တဲ့ RTB အလုံးတွေသာသွင်းထားပေးလို့ Quality ရော Warranty ပိုင်းရော စိတ်ချလက်ချဝယ်ယူလို့ရပါတယ်နော် 👌💯

……………………

💯SEAL Pro Audio အနေနဲ့ Artist တွေ၊ Media Team တွေ နဲ့ Customer ပေါင်းများစွာကို ယုံကြည်စိတ်ချစွာ ရောင်းချ ဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်ပါတယ် 📞

………..

Service အနေနဲ့ လည်းကျွန်တော်တို့ဆီမှာ ဝယ်ယူပြီးတဲ့ Audio Gear တွေကိုလည်း စိတ်တိုင်းကျ အသံထွက် Quality အပြည့်အဝစမ်းသပ်နိုင်ဖို့အတွက် Mac Setup , လေးတစ်ခုနဲ့အတူ Licensed Logic Pro, Ableton Live တို့အပြင် Kontakt Virtual Instruments Library , Waves နဲ့ FabFilter Plugin အစုံအလင်ကိုပါ အဆင်သင့် ထည့်သွင်းပေးထားပါတယ်။

📞ဒါကြောင့် မိမိတို့ရဲ့ Project တွေ၊ Sample File တွေကို ယူဆောင်လာပြီး ဝယ်ယူမယ့် Gear တွေနဲ့ လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်စမ်းသပ်နိုင်ပါတယ်👌👌

Note ( User တွေအကုန်လုံးကိုအသစ်တွေပဲရောင်းပေးလို့ဝယ်ယူတဲ့အလုံးလေးကိုပဲစမ်းသပ်ခွင့်ပေးထားပါတယ်နော်🙏🏻)

ဒါ့အပြင် SEAL မှာ အားပေးတဲ့ Customer များအနေနဲ့ မိမိတို့ ဝယ်ယူလိုက်တဲ့ Device တွေ (ဥပမာ - SSL 2 MKII) မှာ ပါဝင်လာတဲ့ Production Pack တွေ software လက်ဆောင်တွေ Claim ရန် အခက်အခဲရှိပါက ကျွန်တော်တို့ဆီမှာ အချိန်မရွေး လာရောက်မေးမြန်း အကူအညီတောင်းနိုင်ပါတယ်။

💯 Customer များအတွက် After-Sales Service အနေနဲ့ -
7 Days Replacement: ဝယ်ယူပြီး (၇) ရက်အတွင်း Factory Error တစ်စုံတစ်ရာ ရှိခဲ့ပါက Full Cash Back (သို့မဟုတ်) Model တူတစ်လုံးနဲ့ ချက်ချင်း အစားထိုး လဲလှယ်ပေးသွားမှာပါ။

Warranty Claim: သတ်မှတ် Warranty ကာလအတွင်း ဖြစ်ပေါ်လာတဲ့ Error တွေကိုလည်း မူရင်းကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျွန်တော်တို့ Sale Team မှတစ်ဆင့် အခမဲ့ (Free Return) Claim ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ် ✌🏻

Studio Quality Audio Gear တွေနဲ့ပတ်သက်ရင် Customer တွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ SEAL Pro Audio က အမြဲတမ်း အသင့်ရှိနေပါတယ်ခင်ဗျာ 👌

m.me/sealmyanmar,

For inquiries & preorders ,
t.me/seal_pro_audio

Yangon Contact ,
09790684114,

🛑 Heavy Sample Libraries တွေ Load လုပ်ရတာ ကြာလွန်းလို့ စိတ်မရှည်ဖြစ်နေပြီလား?🤷‍♂️Track ပေါင်းရာချီပါတဲ့ DAW Project တွေ ...
24/08/2026

🛑 Heavy Sample Libraries တွေ Load လုပ်ရတာ ကြာလွန်းလို့ စိတ်မရှည်ဖြစ်နေပြီလား?🤷‍♂️

Track ပေါင်းရာချီပါတဲ့ DAW Project တွေ Run တဲ့အခါ Disk Overload ဖြစ်ပြီး Audio Dropouts တွေ၊ Clicks & Pops တွေ ကြုံလာရတာဟာ Music Producers တွေနဲ့ Sound Engineers တွေအတွက် အဆိုးရွားဆုံး အနှောင့်အယှက်ပါပဲ။

ဒီပြဿနာတွေကို အပြီးတိုင်ဖြေရှင်းပေးပြီး သင့်ရဲ့ Workflow ကို နောက်တစ်ဆင့် (Next Level) ထိ မြှင့်တင်ပေးမယ့် WD_BLACK SN850X နဲ့ SN850P PCIe Gen 4 NVMe SSDs တွေ SEAL Pro Audio မှာ ရောက်ရှိနေပါပြီနော် 👌

🔥 professional Studio သမားတိုင်း ဘာကြောင့် High speed ssd တွေ ကို မဖြစ်မနေ အသုံးပြုသင့်တာလဲ?

🚀 Zero Waiting Time (Read speed Up to 7,300 MB/s): (write speed up to 6,300MB/s)

Kontakt, Omnisphere, Spitfire, Superior Drummer စတဲ့ Heavy VSTi နဲ့ Sample Libraries အကြီးကြီးတွေကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း Load လုပ်ပေးနိုင်ပါတယ်။ Inspiration ရလာတဲ့အချိန် စောင့်နေစရာ မလိုတော့ပါဘူး။

🎧 No More Audio Dropouts:

Random Read IOPS (1.1M+) အထိ မြင့်မားတာကြောင့် ကြီးမားတဲ့ Orchestral Arrangements တွေ၊ Multi-track Recording တွေမှာ Disk Bottleneck လုံးဝမဖြစ်စေဘဲ Real-time ချောမွေ့စွာ အလုပ်လုပ်နိုင်ပါတယ်။

❄️ Always Cool & Stable (SN850P)

နာရီပေါင်းများစွာ Mixing/Mastering လုပ်တဲ့အခါ SSD အပူလွန်ကဲပြီး Speed ကျသွားတာမျိုး (Thermal Throttling) လုံးဝမဖြစ်အောင် အထူးဒီဇိုင်းထုတ်ထားပါတယ်။

📦 ရွေးချယ်နိုင်မယ့် Models များနှင့် ဈေးနှုန်းများ

👉 1. WD_BLACK SN850X (Non-Heatsink) - 980,000 MMK

(PCIE Gen 4x4 Support ပေးတဲ့ Studio Workstation PC တွေ၊ Desktop Audio Rig တွေအတွက် အမြင့်ဆုံး Performance ကို ပေးစွမ်းနိုင်တဲ့ Flagship Model)

👉 2. WD_BLACK SN850P (Built-in Optimized Heatsink) - 1,300,000 MMK

( အပူစွန့်ထုတ်မှု အထူးကောင်းမွန်ပြီး ရေရှည်တည်ငြိမ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ အမြင့်ဆုံး Model)

⚠️ အထူးသတိပြုရန် - လက်ရှိ Global NAND Chip Shortage အခြေအနေတွေကြောင့် High-end SSD တွေဟာ ဈေးကွက်ထဲမှာ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်နော် 👋

Note: (ယခုဖော်ပြပါ High-speed SSD များ၏ အမြင့်ဆုံး Read/Write Speed ကို အပြည့်အဝ အသုံးချနိုင်ရန် မိမိအသုံးပြုမည့် Motherboard တွင် PCIe Gen 4x4 Support ပါဝင်ရန် လိုအပ်ပါသည်)

🛡️ Warranty: WD Thailand ရဲ့ Official Warranty
အပြည့်အဝ ပါဝင်တာမို့ အရည်အသွေးနဲ့ ပတ်သက်ရင် ရာခိုင်နှုန်းပြည့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။

21/08/2026

Royal Customer အကိုရဲ့ Sony MDR M1 Unboxing လေး 🖤

👋 Sony MDR M1 ProMotion - 950,000 mmk

✅All factory errors 7days Full cash Back guarantee
✅ Sony Official store 1Yr Warranty

Customer ရဲ့ YouTube Channel လေးကိုလည်းအားပေးလို့ရပါတယ်

https://youtube.com/?si=u5LYotA3Gd9ba1qo

Beyerdynamic Headphone တွေမှာ ဘယ် Ohm ကိုသုံးရမလဲဆိုတဲ့ Customer တွေအတွက်အကြမ်းဖျဉ်းလေးစဉ်းစားလို့ရအောင်ပြန် sharing လေး...
19/08/2026

Beyerdynamic Headphone တွေမှာ ဘယ် Ohm ကိုသုံးရမလဲဆိုတဲ့ Customer တွေအတွက်အကြမ်းဖျဉ်းလေးစဉ်းစားလို့ရအောင်ပြန် sharing လေးလုပ်လိုက်ပါတယ် 🙋‍♂️

Beyerdynamic Monitor Headphones model တွေမှာ ဖော်ပြထားတဲ့ Ohm (Impedance) ဆိုတာဘာလဲ? ⚡️

✅ ဒီနေ့တော့ SEAL ကနေ knowledge sharing အနေနဲ့ Monitor headphones တွေမှာပါတဲ့ Ohm များအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်

✅ Ohm (Ω) ဆိုတာ လျှပ်စစ်ခုခံအား (electrical impedance) ကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပြီး Headphones တွေမှာ Ohm ဟာ လျှပ်စစ်ဓာတ်ကို ဘယ်လောက်ခုခံနိုင်သလဲ၊ ဘယ်လောက် ပါဝါ (voltage) လိုအပ်သလဲ ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ 🎛️

✅ Ohm နည်းတဲ့ Headphones (Low Impedance): တွေဟာ သာမန် ပါဝါ (ဖုန်း၊ တက်ဘလက်) နဲ့လည်း အသံကောင်းကောင်းထွက်နိုင်ပါတယ် 📱💻

✅ Ohm မြင့်တဲ့ Headphones (High Impedance): တွေဟာ ပိုမိုအားကောင်းတဲ့ ပါဝါကိုလိုအပ်ပြီး ပိုမိုကြည်လင်ပြတ်သားတဲ့ အသံထွက်ကိုရရှိနိုင်ပါတယ် 🎚️

Beyerdynamic မှာတွေ့ရတဲ့ Ohm အမျိုးအစားများ 🔊

Beyerdynamic headphones တွေမှာပုံမှန်အားဖြင့် 32Ohm , 80Ohm, 250Ohm ဆိုပြီးတွေ့ရတတ်ပါတယ်
.............................................
✅ဘယ်သူတွေအတွက်လဲ?.............................................

✅32Ω (Portable user များအတွက်)

သင့်တော်သူများ: Casual listeners, ဖုန်း/တက်ဘလက်သုံးသူများ

အားသာချက်: power နည်းနည်းနဲ့လည်း ကြည်လင်ပြတ်သားတဲ့ အသံထွက်ရရှိနိုင်ပါတယ် 🎵

သုံးရန်နေရာ: နေ့စဉ်ဘဝမှာ အလွယ်တကူ သယ်ယူအသုံးပြုလိုသူများအတွက်သင့်တော်ပါတယ်
.............................................

✅ 80Ω - Semi-Professional များအတွက် 🏠

သင့်တော်သူများ: Home studio users, ပရော်ဖက်ရှင်နယ်များ

အားသာချက်: ပါဝါအနည်းငယ်ပိုလိုပြီး အသံအရည်အသွေးပိုမိုကောင်းမွန်ပါတယ် 🎸

သုံးရန်နေရာ: Home studio နဲ့ နေ့စဉ်သုံးရန် အတွက်သင့်တော်ပါမယ် (သာမန် Powerနဲ့ဆို 30Ohm ထက်အသံအနည်းငယ်တိုးနိုင်)
.............................................

✅ 250Ω - Professional Studio အတွက် 🎬

သင့်တော်သူများ: Studio engineers, audiophiles

အားသာချက်: Dedicated Headphone Amp သို့မဟုတ် Audio Interface နဲ့တွဲသုံးရင် အသေးစိတ်ကြည်လင်ပြတ်သားတဲ့ အသံကိုရရှိနိုင်ပါတယ် 🎼

သုံးရန်နေရာ: Professional studio setup များအတွက်
.............................................

✅ High-Ohm vs Low-Ohm Headphones 🔍

High-Ohm Headphones (ဥပမာ 250Ω):

✅ ပိုမိုကြည်လင်ပြတ်သားတဲ့ အသံအရည်အသွေးကိုရရှိနိုင်ပြီး
⚠️ လုံလောက်တဲ့ power ကိုလိုအပ်ပါတယ် (Amp လိုနိုင်)
❌ power မလုံလောက်ရင် volume နည်းခြင်း၊ bass အားနည်းခြင်း၊ detail မကြားရခြင်းတို့ဖြစ်နိုင်ပါတယ် 🚫

Low-Ohm Headphones (ဥပမာ 32 Ω):

✅ ဖုန်း၊ တက်ဘလက်နဲ့ တိုက်ရိုက်သုံးလို့အဆင်ပြေပါတယ်
✅ နေ့စဉ်အသုံးပြုဖို့ အဆင်ပြေပြီး သယ်ယူရလွယ်ကူစေပါတယ် 👜
⚠️ အသံအရည်အသွေးက High-Ohm ထက် အနည်းငယ်လျော့နိုင်ပါမယ်

ဘယ် Ohm ကို ရွေးချယ်မလဲ? 🤔
ဖုန်း/တက်ဘလက်နဲ့ သယ်ယူသုံးမယ်ဆိုရင်: 32Ω headphones က အကောင်းဆုံးရွေးချယ်မှုပါ 📱
Home studio ဒါမှမဟုတ် music production အတွက်ဆိုရင်တေ့ 80Ω သို့မဟုတ် 250Ω ကို သင့်တော်တဲ့ Amplifier ဒါမှမဟုတ် Audio Interface နဲ့ တွဲသုံးတာပိုအဆင်ပြေနိုင်ပါတယ်

အကျဉ်းချုပ်:

Beyerdynamic Monitor Headphones တွေမှာ Ohm ဟာ အသံအရည်အသွေးနဲ့ လိုအပ်တဲ့ power ကို ဆုံးဖြတ်ပေးပါတယ်။ အသုံးပြုမှုပုံစံပေါ်မူတည်ပြီး 32Ω၊ 80Ω၊ 250Ω ထဲက သင့်တော်တဲ့ တစ်ခုကို ရွေးချယ်နိုင်ပါတယ် 🎉

ဒီလောက်ဆိုရင် Ohm တွေအကြောင်း အကြမ်းဖျင်း သိရှိသွားပြီလို့ ယူဆပါတယ်ခင်ဗျာ! 😊🎧

Audio Technica M50x ရဲ့2025 Nov က နောက်ဆုံးထွက် limited Edition လေး Instock တစ်ခုပဲကျန်ပါမယ် 🙋‍♂️https://www.audio-techn...
19/08/2026

Audio Technica M50x ရဲ့2025 Nov က နောက်ဆုံးထွက် limited Edition လေး Instock တစ်ခုပဲကျန်ပါမယ် 🙋‍♂️

https://www.audio-technica.com/en-sea/ath-m50xenso

တစ်ကမ္ဘာလုံးမှာမှ အလုံးရေ (၅,၀၀၀) သာ ထုတ်လုပ်ထားတဲ့ premium vibe ပေးမဲ့ Matte Black Collector Edition လေးဖြစ်ပါတယ် ။

ဒီ Edition လေးရဲ့ အထူးခြားဆုံးအချက်ကတော့ နားကြပ်တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင် Serial Number ကို Laser Engraving နဲ့ သေသေချာချာ ရေးထိုးပေးထားတာပါ။

ဒါကြောင့် ကိုယ့်ဆီကနားကြပ်နဲ့ ပုံစံတူ နောက်တစ်ခု လုံးဝ (လုံးဝ) မရှိနိုင်တဲ့ သီးသန့် Edition လေးပဲ ဖြစ်ပါတယ်။

Limited တွေကို မြတ်နိုးတတ်တဲ့ Collector တွေအနေနဲ့ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးဖြစ်ပါတယ်နော် ။

✨ Edition: 2025 Matte Black Collector Edition

✨ Exclusivity: Worldwide 5,000 Units (Unique Laser-engraved Number)

✨ Availability: Yangon In-stock

💰 Price: 1,130,000 MMK

Audio Technica ထဲမှာ ပထမဆုံး Warranty Claim ဖြစ်တဲ့ M50x limited Edition Clearance sale အလုံးလေး 🙋‍♂️🙋‍♂️ 💯✅ပြီးခဲ့တဲ့တလ...
18/08/2026

Audio Technica ထဲမှာ ပထမဆုံး Warranty Claim ဖြစ်တဲ့ M50x limited Edition Clearance sale အလုံးလေး 🙋‍♂️🙋‍♂️ 💯

✅ပြီးခဲ့တဲ့တလောက Audio Technica Thailand Clearance sale promotion လေးနဲ့ ဝယ်ယူသွားတဲ့ Customer ရဲ့ 2021 MO Limited Edition လေး တစ်လလောက်အကြာမှာ Leather ဆွေးလာတဲ့ (Material defect) ပြဿနာလေး ဖြစ်ခဲ့ပါတယ်။

✅ပုံမှန်မဟုတ်ပဲ Factory Defect လို့ယူဆပြီးကုမ္ပဏီသတ်မှတ် warranty ကာလအတွင်းဖြစ်နေလို့ Customer စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ကျွန်တော်တို့ဘက်ကနေ Instock ရှိတဲ့ Limited Edition အသစ်တစ်လုံးကို ချက်ချင်း အစားထိုး လဲလှယ်ပေးခဲ့ပါတယ်။

✅Defect ဖြစ်သွားတဲ့ အလုံးလေးကိုလည်း BKK sale team ကနေတစ်ဆင့် Audio Technica Thailand authorized Distributor Company မှာ Warranty သွားရောက် Claim တဲ့အခါ အသစ်တစ်လုံး ချက်ချင်းပြန်ရခဲ့ပါတယ်။ 👋 limited Edition အစားထိုးအတွက်စောင့်ရမှာဖြစ်လို့ M50x Black လေးကိုပဲအစားထိုးယူဖြစ်ခဲ့ပါတယ်🤝

✅ဒါကြောင့် SEAL Pro Audio ကနေ မှာယူတဲ့ Audio ပစ္စည်းတွေ အကုန်လုံးအတွက် Factory Error တွေနဲ့ပါတ်သက်လာရင် After-sales Service ကို 100% အာမခံပေးထားလို့ ဘာပြဿနာပဲဖြစ်ဖြစ် စိတ်ချလက်ချ ယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်နော်။ 🙋‍♂️🙋‍♂️

M50x Black
- 860,000 mmk - ( 7 days factory Errors full cash back guarantee with 1 Yr official Warranty)

M50x Ice Blue limited Edition
- 930,000 - ( 7 days factory Errors full cash back guarantee with 1 Yr official Warranty)

M50x ENSO limited Exition
(Collector Edition - only 5,000 units world wide ) - -1,130,000 mmk ( 7 days factory Errors full cash back guarantee with 1 Yr official Warranty)

Yangon Admin +959 790 684 114
BKK Admin +66 611 42 4075


🎧Audio Technica M70x ✅️In-StockPrice - 1,250,000 Ks(Promotion) 🔥
16/08/2026

🎧Audio Technica M70x ✅️In-Stock

Price - 1,250,000 Ks(Promotion) 🔥

Address

Padauk Pin Street , Kyee Myin Daing
Yangon
11101

Alerts

Be the first to know and let us send you an email when 𝗦𝗘𝗔𝗟 - Pro Audio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share