K O N T R O L

K O N T R O L It’s about how the ‘unspoken’ is told.

အရှေ့ကိုတော့သွားနေကြတာပဲ..နောက်ပြန်သွားလို့မှမရတာကိုး။ ရွေးခြယ်ခွင့်မရှိတဲ့ လောကနိယာမတစ်မျိုးပေါ့။ဒါပေမဲ့လေ..ကျွန်တော်တိ...
30/08/2026

အရှေ့ကိုတော့သွားနေကြတာပဲ..
နောက်ပြန်သွားလို့မှမရတာကိုး။ ရွေးခြယ်ခွင့်မရှိတဲ့ လောကနိယာမတစ်မျိုးပေါ့။

ဒါပေမဲ့လေ..
ကျွန်တော်တို့ အရှေ့ကိုတစ်လှမ်းရွေ့တိုင်းမှာ အနောက်မှာလှမ်းခဲ့ပြီးသား တစ်လှမ်းတော့ ကျန်ခဲ့တာပဲလေ။ “ကျန်” ဆိုတဲ့ စကားလုံးလေးကို ဒီမှာကြိုက်တယ်။ “ချန်” ခဲ့တာမဟုတ်ဘဲ ဘယ်သို့သော သက်ရောက်မှုကမှ တားဆီးလို့မရတဲ့ စည်းမျဉ်းတွေနဲ့အညီ “ကျန်” ခဲ့တာပေါ့။

ဒါဆို “ကျန်” ခဲ့ပြီးသား ခြေလှမ်းတိုင်းက ကျွန်တော်တို့ ရှေ့ဆက်မယ့် အနာဂတ်အတွက် အကျိုးသက်ရောက်မှုမရှိနေဘူးလားဆိုပြန်တော့..
အဲ့ဒီ “ကျန်” ခဲ့တဲ့ အတွေ့အကြုံ၊ ရပ်ဝန်း၊ လူတွေ အားလုံးကပဲ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို ပုံဖော်ပေးနေတယ်။

ပြေးလာခဲ့လား.. တစ်သက်လုံး?
ခုန်ပျံကျော်လွှားပြီး.. တစ်ခါခုန် ဆယ်လှမ်းစာနဲ့ အရှေ့ရောက်လာခဲ့လား?
သူများခြေထောက်ငှါးပြီး အသာလေး ဖြတ်သန်းခဲ့လား?

သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှုကြောင့် အကျိုးတွေဖြစ်လာဦးမှာပေါ့ဗျာ။ အကြောင်းတွေတော့ အထိုက်အသင့်ဆီလျော်ပါစေပေါ့ဗျာ။

ဘာရယ် မဟုတ်.. လမ်းလျှောက်နေရင်းနဲ့ တရားရသလိုဖြစ်တော့ စာရေးချင်စိတ်ပေါက်လာလို့။ ကိုယ့်ဟာကိုယ်ပြန်ဖတ်ကြည့်တော့ ကိုယ်တိုင်ရဲ့အတွေးတွေက ဒုံးပြန်စီးနေတာ။

- ကွန်ထရိုးလ်

24/07/2026

After all this time, I thought I was crazy for simply just being myself.

The socials cues I pick up..
The snide little comments in between sweet words..
The beneficial and pretentious “friendships”

And there I was, afraid to say, “F**k you all and I’ll take my leave” in the most polite way. No more.



- KontroL

“It starts with you.”“မင်းကနေ အစပြုတယ်”ကျွန်တော်ကြိုက်တယ် ဒီစာကြောင်းလေးကို။“အဆင်ပြေရဲ့လား” လို့မေးဖို့ နှုတ်ကနေထွက်လိုက...
20/07/2026

“It starts with you.”
“မင်းကနေ အစပြုတယ်”

ကျွန်တော်ကြိုက်တယ် ဒီစာကြောင်းလေးကို။

“အဆင်ပြေရဲ့လား” လို့မေးဖို့ နှုတ်ကနေထွက်လိုက်ဖို့ ဘယ်လောက်ကြာမလဲ.. တစ်စက္ကန့်ခွဲသာသာပေါ့ဗျာ။

“ငါမကြိုက်ဘူး။ မလုပ်ပါနဲ့။”
“ကျေးဇူးတင်ပါတယ်။”
“နင့်ကိုလွမ်းတယ်။”

ဒါတွေရော ? ဘယ်လောက်ကြာမလဲ ?

ထုတ်မပြောသ၍တော့ ဘယ်လောက်စောင့်စောင့် မကြားနိုင်တဲ့ “စကား” တွေဖြစ်သလို ကိုယ့်ဘက်စပြောလိုက်မည်ဆိုရင်လည်း မျက်တစ်မှိတ်စာလောက်ရှိတဲ့ နှုတ်ထွက်စကားလေးတွေပေါ့..

ဘာတွေကို ကျွန်တော်တို့ ပြောဖို့ ဝန်လေးကြလဲ။ ဘယ်သူတွေကြားသွားမှာ စိုးလဲ။ ဘယ်အချိန်မှပြောဖို့ စိတ်ကူးထားလဲ။

စက္ကန့်တွေစုပြီး မိနစ်၊နာရီ၊ရက်၊လ၊နှစ်တွေ ဖြစ်လာတယ်။

ကျွန်တော်တို့ ပြောချင်ပေမယ့်
မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ..
မပြောပြခဲ့ရတဲ့ သူတွေ..

ဘာလို့လဲ ? ဘာတွေက ကျွန်တော်တို့ ကိုယ်တိုင်ပြောချင်နေတဲ့ အကြောင်းတွေကို ပြောမထွက်အောင်၊ ပြောမပြနိုင်အောင် ဆိုင်းငံ့နေစေတာလဲ..

အနားမှရှိတဲ့လူတွေကရော..
အခုရှိနေတဲ့နေရာမှာရော..
နောက်မှလို့ စဉ်းစားနေတဲ့ မင်းရဲ့လက်ရှိပစ္စုပ္ပန်ကရော..
အမြဲရှိနေမှာတဲ့လား။

တော်ပါပြီ..
နောက်မှပဲပြောပါတော့မယ်.. အဲ့ဒီ အမြဲမရှိနိုင်မယ့် အရာတွေအကြောင်း..

- ကွန်ထရိုးလ်

20/07/2026

Let’s start fresh. Shall we ?

06/06/2026

ကျွန်တော်လေ ငယ်ငယ်ကနေ ၂၀ ကျော်၊ အလယ်လောက်အထိ “ခြင်” ဆိုရင် အရမ်းမုန်းတာ။ အနားမှာ ဝဲဝဲ မဝဲဝဲ မြင်လိုက်ပြီ အသံကြားလိုက်ပြီဆိုရင် လုံးဝ နေမရတော့တာ။ လိုက်ပြီး အဆုံးရောက်အောင် ဇီဝိန်ခြုတ်လိုက်ရမှ ကျေနပ်တာမျိုးဗျာ။

ငယ်ငယ် ဘောင်းဘီအတိုဝတ်လို့မရဘူး၊ မဝတ်ရဲဘူး။ ဘာလို့ဆို ခြင်ကိုက်ရင် ကျွန်တော်က သွေးထွက်အောင်ကုပ်တတ်တော့ အမာရွတ်လေးတွေကျန်ကျန်ခဲ့တာ။ အဲ့တာကြောင့်ဘောင်းဘီ အတိုမဝတ်ချင်ခဲ့တာ မှတ်မှတ်ရရ အမေနဲ့ စကားများခဲ့တာ။ သူက အတိုလေးဝတ်စေချင်.. ကျွန်တော်က မဝတ်ချင် အဲ့မှာ သူပြောကိုယ်ပြောနဲ့ နောက်ဆုံးကျ ငိုယိုပြီး ပင်ပန်းသွားတာ သွားစရာရှိတာလည်း မသွားဖြစ်လိုက်ဘူး။ ပြောပါတယ် နောက်ဆက်တွဲအကျိုးဆက်တွေက ကျွန်တော့်အတွက် ငယ်ငယ်က ကလေးတစ်ယောက်အနေနဲ့ သိပ်ပြီးအဆင်မပြေခဲ့ဘူး။

အဲ့တာ ဘယ်ကနေဘယ်လိုစပြောင်းသွားလဲဆိုတော့ အတွေးလေးတစ်ခုကနေပဲဗျ။

“ခြင်” ဆိုတဲ့သဘောက သူ့အသက်ဆက်ဖို့ မျိုးဆက်ပွါးဖို့က သွေးကနေရတဲ့ ပါဝင်ပစ္စည်းတွေအပေါ်မှာ အလုံးစုံမူတည်နေတာကိုး။ အဲ့တော့ သဘာဝက သူ့အတိုင်းသူရှိနေတဲ့ ဖြစ်စဉ်တစ်ခုက ပုံမှန်အတိုင်းလည်ပတ်နေတဲ့ စက်ဝန်းသံသရာ တစ်ခုမှာ ကျွန်တော်က “ပြင်ပ” အရာတစ်ခုဖြစ်နေတယ်။ ခြင်တွေအတွက်က ကျွန်တော်က သူတို့အတွက် စားစရာ အဟာရလိုမျိုးပေါ့ ပြောရရင်။

နောက်ပိုင်းမှာ တိုက်ဆိုင်ချင်တော့ တရားနာတာတွေ စာဖတ်တာတွေကနေ တဖြည်းဖြည်းပြောင်းလာတာ သတိထားမိတယ်။ စစချင်းကတော့ စိတ်ဆိုး စိတ်အနှောင့်အယှက်ဖြစ်တာမျိုးရှိနေသေးတယ်။ အဲ့တာကနေ နောက်ပိုင်းမှာ အနားလာရင် လေနဲ့မှုတ်ထုတ်လိုက်တာ၊ ခန္ဒာကိုယ်ကို ပုံစံပြောင်းလိုက်တာမျိုးကနေ တစ်ဆင့်တစ်ဆင့်နဲ့ သူ့သဘာဝနဲ့ ကျွန်တော့်သဘာဝကို အေးအေးဆေးဆေး လက်ခံလို့ရလာတယ်ပေါ့ဗျာ။

ဒီမှာပြောချင်တာက “ခြင်” ကို အမြစ်ဖြတ်ဖို့ ဘာဖို့ကိုဆိုလိုချင်တာ မဟုတ်ဘဲ “သဘာဝ” ရဲ့ ဖြစ်စဉ်တွေကို အချိန်ယူပြီး အဆင်ပြေအောင်၊ ကိုယ့်အတွက် မလိုအပ်တဲ့ စိတ်ရှုပ်မှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ လျော့အောင် လုပ်လို့ရတယ်ဆိုတာကို ပြောချင်တာပါ။

ခုနက ခုတင်ပေါ်မှာ နေရင်း လက်မောင်းကို ခြင်လာကိုက်တော့ ကိုယ်လည်းမကြိုက်တာနဲ့ မှုတ်ထုတ်တာ.. အမတော်က ဆိုက်ဆိုက်မြိုက်မြိုက် သတိလစ်သွားတဲ့ အချိန်လေး လာကိုက်တယ်ရော..

ဪ.. သူလည်းကိုက်ပြီး ကိုယ်လည်း အဖုထွက် ယားတောင်ယားနေပြီဆိုတော့ ဘာလုပ်လို့ရမလဲလေနော်။ ပြီးပြီပေါ့.. move on။ နောက်တစ်ခေါက်လည်း ကိုက်ချင်ကိုက်မယ် မကိုက်ချင်မကိုက်ဘူး၊ ကိုက်တာက သူ့အလုပ်၊ အကိုက်မခံရအောင် လုပ်ရမှာက ကျွန်တော့အပိုင်းပေါ့။

တွေးကြည့်ရင်နော် တွေးစရာအပိုင်းတွေက များသားဗျ။ ဒါပေမဲ့ ဒီလောက်ပါပဲ..

နင်လည်းကိုက်၊ ငါလည်း အကိုက်တော့ မခံချင်ပေမယ့် ဘာမှမဖြစ်သရွေ့တော့ မဖြစ်ဘူးပေါ့ ဆိုတဲ့တစ်ဖြတ်မှာပဲ ထားလိုက်တော့တယ်။

- ကွန်ထရိုးလ်

ပန်းတွေရယ် မြေကြီးရယ်.. ကျွန်တော်တစ်ယောက်တည်းရဲ့ အတွေးလေးတစ်ခုပေါ့ဗျာ..အချစ်မှာလေ ခွဲခြားမှုမရှိဘူးလို့ ပြောတတ်ကြပေမဲ့.....
30/03/2026

ပန်းတွေရယ် မြေကြီးရယ်..

ကျွန်တော်တစ်ယောက်တည်းရဲ့ အတွေးလေးတစ်ခုပေါ့ဗျာ..

အချစ်မှာလေ ခွဲခြားမှုမရှိဘူးလို့ ပြောတတ်ကြပေမဲ့..

မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ကျွန်တော်က ပန်းလေးတွေလို့မြင်မိတယ်။

သူတို့ရဲ့ အချစ်ကို ကျွန်တော်တို့ မျက်လုံးနဲ့မြင်ရတယ်။ သိပ်လှတယ်။ နူးညံ့တယ်။ သိမ်မွေ့တယ်။ အေးချမ်းမှုပေးတယ်။

ရနံ့ဆိုလည်း သင်းလျှင်သင်းသလောက် စိတ်ကိုကြည်လင်စေတယ်။ နှစ်ခြိုက်မှုတစ်ခုပေးတယ်ဗျာ။

ပွင့်ဖက်ကလေးတွေ အရောင်အဆင်းလေးတွေမျိုးစုံနဲ့ ခံစားတတ်တဲ့ အထိုက်အလျောက် သူ့ရဲ့ဆွတ်ခူးသူကို ခံစားမှုတစ်ခုရစေတယ်။

ယောကျာ်းလေးတစ်ယောက်ရဲ့ အချစ်ကျတော့..

ကျွန်တော်က မြေကြီးလို့ ခံစားရတယ်။

မြေကြီးကိုကြည့်တဲ့အချိန်မှာ ဘာထူးခြားမှုရှိတယ်ရယ်လို့ အသေအချာပြောလို့မရဘူး။ သာမန် ကျွန်တော်တို့ရပ်တည်ရာ နင်းလျှောက်ရာ ဖြစ်တည်မှုတစ်ခုပေါ့။

ဒါပေမဲ့..

မြေကြီးဆိုတာ ကျွန်တော်တို့အတွက် ခိုင်မာတဲ့ ထောက်တိုင် မတ်တိုင်တစ်ခုလည်း ဖြစ်သလို ဒီမြေကြီးအပေါ်မှာ ကျွန်တော်အပေါ်မှာပြောထားတဲ့ ပန်းပွင့်လးတွေကအစ သစ်ပင်ကြီးတွေအထိ ရှင်သန်တဲ့နေရာတစ်ခုလည်းဖြစ်နေပြန်ရော။

ဖြည်းဖြည်းလျှောက်မှာလား အားကုန်သုံးပြီးပြေးမှာလား.. အကုန်လုံးအတွက် ဒီမြေကြီးက ထောက်ပံ့မှုပေးမှာ။ နာတာတွေ သာတာတွေဆိုတာ သူ့အတွက် စဉ်းစားရမယ့်အရာတွေကို မဟုတ်တာ။

ပန်းပွင့်လေးတွေကလှသလို..
ပန်းပွင့်လေးတွေကသင်းသလို..

မြေကြီးကလည်း ခိုင်မာတယ်။
အမြဲလိုလို အားတစ်ခုအဖြစ် ဖြစ်တည်ပေးတယ်။

ခေါင်းထဲရောက်လာတာ အဲ့ဒီအတွေးလေးက..
လှတယ်ရော။ နှစ်မျိုးလုံး သူ့ပုံစံလေးနဲ့သူ..

- ကွန်ထရိုးလ်

(စာမရေးတာ တော်တော်ကို ကြာနေတာရော လူရုပ်လေးလည်းပြချင်တာရောကြောင့် ပုံကြီးကို တင်ချပစ်လိုက်တာ အေးးရော 🙂)

ပိုင်ဆိုင်သမျှဟာ အချင်းချင်းထောက်ထားရတာဆိုရင် တစ်ခုဆုံးရှုံးတာနဲ့ တဖြည်းဖြည်းချင်း အကုန်ဆုံးရှုံးရတတ်ပါတယ် အနက်မသိတဲ့ ရေ...
20/03/2026

ပိုင်ဆိုင်သမျှဟာ အချင်းချင်းထောက်ထားရတာဆိုရင် တစ်ခုဆုံးရှုံးတာနဲ့ တဖြည်းဖြည်းချင်း အကုန်ဆုံးရှုံးရတတ်ပါတယ်

အနက်မသိတဲ့ ရေအိုင်ထဲကို ခြေ ၂ ဖက်လုံး စုံပစ်မဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲမှာခဲ့ပေမယ့် ကိုယ်တိုင်ကိုက နစ်မွန်းချင်နေတဲ့ မသိစိတ်ကို အနိုင်ယူဖို့ ဘယ်သူက သတိပေးမလဲ

၁ မိနစ် ၂ မိနစ် ၃ မိနစ် တစ်ထစ်ထစ်မြည်နေတဲ့ နာရီသံကို မကြားချင်ယောင်ဆောင်ရင်း စိတ်ထဲကလိုက်ရေနေမိပေမယ့် ရေနေမိခဲ့သမျှ စက္ကန့်တိုင်းကို နောင်တမရမိတဲ့အထိတော့ ခံစားချက်မှန်ခဲ့မယ်ထင်တယ်

ကိုယ့်ကိုယ်ကိုယ် စားပွဲခုံလို ထိုင်ခုံလို သဘောထားရင်း ရွှေ့မရ လှုပ်မရ ခြေထောက်ပါပေမယ့် ခြေထောက်မပါသလို
ကိုယ့်ကိုယ်ကိုယ် တံခါးလို ပြတင်းပေါက်လို သဘောထားရင်း လမ်းရှိပေမယ့် ထွက်ပြေးလို့မရ ခုန်ချလို့မရသလို
ရှိတယ် မရှိဘူး ကိုယ်ကသာပြောပြနေတာ တခြားသူတွေက ဘာမှမမြင်ရ မကြားရ

တဖြည်းဖြည်းချင်း ဝိဉာဏ်ကုန်ခမ်းတာကို စောင့်ရင်းနဲ့မှ ရုပ်လုံးပေါ်လာမယ့်ပန်းချီကို အသက်လို သဘောထားပြီး အချိန်ကုန်ခံ ဆွဲနေမိတာထင်တယ်

- ကေ့စ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K O N T R O L posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K O N T R O L:

Shortcuts

Share